နိုင်ငံရေးဆိုတာ………………..တာတဲ့လား?

San Hla GyiSeptember 6, 20131min38168

ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။

အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။

“အကိုရေ ဧည့်သည်လာတယ်ဗျ”  လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။

ဒါနဲ့ ဘယ်သူပါလိမ့် ဆိုပြီး နားထောင်လက်စ ရေဒီယိုလေးပင် မပိတ်ဖြစ်တော့ပဲ စားပွဲပေါ်တင်ထားပြီး အပြင်ထွက်ကြည့်တော့ ကျော်ကျော်တို့ စုံတွဲ။ ကျော်ကျော်က ကိုယ့်ထက် ငါးနှစ်ခန့်ငယ်ပြီး နိုင်ငံခြား company တခုမှာ အင်ဂျင်နီယာရာထူးနဲ့ပဲ အလုပ်လုပ်နေသူ။ လစာလေးလည်း မဆိုးဟု သိရတယ်ပေါ့။ သူ့ ကောင်မလေးလည်း ခေသူမဟုတ်။ ရင်းရင်းနှီးနှီး မဟုတ်ပေမယ့် တွေ့ဖူး မြင်ဖူးပါပဲ။ ကောင်မလေးကလည်း ဗိသုကာ အင်ဂျင်နီယာဘွဲ့ ရထားသည် ထင်ပါသည်။ သူလည်း နိုင်ငံခြားမှာ ဒီဇိုင်နာလား drafter လား လုပ်နေပါတယ်ပေါ့။ ဆိုလိုသည်က နှစ်ယောက်စလုံး အနုံညာတဟု ပြောလို့ မရတဲ့ လူတွေပေါ့။

အခုဟာက နှစ်ယောက်စလုံး ခွင့်ယူပြီး ပြန်လာကြတယ်တဲ့။ အဓိကတော့ မင်္ဂလာပွဲ ကျင်းပရန် နှစ်ဖက်မိဘများနဲ့ အစီအစဉ် လုပ်ဖို့ပေါ့။ ဒါတော့ ဟုတ်သားပဲ။ နှစ်ယောက်စလုံး နိုင်ငံခြားမှာ ဆိုပေမယ့် ဒီက မိဘဆွေမျိုး အများစုက ဒီတိုင်းပြည်မှာပဲ။ ဒီတော့ ဒီမှာ မင်္ဂလာဆောင်မှ မိဘဆွေမျိုးများ တတ်နိုင်မှာပေါ့။ ဟိုမှာကတော့ အပေါင်းအသင်းတွေကို dinner လေး ဘာလေး ပေးမယ်တဲ့။ သူတို့နဲ့ စကားပြောရင်းက သိလိုက်ရတာ ဖြစ်၏။ တကယ်က ကိုယ်သိသလောက် သူတို့နှစ်ယောက်က ဟိုနိုင်ငံမှာ living together ဖြင့် အတူနေပြီးသားတွေပင်။ အဲ ထားလိုက်တော့ ဒါက သူတို့ရဲ့ personal ကိစ္စ။ တော်ကြာ ပြောရင်းနဲ့ personal နဲ့ professional တွေရောကုန်လိမ့်မည်။

သူတို့နဲ့ သာရေး နာရေးလေးတွေ ပြောရင်း သိလိုက်ရတာက သူတို့ နှစ်ယောက်စလုံး ဟိုမှာ အထိုက်အလျောက်တော့ အဆင်ပြေတယ်တဲ့။ ဒါပေမယ့် မြန်မာပြည်ကို လွမ်းကြောင်း မြန်မာပြည်က မိဘဆွေမျိုးများနှင့် အတူမနေရကြောင်း ဟိုနိုင်ငံက တိုးတတ်တယ် ဆိုပေမယ့် မီးခြစ်ဘူးလောက်သာ ရှိကြောင်း။ အားလပ်ရက် ရုံးပိတ်ရက်တွေမှာ မြန်မာပြည်မှာလို မိဘဆွေမျိုးတွေနဲ့ ဘုရားဖူးခရီးလို အပန်းဖြေခရီးသွားလို့ မရနိုင်ကြောင်း စသဖြင့်ပေါ့လေ။ ဒါတောင် သူတို့က စုံတွဲဖြစ်ကြောင်း အချို့မှာ သားမယားကို မြန်မာပြည်မှာ ထားခဲ့ရကာ နိုင်ငံခြားမှာ လာအလုပ်လုပ်နေရသူတွေလည်း ရှိသေးပေါ့။ သနားဖို့ကောင်းကြောင်း။

အမှန်တော့ ဖြစ်နိုင်ရင် သူတို့လည်း မြန်မာပြည် ပြန်လာပြီး လုပ်ချင်ကြောင်း။ ဒါပေမယ့် မြန်မာပြည်မှာက အလုပ်အကိုင် အခွင့်အလမ်း ခက်ခဲလွန်းတယ်တဲ့။ တကယ်ဆိုရင် ကောင်မလေးက သူ့အနေနဲ့ သူတို့ဟိုမှာရတဲ့ လစာ အခွင့်အရေးမျိုး သုံးပုံနှစ်ပုံ သို့မဟုတ် တဝက်လောက်ပဲ ရတယ်ဆိုရင်တောင် မြန်မာပြည် ပြန်လာမှာလို့ ငြီးသေးတယ်။

ဒါပေမယ့် အဲဒီခေတ်က ကျော်ကျော်လုပ်နေတဲ့ အလုပ်မျိုးက မြန်မာပြည်မှာလာ ရင်းနှီးပြီး အလုပ်လုပ်တဲ့ နိုင်ငံခြား company ကြီးတွေ မရှိသေးပါ။ အဲဒီတော့ သူတို့ ပြန်လာလည်း ဘယ်လိုမှ အဲဒီလို အလုပ်မျိုး မရနိုင်တော့ လွမ်းပေမယ့် မပြန်လာနိုင်ဘူးပေါ့။ တကယ်က အခုနေ ပြန်လာလည်း ရဖို့ မလွယ်သေးလို့ ထင်ပါတယ်။ ဒါတော့ အပြစ်မတင်ရက်ပါ။ လူဆိုတာ ကိုယ့်ရပ်တည်မှုလေးက ရှိသေးတော့ တော်ရာမနေ ပျော်ရာနေပေါ့လေ။

ဒီလိုနဲ့ မိနစ် ၄ဝလောက် မနားတမ်း ပြောပြီးတော့ ပြောစရာစကား ခနကုန်သလို ဖြစ်သွားပြီး စကားပြတ်သွားတယ်။ ကိုယ်လည်း ရေနွေးတခွက် ဌဲ့သောက်သလို သူတို့စုံတွဲလည်း ရေနွေးခွက်လေး တခွက်စီကိုင်ပြီး ငြိမ်နေတုန်း အခန်းထဲက ရေဒီယို အသံကြားရတယ်။ ဟုတ်ပေသားပဲ။ ရေဒီယို ဖွင့်ခဲ့မိပြီး စကားကောင်းနေတော့ အခန်းထဲက အသံကို မကြားမိ။ အခုကျမှ စကားပြတ်ပြီး တိတ်သွားလို့ ကြားရတော့တာကိုး။ အစီအစဉ်က ပြီးတောင် ပြီးခါနီးပြီ။ ပြီးခါနီး တွေ့ဆုံ မေးမြန်းခန်း လာနေတာပါ။ အမေးခံနေရတဲ့လူက ကေအင်န်ယူက ဗိုလ်ချုပ်တာမလာဘောလို့ ထင်ပါတယ်။ သေသေချာချာ မမှတ်မိပါ။

ရှေ့ပိုင်းမှာ ဘာတွေ မေးသွားတယ် မသိပေမယ့် အဲဒီအချိန်လေးမှာ မေးလိုက်တဲ့ မေးခွန်းက “အခု မြန်မာပြည်မှာ လူတော်တော်များများက ဖြစ်နေကြတာက နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ကိုယ့်စီးပွားရေးပဲ အရေးကြီးတယ်ဆိုတဲ့ သဘောမျိုး ပြောနေကြတယ်။ အဲဒါနဲ့ ပက်သက်ပြီး ဗိုလ်ချုပ်ရဲ့ သဘောထားလေး သိပါရစေ” ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အဲဒါကို ပြန်ဖြေတဲ့လူက “ဟာ ဒါကတော့ တော်တော်လွဲတဲ့ အယူအဆပါဗျာ” လို့ပြောရုံရှိသေး ကောင်မလေးက ရုတ်တရက် အားရဝမ်းသာထပြီး “ဟာ အဲဒါ အမှန်ကန်ဆုံး အယူအဆပဲ။ နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” လို့ ပြောပါလေရောဗျာ။ ဆက်ပြီး absolutely right တွေ totally agreed တွေပါ ဆက်လုပ်လိုက်သေးတယ်။

အမယ်လေး ကျနော်တော့ တော်တော်လေး ချဉ်သွားတယ်။ အဲဒါနဲ့ ကျနော်က “ဟဲ့ ညီမလေး နင်ပြောတာ မှားနေတယ်” လို့ပြောတော့ သူကပဲ ကိုယ့်ကို သနားသလိုလို လေသံနဲ့ “ညီမပြောတာ ဟုတ်တယ်လေ အကိုရဲ့။ ဘယ်အစိုးရတတ်တတ် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ မဟုတ်လား” တဲ့။ အတွေးအခေါ်ကတော့ အဲဒီလို။ အမှန်တော့ ဒီစကားကို သာမန်ပညာမတတ်သူ တယောက်က ပြောတယ်ဆိုရင် အော် သူနားမလည်လို့ပဲလို့ တွေးလို့ ရပေမယ့် သူလို ပညာလည်း အတော်အတန် ထူးချွန်ပြီး လူငယ်တယောက်က ပြောတာကတော့ လွန်လွန်းတယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

အဲဒါနဲ့ ကျနော်လည်း “ဟဲ့ နင်ပြောသလို ဘယ်အစိုးရတတ်တတ် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုရင် နင်ဘာလို့ ဗိုလ်…. အုပ်ချုပ်တဲ့ မြန်မာပြည်မှာ အလုပ်မလုပ်ပဲ နိုင်ငံခြားမှာ သွားအလုပ်လုပ်နေသလဲ။ ဒီနိုင်ငံမှာပဲ အလုပ်လုပ် ပါတော့လား။ နင်ပြောသလို ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” လို့ ပြောလိုက်မိတယ်ဗျာ။ အဲဒီတော့ သူလည်း ကြောင်ပြီး ပြောစရာ စကားမရှိတော့ဘူး။

နောက်တော့ ကိုယ်လည်း ကိုယ့်လေသံ နည်းနည်းမာသွားမှန်း သိတော့ အော် သူတို့က လာလည်တာပဲ ဆိုပြီးတော့ လေပြေလေးနဲ့ “ညီမလေး နင်ပြောသလို ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတယ် ဆိုတာ ဟုတ်တယ်။ ဘယ်အစိုးရမှလည်း နင်တို့ကို အလုပ်မလုပ်ပဲနဲ့ အချိန်မှန် မန်မန်စားမယ်ဆိုပြီး ထမင်းခွံ့ မကျွေးနိုင်ဘူး။ အခု နင်တို့ ဘာလို့ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေရသလဲ။ ဒီနိုင်ငံက နင်တို့ အတွက် ထိုက်သင့်တဲ့ အလုပ်အကိုင် မဖန်တီးပေးနိုင်လို့ပေါ့။ အစိုးရရဲ့ တာဝန် ဆိုတာက အဲဒီလို အခွင့်အလမ်းတွေကို နိုင်ငံသားတွေကို ဖန်တီးပေးဖို့ပဲ။ ဒါတောင် နင်က ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ ထင်နေတုန်းပဲလား” လို့ ပြောလိုက်ပါတယ်။ သူ့တို့ ကြည့်ရတာလည်း ပြူးကြောင်ကြောင်နဲ့ တခါမှ အဲဒီလို တွေးဖူးပုံလည်း မရဘူး။ နှစ်ယောက်စလုံး အခုမှ ကြားဖူးသလိုပဲ။

တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒီလိုပဲ ပြောခဲ့ဖူးပါတယ်။ သူက “အစိုးရဆိုတာ လူတယောက်ချင်းကို ထမင်း လိုက်ကျွေးဖို့ မဟုတ်ဘူး။ ကျွေးလို့လည်း မရဘူး။ လူတိုင်း လူတိုင်း ကိုယ့်ထမင်းကိုယ် ရှာစားနိုင်တဲ့ အတတ်ပညာတွေ သင်ပေးဖို့နဲ့ ထမင်းရှာစားလို့ရတဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ပဲ” လို့ ပြောခဲ့ဖူးပါတယ်။ ဘယ်မှာ ပြောတယ်ဆိုတာ မမှတ်မိတော့ပေမဲ့ ပြောခဲ့တာတော့ သေချာပါတယ်။

အဲဒါနဲ့ သူတို့ အတွဲလည်း ခဏနေတော့ နှုတ်ဆက်ပြီး ပြန်သွားကြတယ်။ အဲဒါ သူငယ်ချင်း တယောက်က ကြားတော့ ခင်ဗျားကလည်း သက်သက် အမုန်းခံပြီး ရှင်းပြနေတယ်။ မြန်မာပြည်မှာ အဲဒီလို ပြောတတ်တဲ့ လူတွေက အများကြီး။ ကျုပ်တောင် တွေ့ဖူးသေးတယ်။ သူဘာပြောပြော မသိချင်ယောင် ဆောင်နေလိုက် ပြီးတာပဲ။ အဲဒီလိုတွေ ခင်ဗျား ရပ်တည်ချက်ကို ကြပ်ကြပ်လုပ်။ အလကား အမုန်းခံရလိမ့်မယ် ဆိုပြီး ချီးမွမ်းခန်း ဖွင့်ပါလေရော။

မတတ်နိုင်ပါ။ တကယ်တော့ ကိုယ်ကလည်း ယုံကြည်ချက်ကို အသက်စွန့်ပြီး တိုက်ပွဲဝင်တတ်သည် ဆိုသော လူတွေလောက်တော့ မရဲရင့်ပါ။ ဒါပေမယ့် ဒီလို ကိစ္စမျိုးကျတော့ သူပြောသလို မသိချင်ယောင် ဆောင်မနေတတ်။ ယားကျိကျိနဲ့ အလွန်ကို ပြောချင်လှသည်။ နောက်တခါ သူတို့နဲ့ ပြန်တွေ့တော့လည်း နှစ်ယောက်စလုံး အမ်းတမ်းတမ်း ဖြစ်နေကြသည်။

တိုက်ဆိုင်လာ၍ ပုဂံရာဇဝင်မှ ရာဇသင်္ကြန် အမတ်ကြီးကို သတိရမိပါ၏။ အမတ်ကြီးသည် ဘုရင် မနှစ်သက်နိုင်သော စကား ပြောမိသဖြင့် ရာထူး စည်းစိမ်များသိမ်းပြီး ဒလသို့ ပို့ခံရသည့်အခါ လမ်းတွင် မုန်တိုင်းတိုက်သဖြင့် ကြံ့ကြံ့ခံနေသော အပင်ကြီးများ ပြိုလဲကုန်သော်လည်း လေယူရာလိုက်ပြီး ယိမ်းနွဲ့နေသည့် ပန်းပြားပင်များ ဘာမှ မဖြစ်သည်ကိုမြင်လျှင် ငါကား ပဲ့ပြားပင်ကဲ့သို့ မကျင့်သောကြောင့် ဤသို့ ဖြစ်ရလေပြီ ဆိုပြီး စိတ်မကောင်း ဖြစ်ခဲ့သည်တဲ့။

ထိုကိစ္စကို ငယ်စဉ်က ဖတ်စာအုပ်တွင် သင်ရသည့်အခါ အမတ်ကြီးကို အားမလို အားမရ ဖြစ်ခဲ့ဖူးပါသည်။ အမတ်ကြီးနှယ် ပညာရှိ စစ်သူကြီး ဖြစ်ပါလျှက် ဖြောင့်ဖြောင့်မတ်မတ် ရှိသော သစ်ပင်ကြီးများကို အားမကျပဲ လေယူရာတိမ်းသော ပဲ့ပြားပင်များကို အားကျရသလား ဆိုပြီး စဉ်းစားခဲ့မိသည်။ အမှန်တော့ ထိုအချိန်တွင် အမတ်ကြီးမှာ လက်ရှိစည်းစိမ်များ ဆုံးရှုံးသွားသောကြောင့် လူ့သဘာဝအတိုင်း သောက ဖြစ်ရာမှ ထိုကဲ့သို့ စိတ်မကောင်း ဖြစ်ခဲ့ရသည် ထင်ပါသည်။

