မစုဥာဏ္August 24, 20151min38518
 (photo: Imgion.com) သူမတူအောင် အေးတတ်လွန်းသည့် နယူးယောက်ဆောင်းတွင်းမှာ မနက်စောစော အချိန်ပို အလုပ်ဆင်းရသည့် ရက်တွေ ကို ကျွန်မ မုန်းသည်။ လူနာများ၏ ငြီးငြူသံ (သို ့မဟုတ်) မိသားစုဝင်များ၏ အပြစ်တင်သံ များကို ကြားရတတ်သည့် ဆေးရုံထဲကို ပင် မရောက်သေး၊ အိမ်မှာ အလုပ်သွားဖို ့ပြင်ရ ဆင်ရ ကတည်းက စိတ်ညစ်ခြင်းက စပြီ။ တလောကလုံး အိပ်မောကျနေချိန်မို ့ အေးအေးနှင့် ဆက်ကွေးချင်စိတ်ကို တွန်းလှန်ပြီး နှိုးစက်ကို ပိတ်ကာ ထ ရသည်။ ရေမိုးချိုးပြီး တော့ .. ရေခဲမှတ်အောက်ရောက်တတ်သည့် အအေးဒဏ်ကို ကာကွယ်ဖို ့ အသားကပ် အကျင်္ ီ၊ အသားကပ် ဘောင်းဘီရှည်တွေ ကို အောက်ခံဝတ်၊ အနွေးထည် […]


မြစပဲရိုးJune 17, 20151min30329
ကိုမျိုး ရေးထားခဲ့ ကဗျာ လေးထဲ က စာလုံးကို ယူပြီး ပို့စ် တစ်ခု ရလိုက်သလို ညီမ ဒေါ်သဲလေး ရဲ့ မှတ်ချက် က နေပြီး အတွေးတွေ ဆက်ပွါးရင်း ဒီ ပို့စ် ဖြစ်လာတာမို့ ချစ်ညီမသို့ လို့ နာမယ်တပ်လိုက်တာ။ တကယ်က သဲညီမ မှတ်ချက်တင်မက မြန်မာပြည် က လူတွေ တင်မက တကမ္ဘာလုံး က လူ အားလုံး ကို ကြည့်ပြီး တွေးမိတာလေးပါ။ . မြန်မာတွေ ရဲ့ အားကစားပွဲတွေမှာ အားပေးမှုက အတော်အားရစရာကောင်းပါတယ်။။ သူတို့ အားပေးတာ  မြန်မာ မှ မြန်မာ မဟုတ်ဘူး။ အာရှတိုက် က လူ နဲ့ တစ်ခြား […]


ムラカミMay 27, 20151min30817
ရုပ်ရှင်တကား ကြည့်ဖြစ်တယ်… တကယ်က ကြည့်ဖူးပြီးသားရုပ်ရှင် ကြည့်ဖူးတာမှ ခနခန… အားတဲ့အချိန်တိုင်း မကြာမကြာဆိုသလိုပြန်ကြည့်ဖြစ်တယ်… ကြည့်တိုင်း တခုမဟုတ်တခု အသစ်ရသွားတာချည်း…။ ဇာတ်လမ်းက ရိုးပါတယ် လူဆိုး ရှိတယ် လူကောင်းရှိတယ်။ လူဆိုးနဲ့ လူကောင်းချတယ် နောက်ဆုံး လူကောင်းနိုင်သွားတယ်။ သိပ်မဆန်းတဲ့ ဇာတ် အဲ..။ ပြောစရာဆိုလို့ လူဆိုးက သာမာန်ညောင်ည အချာပင်မဟုတ်ဘူး။ သည်နေရာမှာ ဇာတ်လိုက်ကို ပင့်တင်ပေးဖို့အတွက် ဗီလိန်ကို မညံ့ကြောင်း မွှန်းထားတယ်ဆိုချင်ဆို။ တကယ်ကို မညံ့တဲ့ လူဆိုးဇာတ်ရုပ်။ သူ့မှာ အိုင်ဒီယော်လော်ဂျီ ရှိတယ်။ ခံယူချက် ရပ်တည်မှုနဲ့ ပြတ်ပြတ်သားသားရှိတယ်။ အမြဲတစေ ဇာတ်လိုက်နိုင်မယ်မှန်း သိနေတဲ့ ဇာတ်ပါ။ ပြန်ကြည့်မိတိုင်းပေါ့။ သည်တခါ ပြန်ကြည့်မိတဲ့အခါ သတိထားမိတာလေးက သည်လို။ ဇာတ်လိုက်နဲ့ လူဆိုး ချတယ်။ နောက်ဆုံးမှာ […]


