သူငယ်ချင်း။ ။ မွန်လေးနင့်နှုတ်ခမ်းကဘာဖြစ်နေလဲ။ အဖတ်တွေနဲ့ ကိုယ်။ ။ အေးဟယ်..ဆောင်းတွင်းရောက်လာပြီလေ။ အသားတွေခြောက်ပြီး နှုတ်ခမ်းတွေလည်းကွဲကုန်ပြီ။ သူငယ်ချင်း။ ။ဒါဆို Vaseline ကထုတ်တဲ့ jelly လေးသုံးကြည့်ပါလား။ သက်သာတယ်။ ငါဆို အဲဒါပဲသုံးတာ အကြာကြီးလည်းခံတယ်။ ကိုယ်။ ။ ဟုတ်လား..သုံးကြည့်လိုက်မယ်။ သိပ်မကြာပါဘူး…မွန်လေး City Mart တွေမှာ ဝယ်ကြည့်ပြီး သုံးလိုက်တာ..အရမ်းကိုအဆင်ပြေလို့ ချစ်တို့အတွက် ပြန်ညွှန်းပေးချင်လို့ဒီပို့စ်လေးရေးလိုက်ပါတယ်။ မွန်လေးကကိုယ်တိုင်သုံးကြည့်ပြီးမှ ကောင်းတာကိုညွှန်းတာဖြစ်လို့ စိတ်ချလက်ချသုံးလို့ရပါတယ်နော်။ Vaseline ဟာ လူတိုင်းသိတဲ့ ကမ္ဘာကျော် brand တစ်ခုဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ချက်တွေကလည်း အင်မတန် များပြားပါတယ်။ မွန်လေးက နှုတ်ခမ်းခြောက်တတ်တဲ့သူဖြစ်လို့ နှုတ်ခမ်းကိုပဲလိမ်းတာပါ။ အမှန်က အသားအရေ နူးညံ့အောင် ၊ နှုတ်ခမ်းသားကောင်းမွန်အောင် ၊ မျက်တောင်မွှေးတွေရှည်လာအောင်၊ ကြမ်းတမ်းတဲ့ အရေပြားကို […]