ထိုအကြောင်းကို ကျောင်းနေဘက် သူငယ်ချင်းတယောက်နဲ့ စကားစပ်မိတော့ သူငယ်ချင်းက အမတ်ကြီး မေ့သွားတာ တခုရှိတယ်ကွ။ တကယ်တော့ နန်းတော်တို့ တန်ဆောင်းတို့ ကျောင်းတို့ဆိုတဲ့ ခမ်းနားတဲ့ အဆောက်အအုံကြီးတွေကို ဆောက်တော့ အနှစ်မရှိတဲ့ ပဲ့ပြားပင်လို အပင်တွေနဲ့ ဆောက်လို့ မရပဲ မယိမ်းမယိုင်တဲ့ သစ်ပင်ကြီးတွေနဲ့ပဲ ဆောက်လို့ရတယ် ဆိုတာပေါ့တဲ့။ ကျနော်လည်း သူ့စကားလေးကို အလွန် ကြိုက်သွားပါတယ်။ အမှန်တော့ သူဟာ ကျောင်းစာမှာ တော်ရုံမက စာအလွန်ဖတ်သူ ဖြစ်ပါတယ်။

ဘယ်အစိုးရတတ်တတ် နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ”ဆိုတဲ့ စကားလေးက အတော် ရေစက်ဆုံပါတယ်။ နောက်လည်း ဒါမျိုး တခါတွေ့ဖူးသေးတယ်။ အဲဒါကတော့ ထမင်းဝိုင်းမှာပါ။ သူ့နာမည်က ကိုထင်ကျော် ဆိုပါတော့။ တကယ်က သူလည်း မြန်မာပြည်က ဌာနကြီးတွေမှာ အရာရှိအဖြစ် အလုပ်လုပ်သွားတဲ့အပြင် အဲဒီအချိန်မှာ နိုင်ငံခြားမှာ technician အဖြစ်တောင် အလုပ်လုပ် နေပါပြီ။ တကယ့်ကို ဘွဲ့ရ ပညာတတ်ပါ။ ကိုယ့်ထက်လည်း အသက်ပိုကြီးပြီး စီနီယာ ကျပါတယ်။ ကြုံတုန်း ဆုံတုန်း မိတ်ဟောင်း ဆွေဟောင်းတွေ စားသောက်ဆိုင် တခုမှာ gathering party လုပ်တုန်းမှာ စကားစပ်မိပြီး နိုင်ငံရေးအကြောင်း စကားရောက်သွားတယ် ထင်ပါရဲ့။ သူက ယုံကြည်ချက် အပြည့်နဲ့ ပြောချလိုက်တာက “ငါကတော့ နိုင်ငံရေးကို စိတ်ကို မဝင်စားဘူး။ ဘယ်အစိုးရတတ်တတ် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာပဲ” တဲ့ဗျာ။ ကောင်းလိုက်တဲ့ အတွေးအခေါ် စိတ်ညစ်ဖို့လို့ ပြောရမလိုပဲ။

အဲဒီမှာ ရှင်းပြဖို့ ကျတော့လည်း အခြေအနေ မပေးပါဘူး။ ဘာလို့လည်း ဆိုတော့ စကားနဲ့ ရှင်းပြတယ် ဆိုတာက စာရေးသလို အရှည်ကြီး ရေးဖို့ မလွယ်ဘူး။ အများကြီး ပြောရဦးမယ်။ နောက်ပြီး ကျိုးသင့်ကြောင်းသင့် နားမထောင်ပဲ ပြန်ငြင်းရင် gathering party ဆိုတော့ မသင့်တော်တာနဲ့ ဘာမှ မပြောဖြစ်တော့ပါဘူး။ စာရေးသူ အနေနဲ့တော့ အဲဒီလူရဲ့ အတွေးအခေါ်ကို အထင်မကြီးတော့တာ အဲဒီအချိန်ထဲကပါပဲ။ အတွေးအခေါ် တိမ်လွန်းလို့ပါ။

နောက်တကြိမ်လည်း ထပ်တွေ့ပါသေးတယ်။ အဲဒါလည်း နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ ပညာတတ် တယောက်ပါပဲ။ သူပြောတာလည်း အဲဒီအတိုင်း အတိအကျပါပဲ။ သူက ပိုဆိုးပါတယ်။ သူများတွေ အချင်းချင်း စကားစပ်မိလို့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း မေးနေ ပြောနေကြတာကို ကြားပြီး လှမ်းပြောလိုက်တာပါ။ သူ့ကြည့်ရတာ ဒီအတွေးအခေါ်ရှိတဲ့ သူလို လူသာ မှန်ကန်တဲ့ အတွေးအခေါ်ရှိတယ် ဆိုပြီး သူများတွေကိုတောင် သူက သနားနေသလိုပဲ။ ကောင်းလိုက်တာနော် စိတ်ညစ်ဖို့။

အို စာဖတ်သူ အဆွေ ဟုတ်ပါ့မလားဆိုပြီး တွေးကောင်း တွေးမိပါလိမ့်မည်။ မယုံမရှိပါနဲ့။ စာဖတ်သူ အဆွေတို့ ကိုယ်တိုင်ပင်လျှင် ထိုကဲ့သို့ အဓိပ္ပါယ်ရှိသော စကားမျိုးကို ကြားဖူးကောင်း ကြားဖူပါလိမ့်မည်။ မြန်မာလူငယ် ပညာတတ်များထဲတွင်ပင် ထိုကဲ့သို့ ပြောဆိုတတ်သူများကို ကျွန်ုပ် မကြာခဏ တွေ့ဖူးပါသည်။

ထို “နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော မဟာ အဆိုအမိန့် အတွေးအခေါ်ကြီးကို မြန်မာပြည်တွင် ဘယ်အတွေးအခေါ် ပညာရှင်က စတင်ပြောဆို ဖြန့်ဖြူးခဲ့သည် မသိပါ။ ကျနော့် အနေဖြင့် အနှီ ဉာဏ်ကြီးရှင်ကြီးအား သိလိုလှပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ မဟာ ဉာဏ်ပညာကြီးကို နှစ်တလက်မတုတ်ကြီးဖြင့် ပူဇော်လိုသောကြောင့် ဖြစ်ပါသည်။

မိတ်ဆွေ သင်ကိုယ်တိုင် ထိုကဲ့သို့ တွေးတောထားသူ ဖြစ်နေပါသလား။ အမြန်ဆုံး ထိုအတွေးအခေါ်အား စွန့်လွှတ်ပါဟု တိုက်တွန်းလိုပါသည်။ လင်းပါဦးအံ့။ အမှန်တော့ နိုင်ငံရေးကို ပညာရှိကဝိ သုခမိန်များ အဆိုမပါပဲ မိမိ၏ ယုံကြည်ချက်အတိုင်း အဓိပ္ပါယ်ဖွင့်ရလျှင် နိုင်ငံရေး ဆိုသည်မှာ နိုင်ငံသားတို့၏ အရေးပါတည်း။ တနည်းအားဖြင့် သင့်အရေး သင့်မိသားစုအရေးလည်း ဖြစ်သည်။ သင်နှင့် မပက်သက်သော သီးခြားအရာတခု မဟုတ်ပါ။ ထိုအရာသည် အစိုးရကိစ္စ သက်သက်မဟုတ်။ သင်နှင့် များစွာ သက်ဆိုင်ပါသည်။ သင့်အရေး သင့်မိသားစုအရေး သင့်နောက်မျိုးဆက်များနှင့်ပင် သက်ဆိုင်သော အရေးကို သင်စိတ်မဝင်စား ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာလို့ လူပုံအလည် ပြောမိပြီ ဆိုလျှင်တော့ ကိုယ့်ကိုကိုယ် ချိန်းဘရီး ဖြစ်နေပြီလို့သာ နားလည်လိုက်ပါတော့။

သင့်နိုင်ငံ၏ နိုင်ငံရေး မကောင်းပါက အဘယ်မှာလျှင် တည်ငြိမ်မှု ရှိမည်နည်း။ တည်ငြိမ်မှု မရှိသော နိုင်ငံအား အဘယ်မှာလျှင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လာအံ့နည်း။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ မရှိပါက အဘယ်နိုင်ငံသားသည် ကောင်းမွန်သော အလုပ်ရအံ့နည်း။ အလုပ်မရပါက အဘယ်မှာလျှင် ထမင်းစားရန် ပိုက်ဆံရအံ့နည်း။ နိုင်ငံသားများ ပိုက်ဆံမရှိပါက အဘယ်သို့ ကြွယ်ဝသော နိုင်ငံ ဖြစ်အံ့နည်း။ နိုင်ငံ မကြွယ်ဝပါက အဘယ်သို့လျှင် ပညာရေး ကျန်းမာရေး ကိစ္စများတွင် သုံးစွဲနိုင်အံ့နည်း။ နိုင်ငံသားများ ပညာရေး ကျန်းမာရေးတွင် ချူချာပါက အဘယ်မှာလျှင် တည်ငြိမ်သော နိုင်ငံ ဖြစ်အံ့နည်း။ တည်ငြိမ်မှု မရှိသော………..။ မုန့်လုံးစက္ကူ ကပ်နေပြီ အဆွေ ရှုလော့။

ဟာ ဒီလောက်တောင်ပဲလား နိုင်ငံရေး လုပ်ရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူးဟု တွေးကောင်း တွေးမိပါလိမ့်မည်။ မစိုးရိမ်ပါနှင့်။ လူတိုင်း နိုင်ငံရေးသမား လုပ်ရန်မလိုပါ။ နိုင်ငံရေးကို စိတ်ဝင်စားရမည် ဆိုခြင်းမှာ စာဖတ်သူအား လူရွှင်တော် ကိုဇာဂနာကဲ့သို့ အစိုးရကို ဝေဖန်ပြီး ထောင်ထဲသွားနေရန် သုံးခွဦးစိန်ဝင်းကဲ့သို့ ယုံကြည်ချက်နှင့် အသက်ကို လဲလှယ်ရန် တိုက်တွန်းနေခြင်း မဟုတ်ပါ။ စာရေးသူလည်း ထိုမျှ သတ္တိမရှိပါ။

သခင်အောင်ဆန်း နိုင်ငံရေး မလုပ်ခဲ့လျှင် မြန်မာပြည် လွတ်လပ်ရေး ရရန်မရှိပါ။ အေဗရာ ဟမ်လင်ကွန်း နိုင်ငံရေးကို စိတ်မဝင်စားပဲ ဘယ်သူတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ ဆိုသည့် ခပ်တိမ်တိမ် အတွေးအခေါ် ရှိခဲ့ပါက အမေရိကန် ပြည်ထောင်စုတွင် ကျွန်စနစ် တည်မြဲကောင်း တည်မြဲ နေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်မလုပ်နိုင်လျှင် မလုပ်ရဲသေးလျှင် လုပ်နိုင်သူများ ကောင်းရာကောင်းကြောင်း လုပ်ရင် မုဒိတာပွားပါ။ စိတ်ဝင်စားသူများ အချင်းချင်း ဆွေးနွေးနေသည်ကို မလှောင်မိပါစေနှင့်။ လှောင်မိသူသည် အလွန် ရယ်စရာကောင်းသူ ဖြစ်သွားပါလိမ့်မည်။

ဖတ်ဖူးသော ဂျပန်ပုံဝတ္ထုလေး တခုရှိပါသည်။ တခါက နိုင်ငံခြားသား ခရီးသည်တဦး ဂျပန်ပြည်တွင် မီးရထားဖြင့် ခရီးသွားရာ ဂျပန်အဘိုးကြီး တဦးနဲ့ မျက်နှာချင်းဆိုင် ထိုင်ခုံတွင် နေရာရပါသည်။ ခဏအကြာတွင် မီးရထားထိုင်ခုံတွင် ပေါက်နေသော နေရာကို တွေ့သွားသဖြင့် ဂျပန်အဘိုးကြီးက ထိုနေရာကို ဖာထေးရန် ကြိုးစားပါသည်တဲ့။ နိုင်ငံခြားသားလည်း အံ့ဩသွားသဖြင့် အဘိုးကြီး၏ လက်ကိုင်အိတ်ကို လှမ်းကြည့်လိုက်ရာ ဂျပန်ကုမ္ပဏီကြီးတခု၏ ပိုင်ရှင် သူဌေးကြီး ဖြစ်နေပါသည်တဲ့။ သည်တွင် အဘိုးကြီးအား လှမ်း၍ ခင်ဗျား အခု ဘာလုပ်နေတာလဲဟု မေးလိုက်ရာ အဘိုးကြီးက ထိုင်ခုံ ပေါက်နေလို့ ပြင်မလို့လေလို့ ပြန်ပြောသည်တဲ့။ ဒီတော့မှ နိုင်ငံခြားသားက ခင်ဗျားပစ္စည်းမှ မဟုတ်တာ ခင်ဗျားနဲ့ ဘာဆိုင်လို့လည်း မေးတော့ အဘိုးကြီးက ဘယ်လို ပြောလိုက်တာလည်း မိတ်ဆွေရာ ဂျပန်တမျိုးသားလုံးပိုင်တဲ့ ဟောဒီ ရထားဟာ ဂျပန်အမျိုးသားတယောက် ဖြစ်တဲ့ ကျုပ်လည်းပဲ ပိုင်တာပေါ့ အဲဒီတော့ ကျုပ်နဲ့ ဆိုင်တာပေါ့လို့ ပြန်ပြောလိုက်ပါသတဲ့။

ဒီတော့ နိုင်ငံရေးသည်လည်း ထိုနည်းအတူပင် ဖြစ်ပါသည်။ စိတ်ဝင်စားသင့်ပါသည်။ စိတ်မဝင်စားဘူး ဆိုပါက စိတ်ဝင်စားသူတွေ့လျှင် မကဲ့ရဲ့မိပါစေနှင့်။ “နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်သူတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုပြီး ပြောသည့်သူ တွေ့ပါက ထိုသူသည် ထုံနပေ ငဆားနူ အတွေးအခေါ် ရှိသူဖြစ်သည် ဟုသာ ယုံကြည်လိုက်ပါတော့။

အမှန်တော့ ပညာတတ် မြန်မာလူငယ်များထဲတွင် ထိုစကားကို ယုံကြည်စွာ ပြောနေသူများ တွေ့ရသည်မှာ မကောင်းသော လက္ခဏာ ဖြစ်ပါသည်။ ထိုသို့ ပြောတတ်သူမှာ အနည်းစု ဖြစ်ပါသည်ဟု ဆိုလျှင်လည်း စာရေးသူ အနေဖြင့် ထိုမျှလောက် တိမ်သော အတွေးအခေါ်မှာ ပညာတတ် လူငယ်များထဲတွင် လုံးဝမရှိသင့်ဟု ယုံကြည်ပါသည်။

မြန်မာလူငယ်များ မိမိ အသက်မွေးဝမ်းကြောင်း စာသာမက အားလပ်ချိန်တွင် အခြားစာပေများလည်း အမြန်ဆုံး ဖတ်ရှုနိုင်ကြပါစေဟု တိုက်တွန်းပါသည်။ တော်ကြာမှ တိုင်းပြည်က ဒီမိုကရေစီစနစ်သို့ ချီတတ်ပါတော့မည် ပြည်သူ့အစိုးရကြီး ပေါ်လာပါတော့မည် ဆိုကာမှ “နိုင်ငံရေး စိတ်မဝင်စားပါဘူး ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုသော ခပ်တုံးတုံး အတွေးအခေါ် အများစု ဖြစ်နေလျှင် ပဲ့ပြားပင် ဒီမောင်တသိုက်နဲ့ ဘယ်သောင် ဘယ်ကမ်း ဆိုက်မှာပါလိမ့် ဟုသာ ဆိုချင်ပါတော့သည်။

(နာမည်များ လွှဲပြောင်းထားပါသည်)

68 comments

  • au kyein

    September 6, 2013 at 11:03 pm

    အဲ့ဒီ့ လူတွေကို ဗိုလ်ချုပ်က ကြို ပြီး (တုတ်) ခဲ့တာပေါ့ ကိုကြီးစံလှရေ..။

    • San Hla Gyi

      September 7, 2013 at 8:13 am

      အခုလို ပထမဆုံးအကြိမ် လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် au kyein ရေ။ အမှန်တော့ အဲဒီလို ပြောတတ်တဲ့လူတွေ မြန်မာပြည်မှာ တော်တော်များတယ်။ ကျနော်ဆို နိုင်ငံခြားမှာ သွားအလုပ်လုပ်နေတဲ့ လူတွေ ပြောတာကို တွေ့ဖူးတာ။ နားထောင်ပြီးတိုင်းလည်း စိတ်ထဲကနေ အမယ်လေး ထုံလိုက်တာနော်လို့ မှတ်ချက်ပေးမိတယ်။ ကိုယ်တောင် management မကောင်းတဲ့ အစိုးရဆီကနေ management ကောင်းတဲ့ အစိုးရဆီကို သွားအလုပ်လုပ်နေရပြီး “ဘယ်အစိုးရတတ်တတ် အရေးမကြီးပါဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုပြီး မြိန်ရည်ရှက်ရည် ပြောနေတော့ မခက်ပေဘူးလာ။ ကိုယ်ပြောတဲ့ စကား ဘယ်ရောက်လို့ ရောက်မှန်းမသိ ဖြစ်နေတာပေါ့။
      အဲဒီလို လူတွေကို တယောက်ချင်း ရှင်းပြနေလည်း လွယ်မှာ မဟုတ်လို့ ဒီဆောင်းပါး ရေးဖြစ်သွားတာပဲ။ စာနဲ့ကျတော့ တတ်နိုင်သမျှ ရှည်ရှည်ဝေးဝေး ရေးလို့ ရတယ်လေ။

  • ခင် ခ

    September 6, 2013 at 11:35 pm

    နိုင်ငံရေးဆို စိတ်ဝင်စားမှသိရမယ့်အရာခေတ်မဟုတ်တော့ပါဘူး။
    နိုင်ငံသားတိုင်း မိမိနိုင်ငံအရေးဖြစ်တဲ့ နိုင်ငံရေးကို သိကိုသိနေမှ ရွေးချယ်မမှားတဲ့ အစိုးရကိုရမယ့်ခေတ်ကို ရောက်မှာပါ။
    ကိုယ်လုပ်မှကိုယ်စားရတာဆိုပေသည့် အလုပ်အကိုင် အခွင့်လမ်းကောင်းမှာ လွယ်ကူစွာလုပ်ကိုင်ပြီး ခံစားခွင့်ကောင်းရဖို့ အတွက်တော့ ပြည်သူ့အတွက်စွမ်းရည် ပြည့်ဝသော အစိုးရကောင်းရှိဖို့တော့ လိုပါတယ်လေ။

    • San Hla Gyi

      September 7, 2013 at 8:13 am

      အခုလို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးခင်ခရေ။ ကျနော် ဆိုလိုတာလည်း ဒီအတိုင်းပါပဲ။ လူ့လောကထဲမှာ နေလို့ကတော့ နိုင်ငံရေးဆိုတာ ကင်းလို့မရတဲ့ အရာပဲ။ လူဆိုတာ နိုင်ငံရေး သတ္တဝါတဲ့။

  • kai

    September 7, 2013 at 3:08 am

    စစ်အာဏာရှင်ခေတ်များကဆို…. “adult စကားတွေ”ပြောရင်..” နိုင်ငံရေးတွေ”ဆိုပြီး.. အင်မတန်မြင့်မြတ်တဲ့နိုင်ငံရေးကို..adult အဓိပ္ပါယ်နဲ့နှိုင်း.. နှိမ်ချဖျက်ဆီးတာမျိုးလုပ်ခဲ့ဖူးတယ်ဗျ..