kaiMay 11, 20152min44021
Min Aung Khaing May 8 at 10:09pm အရေးတကြီး စဉ်းစားကြဖို့ပါ။ ====================== ရွှေတိဂုံဘုရားနားမှာ ရွှေတိဂုံဘုရားလမ်းဘေးက စစ်တပ်ကွာတာဟောင်းတွေဖြိုပြီး ကွန်ဒိုစီမံကိန်းကြီး တခုစတော့မယ်လို့သိရပါတယ်။ တပ်ပိုင်တာတွေ ဦးပိုင်တာတွေ အဘပိုင်တာတွေ ဘာတွေညာတွေ တခုမှ ကျနော်မပြောလိုပါ ။ ကျနော်ပြောချင်တာ ကတော့ (အများပြောနေကြတဲ့ ရွှေတိဂုံစေတီတော်ကြီးထက်မြင့်သွားမယ် ကွယ်သွားမယ် အေးချမ်းတဲ့အရသာပျက်သွားမယ် ဆိုတာတွေထက်) ဘူမိဗေဒ အမြင်အရပြောချင်တာပါ။ အဲသည်လောက်ကြီးမားတဲ့ အထပ်မြင့် အိမ်ယာများ ဆောက်လုပ်ရေးစီမံကိန်း အတွက် Foundation အတွက် မြေအောက် car park တွေအတွက် မြေကို အတော်နက်နက် (အနည်းဆုံး မီတာ ၂ဝလောက်တော့) တူးဖော်ရပါမယ်။ ဒီအခါမှာ ရွှေတိဂုံစေတေီတော်ကြီးရဲ့အောက်မှာ ရှိနေတဲ့ မြေသားတွေရဲ့အမျိုးအစားပေါ် မူတည်လို့ အကယ်၍ ရေအောင်းမြေလွှာ […]


uncle gyiMay 10, 20151min17910
  ကျွန်တော်သူငယ်တန်းက၄တန်းအထိမူလတန်းကျောင်းတခုမှာ ၄တန်းအောင်တော့အထက်တန်းကျောင်းကိုပြောင်းရပါတယ် အဲဒီကျောင်းမှာအတွေ့အကြုံလေးတခုပြောချင်ပါတယ် အမှိုက်ပစ်တာကအစကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုထိမ်းပါတယ် တံတွေးရမ်းမထွေးရပါဖူး ကျောင်းသားငယ်တွေကလည်းကျောင်းသားကြီးတွေကိုလေးစားရပါတယ် ရတန်းတုန်းကအတန်းတူစီနီယာသူငယ်ချင်းတယောက်ရှိပါတယ် စာမေးပွဲဖြေရင်စာရွက်တွေထထတောင်းပြီးဖြေတာအတော်အားကျမ်ိပါတယ် ကိုယ်ကသူ့လိုစာရွက်ထထမတောင်းနိုင်ဖူးလေ စာမေးပွဲအောင်စာရင်းထွက်တော့သူကျပါတယ် ကိုယ်တွေကအောင်ခဲ့ပါတယ် အခုပြန်တွေးမိတာသူကလိုရင်းရောက်အောင်တနည်း မေးခွန်းဆိုလိုရင်းကိုမိအောင်မဖြေနိုင်တာ ဒါကြောင့်စာရွက်တွေတထပ်ကြီးရေးဖြေပြီးမအောင်ခဲ့တာ အခုမေလ၃ရက်နေ့က တကဘာလုံးကစောင့်စားကြည့်ခဲ့တဲ့လက်ဝှေ့ပွဲတိုက်ရိုက်ပြတုန်း မကြည့်လိုက်ရပါဖူး ဖဘ မှာတက်လာကြတဲ့စာတွေကြည့်ပြီးပက် နိုင်သင့်တယ်ပြောသူနဲ့ မေဝယ်သာကိုအပြေးချံပီယံဆိုပြီးချီးကျူးသူနဲ့ဒိုင်တွေဘက်လိုက်တယ်ဆဲသူနဲ့ ပွထနေမှလက်ဝှေ့ပွဲကြီးပြီးသွားတယ်ဆိုတာသိလိုက်ရပါတယ် ဒါနဲ့ပြန်ပြတဲ့ပွဲကိုစောင့်ကြည့်မိပါတယ် တကယ်ဆိုနာမည်ကြီးသလောက်ပွဲကကြည့်မကောင်းခဲ့ပါဖူး ပက် ကလိုက်ထိုးသလောက် မေဝယ်သာကပတ်ပြေးနေတာလည်းအမှန်ပါ ဒါပေမဲ့ပက် ကမေဝယ်သာကိုချောင်ပိတ်ပြီးစိတ်ကြိုက်ကိုထိုးတာ ၁စက်ကန့်ကိုလက်သီး၂လုံးလောက်ဝင်အောင်ထိုးသွားတာ မေဝယ်သာကလက်၂ဖက်နဲ့ပိတ်ကာသွားတာစံနစ်တကျနဲ့ထိချက်တွေမကောင်းတာအမှန် ်မေဝယ်သာကတချက်တချက်ထောက်လက်သီး ဖြတ်လက်သီးတွေသွင်းလိုက်တော့ ပက် မခုခံနိုင်တာလည်းအမှန် တကယ်တော့လဲအောင်မထိုးနိုင်ရင်အမှတ်နဲ့အနိုင်ပေးတာ မြန်မာလက်ဝှေ့လိုပူးတွဲသရေမရှိတဲ့အနောက်တိုင်လက်ဝှေ့မှာ အမှတ်မယူနိုင်တာ အာရှကြိုက်စိတ်ကြိုက်ထိုးနိုင်ပေမဲ့ စည်းကမ်းအရအမှတ်မရခဲ့တော့ပက် ရှုံးခဲ့ရတာ ကိုယ့်အာရှသားကိုအနိုင်ပေးချင်ပေမဲ့ ထိုးနိုင်တိုင်းအနိုင်မဟုတ်ပဲအရှုံးလည်းဖြစ်တယ်ဆိုတာ လက်မခံချင်ပေမဲ့လက်ခံလိုက်ရပါတယ် အနိုင်အရှုံးဆိုတာ ကိုယ်နိုင်မယ်ထင်ပေမဲ့ရှုံးတတ်သလို ကိုယ်ရှုံးမယ်ထင်ပေမဲ့နိုင်တတ်တာကြောင့် သတ်မှတ်ချက်တခုမျှသာလို့ဆိုချင်ပါတယ်