    လူထုထဲက အဲဒီစကား.. သူ့အလိုလိုထွက်လာတယ်လို့တော့.. မထင်မိပါဘူး..။
    စိတ်ဓါတ်စစ်ဆင်ရေးကောင်းကောင်းကျွမ်းကျင်တဲ့.. အစိမ်းအုပ်စုထဲကနေ.. ဖြန့်ထုတ်ပြန့်ပွားစေတယ်လို့.. ယူဆတာပါပဲ…

    အဲဒါမျိုးရေးတာ..ပြောတာတွေ့တိုင်း…ဆိုင်သူကို.. ကျုပ်လည်း ” နှစ်တလက်မတုတ်ကြီးနဲ့ပူဇော်လိုစိတ်”တွေ… တဖွားဖွားဖြစ်ဖူးသဗျ… :mrgreen:

    ဆိုတော့…
    အောက်မှာ… နိုဝင်ဘာ ၁၄ ၂၀၁ဝ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကလွတ်ပြီး.. လူထုကိုပြောတဲ့မိန့်ခွန်းကနေ..ကောက်နှုတ်ပေးထားပါတယ်.
    ကိုရင်စံလှကြီးညွှန်းတဲ့မိန့်ခွန်းဖြစ်မယ်ထင်…

    နောက်ပြီးတော့ အားလုံးကို လိုက်ပြီးတော့ ထမင်းဝေဖို့ မဟုတ်ဘူး။ ကိုယ့်ထမင်းကိုယ် ဝအောင် ရှာနိုင်တဲ့ အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။

    ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့ အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။ အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။

    ကျုပ်အနေနဲ့ကတော့.. နိုင်ငံရေးဆိုတာကို.. အဓိပ္ပါယ်ဖွင့်.. စာသားချရေးတာမှာ.. မြန်မာစကားမပြည့်မစုံဖြစ်နေသေးတယ်ထင်မိတယ်..
    ဥပမာ.. ယူအက်စ်မှာဆို… ပါတီတွေထဲဝင် နိုင်ငံရေးလုပ်တာ.. ။ပါတီအချင်းချင်း… နိုင်ငံရေးကစားတာ… ။ အမျိုးသားရေး..တော်လှန်ရေးအတွက်နိုင်ငံရေးလုပ်တာ…။ ပါတီထဲမဝင်ပဲ.. နိုင်ငံရေးလုပ်တာ..။ စသဖြင့်အကွဲကွဲအပြားပြားရှိကြတယ်လေ…။
    မြန်မာစစ်တပ်က.. အမျိုးသားနိုင်ငံရေး.. ပါတီနိုင်ငံရေးစသဖြင့်ခွဲသုံးတတ်ပြီး… ဒေါ်အောင်ဆန်းစုကြည်ကတော့… လွှတ်တော်တွင်းနို်င်ငံရေးနဲ့.. လွှတ်တော်ပြင်ပနိုင်ငံရေးလို့သုံးနှုံးတတ်တာ သတိထားမိတယ်…

  • San Hla Gyi

    September 7, 2013 at 8:15 am

    ဟုတ်ပါတယ် သဂျီးရေ။ အခုလို ပြန်ကောက်နုတ် တင်ပြပေးတဲ့အတွက် ကျေးဇူးပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ အဲဒီမိန့်ခွန်းပါပဲ။
    လူငယ်တိုင်း နားထောင်သင့်ပါတယ်။
    ကျနော်ကတော့ မြန်မာစစ်အစိုးရ ပြောခဲ့ဖူးတဲ့ အမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးဆိုတာ သိပ်မကြိုက်ပါ။ နမိတ်မကောင်းဘူးလို့ ထင်တယ်။ အဲဒီ စကားလုံးတွေ ကြားတိုင်း သူတို့ ဆိုလိုတဲ့ အဓိပ္ပါယ်က အမျိုးသား နိုင်ငံရေးဆိုတာ ဗိုလ်ချုပ်နဲ့ အတူ ကျဆုံးသွားပြီ။ မြန်မာပြည် လွတ်လပ်ရေး ရကတည်းက မရှိတော့ဘူး။ အခု လုပ်နေတာက အာဏာငန်းဖန်းနေတဲ့ ပါတီနိုင်ငံရေးပဲ ဆိုပြီး သူတို့ကို ဆန့်ကျင်တဲ့ လူတွေကို နှိပ်ကွပ်မယ်ဆိုတဲ့ အဓိပ္ပါယ် ခံစားရတယ်။
    အမှန်က ပြောသူတွေ ကိုယ်တိုင်က အာဏာငန်းဖန်းပြီး ကယောင်ကတမ်းတွေ ပြောနေခဲ့တာ။

  • kyeemite

    September 7, 2013 at 9:54 am

    အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။…တဲ့…
    အခုလည်း ကိုစံလှကြီးက “ခပ်တုံးတုံး အတွေးအခေါ် အများစု ” လူတွေအတွက်
    စဉ်းစားတတ်လာအောင် မျှဝေတယ်လို့ပဲမှတ်ပါတယ်ဗျ…..
    နောက်ပီးတော့..
    “ “နိုင်ငံရေးကို စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာ” ”
    ဆိုသောစကားစုကိုလူအတော်များများ မစဉ်းမစား အလွယ်တကူပြောနေကြသည်ကို
    ကျုပ်လည်းတွေ့ဖူးကြုံဖူးပါရဲ့….ကိုစံလှကြီးလိုတော့ ဖြေရှင်းချက်မလုပ်ခဲ့မိပါ…
    ဒီဆောင်းပါးလေးအတွက် ဗရာဗို ပါဗျ… 😆

    • San Hla Gyi

      September 7, 2013 at 3:31 pm

      ကို Kyeemite ရေ
      ဟိုတုန်းက မြန်မာပြည်မှာ နိုင်ငံရေးက ဒို့နဲ့ မဆိုင်ဘူး နိုင်ငံရေးထဲ မပါချင်ဘူးဆိုတာ နားမလည်တာထက် ကြောက်လို့ဗျ။ အမေစုကတော့ နားမလည်လို့ပါလို့ သုံးသွားတယ်။ ဒါကတော့ သူမှန်တယ်။ သူက လူထု ခေါင်းဆောင်သဘောမျိုး ဆိုတော့ လူထုကို ထိခိုက်စေတဲ့ စကားမျိုး ပြင်းပြင်းထန်ထန် သုံးလို့ မဖြစ်ဘူး။ ကျနော်တို့ သုံးတာက ဘာမှ မဖြစ်ဘူး။ ကိုယ်ကလည်း ခေါင်းဆောင် မဟုတ်ဘူး။
      ကျနော်ကိုယ်တိုင်လည်း ကြောက်ခဲ့ဖူးပါတယ်။ ကျနော်တို့ ကျောင်းသားဘဝက အာဇာနည်နေ့တွေဆို ကင်တင်းမှာ မေလှမြိုင်ရဲ့ “ဒို့ဗိုလ်ချုပ်အောင်ဆန်းလေ ဒို့ဗိုလ်ချုပ်အောင်ဆန်းလေ မဆုတ်တမ်း သူလမ်းညွှန်တာတွေ” ဆိုတဲ့ သီချင်းကို အကျယ်ကြီးဖွင့်ပြီး နားထောင်မိတဲ့ လူတော့ နောက်နေ့ဆို ထောက်လှမ်းရေး လိုက်လာတတ်တယ်။ အခန့်မသင့်ရင် နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်ရန် ကြံစည်မှုနဲ့ နိုင်ငံတော်ရဲ့ ရန်သူတော် နံပါတ်တစ်စာရင်းထဲ ရောက်သွားတတ်တယ်။ အဲဒါကြောင့် လူတွေ ကြောက်ကြတာ။ လူဆိုတာ ကြောက်စရာနဲ့ တွေ့ရင် ကြောက်တတ်တာပဲ ဆိုတော့ ဒီကိစ္စကလည်း အခန့်မသင့်ရင် ကိုယ့်ဘဝပျက်သွားနိုင်လို့ ကြောက်တယ်ဆိုတာ အပြစ်မတင်ပါဘူး။ အဲဒါကို မကြောက်ပဲနဲ့ နိုင်ငံရေး လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် အနည်းဆုံး ကိုယ့်နိုင်ငံအရေးလေးတော့ စိတ်ဝင်စားပါ စိတ်မဝင်စားရင်လည်း စိတ်ဝင်စားနိုင်တဲ့ လူတွေကို အဲဒီလို လက်လွတ်စပယ် မဝေဖန်မိဖို့ပဲ။
      နောက်ပြီးတော့ “နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုတဲ့ စကားမျိုးတော့ ပညာတတ် မြန်မာလူငယ်တွေ ပေါ့ပေါ့လေး ပြောနေတာတော့ မကောင်းပါဘူး။ သူတို့ ပြောပုံအတိုင်းဆို ဗိုလ်ချုပ်အောင်ဆန်းတို့ အေဗရာဟမ်လင်ကွန်းတို့ မဟတ္တမဂန္ဒီတို့လို လူတွေကပဲ အလုပ်မလုပ်ပဲ ထမင်းစားချင်တဲ့ လူတွေလိုလို ဖြစ်ကုန်တယ်။
      ပြောတာလည်း ကျနော် မကြာခဏကို တွေ့ဖူးတယ်။ ပြောပုံကလည်း တော်တော်ကို ယုံယုံကြည်ကြည်နဲ့ ပြောနေကြတာပဲ။ အဲဒီတော့ စကားနဲ့ ပြောရင် ဒီလိုကိစ္စက လိုရင်းမရောက်လို့ စာရေးလိုက်တာ။ ဖတ်မိကောင်း ဖတ်မိပါစေ ဆိုပြီးတော့ပေါ့။ သိပ်တော့ မသေချာဘူး။ ဘာလို့လည်းဆိုတော့ ဒီမန်းဂေဇက်မှာ ကျနော်ရေးတဲ့ ၁နှစ်ကျော်ကျော်မှာ အဲဒီလို အဓိပ္ပါယ်ထွက်တဲ့ စကားမျိုး ဘယ်သူမှ ရေးတာ မတွေ့ဖူးဘူး။ ကွန်မန့်တောင် မတွေ့ဖူးဘူး။ ကျနော် မတွေ့မိတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ကျနော်ကတော့ ဒီလို အတွေးအခေါ်မျိုးကို ဒီနေရာမှာတော့ ရေးမယ့်လူ မရှိလောက်ဘူးလို့ ထင်တယ်။ ရေးရင်လည်း ကျန်တဲ့လူက ဝိုင်းတိုက်ခိုက်တာ ခံရနိုင်တယ်။
      အမှန်တော့ စာနဲ့ ရေးတော့ တဆင့်စကား တဆင့်နားနဲ့ တယောက်တလေများ ဖတ်မိသွားမလားဆိုပြီး ရေးလိုက်တာ။ ပညာမတတ်တဲ့ လူတွေက ပြောတာ ဘာမှမဖြစ်ဘူး။ ပညာ အထိုက်အလျောက် တတ်တဲ့လူက အဲဒါမျိုး ပြောရင်တော့ တော်တော့်ကို တာဝန်မဲ့တဲ့ စကား ဖြစ်သွားပြီ။
      အမှန်တော့ ကျနော်က အဲဒီလို အတွေးအခေါ်မျိုးကို ခပ်တုံးတုံး အတွေးအခေါ် ဆိုတာထက် ပြင်းတဲ့ စကားလုံးတောင် သုံးချင်တာ။ သိပ်ပြီး ပြင်းထန်ရာ ရောက်မှာစိုးလို့ အဲဒီလောက်ပဲ ရေးလိုက်တာ။ ဒါကတော့ လူမျိုးစုတခုကို ဒါမှမဟုတ် လူတယောက်ကို ဒါမှမဟုတ် အသင်းအပင်းတခုကို ကွက်ပြီးပြောတာ ရည်ညွှန်းတာလည်း မဟုတ်တဲ့အတွက် အဲဒီလို အတွေးအခေါ် ရှိသူ တယောက်ယောက် ဖတ်မိရင်လည်း အသိတရားလေး ရသွားအောင်ပါ။

  • amatmin

    September 7, 2013 at 10:20 am

    ကိုစံလှရေ..။
    ကိုယ့်ပတ်ဝန်းကျင်မှာ အရင်က ကြားဖူးနေကြ .။
    ပြောနေတတ်ကြစကားမို့ နားထဲမဆန်းသလိုပေမဲ့..
    ဒီလို ဖတ်ရတော့လည်း ပိုတွေးမိတာမို့. ဖတ်ရတာကျေးဇူး.။
    ဂျပန်ပုံဝတ္ထုတွေ.ဖြစ်ရပ်တွေကတော့ နမူနာယူစရာ အများသား.။
    ခုပြောတဲ့ စိတ်ဓါတ်ကတော့ ရေနွေးအိုးထဲရောက်နေတဲ့ ဖားတွေကလိုပဲ
    ကိုယ်နေသာသလိုနေတတ်ရင်း
    နောက်ဆုံးကိုယ်တိုင်ထိပီး.အပူလောင်မှ.ကြောက်လန့်သေသွားကြတတ်သလို..စိတ်မို့..
    ခပ်တုံးတုံး အတွေးအခေါ် အများစု ဆိုတဲ့..အသုံးကတော့ တန်တယ်မှတ်တာပဲ.။
    😀

    ို

    • San Hla Gyi

      September 7, 2013 at 3:36 pm

      ကို amatmin ရေ
      လာရောက်တဲ့အတွက် ကျေးဇူးပါ။ ပြောချင်တာတွေ တော်တော်များများကတော့ ကို kyeemite ကိုရေးတဲ့ ကွန်မန့်ထဲမှာ ပါသွားပါပြီ။

  • Zaw Thant

    September 7, 2013 at 11:55 am

    .. ဒီဆောင်းပါလေးအတော်ကြိုက်ပါတယ် ကိုစံလှကြီးရေ..

    ..ဒီလိုမျိုး အယူအဆရှိသူတွေကို မကြာခဏတွေ့ဖူးပါရဲ့ဗျာ.. ကိုယ်တိုင်ကတော့ စကားနည်းရန်စဲသမားမို့ ဝင်ပြီး အတိုက်အခံပြောလေ့မရှိပါဘူး.. ဒါပေမယ့်အဲ့လိုပြောသူရဲ့ တွေးခေါ်မှု၊ ခံယူချက်အဆင့်အတန်းကိုတော့ ခန့်မှန်းလိုက်နိုင်တာပေါ့.. များသောအားဖြင့် စီးပွားရေး ပြေပြေလည်လည်ရှိသူတွေဆီက ကြားရလေ့ရှိပါတယ် (ဒါမှမဟုတ်လည်း ဆင်းရဲပြီး နိုင်ငံရေးနဲ့ အရမ်းအလှမ်းဝေးသွားသူတွေပေါ့).. ကိုယ်စီးပွားရေးပဲကိုယ်အာရုံစိုက်မယ် ဘယ်အစိုးရတက်တက် အရေးမကြီးဘူးလို့တွေးတာပေါ့ဗျာ.. လက်ရှိအဆင်ပြေနေဆဲ အခြေအနေကိုပဲ ကွက်ကွက်လေးမြင်ကြတာနဲ့တူပါတယ်.. မဆလခေတ် ပြည်သူပိုင်သိမ်းတာမျိုးနဲ့ ကြုံခဲ့ရင်တော့ အဲ့လိုပြောနိုင်မယ်မထင်ဘူး.. တခြားနိုင်ငံတွေမှာ အစိုးရကောင်းရင်ကောင်းသလို ပြည်သူတွေ အဆင်ပြေနေတာ၊ အစိုးရမကောင်းရင် ဒါမှမဟုတ် နိုင်ငံရေးမငြိမ်သက်ရင် ပြည်သူတွေ စီးပွားရေးမပြောနဲ့ အသက်နဲ့ကိုယ် အိုးစားမကွဲဖို့တောင် အနိုင်နိုင်ဖြစ်နေတာတွေ ကြည့်တတ်ရင် အစိုးရ၊ နိုင်ငံရေးဆိုတာ ကိုယ်နဲ့ နီးနီးလေးရှိနေကြောင်းတွေးလို့ရမှာပါ..

    .. ဒါပေမယ့် အဲ့ဒီအယူအဆရှိတဲ့လူတွေကိုချည်းပဲလဲ အပြစ်မတင်ချင်ပါဘူး.. နိုင်ငံရေးနဲ့ ဝေးလေကောင်းလေ ဆိုတဲ့ အယူအဆကို အားကောင်းအောင်လုပ်သွားတဲ့ လူတွေ၊ အခြေအနေတွေကလည်းရှိခဲတာကိုး.. ပြည်သူတွေအများစု (သွေးမဆူပဲ) နိုင်ငံရေးနဲ့ ပါတ်သတ်လာဖို့ အားပေးချိန်ရောက်လာပြီလို့တော့ထင်ပါတယ်..

    • San Hla Gyi

      September 7, 2013 at 3:58 pm

      ကို Zaw Thant ရေ
      ကျနော်လည်း အဲဒီလို ပြောကြတာ မကြာခဏ တွေ့ဖူးတယ်။ အဲဒီလို ကိစ္စမျိုးဟာ စကားနဲ့ ရှင်းပြရင် လိုရင်း မရောက်ဘူးဗျ။ သဘောတရား ပါနေတော့ နည်းနည်း ရှည်ရှည် ပြောရမယ်။ စကားနဲ့ သွားပြောရင် ကိုယ်ကလည်း လူထုခေါင်းဆောင် မဟုတ်တော့ တဘက်က ကိုယ်ဟောပြောတာကို ပြီးအောင် နားထောင်မှာ မဟုတ်ဘူး။ ပထမစကား ဆုံးကတည်းက ပြန်ငြင်းဖို့ ပါးစပ် ပြင်နေပြီ။ အဲဒါနဲ့ လိုရာ မရောက်တော့ဘူး။ စာကျတော့ ကိုယ့်အတွေးအခေါ် သုံးသပ်ချက်ကို တတ်နိုင်သမျှ ရှည်ရှည် ရေးလို့ ရတယ်လေ။
      နောက်ပြီး ဆင်းရဲပြီး ပညာမတတ်တဲ့လူက ပြောတာက ပြဿနာ မရှိဘူး။ ပညာမတတ်လို့ နားမလည်တဲ့ လူဆိုတာက အပြစ်မရှိဘူး။ သူ့ကို နားလည်အောင် လုပ်ပေးဖို့ပဲ လိုတယ်။ ဘာလို့လည်းဆိုတော့ သူက ရိုးရိုးသားသား နားမလည်တာ။
      ဒါပေမယ့် ပြဿနာ ရှိတာက ပညာ အထိုက်အလျောက် တတ်ပြီး စားဝတ်နေရေး ပြေလည် နေတဲ့လူက ပြောရင်တော့ ပြဿနာရှိပြီ။ ကျနော် အခု ပြောသွားတဲ့ လူတွေ အားလုံးလိုလိုဟာ မြန်မာပြည် အနေနဲ့ဆိုရင် တော်တော်လေး ပညာတတ်ပြီး နိုင်ငံခြားမှာ ကိုယ့်အဆင့်အတန်းနဲ့ကိုယ် လူရိုသေ ရှင်ရိုသေ အလုပ်လေး တခုတော့ လုပ်နိုင်တဲ့ လူတွေချည်းပဲ။ ကျနော်ပြောတဲ့ ခပ်တုံးတုံး အတွေးအခေါ်ဆိုတာ သူတို့အတွက် ပြောချင်တာ။ ဒါပေမယ့် ထူးဆန်းတာက အဲဒီလို လူတွေဟာ ကျနော် လေ့လာ ကြည့်သလောက်တော့ အသက်မွေးဝမ်းကြောင်း ပညာကို လုပ်ငန်းသဘောအရ ကြည့်ဖြစ်တာက လွဲရင် အားလပ်ချိန်မှာ တခြား ဗဟုသုတ ရနိုင်တဲ့ အပြင်စာလုံးဝ မဖတ်တတ်တဲ့ လူတွေဆိုတာ တွေ့ရတယ်။
      ကျနော်ကလည်း နိုင်ငံရေးကို ထဲထဲဝင်ဝင် လုပ်ရမယ် အားပေးရမယ် ဆိုတာထက် ကိုယ့်နိုင်ငံရဲ့ အရေးလေးတော့ အနည်းဆုံး စိတ်ဝင်စားကြဖို့ ပြောချင်တာပါ။ စိတ်မဝင်စားနိုင်လည်း အဲဒီလို တာဝန်မဲ့ စကားမျိုးကို အတွေးအခေါ် ပညာရှင်ဟန်ပန်မျိုးနဲ့ မပြောမိအောင်ပေါ့။

    • မင်းခန့်ကျော်

      September 7, 2013 at 6:54 pm

      ” ပြည်သူတွေအများစု (သွေးမဆူပဲ) နိုင်ငံရေးနဲ့ ပါတ်သတ်လာဖို့ ”

      ဒီ စကား ကအမှန်ဖြစ်သင့်တဲ့စကားပါ။

      နိင်ငံရေး ဆိုတာကို အဓိပါယ် တမျိုးနဲ့တွဲတွဲတတ်ကြလေ့ရှိပါတယ်။

      စည်းရုံးမယ်။ လှုံ့ဆော်မယ်။ လမ်ပေါ်ထွက်မယ်။ ဆူရမယ်။ပူရမယ်။

      ဒီတော့ အဖမ်းခံရကိန်းက 99% လေ။

      ဒါမျိုးပဲမြင်မြင် သိသိ နေတော့ ။

  • ကိုစံလှကြီးရေ
    ဒီအတွေးအခေါ်ကို လူတွေထဲဝင်အောင်ရိုက်သွင်းခဲ့သူကိုဘဲအပြစ်တင်ရပါမယ်။
    1962ခုနှစ်အလွန်က စလို့ နိုင်ငံရေးလုပ်တယ်ဆိုရင် ထောင်ထဲဝင်ဘို့ ကြိုးစားတာဘဲလို့ ရိုက်သွင်းခံခဲ့ကြရတာပါ.
    ဒီနေရာမှာကျနော်ပြောချင်တာက ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ နိုင်ငံရေး အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့
    ခုခေတ်လူတွေပြောနေတဲ နိုင်ငံရေး အဓိပ္ပါယ်ဖွင့်ဆိုချက် က မတူညီဘူးဆိုတာကိုပါဘဲ။
    လွန်ခဲ့ သော ကာလများမှာ ကျနော်တို့အားလုံးသည် မှန်ကန်စွာစဉ်းစားဆုံးဖြတ်ပြောဆိုနိုင်ခွင့်တွေကို
    အခွင့်အရေးတွေ နဲ့ လဲလှယ်ခဲ့ကြရတဲ့အတွက် ပြောလဲ မထူး မပြောတာကမှ အကျုးိရှိတယ်ဆိုတဲ့ အယူအဆနဲ့
    ကြီးပြင်းစေခဲ့တာဟာ အစောကလူတွေပြောတဲ့ နိုင်ငံရေးပါဘဲ။

  • San Hla Gyi

    September 7, 2013 at 4:18 pm

    ကိုကြီးပေါက်ရေ
    လာရောက်တဲ့အတွက် ကျေးဇူးပါ။ လူ့ သဘာဝက ကြောက်စရာကောင်းတဲ့ ဟာမို့ ကြောက်တယ်ဆိုတာ ကျနော်က လုံးဝ အပြစ်မတင်ပါဘူး။ ဒါပေမယ့် အဲဒီလို အတွေးအခေါ်မျိုးကို လူရှေ့သူရှေ့မှာ ဟန်နဲ့ ပန်နဲ့ ပြောနေပြီ ဆိုရင်တော့ လွဲနေပါပြီ။ ထူးဆန်းတာက ကျနော် ပြောခဲ့သလိုပဲ အဲဒီလို ပြောတဲ့လူမျိုးဟာ ပညာတတ် ဆိုပေမယ့် အားလပ်ချိန်မှာ အပြင်စာ ဖတ်လေ့မရှိတဲ့ လူတွေ တော်တော်များတယ်ဗျ။ အများကြီး ဖတ်ဖို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံနဲ့ ပက်သက်တာလေး ဘာသာရေးဆိုလည်း ကိုယ့်ဘာသာနဲ့ ပက်သက်တာလောက်တော့ နည်းနည်းပါးပါး ဖတ်ထားသင့်တယ်လို့ ထင်တယ်။
    မယုံမရှိနဲ့ ကိုကြီးပေါက်ရ။ ကျနော်က ကိုယ်တွေ့ကို ကြုံဖူးတယ်။ ကျနော်နဲ့ သိတဲ့ ကောင်လေးတယောက် ဆိုရင် သူ့ တက္ကသိုလ်က မြန်မာပြည်မှာ top ပဲ။ အဲဒီက ဘွဲ့ရလာတဲ့ကောင်။ အဲဒါ တနေ့တော့ ကျနော့်ကို မေးတယ်ဗျ။ ဘာမေးသလဲ သိလား။ အကို အသူရကာယ်ဘုံ ဆိုတာက ဘယ်လိုဘုံလည်း။ နတ်သားတွေလို စမတ်ကျကျ နေရတဲ့ဘုံ မဟုတ်လားတဲ့။ တော်သေးတာပေါ့ မဟာအဝီစိငရဲ ဆိုတာ နတ်ပြည်နဲ့ အတူတူပဲလားလို့ မမေးလို့။ ကျနော်လည်း ဖြေလိုက်တယ်။ ဟုတ်တယ်ကွ ညီလေး မင်းသွားနေတော့ ဆိုပြီးတော့။ အဲဒါ သူက ဗုဒ္ဓဘာသာ။ ဘာသာရေးကို စိတ်မဝင်စားတဲ့ လူငယ်မို့ ဆိုလည်း ထားတော့။ သူက မနက်တိုင်း ဘုရားမှန်မှန် ကန်တော့တယ်ဗျ။ ဆရာတော်ကြီးတွေ တရားဟောလည်း အခါသင့်သလို သွားတယ်။ အဲဒီတော့ မခက်ပေဘူးလား။
    ဒါကတော့ နိုင်ငံရေး မဟုတ်ပါဘူး။ ကြုံလို့ ကမောက်ကမ ဖြစ်ရပ်လေးကို ပြောပြတာ။

    • ကိုစံရေ
      တကယ့်လက်တွေ့မှာတော့ အပေါ်ယံသိလေးတွေနဲ့ ဘဲ နေ နေကြတဲ့ ခေတ်ရောက်နေပါတယ်။

  • အလင်းဆက်

    September 7, 2013 at 4:27 pm

    အဲဒိ လို
    ခပ်ညံ့ညံ့ အတွေးအခေါ်နဲ့ လူတွေ
    ရပ်ကွက်ထဲမှာ
    အများးးဂျီးပဲ

  • မင်းခန့်ကျော်

    September 7, 2013 at 4:31 pm

    ​အေးဗျား။

    ​အောက်​​ခြေ က လူအများစု အတွက်​ နိုင်​ငံ ​ရေးဖို့

    အ​တော်​မလွယ်​​သေးတဲ့ နိုင်​ငံ​ရေး ။

    ဒီလူ​တွေ က​ပြော လာရင်​ 🙂

    နိုင်​ငံ ​ရေးက တလွှာနဲ့တလွှာ အမြင်​မတူနိုင်​ဘူး​နော်​့။

    • San Hla Gyi

      September 7, 2013 at 10:51 pm

      ကိုအလင်းဆက်နဲ့ ကိုမင်းခန့်ကျော်ရေ
      အခုလို လာရောက် ဖတ်ရှု ကွန်မန့်ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပါ။

  • မောင် ပေ

    September 7, 2013 at 8:05 pm

    ဒီနေ ့ခေတ် မှာတော့
    စစ်တပ်ကို တော်လှန်မှ နိုင်ငံရေး မဟုတ်တော့ဘူးလို ့ထင်ပါတယ်
    နိုင်ငံရေး ဆိုတာ ဘာလဲ လို ့ပို ့စ် တစ်ခုအနေနဲ ့
    ဆရာစံ ရေးတင်ပေးပါခင်ဗျ
    နောက်ပြီး
    ကျုပ်တို ့နိုင်ငံကလူတော်တော်များများ
    ဒီမိုကရေစီ ရပြီလို ့သာ အော်နေကြတယ်
    ဒီမိုကရေစီ ဆိုတာ ဆန္ဒပြရုံလောက်ပဲ လို ့သိနေကြသူတွေအတွက်ပါ
    (မှတ်ချက် ကျုပ် ကိုယ်တိုင်လဲ ဘာမှ မသိပါ)
    လူ ့ဘောင် အတွက် ဒီမိုကရေစီ နီတိ လေးတွေ ကို ဖတ်ချင်မိပါတယ်
    ဆရာစံ ခင်ဗျ

    • San Hla Gyi

      September 7, 2013 at 10:52 pm

      အင်း ကိုပေရေ ဒီနေ့ခေတ်မှာတော့ စစ်တပ်ကို တော်လှန်မှ နိုင်ငံရေး လုပ်နေတာ မဟုတ်တော့ဘူးပေါ့ဗျာ။ နိုင်ငံရေးဆိုတာ ဘာလဲ ဆိုတာကတော့ သိပ်ပြီး ကျယ်ဝန်းတဲ့ အဓိပ္ပါယ်ရှိတယ်လို့ ထင်တယ်။ အမှန်တော့ ကျနော်လည်း အဲဒီလောက်တော့ မမြင့်သေးပါဘူး။ ဒီပို့စ် ရေးဖြစ်သွားတာကတော့ “နိုင်ငံရေး စိတ်မဝင်စားပါဘူး။ ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုတဲ့ စကားမျိုးကို မြန်မာလူငယ် ပညာတတ်တွေ လွယ်လွယ်လေး ပြောနေကြတာ ခဏခဏ တွေ့လို့ ရေးချင်စိတ် ဖြစ်သွားတာ။
      နိုင်ငံရေးဆိုတာ အဘိဓါန်ကတော့ လွယ်လွယ်ပဲ အစိုးရ သို့မဟုတ် ဥပဒေပြု အဖွဲ့အစည်းများ၏ နိုင်ငံအုပ်ချုပ်မှုနည်းလမ်းလို့ ပြန်လိုက်တာပဲ။ Politics ဆိုတာလေ။ ကျနော်က အဲဒီ အဓိပ္ပါယ် သိပ်မပြည့်စုံဘူးလို့ ထင်တယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကတော့ တော်တော်လေးကို ပြည့်စုံနေပါပြီ။ နိုင်ငံရေးနဲ့ ပက်သက်လို့ အဓိပ္ပါယ် ဖွင့်တာလေ။
      ကျနော် မြင်တာတော့ ဘာလို့ နိုင်ငံရေးလို့ ခေါ်တာလဲ။ နိုင်ငံရဲ့ အရေးမို့လို့ နိုင်ငံရေးလို့ ခေါ်တာပေါ့။ နိုင်ငံရဲ့ အရေးဆိုမှတော့ နိုင်ငံသားတွေနဲ့လည်း ဆိုင်နေပြီပဲ။ အဲဒီကတည်းက နိုင်ငံရဲ့ စီးပွားရေး ပညာရေး ကျန်းမာရေး အားကစား အားလုံး အကြုံးဝင်သွားပြီပဲ။ အဲဒီတော့ ဒီအရေး ကိစ္စတွေကို အဓိက စီမံခွင့်ရှိတဲ့ အစိုးရအဖွဲ့ရဲ့ လုပ်နည်းလုပ်ဟန်ကို politics လို့ အဓိပ္ပါယ်ဖွင့်တာလည်း မှားတော့ မမှားဘူး။
      ဒီမိုကရေစီ စနစ်ကျတော့ ပြည်သူက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရမယ် ဆိုတော့ ပြည်သူနဲ့ အစိုးရဟာ အပြန်အလှန် ထိန်းကျောင်းမှု check and balance ရှိလာပြီလို့ ထင်တယ်။ အစိုးရရဲ့ လုပ်ရပ်ကို ပြည်သူက စောင့်ကြည့်မယ်။ ပြည်သူကို စည်းကမ်းရှိအောင် ပညာတတ်လာအောင် တာဝန်သိလာအောင် အစိုးရအဖွဲ့က လေ့ကျင့်ပေး နိုင်ရမည်။ check and balance ပဲ။
      အာဏာရှင် စနစ်ကျတော့ အဲဒီလို check and balance လုံးဝမရှိဘူး။ သူက တလမ်းမောင်းပဲ။ အဲဒီတော့ ပြည်သူ့ဘက်က check လုပ်လို့ မရတဲ့အတွက် revolution တွေ ပေါ်လာတာပဲ။ အဲဒီတော့ အာဏာရှင်နိုင်ငံတွေမှာက အစိုးရကို ဆန့်ကျင်တာက နိုင်ငံရေး ဖြစ်လာတာပဲ။
      ကျနော် ထင်တာက အခုတော့ မြန်မာပြည်မှာ အရင်ကထက်စာရင်တော့ check and balance လုပ်ဖို့ ကြိုးစားနေတယ်လို့ ထင်တယ်။ ဒါပေမယ့် အသားမကျသေး လူထုလည်း သိပ်မရင့်ကျက်သေးတော့ revolution ဘက်ကို ပိုရောက်နေတယ်လို့ ထင်တယ်။
      အခု ပြောတာတွေက ကျနော့် သဘောထားတွေ အမြင်တွေကို အလွတ်ပြောတာပဲ ဖြစ်ပြီး ပညာရှင်တွေရဲ့ သီအိုရီသဘောမျိုး မဟုတ်ပါဘူး။