Travis ZawMay 6, 20151min54520
“စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ အတုကြီးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါ” (ဆောင်းပါး) ============================================================ “လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ တရားမျှတ သန့်ရှင်းအောင် ဝိုင်းဝန်း စောင့်ကြပ်ပါ။ မိမိ အသည်းကြားက မဲတပြားကို ခွေးစား မခံရအောင် ဂရုပြုပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ပြည်သူကို ရင်ဝယ်သားလို အုပ်ချုပ်မဲ့ မိဘနဲ့တူသော အစိုးရတရပ် ပေါ်ထွန်းအောင်….” ကမာ္ဘပေါ်မှာ ပေါ်ထွန်းခဲ့သမျှ နိုင်ငံရေးစနစ်တွေထဲမှာ လူများစုရဲ့ ဆန္ဒကို အထင်ဟပ်နိုင်ဆုံးစနစ်ဟာ ဒီမိုကရေစီစနစ်ပါလို့ ပြောမယ်ဆိုရင် ငြင်းဆန်မဲ့ လူများများစားစား ရှိမယ် မထင်ဘူး။ လူ့ဂုဏ်သိက္ခာကို မြတ်နိုးတယ်။ လူဖြစ်တန်ဖိုးကို အလေးထားတယ်။ လူကို လူလို မြင်တဲ့စနစ်မို့ အခြေခံလူ့အခွင့်အရေးတင်မက နိုင်ငံသားအခွင့်အရေးကိုလည်း အသိအမှတ်ပြုတယ်။ လူများစုသဘောထားနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ လူနည်းစုဆန္ဒကို လည်း မထေမဲ့မြင် […]