  • အရီးခင်

    September 8, 2013 at 3:59 am

    အမယ်လေးလေ့ ….
    ဒါကြောင့် ရန်ကုန် မှာ မိုးကြီးနေသလား။
    ကြီး ၂ ကြီး က နိုင်ငံရေး မှာ အတိုင်အဖောက်ညီနေကြတာ။
    ဂလိုကျတော့ ပျင်းစရာကြီး။ jk 😛

    ဒီ Post လေး အတွက် ဦးညွှတ်ပါတယ်နော်။

    ပြောရရင်တော့ ကစံလှကြီးရေ –
    ကျွန်မမှာ ငယ်ကထဲ ကနေ အခုထိ ဒီမှာထိကို ရေစက်ပါတဲ့ ပြောမနာ ဆိုမနာ အတော်ခင်တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။
    အင်မတန် လဲ တော်ပါတယ်။
    သူကတော့ ကျွန်မထက်ပိုပြီး တရားအလုပ် လုပ်နေပါတယ်။ ဘုန်းကြီးကျောင်း မှာ အပါတ်တိုင်း တရားထိုင်တယ်။
    ကျွန်မ ကိုလဲ သူနဲ့ လာလာပြီး တရားအလုပ်လုပ် လုပ်ဖို့အတွက် အမြဲ ဆွယ်သပေါ့။
    ကျွန်မ ဒီလို အဝေးကနေ အာချောင်နေတာ တွေ ကိုလဲ အချိန်ဖြုန်းတယ် ဆိုပြီး အမြဲ ဝေဖန်တယ်။
    ဘာတောင်ပြောလဲ ဆိုတော့ ကျွန်မက ပြည်တွင်း မှာလဲ မရှိ/ မနေနိုင်ဘဲ နဲ့ အဝေးကနေ အာချောင်နေလို့ နိုင်ငံရေး က ထိရောက်မှု ရှိမှာ မဟုတ်ဘဲ ပိုတောင်ဆိုးမတဲ့။

    ကျွန်မတော့ ပြန်ပြောလိုက်ပါတယ်။
    တရားထိုင်ရင် Positive Thinking များလာ တတ်တာ မဟုတ်ဘူးလားလို့။
    နိုင်ရာ တွယ် ရတာဘဲ။
    😉

    • San Hla Gyi

      September 8, 2013 at 2:08 pm

      ကဲ အရီးခင်ရေ
      အမကြီးပြောတဲ့ ကွန်မန့်ကတော့ ပြောရုံသက်သက်ပဲလား။ သဘောထားမှတ်ချက် ပေးစေချင်တာလား တော့မသိပါဘူး။ ကျနော့် အမြင်ကတော့ အဲဒီကိစ္စမှာ ဆွေးနွေးတဲ့ လူနှစ်ယောက်ရဲ့ ဆွေးနွေးတဲ့ ထောင့်တွေ အနေအထားတွေ မတူဘူး။ အဲဒီတော့ မှတ်ချက်ပေးဖို့ ခက်တယ်။
      ဥပမာ ဆိုပါတော့။ ကျနော်က ဗိုလ်ချုပ်ပြောခဲ့တဲ့ မိန့်ခွန်းထဲက ကောက်နုတ်ချက် ဆိုပါတော့။ “လွတ်လပ်ရေး ရပြီးရင် စကားရိုင်းရိုင်း ပြောရရင် ပြဲနေအောင် အလုပ်လုပ်နိုင်မှ တော်ရုံကျမယ်” သူက မသေခင် အဲဒီလို ပြောသွားတယ်။ ဆိုလိုတာက မြန်မာတွေ မနားမနေကို အလုပ်လုပ်ရမယ်ပေါ့။ နောက်ပြီး တခြားဟာတွေလည်း ရှိသေးတယ်။ ကွန်မြူနစ်စနစ်တို့ ဆိုရှယ်လစ်စနစ်တို့ အဲဒီလို ဟာတွေလည်း ရှိမှာပေါ့။ အဲဒီထဲက ဟာတွေကို ယူပြီး ကျနော်က အဲဒီအချက်တွေကို မိုးကုတ်ဆရာတော်ကြီးတို့ စွန်းလွန်းဆရာတော်ကြီးတို့လို ပုဂ္ဂိုလ်တွေနဲ့ သွားဆွေးနွေးတယ် ဆိုပါတော့။ အများအမြင်မှာ ရယ်စရာ ဖြစ်မယ့်အပြင် အရိုက်ခံရနိုင်တယ်။ ဘေးနားက လူတွေက ထရိုက်မှာ။ မတူတဲ့ ထောင့်နှစ်ခုကို ထပ်မိအောင် လုပ်နေတာကိုး။
      အဲဒီအချက်တွေကို နိုင်ငံရေးသမားတွေနဲ့ သွားဆွေးနွေးရင် အလွန် သင့်တော်မှာပေါ့။
      အဲဒီလိုပဲ ဗိုလ်ချုပ်အောင်ဆန်း နိုင်ငံခေါင်းဆောင် ဘဝမှာ သက်ရှိထင်ရှား ရှိနေသေးပြီး အလုပ်လုပ်နေသေးတယ် ဆိုပါတော့။ ဥပမာနော်။ အဲဒါ ကျနော်က သူ့ဆီ သွားပြီး ခုန ဆရာတော်ကြီးတွေရဲ့ တရားအားထုတ်နည်းတွေ ဘာတွေ သွားဆွေးနွေးတယ် ဆိုပါစို့။ အဲဒါလည်း အရိုက်ခံရကိန်းပဲ။ ဘေးနားက ကိုယ်ရံတော်တွေက လာနောက်နေတာလား ဆိုပြီး ဆွဲထုတ်ဖို့ သေချာတယ်။ လောကကြောင်းနဲ့ ဓမ္မကြောင်းဟာ တခါတလေမှာ မျဉ်းပြိုင်ပဲ။ တထပ်တည်းကျအောင် လုပ်ဖို့ခက်တယ်လို့ ထင်တယ်။
      ဆိုတော့ အဲဒါကတော့ ကိုယ်က ဘယ်ထောင့်မှာ ရပ်နေတာလည်း ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကွာသွားမယ်ထင်တယ်။

      • အရီးခင်

        September 9, 2013 at 2:35 am

        ဝင်လို့ ရတဲ့အချိန်လေး ချောင်းကြည့်လိုက်တော့ ကစံလှကြီး ကို ရွာလည် မှာ တွေ့လိုက် လို့ ။
        ပိုပြီးရှည်ရှည် အသေးစိတ် ဆွေးနွေးချင်ပေမဲ့ အခွင့်မသင့်လိုက်လို့ ကမန်းကတန်း ဝင်ရေးလိုက်တာပါ။
        မရှင်းမရှင်းလို ဖြစ်သွားရင် စောဒီးရှင့်။
        😛

  • surmi

    September 8, 2013 at 10:19 am

    ဗရာဗို ပါဗျို့
    ဒါမျိုး​လေး​တွေ ​စောင်​့ဖတ်​​နေပါတယ်ခင်​ဗျ

  • San Hla Gyi

    September 8, 2013 at 2:09 pm

    ကိုဆာမိရေ
    လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • ခင် ခ

    September 8, 2013 at 3:06 pm

    Sep 8 / 3:05 pm
    ကိုစံလှကြည်ရေ ကျွန်တော်ပိုမိုရှင်းအတွက် လာဝင်ကြည့်ချိန်ပါ

    • San Hla Gyi

      September 9, 2013 at 6:58 pm

      ဟုတ်ပါပြီ ဦးခင်ခရေ ဘာပိုမိုးရှင်းတုန်း နောက်လာကြည့်ပါမယ်။

  • ဦးဦးပါလေရာ

    September 8, 2013 at 10:50 pm

    “ဘယ်အစိုးရတက်တက် ………………..။ ကိုယ်လုပ်မှ ကိုယ်စားရတာ”

    အဲဒါ လူတချို့က မတော်တဆ အတွေးချင်းတိုက်ဆိုင်ပြီး ခံယူပြောဆိုကြတာလို့
    ကျုပ်ကတော့ မထင်ရေးချ မထင်…..

    အဲဒါ ဟိုလူတွေ တမင် လုပ်ကြံပြီး လူထုထဲ ရိုက်သွင်းထားတာ …
    ခေတ်အဆက်ဆက်ကပဲ လူအမျိုးမျိုး အလွှာအမျိုးမျိုးဆီ ပုံစံအမျိုးမျိုးနဲ့ တမင်ကို ရိုက်သွင်းခဲ့တာပဲ။

    တကယ့်အဖြစ်အပျက်လေး တစ်ခုလဲ ကြုံတုန်း ပြောပြချင်ပါတယ်…။

    ၂၀၀၈ အခြေခံဥပဒေအတွက် မဲပေးကြရတော့မယ်ဆိုတော့ နယ်က ရွာတစ်ရွာမှာ ရွာသားတွေအပေါ်ဩဇာညောင်းတဲ့ သူနာပြုဆရာမကြီးက ဘယ်လိုပြောသလဲဆိုတော့ –
    နင်တို့ နားအေးအောင် ထောက်ခံလိုက်ကြပါ…။ ဘယ်သူတက်တက် ကိုယ်လုပ်မှကိုယ်စားရတာ အလကားနေရင်းဒုက္ခသွားမရှာနဲ့..။ အရင်တစ်ခေါက်တုန်းကလို (၁၉၉ဝ ရွေးကောက်ပွဲတုန်းကလို) အလကားနေရင်း အညှိုးထားပြီး တာဖို့ (မြေကြီးတူးလမ်းဖို့) ခိုင်းနေဦးမယ်…….. လို့ ပြောသတဲ့…
    အဲဒီတစ်ရွာလုံးနီးပါး ထောက်ခံမဲပေးခဲ့ကြပါတယ်…။

    တကယ်တော့ အဲဒီဆရာမကြီးက အစိုးရကို ဖေါ်လံဖားချင်တာမဟုတ်ပါဘူး။ သူကိုယ်တိုင် အဲသလို ရိုးရိုးသားသား ယုံကြည်ခံယူသွားတာပါ။
    အဲဒီလိုဖြစ်ကုန်အောင် တမင် လုပ်ထားတာပါ..။

    • San Hla Gyi

      September 9, 2013 at 6:59 pm

      ခက်တော့လည်း ခက်သားပဲ ဦးဦးပါလေရာရေ။ အဲဒီလို ဝါဒဖြန့် ထားတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့် အဲဒါကို ယုံတယ် ဆိုတာကိုက တော်တော်ကို တုံးနေသေးတာပဲလို့ ထင်တယ်။ တောက လူတွေကတော့ ထားလိုက်ပါတော့ဗျာ။ ဘာလို့လည်းဆိုတော့ သူတို့ထဲက အတော်များများဟာ ပညာ မြင့်မြင့်မားမား မတတ်ကြတာရယ် တောနေတောစား ဆိုတော့ ဗဟုသုတ ရှားပါးရှာကြလို့ဗျ။ ကျနော့် ဆွေနီးမျိုးစပ်ထဲမှာလည်း ဒီမိုကရေစီကို ဒီလောက်လူတွေ လိုချင်နေတာ အဲဒါရရင် ဘာပိုထူးနိုင်လို့လည်းလို့ မေးဖူးတဲ့လူရှိတယ်။ ဒါပေမယ့် သူက တောမှာနေပြီး ပညာသိပ်မတတ်လို့ဗျ။ အဲဒါက နားလည်လို့ရတယ်။
      ကျနော် ပြောသွားတဲ့ “ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” ဆိုတဲ့ စကားကို မြိန်ရည်ရှက်ရည် ပြောတတ်တဲ့ လူတွေက ပညာလည်းတတ်ပြီး နိုင်ငံခြားမှာတောင် အလုပ်လုပ်နေတဲ့ လူတွေဗျ။ သူတို့ ပြောတဲ့ စကားကို သူတို့ ပြန်စဉ်းစားလိုက်တာနဲ့ကို ကိုယ့်ဘာသာကိုယ် မှားမှန်း လွယ်လွယ်လေး သိနိုင်တာပဲလို့ ကျနော်ထင်တယ်။
      သူတို့ ပြောသလို ဘယ်အစိုးရတတ်တတ် မထူးဘူး ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုရင် သူတို့ ဘာလို့ မြန်မာပြည်မှာ မလုပ်ပဲ တခြားအစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာ သွားအလုပ်လုပ်ကြသလဲ။ ရှင်းရှင်းလေးပဲ။ မြန်မာအစိုးရက သူတို့အတွက် ထိုက်သင့်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မဖန်တီးပေးနိုင်လို့လေ။ အဲဒါကြောင့် ပြောတဲ့လူ ကိုယ်တိုင်တောင် စနစ်ကောင်းတဲ့ နေရာလေးကို ပြောင်းလုပ်နေရတာတောင် အဲဒီလို စကားမျိုး မစဉ်းစားပဲ ပြောနိုင်တာ အံ့ဩလွန်းလို့ပါ။
      ပြောရဦးမယ်။ အခုလက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲပေးတော့ ကျနော်က ကန့်ကွက်မဲပေးတယ်။ အဲဒါ ကျနော် ကျနော်နဲ့ နီးစပ်တဲ့ လူတွေကို အဲဒီလိုလုပ်ဖို့ တိုက်တွန်းတော့ ဘယ်သူမှ တိုက်တွန်းလို့ မရဘူး။ သူတို့ ပြောတာတော့ ကန့်ကွက်လည်း ထောက်ခံတဲ့အထဲပဲ ရောက်မှာလို့ ပြောတယ်။ အဲဒါ ကျနော် သူတို့ကို ပြောခဲ့တယ်။ မဟုတ်သေးဘူး။ မဲခိုးတာက သူ့အလုပ် သူက သူ့အလုပ် သူလုပ်လိမ့်မယ်။ လူဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်သန့်ဖို့ အရေးကြီးတယ်။ ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားလိုက်တာနဲ့ ရှက်စရာ ကောင်းတယ်လို့ မခံစားရပဲ ကျေနပ်နိုင်ဖို့ သိပ်အရေးကြီးတယ်။ ဘယ်သူမှလည်း ခင်ဗျားတို့ကို အခု သေနတ်နဲ့ ထောက်ထားတာ မဟုတ်ဘူး။ အဲဒီလို ဆိုရင်တော့ တမျိုးပေါ့လို့ ပြောတယ်။ ဘယ်လိုမှ နားမထောင်ဘူး။ ကြောက်ပြီဟေ့ ဆိုရင် တအားကြောက်တယ်။ အခုကျတော့လည်း သတ္တိတွေ ရှိနေလိုက်ကြတာ သူတို့အပြင် နှစ်ယောက်မရှိဘူးလို့ ပြောရမယ်။ မစဉ်းစားပဲ တအားကြောက်တတ်တဲ့ လူဟာ သူတို့ကိုယ်သူတို့ ကြောက်စရာ မရှိတော့ဘူးလို့ ထင်သွားရင် လွတ်သွားတတ်တယ်။ အစွန်းတဘက်ကို ရောက်သွားတာ။ အဲဒါမှ တကယ်ကြောက်ဖို့ ကောင်းတာ။
      ကျနော် ကြားဖူးတာလေးကို ပြောပြဦးမယ်။ ကြားဖူးတယ် ဆိုပေမယ့် အဲဒါကို ပြန်ပြောတဲ့လူက ကျနော့်ရဲ့ အရင်းနှီးဆုံးလူပါ။ ဦးနေဝင်းလက်ထက် ပါတီကောင်စီ ခေတ်ကတဲ့။ ဦးနေဝင်းက သူ့ရဲ့ ၇၄ခုနှစ် အခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်တယ်။ ထောက်ခံမဲပုံးနဲ့ ကန့်ကွက်မဲပုံး ပေးထားတယ်။ အဲဒီတုန်းက လူတွေက ရယ်စရာ ပြောတာက ဘယ်ပုံးထဲထည့်ထည့် ညနေကျရင်တော့ ထောက်ခံတဲ့ပုံးထဲ ရောက်မယ်လို့ ပြောကြတယ်။ အဲဒါ ရှမ်းပြည်နယ်မှာ လုပ်တော့ မဘိန်းလား ဆီဆိုင်လား မြို့တမြို့မှာ ရှမ်းကြီးတယောက်က သူ့မိန်းမပါ ခေါ်လာပြီးတော့ မဲထည့်တယ်တဲ့။ အဲဒါ သူက မဲရုံတာဝန်ခံပါ သူ့ရှေ့ ခေါ်ပြပြီးတော့ ကန့်ကွက်တဲ့မဲပုံးထဲ ထည့်တယ်။ နောက်ပြီး သူ့မိန်းမကိုလည်း ကန့်ကွက်တဲ့ပုံးထဲ ထည့်ခိုင်းတယ်။ ပြီးတော့မှ မဲရုံတာဝန်ခံကို ကဲ ခင်ဗျား မြင်တယ်နော် ကျုပ်တို့ လင်မယား နှစ်ယောက်စလုံး ကန့်ကွက်မဲထည့်တယ်။ ညနေကျလို့ ခင်ဗျား ကန့်ကွက်တဲ့ပုံးထဲက မဲတွေကို ထောက်ခံတဲ့ပုံးထဲ ပြောင်းရင် ကျုပ်တို့ လင်မယားရဲ့ မဲနှစ်ခုတော့ ကန့်ကွက်တဲ့အထဲမှာ ချန်ထားပေးပါလို့ ပြောတယ်တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘယ်သူ ကန့်ကွက် မကန့်ကွက် ကျုပ်တို့ လင်မယားကတော့ ကန့်ကိုကန့်ကွယ်တယ်လို့ ပြောတယ်တဲ့။
      အမှန်တော့ အဲဒီလို လူမျိုးတွေ အများကြီးလိုတာ။

  • ဦးကျောက်ခဲ

    September 8, 2013 at 11:59 pm

    ကျောက်စ်ကတော့ ကိုယ်တွေ့ပဲ ကိုရင်စံလှကြီး…
    လှုပ်လှုပ်ရှားရှား ငယ်ဘဝမှာ၊ ဆွမ်းတော်ကပ်တာ ကြွက်စားဖို့လို့ထင်နေတဲ့ ယောက္ခဖ မိုးပြာရဲ့သားမက် ဦးလေးအလတ်က မောင်ကျောက်ကို “ဘယ်အစိုးရတက်တက်၊ ကိုယ်ရှာမှ ကိုယ်စားရတာ၊ နှမ်းတစ်လုံးနဲ့ ဆီမဖြစ်၊ မင်းတို့ကောင်တွေ အူယားပြီး နိုင်ငံရေးလုပ်ရင် ထောင်ထဲမှာ ဘဝပျက်တာပဲ အဖတ်တင်မယ်” တဲ့။ ငယ်ကြောက်မို့ ပြန်မပြောရဲခဲ့ပေမယ့် စိတ်ထဲမှာတော့ “ဦးလေးတို့လို သွေးကြောင်တွေကြောင့် ရွှေပြည်တော် မျှော်တိုင်းဝေးနေတာ”လို့ အခါခါ ပြန်ပြောမိလေရဲ့ဗျာ။ နိုင်ငံရေးဆိုတာကို ရွံကြောက်ကြီးဖြစ်အောင် တမင်ကို ပုံသွင်းခဲ့တာဆိုတော့ အခုအချိန်အထိ “အမျိုးသား နိုင်ငံရေး” “ပါတီ နိုင်ငံရေး” ၊ လေနဲ့ဝမ်း ကွဲကြမည့်ပုံ မပေါ်သေး ကိုရင်ရေ့…

    • San Hla Gyi

      September 9, 2013 at 7:11 pm

      အော် ဦးကျောက်ခဲ ယောက္ခဖက မိုးပြာဂိုဏ်းကလား။ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော် ပြောချင်တာတွေတော့ ဦးဦးပါလေရာကို ပြောတဲ့ အထဲမှာ ပါသွားပါပြီ။ အမှန်တော့ လိုနေတာ အဲဒီကွန်မန့်ထဲက ရှမ်းကြီးလိုလူတွေ လိုနေတာ။
      ကျနော်လည်း မှတ်မိတယ်။ အခု လက်ရှိ အခြေခံဥပဒေကို အတည်ပြုတုန်းက လမ်းထဲမှာ ရပ်ကွက်ထဲမှာ လမ်းမှူးလောက်က အိမ်မှာ မဲမထည့်ရသေးတာ ကျန်သေးလား မသိဘူးလို့ မေးလိုက်တာနဲ့ကို ကိုယ့်လူတွေက သွေးပျက်နေပြီ။ နေစရာ မရှိတော့ဘူး။
      ကြောက်သင့်တယ် ဆိုရင်တော့ ကြောက်ပါ။ ဥပမာ သေနတ်နဲ့ ထောက်ပြီး မင်းမဲမပေးဘူးလားလို့ မေးရင်ပေါ့။ အခုတော့ မဟုတ်ပါဗျာ။ နည်းနည်းလေး မေးတာနဲ့ကို လှံဖျား ပုစဉ်းနား ကျီးကန်းချီးပါ ဆိုသလို ဖြစ်နေပြီ။ အခုကျတော့လည်း ဘာဖြစ်ဖြစ် ဆန္ဒပြမယ်ဆိုပြီး ဖြစ်လာကြတယ်။
      အမှန်တော့ ကျနော့် အမြင်အရ မစဉ်းစားပဲ စွတ်ကြောက်တဲ့လူဟာ ရမ်းစရာရှိရင်လည်း တအား ရမ်းတတ်တယ်ဗျ။ အဲဒါမှ တကယ် ကြောက်စရာကောင်းတာ။

      • ဦးကျောက်ခဲ

        September 9, 2013 at 8:02 pm

        ဟီး ဟီး ကျောက်စ်က အိမ်ထောင်မပြုရသေးဘူး…
        နားထွေးသွားတယ်ထင်ပါ့…
        ကျောက်စ် ဦးလေးအလတ်ရဲ့ ယောက္ခဖက မိုးပြာဂိုဏ်းကပါ…
        😀

        • San Hla Gyi

          September 9, 2013 at 8:31 pm

          အော် အဲဒီလိုလား အခုတော့ နားလည်ပြီ။ ပထမတုန်းက ယောက္ခဖ မိုးပြာရဲ့သမက် ဦးလေးအလတ်ဆိုတော့ နည်းနည်း ရှုပ်သွားလို့ပါ။
          ဟာ အဲဒါဆို ဦးလေးအလတ်ရဲ့ ယောက္ခဖက သဂျီးလား။ ဦးလေးအလတ်က ဘယ်သူလဲ။ ကိုကြောင်ကြီးလား ဟီး။

  • ဦးကြောင်ကြီး

    September 9, 2013 at 8:44 am

    အကြောင်းအရာဆိုတာ ပြောတဲ့အခါ အလွှာအထပ်ထပ် ရှိသဗျ ကိုစံလှဂျီးရ… အတွေ့အကြုံ သဟုတုဗ ညံအတိမ်အနက်လိုက်လို့ အနက်ဆိုလိုရင်း အပြောင်းအလဲ ရှိဒယ်…။ ဥမပါဗျာ သဂျီးဆိုပါဒေါ့.. ပြောဂျင်ဒါ ဒင်း အခြောက်ကြီး…။ 😆 လမ်းဘေးဂ လူတယောက်ကပြောမယ်… အောင်မြင်ဖို့ဆိုဒါ အလဂါးပါကွာ… တော့ကီကောင်းရင် လူဂျီးအကြိုက်လိုက်တတ်ရင် ဖြစ်ပါတယ်နဲ့… အဲဒီအမြင်ကို တက်ကြွဒဲ့ ကြက်ဖဂလေးက လက်မခံနိုင်ဘူး…။ သူရှိထားတဲ့ အသိ၊ ပညာနဲ့ ကံ၊ ညဏ် ၊ ဝီရိယလို့ ပြင်းပြင်းထန်ထန် စောဒဂ တက်မယ်…။ အဲဒီမှာ ပင်စင်သွားဂါနီး စားလို့ဝ အံတိုနေဒဲ စီနီယာ ကြောင်ဖားဂျီးဒဂေါင်က အလုပ်ဆိုဒါ အခြေအနေအချိန်အခါကြည့် နေတတ်ထိုင်တတ်ဖို့ပဲ လိုဒယ်.. ကျန်ဒါ အလဂါးလို့ ပြောဒဲ့အခါ လမ်းဘေးဂလူနဲ့ စီနီယာကြောင်ဖားကြီး လေသံအတူတူပဲ ဆိုနိုင်မလား…။ အပေါ်ယံ စဂါးလုံး တူဂေါင်းတူဗေမဲ့ အဲဒီစဂါးလုံး ဖြစ်လာဖို့ ဖြတ်သန်းရဗုံဂျင်း မိုးနဲ့မြေ နံ့သာဆီနဲ့အီးလို ကွာဒယ်…။ ကွန်ပြူတာ အိုင်တီဂုရု အယာတိုလာ လျှာပွတ်ခိုမ် ပြောသလိုပေ့ါဗျာ …. ကွန်ပြူတာဆိုဒါ ဒဂယ်ဒေါ့ သုညနဲ့တစ် သာရှိသဒဲ့….။ လက်တွေ့မှာ သူပြောဂျင်ဒါ အာရေဗျီကျမ်း တအုပ်မက ကျယ်ပြန့်တယ်…. အဲလို အဲလို….

    • San Hla Gyi

      September 9, 2013 at 7:15 pm

      ကျန်တာတော့ ထားလိုက်ပါတော့ဗျာ။ ကိုကြောင်ကြီး ပြောချင်တာ သဂျီးက အခြောက်ကြီးဆိုတော့ တကယ်ပဲလား။ တကယ် သဂျီးက အခြောက်ကြီးလား။
      ဟိုတလောကတော့ ဖြိုးလေးဆိုတာ ပေါ်လာတုန်းက သူတော်တော် ပျာယာခတ်သွားတယ်။ တဘဝတည်း စည်းစိမ်နှစ်မျိုး ခံစားရတာ အားကျသလိုလို ဘာလိုလိုတွေ ပြောလာတယ် ဟီး။

  • KZ

    September 9, 2013 at 9:42 am

    ကြားဖူးပါ့ဗျာ။

    ဟို အမျိုးသမီး တက်တော့ရော ကိုယ့်ထမင်းကို ရှာစားရမှာပါပဲ ဆိုတာ ပြောသံတွေ။
    ပြောတဲ့သူတွေဆို ကျနော်တို့ အမြင်မှာ ပညာတတ်လို့မြင်တဲ့သူတွေ။

    တိုင်းပြည်ကို အိမ်တစ်လုံးနဲ့ နှိုင်းရင် အစိုးရက ခေါင်မိုးလိုပါပဲ။

    ခေါင်မိုးမှ စုတ်/ညံ့/မကောင်း/မလုံ ရင် အိမ်တွင်း ဘယ်လောက် ကောင်းကောင်း အခြေအနေကောင်းဟာ ရေရှည်မရှိနိုင်ပါဘူးးးး

    ဘယ် အစိုးရတက်တက် ဂရုမစိုက်နိုင်ဘူးလို့လည်း နေလို့မရတဲ့ အခြေအနေတွေဖြစ်နေပါပြီ။
    အဲလို အတွေးအခေါ်ရှိတဲ့ တစ်ဦးချင်းသား တိုးပွါးလာရင်ဖြင့် အဲဒီ တိုင်းပြည်ကြီး အခြေအနေကလည်း မလွယ်နိုင်ပါဘူးးးလေ။

    • San Hla Gyi

      September 9, 2013 at 7:17 pm

      ဟုတ်ပါတယ် KZ ရေ။ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • may flowers

    September 9, 2013 at 10:29 am

    ဖတ်ချင်လို့ ဒီဆိုဒ်ကိုဖွင်တာ လည်နေတဲ့အဝိုင်းလေးကို

    မိနစ်၂ဝလောက်ထိုင်စောင့်နေရတယ် ကိုစံလှကြီးရေ။

    အဲလို ခံယူချက်နဲ့လူတွေမြန်မာပြည်မှာ အများကြီးမှ အများ
    .
    ကြီးပါ။ ကျွန်မတို့ပါတ်ဝင်းကျင်မှာလည်းအမြဲကြားနေကြ စကား
    .
    မို့

    • San Hla Gyi

      September 9, 2013 at 7:18 pm

      ဟာ မမေဖလားဝါး မတွေ့တာ တော်တော့်ကို ကြာလှပြီပဲ။ သရဲမ မဖဲဝါအကြောင်း မရေးတော့ဘူးလား။

  • မင်းခန့်ကျော်

    September 9, 2013 at 3:38 pm

    ဒီ​တော့ အ​ဖြေ ကိုဘယ်​လိုထုတ်​​ပေးမလဲ?

    ပြည်​သူအများက ဒီလိုမြင်​တယ်​လက်​ခံထားတယ်​။

    ဘယ်​လို လုပ်​သင်​့သလဲ? ဘယ်​သူ​တွေမှာတာဝန်​ရှိသလဲ?

    နည်​းလမ်​းက​ရော?

    • San Hla Gyi

      September 9, 2013 at 7:20 pm

      သူများနည်းလမ်းတော့ မသိဘူး။ကျနော့် နည်းလမ်းကတော့ အသက်မွေးဝမ်းကြောင်း စာရော အားလပ်ချိန်မှာ အပြင်စာရော ဖတ်ကြပါလို့ပဲ ပြောချင်တယ်။

  • pooch

    September 10, 2013 at 3:13 pm

    တကယ်တမ်းဝန်ခံရရင် ကျမလည်း အရင်ကဒီလိုပဲ တွေးဖူးတယ် ။
    ဒါပေမဲ့ ကာလတခုထိဖြတ်သန်းလာတဲ့အခါကျတော့ နိုင်ငံရေး ဘယ်လောက်အရေးကြီးလဲ နားလည်သွားတယ်။
    နားလည်လာလေ ပိုစိတ်နာစရာကောင်းလေပဲ ။
    ထုံဆေးထိုးခံရသလိုပေါ့ စစချင်းအပ်ဝင်သွားတော့ စစ်ခနဲပဲ နောက်တော့ ထုံသွားတယ်။
    အခုတော့ လူက ခပ်ထုံထုံဖြစ်နေတယ်။

    • San Hla Gyi

      September 10, 2013 at 6:00 pm

      ဟာ မ pooch ပါလား မတွေ့ရတာတောင် ကြာလှပြီပဲ။ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျနော် ဒီပို့စ်ကို ရေးရတဲ့ အကြောင်းကလည်း လူတွေကို ကိုယ့်နိုင်ငံရဲ့ အရေးလေး စိတ်ဝင်စားစေချင်တာပါ။ ဆိုပါတော့။ လူတိုင်း လူတိုင်း ကျနော်တို့ မြန်မာတွေ အထူးသဖြင့်ပေါ့ ကိုယ်သုံးဖို့ ပစ္စည်းလေး ဝယ်တာတောင် ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ပစ္စည်းရဲ့ brand ကိုကြည့်လိုက်နဲ့ တတ်နိုင်သမျှ စီစစ်ပြီးမှ ဝယ်ကြတယ်။ တန်ဖိုးကြီးတဲ့ ပစ္စည်း ကိုယ်သိပ်မကျွမ်းကျင်ဘူး ထင်ရင် ကျွမ်းကျင်တဲ့ လူတွေပါ ခေါ်သွားတတ်သေးတယ်။ မြန်မာ မိန်းကလေးတွေဆို ဝတ်ဖို့ အဝတ်အစားဝယ်ရင် ကိုယ်တိုင် သေသေချာချာ ကြည့်တဲ့အပြင် အဖော်ပါလာရင် သူငယ်ချင်းကိုပါ ကူကြည့်ခိုင်းသေးတယ်။ ကိုယ်နဲ့မှ လိုက်ရဲ့လား ဆိုပြီးပေါ့။ အဲဒီတော့ ကိုယ်သုံးမယ့် ပစ္စည်းတောင် သေသေချာချာ ကြည့်ပြီးမှ ဝယ်ရသေးရင် ကိုယ့်ကို ကိုယ်စားပြုမယ့် လူတွေကို ကိုယ်ရွေးချယ်လို့ ရတဲ့အချိန်ကို ရောက်ရင် နိုင်ငံရေး စိတ်မဝင်စားပါဘူးဆိုတော့ ဘယ်လို ရွေးကြမလည်း။ သူတို့အကြောင်း မသိပါဘူး ဘယ်သူဖြစ်ဖြစ် မထူးပါဘူး ဆိုပြီး နံကြားထောက် ရွေးကြမှာလား။ အဝတ်အစား မှားဝယ်တာက တသက်လုံး ဒုက္ခမရောက်နိုင်ဘူး။ အဲဒါ မှားတာကမှ အခန့်မသင့်ရင် ကိုယ်တင်မက နောက်မျိုးဆက် နှစ်ပေါင်း ဘယ်လောက် ဒုက္ခရောက်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။