Travis ZawApril 30, 20151min24011
https://www.facebook.com/AungGyeee/posts/355715534624531   သင် ကြက်ဆူပင် စိုက်လိုပါသလား? ပြည်ခိုင်ဖြိုးပါတီကိုသာ မဲပေးလိုက်ပါ။ သင် အဓိကရုဏ်းများနှင့် ကျီးလန့်စာစား ရှင်သန်လိုပါသလား? နေမျိုးဝေ ဦးဆောင်သော ပါတီကို မဲပေးလိုက်ပါ။ (သို့မဟုတ်) ဦးဝီရသူ တရားပွဲများကို လွတ်လပ်စွာကျင်းပခွင့်ပေးထားသော ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် မည်သူ့ကို အဖေခေါ်ရမှန်းမသိပဲ ဖြစ်ချင်ပါသလား? ပီအာဖော်ဆောင်သော ဒေါ်ခင်ဝိုင်းကြည် တို့ အဖွဲ့ရှိနေသည့် ခမောက်သူခိုးပါတီအား မဲပေးလိုက်ပါ။ (သို့မဟုတ်) ဒေါ်ခင်ဝိုင်းကြည် တို့ နှင့် ထူးမခြားနားသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ ခြင်းတောင်းကိုကျောမှာပိုး ဆင်ကြယ်ဖိနပ်စီးပြီး သေနတ်အစုတ်ကိုင်ကာ လစာ တစ်သိန်းဝန်းကျင်ဖြင့် အသေခံစစ်တိုက်လိုပါသလား? တပ်မတော်သားများအား စစ်ရေးစွမ်းရည်ပြည့်ဝအောင် လွှတ်တော်အတွင်း ၂၅% ထည့်ကာ လေ့ကျင့်ပေးနေသည့် ပြည်ခိုင်ဖြိုးပါတီအား မဲပေးလိုက်ပါ။ သင် ကျပ်နှစ်ထောင်ဖြင့် နေ့စဉ်ဘဝ […]


Travis ZawApril 25, 20151min4639
https://www.facebook.com/thurein.hlaingwin/posts/518209994984286   မနေ့က ကိုးကန့်မှာ တပ်ကအလူးအလဲခံရတာတွေမြင်ရတော့ တော်တော်ဒေါသထွက်တယ်။ လိုင်းပေါ်က စစ်တပ်ထောက်ခံတဲ့သူတွေက ရေလိုက်ငါးလိုက်လွဲနေတယ်။ သူပုန်ကိုဖိဆဲတယ်၊ စစ်တပ်မထောက်ခံတဲ့သူတွေကိုဖိဆဲတယ်။ သူတို့ကိုဆဲလို့ ဘာမှဖြစ်မလာဘူး။ တကယ်ဆဲရမယ့်သူတွေကိုတော့ ဆဲဖို့၊ ဖိအားပေးဖို့ ကျန်နေတယ်။ စစ်တပ်က ဘက်ဂျက်ဝေစုကို တောက်လျောက် အများဆုံးသုံးခဲ့တာ။ ပညာရေး ကျန်းမာရေး အသုံးစရိတ်နှစ်ခုပေါင်းလို့မှ တစ် ရာခိုင်နှုန်းလောက်မရှိတဲ့အချိန်မှာ တပ်ကဘက်ဂျက်ကို တစ်ဝက်နီးပါးလောက်ထိသုံးခဲ့တာတွေတောင်ရှိတယ်။ အဲလောက်သောက်သောက်လဲသုံးထားတာ အခုသောက်သောက်လဲခံရဖို့လား။ ဆဲခြင်းဆဲရင် ခင်ဗျားတို့အပွင့်ကြီးတွေအခက်ကြီးတွေကို လှိမ့်ဆဲရမှာ။။ ဘက်ဂျက်ကိုအသေယူထားတာက အောက်ခြေစစ်သားတွေအတွက်မှမဟုတ်တာပဲ။ တပ်မတော်မှာ ပစ္စလက္ခတ်အလုပ်အခံရဆုံးကလူပဲ။ စစ်သာတိုက်ခိုင်းချင်တာ ဘာများထောက်ပံ့မှုတွေလုပ်ပေးနေလို့လဲ။ ကျွန်တော့်အမျိုးတစ်ယောက်တော့ ရှေ့တန်းထွက်ရတော့မယ်ဆိုရင် မင်္ဂလာဒုံဈေးကနေ စစ်ပစ္စည်းတွေကိုယ့်အိတ်ကိုယ်စိုက် သွားသွားဝယ်ရတယ်။ တပ်အပြောင်းအရွှေ့အော်ဒါထွက်ရင် ကိုယ့်စားရိတ်နဲ့ကိုယ် အပြောင်းအရွှေ့လုပ်ရတယ်။ ဒါကအသေးအမွှားလေးတွေပဲရှိသေးတယ်။ အမြဲတမ်းလိုလိုလေ တပ်မတော်ကြီးက ဒါလုပ်ဒါလုပ်ဆိုပြီး အမိန့်သာရောက်လာတာ တော်တော်များများက အိတ်စိုက်ပဲ။ စစ်သားယောက်ျားကိုယူလိုက်မိရင် […]