  • အရီးခင်

    September 10, 2013 at 4:20 pm

    San Hla Gyi says:
    { သူတို့ ပြောသလို ဘယ်အစိုးရတတ်တတ် မထူးဘူး ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုရင် သူတို့ ဘာလို့ မြန်မာပြည်မှာ မလုပ်ပဲ တခြားအစိုးရ အုပ်ချုပ်တဲ့ နိုင်ငံမှာ သွားအလုပ်လုပ်ကြသလဲ။ ရှင်းရှင်းလေးပဲ။}

    ကိုစံလှကြီးပြောတာ အမှန်တရားပါဘဲ။
    အာဏာရှင်မဟုတ်တော့ဘဲ ဖွံ့ဖြိုးပြီး ဒီမိုကရေစီ တိုင်းပြည် တွေမှာ ဥပဒေကောင်း နဲ့ စနစ်ကောင်း တွေ အခြေကုတ်ရပြီး ဖြစ်နေတာမို့ လူတွေ မကောင်းဘဲ ကလိန်ကကျစ် လုပ်ချင်ရင်တောင် ဥပဒေကောင်း၊ စနစ်ကောင်း က အဲဒီ မကောင်းတာတွေ ကို ထိန်းသွားနိုင်တယ်။
    ဒီတော့ လူက ဖောက်ချင်ရင်တောင် တော်ရုံမလုပ် ရဲတော့ဘူး။
    လူ ဆိုတာ က လောဘ၊ မောဟ တွေ ရှိနေတာမို့ အခွင့်ရရင် ဖောက်ချင်သူတွေ များပါတယ်။
    ဥပဒေတွေကောင်းနေတဲ့ နိုင်ငံတွေ မှာတောင် မှုခင်းတွေ၊ ချစားတာတွေ၊ မသမာ၊ မတရား မှု တွေ ကင်းနေတာမှ မဟုတ်တာ။
    ဒါပေမဲ့ လူတွေ ကို စနစ် က ထိန်း နေနိုင်တဲ့ အဆင့် အခြေအနေမှာ ရှိနေတာမို့ ဘယ်အစိုးရတက်တက် ကိုယ်မှန်ရင် ဘာကိုမှ ကြောက်စရာမလိုတဲ့၊ ကိုယ် အလုပ်ကြိုးစားရင် ထိုက်သင့်တဲ့ ရလာဒ်ရတဲ့ ဘဝ တွေ ကို အဲဒီ နိုင်ငံတွင်း ကလူတွေ ခံစားရပါတယ်။

    ကျွန်မတို့ မြန်မာပြည်မှာကတော့ စနစ် က အာဏာရှင် က လက်တစ်လုံးမှ မလျှော့သေး၊ လက်ရှိ အစိုးရထဲ မှာလဲ ဘယ်သူတက်တက် ဒီ အာဏာရှင် စနစ် ကို ရေလောင်းပေးမဲ့သူတွေချည်း ဘဲ။
    ဒီတော့ ဘယ်သူပြောင်းပြောင်း အာဏာရှင်စနစ် က မပြောင်းတာမို့ ပြည်သူအများ လုံးပါးပါး နေဆဲပါ။
    ဒီအတိုင်း ဆက်နေလို့ကတော့ ပိုပြီး တောင် ဆိုးလာဖို့ဘဲရှိပါတယ်။
    အဲဒီ အခြေအနေမှာ “ဘယ်သူတက်တက် ကိုယ်ကြိုးစားမှ ရမှာ” လို့ ပြောသူ လူတန်းစား ကတော့ အဲဒီ အာဏာရှင် တွေ ရဲ့ လက်ဝေခံ တွေ နဲ့ သူတို့ ကိုမှီပြီး လုပ်စား နေသူ တွေပါဘဲ။
    နိုင်ငံခြားမှာ ကိုယ့်အားကိုယ်ကိုးပြီး အလုပ်လုပ်နေသူတိုင်း မြန်မာပြည်ရဲ့ လက်ရှိ စနစ် နဲ့ အစိုးရ ကို ပြောင်းစေချင်သူ တွေချည်းပါဘဲ။
    ကိုယ့်နိုင်ငံအရေးမှာ ကျွန်မတို့ လို ဝင်အာချောင် နေသူ တွေ ရှိတယ်။
    ပြောင်းစေချင်စိတ်ရှိပေမဲ့လဲ ငါတို့ ပြောလဲ ဘာထူးမလဲ လို့ နှုတ်ပိတ်နေတဲ့ ကျွန်မ သူငယ်ချင်း လို သူတွေ ရှိတယ်။
    ဒါပေမဲ့ အားလုံး စိတ်ထဲ မှာတော့ ဒီအတိုင်း၊ ဒီအစိုးရ ၊ ဒီစနစ်၊ ဒီ ပုံစံ မမှန် ဘဲ ထူးမခြားနား ပတ်ပျိုးတီး နေတာ သိကြပါတယ်။
    ကျွန်မတို့ အားလုံး ရဲ့ မျှော်လင့်ချက်ကတော့ ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် လက်ထဲ လုပ်ပိုင်ခွင့် အာဏာ ရဖို့ ပါဘဲ။
    မဟုတ်ရင်တော့ ဒီမိုး ဒီလေ ဒီလူ တွေ နဲ့ ဒီအတိုင်း ဆက်သွားဖို့ဘဲ ရှိတော့တယ်။

    • kai

      September 10, 2013 at 4:30 pm

      ခုလောလောဆယ်…
      ဖရီးဝေးအဝင်မီးပွိုင့်မှာ.. မျဉ်းဖြူကိုကျော်ရပ်လိုက်လို့.. တစ်ကက်ရတာ.. ဒေါ်လှ၄၉ဝတဲ့.. ကျောင်းလည်းတက်ရမတဲ့.. ကျောင်းကြေးက ၆၅တဲ့..။
      သေချင်သလိုလိုဖြစ်နေတယ်ဗျ…
      အဲဒါ… အဲဒီရဲကို ပြန်တရားစွဲမလားလို့လည်းတွေးနေတာပဲ…

      အင်း…
      စနစ်ရဲ့သားကောင်… :buu:

      • အရီးခင်

        September 10, 2013 at 4:46 pm

        Opppsss…. it’s too much.
        တရားစွဲဖို့က ရဲ အမှားမှမဟုတ်တာကို။
        သို့ပေမဲ့ အကောင်းဖက်က သာပြန်တွေးလိုက်ပါသူကြီး ရယ်။
        အဲဒီ ပိုက်ဆံ တွေ က အလဟသမဖြစ်ပါဘူး။
        နိုင်ငံ အကျိုး တစ်နေရာမှာ အသုံးချနိုင်မှာပါ။
        ကျောင်းတက်တော့ လမ်း စာကျေသပေါ့။

      • ဦးကြောင်ကြီး

        September 11, 2013 at 7:35 am

        သဂျီးဂ ဘုန်းကြီးတွေ သွားစော်ဂါးတာဂိုးဗျ….. သွား… သွား…. လက်အုပ်ချီ ထိခြင်းငါးဖြာနဲ့ အမြန်ရှိခိုး တောင်းပန်လိုက်…. 😆

      • Ma Ma

        September 14, 2013 at 9:42 am

        နောက်ဆို ကားပေါ်တက်တာနဲ့ သမ္ဗုဒ္ဓေဆိုပေတော့………. :harr:

  • marga thagyar

    September 10, 2013 at 6:10 pm

    မြန်မာတွေနိုင်ငံရေးကိုစိတ်ဝင်စားသင့်သလောက် စိတ်ဝင်စားကြပါတယ်၊ဒါကြောင့်လဲ ၈၈၈၈. အရေးအခင်းကြီးဖြစ်လာတာပေါ့၊တစ်ခုရှိတာက အစိုးရက နိုင်ငံရေးကို စိတ်မဝင်စားရဲအောင် ဥပဒေတွေ၊ထောက်လှမ်းရေးတွေနဲ့ ့အမှောင်ခေတ်ကို ဖန်တီးထာသလို နိုင်ငံရေးကိုမတွေးနိုင်ဘဲဝမ်းရေးကိုဘဲတွေးအောင် ဆင်းရဲကြပ်တည်းမှုတွေကိုဖန်တီးထားခဲ့တယ်၊မြန်မာတွေမညံ့ပါဘူး အခြေအနေကမပေးလု့ိ ့ပါ

  • San Hla Gyi

    September 10, 2013 at 6:49 pm

    ကို Marga Thagyar ရေ
    လုံးဝ စိတ်မဝင်စားဘူးလို့တော့ မဆိုနိုင်ဘူးပေါ့။ စိတ်ဝင်စားမှု ရှိပါတယ်။ ၈၈၈၈ အရေးအခင်းပဲခေါ်ခေါ် အရေးတော်ပုံကြီးပဲ ပြောပြော အဲဒီဟာကျတော့ ဖြစ်ပြီးမှ ရောယောင်နောက်လိုက် တွေကလည်း အများကြီးဗျ။ တကယ်လုပ်သွားတဲ့ လူတွေလည်း ရှိပါတယ်။ ကျနော် ပြောတာက အဲဒီလို ကောက်ရိုးမီး ဖြစ်တာမျိုးက သိပ်မကောင်းဘူးလို့ ထင်တယ်။ ပြောဖူးသလိုပဲ ကြောက်ပြီဆို တအားလွန် ကြောက်တတ်တဲ့ လူဆိုရင်တော့ သူ့ကိုယ်သူ ကြောက်စရာ မရှိတော့ဘူးလို့ ထင်သွားရင်လည်း တအားရမ်းတတ်တယ်။
    ကျနော် အမြင်တော့ ဒါမျိုးက ဖွဲမီးလို တငွေ့ငွေ့နဲ့ အသိရှိရှိ နိုးနိုးကြားကြား ဖြစ်နေရမှာ။
    အဲဒီလို အရေးတော်ပုံကြီးတွေ ကျတော့ ဖြစ်တဲ့အဟုန် သိပ်ကြီးတယ် ဖြစ်တဲ့အချိန် သိပ်တိုတယ် အဲဒီတော့ အဲဒီလို အချိန်အတွင်းမှာ တကယ်လား သာကူးလား ဆိုတာ မခွဲခြားနိုင်ဘူး။
    ခင်ဗျား ကြားဖူးမလားတော့ မသိဘူး။ သိပ်တော့ မကြာသေးပါဘူး။ နိုင်ငံကျော် အကယ်ဒမီ မင်းသားတယောက်က(နာမည် မထည့်တော့ပါ အားလုံး သိမယ်ထင်တယ်) ကြံ့ခိုင်ရေးပါတီ နိုင်ပြီဆိုပြီ စာနယ်ဇင်းနဲ့ တွေ့တဲ့အခါ ပြောင်ပြောင်တင်းတင်းပဲ သူက ဒီပါတီပဲ မဲထည့်တယ်။ အင်အားကြီး ပါတီကြီးဆိုတော့ နိုင်မှာသေချာတယ်။ လေယာဉ်ပျံစင်းလုံးဌားပြီးကို မြိတ်အထိ သွားပြီး မဲထည့်ရတာလို့ ဂရုမစိုက်တဲ့ အသံနဲ့ ဖြေခဲ့တယ်။
    အဲဒီလူက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်လာပြီး ကြားဖြတ်ရွေးကောက်ပွဲတွေ ဘာတွေနိုင်ပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရတဲ့အခါကျတော့ အရင်ဆုံး တွေ့ခွင့်တောင်းတာတဲ့ဗျ။ တောင်းတာတောင် ရိုးရိုး မဟုတ်ဘူး။ သူ့မိဘတွေနဲ့ ဒေါ်ခင်ကြည်နဲ့ တော်တော့်ကို ရင်းနှီးပါတယ်။ သူတို့ ငယ်ငယ်တုန်းကတောင် သူတို့ ညီအကိုနဲ့ ဒေါ်ခင်ကြည်တွဲရိုက်ထားတဲ့ ဓတ်ပုံ ရှိပါသေးတယ်။ အဲဒါ အမေစုကို ပေးချင်လို့ပါ ဆိုပြီး အမျိုးစပ်သေးတာတဲ့။
    ဒါက ဥပမာ ပေးတာပါ။ သူ့အကြောင်းကို ပြောချင်လို့ မဟုတ်ပါဘူး။ ဟုန်းကနဲ ဖြစ်လိုက်တဲ့ အရေးတော်ပုံ တခုကျတော့ အဲဒီလို လူမျိုးတွေ ဘယ်နှစ်ယောက် ပါသွားသလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။ ကျနော်က အဲဒီလိုဟာမျိုးကို သိပ်မကြိုက်လှဘူး။ အေးဆေးနေတဲ့ အခါမှာလည်း အသိရှိရှိ ဖြစ်နေတာကို ကြိုက်တယ်။
    ကျနော်လည်း မြန်မာတွေ ညံ့တယ်လို့ လူမျိုးနဲ့ချီပြီး တခါမှကို မပြောခဲ့သေးပါဘူး။ ကျနော် အခု ပြောတာလည်း အဲဒီလို လူတန်းစားတွေကိုပဲ ကွက်ပြီး ပြောသွားတာပါ။ ပြန်ဖတ်ကြည့်ရင် သိပါလိမ့်မယ်။ ခင်ဗျား မသိသေးဘူးဗျ။ တကယ်တော့ မြန်မာတွေ တော်ကြောင်း အပြောချင်ဆုံး လူထဲမှာ ကျနော်က ထိပ်ဆုံးတန်းကပါတယ်။ ကျနော့် အရင် ဆောင်းပါးတွေ ပြန်ဖတ်ကြည့်။ ဘောလုံးပွဲ ကြည့်ရင်တောင် မြန်မာအသင်း ဂိုးသွင်းခါနီးဆို ရင်တွေ ဒိန်းကနဲ ဒိန်းကနဲနဲ့ အမြဲခုန်နေတတ်တာ။

  • uncle gyi

    September 11, 2013 at 12:06 am

    အဲဒီစကားတွေပြောပြီးလုပ်စားသွားကြတာ
    သူ့အချိန်တုန်းကသူမှန်ခဲ့တာကိုး
    ကိုစိန်ရဲ့
    အခုတော့လည်းမကြာလှတဲ့အချိန်တွေမှာ
    လူတွေရဲ့အတွေးတွေလည်းပြောင်းလာတော့မယ်လို့မြင်ပါတယ်ဗျာ

    • San Hla Gyi

      September 11, 2013 at 8:12 pm

      ကဲ Uncle gyi ရေ အခုလို လာရောက် အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • zaw min

    September 11, 2013 at 12:33 am

    ကိုစံလှကြီးရေ….ပညာတတ်လူငယ်တွေ၊ပညာတတ်တွေက အဲဒီလိုတွေး၊အဲဒီလိုပြောတယ်ဆိုရင် သူတို့တွေဟာ အတန်းပညာသာရှိပြီး၊အသိပညာနည်းပါးသူတွေလို့ ကျနော်ကောက်ချက်ချမိမှာပါပဲ၊
    အဲဒီမှာ…ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းထဲမှာပါသလို …မီးဖိုချောင်ထဲမှာထမင်းဟင်ချက်နေတဲ့အိမ်ထောင်ရှင်မလည်း နိုင်ငံရေးလုပ်နေတာပဲ…သူ့မှာရှိတဲ့ ပိုက်ဆံလေးနဲ့မိသားစုစားလောက်အောင်ချက်ပြုတ်စီမံနေရတာလည်းနိုင်ငံရေးပါပဲ……ဒါပေမယ့် မိသားစုတိုင်းလိုက်မလုပ်နိုင်ကြပါဘူး…အတွေးအခေါ်နဲ့အသိပညာရှိသူတွေနဲ့..အသိပညာအားနည်းသူတွေကွဲသွားပါတယ်…တစ်မိသားစုထဲ အမိတစ်ဝမ်းထဲမှအတူတူမွေးခဲ့သူတောင် အသိပညာနဲ့အတွေးခေါ်အယူအဆတွေများစွာကွဲလွှဲနေကြတာတွေ့ရပါတယ်…ဥပမာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သား ဦးအောင်ဆန်းဦးနဲ့ သ္မီးဒေါ်အောင်ဆန်းစုကြည်တို့ ဘာကြောင့်အတွေးခေါ်အယူအဆတွေမတူတာလဲ…
    ကျနော့်အတွက် အဖြေကတော့ အမျိုးကိုချစ်တဲ့စိတ်ဓါတ်၊တိုင်းပြည်ကိုချစ်တဲ့စိတ်ဓါတ်တွေကွာသွားတာပဲလို့မြင်မိပါတယ်…
    အဲဒီတော့ အဓိက ကျတဲ့ စိတ်ဓါတ်တွေမတူညီရင်အတွေးအခေါ်အယူအဆတွေလည်းမတူညီနိုင်ပါဘူး… စိတ်မကောင်းဖြစ်မိတာကတော့….မြန်မာပြည်ကအလုပ်ခေါ်စာ ကြော်ညာပေါ့…ဓါတ်ဆီဆိုင် ပန့်ကိုင်အလုပ်သမားကို ဘွဲ့ရလူငယ်ဖြစ်ရမယ်တဲ့…အိမ်နီးချင်းတိုင်းပြည်တွေမှာ အလယ်တန်းအဆင့်ထက်နိမ့်တာတောင်လုပ်လို့ရတယ်… ကျနော်တို့တိုင်းပြည်မှာ ဘွဲ့ရတွေ မိူလိုပေါနေပြီး၊ပညာတတ်တွေ ရှားနေပြီလို့ထင်မိတယ်….။