2013_ew_RubinGoogleRobot_0-600x390.gif

ေဇယ်ာစံApril 21, 20151min42836
စတိဗ်ဂျော့ဘ် မုန်းခဲ့တဲ့ လူတစ်ယောက်အကြောင်း အခန်း (၁) “ လဲသေလိုက်လေ။ အဲဒီလို သောက်သုံးမကျတဲ့လူတစ်ယောက် အကြောင်း ကို ဘာများ အထွေအထူး ဆွေးနွေးနေရမှာလဲ .. ” ……လို့ စတိဗ် ဂျော့ဘ် က အင်တာဗျူးး တခု မှာ ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့ဖူးတယ် ဆိုရင် … စာဖတ်နေတဲ့လူ အံ့ဩသွားလိမ့်မယ်။ အခန်း (၂) ဖြစ်ခွင့်ရမယ် ဆိုရင် .. ကျွန်တော် က စတိဗ်ဂျော့ဘ် ပဲ ဖြစ်ချင်ခဲ့တာ …။ အဲဒီလို အချိန်မျိုးမှာမှ အဲဒီ အကြောင်း ကို ကျွန်တော် အရင်ဆုံး ဖတ်ခဲ့ရတဲ့ အချိန်မှာ တော်တော့်ကို ကျွတ်သွားတယ်။ အမှန်ပါပဲ ..။ ကျွန်တော်တို့ ခင်ဗျားတို့ […]


uncle gyiApril 16, 20151min30524
ကျွန်တော်တို့ငယ်တုန်းကကျူးဆိုတာအတော်မျက်နှာငယ်တာကိုး နေစရာမရှိလို့သူများအိမ်ရှေ့ကျူးကျော်နေတယ်ဆိုတာအတော်နည်းပြီးတော်ရုံလူကလဲ ကျူးအဖြစ်နဲ့နေတာကိုရှက်ကြတာကိုး ဟိုးတုန်းကတော့မြေဈေးတွေကလည်းမကြီးမြေတွေကလည်းပေါဆိုတော့နေစရာမရှိသူက ကိုယ့်အနားလာပြီးတဖက်ရပ်ကလေးလာဆွဲပြီးနေရင်ကိုစားစရာတွေပေးရတာနဲ့ အလုပ်မရှိရင်အလုပ်ရှာပေးရတာနဲ့မြန်မာရဲ့ကူညီရိုင်းပင်းမှုစိတ်တွေကချစ်စရာကိုဖြစ်နေတာ   အခုနောက်ပိုင်းမြေဈေးတွေတက်လာကျူးတွေကတဖြည်းဖြည်းများလာ ကိုယ့်မြေလေးရောင်းတော့မယ်ဝယ်သူကအိမ်ရှေ့ကကျူးကိုဖယ်ပေးဆိုတော့ ကျူးကနေလာတာကြာပေါ့မဖယ်နိုင် ဒါဆိုလည်းမြို့သစ်ဝိုင်းလေးဝယ်ပေးမယ်ဆိုလည်းမြို့သစ်မနေနိုင် ဘယ်နေရာဝယ်ပေးဆိုပြီးပြောလာရော မခက်လား ချဉ်စရာမြန်မာ့စရိုက် ဒါကကျူးသရုပ်ဖော်တကွက်   ဟိုနေရာကကျူးတွေ အဲဒီနေရာက ိုပြန်ရောင်းနေတယ်ဘာစာချုပ်မှမပါ ဒါပေမဲ့ကျူးတွေဖယ်ခိုင်းရင်မြေတကွက်တော့သေချာရမှာဝယ်ထားရင်မမှားဖူး တန်တယ်နဲ့ဝယ်လိုက်ကြတာငွေရှိသူရောမရှိသူပါ နောက်တော့ဘာမြေကွက်မှမပေးဆိုတော့ရှိသူကနဲနဲပွန်းသွားပေမဲ့ မရှိသူကကုန်ပြီဒါကလောဘကျူး   ပိုင်ရှင်မရှိတဲ့အကွက်တွေဝင်သာနေဖယ်ခိုင်းတော့ပိုက်ဆံပေးမှဖယ်ပေးမယ် ဒါကလုပ်စားကျူးတွေ   ဒီနေရာကျူးတဲတေ ွရှင်း နေစရာမရှိလို့ကျူးတာ နေစရာအစားပေး သနားပါတယ်ဆိုပြီးမြို့သစ်တွေမှာမြေကွက်ရိုက်ပေး ပြောင်းသွားပါတယ်ခဏ နောက်တော့မြေကိုရောင်းစားပြီးနဂိုနေရာပြန်ရောက်လာတဲ့ လူလည်ကျူးတွေ   မြစ်ဝကျွန်းပေါ်သွားလမ်းမပေါ်မှာတညတည်းနဲ့တဲအိမ်ရာထောင်ချီ ဆောက်ပြီးကျူးတဲ့နိုင်ငံရေးကစားကွက်ထဲကကျူးတွေ   အနှီးကျူးထိုကျူးအမျိုးမျိုးကျူးကျူးနေကြတာ အရင်းစစ်အမြစ်မြေကဆိုသလို တရားဥပဒေကိုလူတွေမလေးစားကြတာ ဥပဒေကိုကကျူးတွေအတွက်အကာအကွယ်ပေးထားတာ ကျူးတဲကိုဖျက်ရင်ကိုဖျက်တဲ့သူကိုကျူးကပြန်တရားစွဲရင်လျော်ကြေးပေးရမယ်   အချောင်သမားတွေအတွက်စားပေါက်ကြီးဖြစ်နေတဲ့ အနှီးကျူးထိုကျူးများကိုနှစ်သစ်မှာ စံနစ်တကျထိမ်းသိ်မ်းနိုင်သောဥပဒေများထုတ်ပြန်နိုင်ပြီး နိုင်ငံတိုးတက်ပါစေကြောင်း ဆုတောင်းရင်း မြန်မာတို့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်ပါကြောင်း