    ခင်မင်လေးစွာနဲ့…
    ဇော်မင်း

    • San Hla Gyi

      September 13, 2013 at 6:10 pm

      ဒီပို့စ်မှာ ကျနော်ကြိုက်တဲ့ ကွန်မန့်က အမှန်တော့ လေးခုလောက် ရှိတယ်။ ဘယ်သူ့ကို ရွေးရမှန်း မသိဘူး။ ဒါနဲ့ ကိုဇော်မင်း ကွန်မန့်မှာပါတဲ့ အတန်းပညာရှိပြီး အသိပညာနည်းလို့ ဆိုတဲ့ စကားလုံးလေးကို သဘောကျလို့ ရွေးလိုက်တယ်။

  • San Hla Gyi

    September 11, 2013 at 8:28 pm

    ဟာ ဟုတ်လိုက်လေ ကိုဇော်မင်းရာ။ အတန်းပညာပဲရှိပြီး အသိပညာပိုင်း အားနည်းလို့ပဲ။ အဲဒါကြောင့် ကျနော် ဆောင်းပါးထဲမှာ သက်ဆိုင်ရာ အသက်မွေးဝမ်းကြောင်း စာပေသာမက အခြား ပြင်ပဗဟုသုတ ရသရနိုင်တဲ့ စာတွေ တတ်နိုင်သလောက် ဖတ်ဖို့ တိုက်တွန်းခဲ့တာပါ။ ကိုဇော်မင်း ပြောတာ ဟုတ်ပါတယ်။ တမိဝမ်းတွင်း မွေးလာတဲ့ သွေးချင်း အရင်းအချာတွေတောင် တခါတရံ အသိပညာ အတွေးအခေါ် အယူအဆ မတူကြဘူးဗျ။ အဲဒါကတော့ အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် ကွာသွားတယ်လို့ ကိုဇော်မင်း ပြောတာ ဟုတ်ပါတယ်။ ကျနော် ထင်တာကတော့ လူရဲ့ ပင်ကိုဗီဇကလေးကိုလည်း ထည့်မတွက်လို့ မရဘူးဗျ။ အဲဒါကလည်း တော်တော် အရေးကြီးတယ်။ ကျနော်တို့ မြန်မာစကားပုံတွေလည်း ရှိတယ်လေဗျာ။ “ဆူးဆိုတာ စဖြစ်ကတည်းက ချွန်တယ်” တို့ “ဘုရင်ဖြစ်မယ့်လူက အမောက်ကလေးနဲ့” တို့ “ဖြစ်မယ့်ခွေးက အမွေးတခြား” တို့ဆိုတဲ့ စကားပုံတွေလေ။ အမှန်က အရေးကြီးတာက ဗီဇရော ပတ်ဝန်းကျင်ရောပဲ။
    ကိုဇော်မင်းပြောတဲ့ အလုပ်ခေါ်စာတွေကတော့ အားလုံး သိပြီးဖြစ်တဲ့အတိုင်းပေါ့ဗျာ။

  • Wow

    September 12, 2013 at 10:53 am

    နိုင်ငံရေးစိတ်မဝင်စားဘူးတို့ ဒေါ်စုလဲ အထင်မကြီးဘူးတို့ ဆိုသူတွေကို အမုန်းခံပြောလွန်းလို့ ငပွကြီးဘွဲ့ရတာ ကြာပေါ့ :mrgreen:
    အဲဒီလိုလူတွေက ကိုယ့်မှာရှိတဲ့ right ကို ဘာမှန်းမသိသူတွေပါပဲ…
    ပြောရတာတော့လဲခက်သား နိုင်ငံရေး=၅ည/အချုပ်/ထောင်/ဘဝပျက် ဆိုတဲ့ အသိနဲ့ ဘရိန်းဝပ်ရှ် အလုပ်ခံခဲ့ရတာ ကြာခဲ့ပြီပဲ 🙁

  • San Hla Gyi

    September 12, 2013 at 7:18 pm

    Wow ရေ အဲဒီလို လူမျိုးတွေက စကားနဲ့ သွားပြောရင် ဘယ်လိုမှ မပြီးနိုင်ဘူး။ စကားပြောာတာ ကျတော့လည်း စာရေးသလို မြင်ကွင်းကျယ် ရေးဖို့ မလွယ်လို့ သီးသန့်ရေးလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို အထင်ကြီးတယ် မကြီးဘူး ဆိုတာတော့ လူတဦးချင်းစီရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ မိမိယုံကြည်ချက် အတိုင်း အထင်မကြီးရင်လည်း ရပါတယ်။ နိုင်ငံရေးကို စိတ်မဝင်စားဘူး ဆိုတာလည်း နားလည်ပေးလို့ ရသေးတယ်။ အမှန်တော့ ကိုယ့်နိုင်ငံရဲ့ အရေးဆိုတာ လူတိုင်း စိတ်ဝင်စားသင့်တယ်။ လုပ်နိုင်တာ မလုပ်နိုင်တာက တပိုင်းပေါ့။ ဒါပေမယ့် အဲဒီ စကားနောက်မှာ “နိုင်ငံရေးကို စိတ်မဝင်စားပါဘူး ဘယ်အစိုးရတတ်တတ် ကိုယ်လုပ်မှ ကိုယ်စားရတာ” လို့ ပြောလိုက်တာနဲ့ ပြောတဲ့လူဟာ ကိုယ့်ကိုကိုယ် ငတုံးလို့ လူရှေ့သူရှေ့ သွားကြေညာသလို ဖြစ်နေတယ်။ ကျနော့် အမြင်ပါ။ ကျနော့် အနေနဲ့တော့ အဲဒီလို စကားမျိုးကို ပညာတတ်တွေက ရိုးသားစွာ ပြောတာပါဆိုလည်း သနားရမှာလား ထရိုက်ရမှာလား လို့ပဲ ပြောချင်တော့တယ်။
    ပို့စ်ထဲမှာ မရေးမိပဲ ကျန်သွားတာလေး ရှိသေးတယ်။ ကျနော်က ကျနော့်အသိ စုံတွဲလေးကို အဲဒီလို ပြောလိုက်တော့ ကောင်မလေးက စောဒက တတ်သေးတယ်။ သူပြောတာက “အကို အောင်ဆန်းစုကြည်ရော တကယ်လို့ မကောင်းရင် ဘယ်လိုလုပ်မလဲ” တဲ့။ အဲဒါနဲ့ ကျနော်လည်း သူ့ကို “ဟဲ့ နင့်ကို ဘယ်သူက ဒေါ်အောင်ဆန်းစုကြည်ကို ဘုရားတဆူ ဂူတလုံး လုပ်ပြီး ကိုးကွယ်ခိုင်းသလဲ။ ငါတော့ အဲဒီလို မလုပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း ဒီသဘောပဲ ပြောခဲ့တယ်။
    သူက လူကို အဓိကထား တိုက်နေတာ မဟုတ်ဘူး။ မူကို အဓိကထား တိုက်နေတာလို့လေ။ အဓိကက အစိုးရက မတရားတာလုပ်လည်း ပြည်သူက တရားနည်းလမ်းတကျ နောက်အစိုးရ အဖွဲ့သစ်ကို ရွေးကောက်တင်မြှောက်နိုင်ဖို့” လို့ပြောလိုက်ရတယ်။

  • ဝင့်ပြုံးမြင့်

    September 12, 2013 at 10:46 pm

    ပို့စ်ရော ကွန်မင့်တွေရော ဖတ်ရတာ အားရစရာ။

    • San Hla Gyi

      September 13, 2013 at 6:01 pm

      ဟုတ်ကဲ့ပါ မပြုံးဝင်းမြင့်ရေ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

  • awra-cho

    September 13, 2013 at 2:11 pm

    နိုုင်ငံရေးးကို ကြောက်အောင် ခြောက်ထားတာကိုး ဒါနဲ့ပဲ အဲလိုတွေဖြစ်ကုန်တာပေါ့စာတွေဆက်ရေးပါဗျာ။

  • San Hla Gyi

    September 13, 2013 at 6:08 pm

    အင်း awar-cho ရေ နိုင်ငံရေးကို ကြောက်အောင် ခြောက်တာကတော့ အမှန်ပါပဲဗျာ။ တကယ်လည်း ဟိုတုန်းက မြန်မာပြည် အနေအထားက တော်တော်လေး ကြောက်စရာ ကောင်းပါတယ်။
    ဒါပေမယ့် ကျနော် အခု ဥပမာပေးသွားတဲ့ လူတွေမျိုးကျတော့ ကြောက်စရာလည်း မရှိပဲနဲ့ သူတို့က ဒါကို အတွေးအခေါ်တခုလို ဖြစ်နေကြတာဗျ။ အဲဒါကြောင့်ပါ။
    စာကတော့ ကျနော် ကျနော်နဲ့ ရင်းနှီးတဲ့ လူတွေရဲ့ ပို့စ်တွေနဲ့ ကျနော် သိပ်ပြောချင်တဲ့ ပို့စ်တွေမှာ ကွန်မန့်လိုက်ရေးပါတယ်။ ဆောင်းပါးသီးသန့်လည်း ရေးတော့ ရေးမှာပါ။ ဒါပေမယ့် အဲဒါကျတော့ အလုပ်အားတဲ့ အချိန်လေးရယ် ဈာန်ဝင်တာလေးရယ်ကလည်း လိုသေးတာကိုး။
    အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 13, 2013 at 6:46 pm

    ဘာဘဲဖြစ်ဖြစ်ပါ
    အစ်ကိုကြီးစံလှကြီးအနေနှင့် ဒေါင်းအမှတ်သား လိုဂိုလေးကိုအသုံးပြုခြင်း အတွက်
    ဂေဇက်မန်ဘါတစ်ယောက်အနေနှင့် ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား
    ( ဆိုဒ်ထဲလည်းမရောက်တာကြာပါပြီ )
    ဆိုခဲ့သလို
    နိုင်ငံရေးဆိုတဲ့ စကားကိုပြောတဲ့အခါ အတော်ဂွကျလှတယ်ပြောရမလားမသိ
    ပိုစ့်စ် ပါအကြောင်းအတိုင်း
    မီးရထားရဲ့ ပျက်စီးနေတဲ့ ခုံကို ပြုပြင်ဘို့ကျိုးစားခြင်းဟာ နိုင်ငံရေးဘဲ ဆိုနိုင်မလား ဆိုတာပါ
    ဆိုလိုတာက
    နိုင်ငံရေးလို့ဆိုလိုက်တာနဲ့
    ဥပဒေနားလည်မှ
    စာတတ်မှ
    စစ်တိုက်မှ
    ထောင်ကျမှ လို့ပြေးမြင်နေရတာဘာဘဲ
    အများအားဖြင့် နိုင်ငံရေးဆိုတာ ကိုယ့်ထမင်းကိုယ်စား ဘကြီးနွားငှါးကျောင်း
    ဒါမှမဟုတ်
    ရပ်ကွက်လူကြီးလုပ်ခြင်လို့ လို့ ဒီလောက်ဘဲသဘောထာာကြပါတယ်
    ပြောရရင်လည်း အများကြီးဘဲဗျ

    • မိုက်ကယ်ဂျော်နီအောင်ပု

      September 13, 2013 at 6:47 pm

      ဒါနဲ့ ဇဂါးမစပ်
      ခု ကျုပ်ပြောလိုက်ဒါ
      နိုင်ငံရေးဗဂါးဖြစ်သလါး ??? :mrgreen:

      • Ma Ma

        September 14, 2013 at 9:15 am

        ခုမှပဲ အစိုလာတော့တယ်။ :mrgreen:
        အရင်က အခြောက်လို့ ပြောတာ မဟုတ်ဘူးနော်။
        ရွာထဲမှာ စိုပြေလာတာကို ပြောတာပါ။ :kwi:

      • San Hla Gyi

        September 14, 2013 at 9:58 am

        ဒီလိုဗျ ကိုအောင်ဘုရဲ့ ခင်ဗျားက ကျုပ်ကို ဒေါင်းရုပ်လိုဂိုသုံးလို့ ဂေဇက်မန်ဘာ တယောက်အနေနဲ့ ကျေးဇူးတင်ရှိပါတယ် ဆိုလို့ တမျိုးကြီး ဖြစ်နေတယ်။ အမှန်တော့ ကျနော် ဒေါင်းရုပ်လိုဂိုသုံးတာ မန်းဂေဇက်နဲ့ ဘာမှမဆိုင်ဘူး။ ကျနော်က ဟိုတုန်းကတည်းက ကဒေါင်းရုပ်ကို ကြိုက်တယ်။ ဘာလို့လည်းဆိုတော့ ခေတ်အဆက်ဆက် မြန်မာဘုရင်တွေရဲ့ အလံ ဖြစ်ခဲ့တဲ့အပြင် မြန်မာအမျိုးသားတွေ(ဗမာတွေလို့လည်း ဆိုချင်ဆိုပေါ့) အမျိုးသားရေး အမှတ်တံဆိပ် ဖြစ်ခဲ့လို့ဗျ။ ဟိုတုန်းက ရှေးမြန်မာကြီးတွေဟာ ကဒေါင်းရုပ်ကို မြင်လိုက်တာနဲ့ သူတို့မှာရှိတဲ့ မာနနဲ့ ဇာတိမာန်ကို ပြတဲ့အရုပ်လို့ ယုံကြည်ခဲ့တယ်တဲ့။ ဘယ်ခေတ်ကတည်းက စပြီး သုံးခဲ့မှန်းတော့ မသိရဘူး။ တော်တော်စောတဲ့ အချိန်ကတည်းက သုံးခဲ့တာတော့ သေချာတယ်။
        ကျနော် သီးသန့် ပို့စ်မရေးတာ တော်တော်ကြာပေမယ့် တချို့ပို့စ်တွေမှာ ကွန်မန့်လိုက်ရေးတာတော့ ရှိပါတယ်။
        အမှန်တော့ ကျနော် ဆိုလိုတာက မီးရထားက ခုံကျိုးနေတာကို ပြင်တာ နိုင်ငံရေးလို့ ဆိုလိုချင်တာ မဟုတ်ဘူး။ အဲဒါက ဥပမာပေးတာ။ ကိုယ့်နိုင်ငံပိုင် ပစ္စည်းကို ကိုယ်ပိုင်လို သဘောထားပြီး စောင့်ရှောက် ထိန်းသိမ်းအပ်သလို ကိုယ့်နိုင်ငံအရေးသည်လည်း ကိုယ့်မိသားစု အရေးလို့ သဘောထားပြီး အနည်းဆုံးတော့ စိတ်ဝင်စားသင့်တယ်လို့ ဆိုချင်တာပါ။ အဲဒါကြောင့် “နိုင်ငံရေးသည်လည်း “ထိုနည်းအတူ” ပင်ဖြစ်ပါသည်” ဆိုပြီး ထည့်ရေးထားတာပါ။
        ခင်ဗျားအခု ပြောတာတော့ ကျနော့်အမြင်အရ နိုင်ငံရေးဗဂါး မဖြစ်ပါဘူး။ အယူအဆပေါ်မှာ သံသယရှိလို့ ဟိုလိုလို ဒီလိုလို လျှောက်ပြောတဲ့ သဘောပဲ။

  • Ma Ma

    September 14, 2013 at 9:05 am

    ပဲ့ပြားပင်လို ကျင့်ရင်းနဲ့ အကျင့်ပါသွားပြီး ခပ်ထုံထုံ ခပ်တုံးတုံး ခပ်အအ ခပ်နနဘဝကို ရောက်နေပြီ။ 🙁

    • San Hla Gyi

      September 14, 2013 at 9:59 am

      မမရေ အခုလို လာရောက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

Leave a Reply