ムラカミMarch 27, 20151min1837
​ဆေးလိပ်​​မေ​သောက်​တတ်​ဖို့လွယ်​တယ်​ဆိုတာ လူတိုင်​းမသိဘူးတကယ်​က ​ဆေးလိပ်​​သောက်​တတ်​ဖို့ ပို​တောင်​လွယ်​​သေးတယ်   ဘဝမှာ အချစ်​ရဆုံးနဲ့ အမုန်​းရဆုံး မိန်​းမတ​ယောက်​ဟာ ခင်​ဗျားတို့ မင်​းသမီးဖြစ်​လာချိန်​​တော့ ကျုပ်​က ဆာယိုးနားလ ​ပေါ့


Zaw ThantMarch 11, 20151min48941
.. အခုဖြစ်နေတာတွေကြည့်ပြီးProfessionalism ဆိုတာကိုတွေးကြည့်မိတယ်.. အခုဆန္ဒပြမှုကို ကိုင်တွယ်တဲ့သူတွေ Professional ကျကျကိုင်တွယ်ရဲ့လား.. လက်ရှိ စစ်တပ်ဟာProfessional ဖြစ်ရဲ့လား.. အစိုးရ၊ ဝန်ကြီးများ ကိုယ်တိုင်ကကော နိုင်ငံ့ရေးရာတွေမှာProfessional ဖြစ်ရဲ့လား.. ကိုယ်ကိုတိုင်ကော ကိုယ့်အလုပ်မှာ Professionalism ဘောင်အတွင်းဝင်ရဲ့လား.. ..Professionalism ဆိုတာကို မြန်မာလို ဘယ်လို အတိအကျပြန်ရမလဲ မသိဘူး.. Professional ဘောလုံးသမားကိုကြေးစားဘောလုံးသမားဆိုတာက အဆင်ပြေပေမယ့် တခြားနေရာတွေကြတော့ ကြေးစားလို့ ပြန်ရတာသိပ်မနိပ်ဘူး.. (ကြေးစား ဆရာဝန်၊ ကြေးစားအင်ဂျင်နီယာ၊ ကြေးစားစစ်သား တခုမှ နားထောင်လို့အဆင်မပြေဘူး).. .. ဒါနဲ့ပဲ အင်တာနက်ပေါ်ရှာကြည့်တော့ စကားလုံးတစ်လုံးထဲနဲ့အဓိပါယ်ပြန်ဖို့ ပိုခက်သွားတယ်.. ဒါပေမယ့် ဖတ်ရတာ အကျိုးရှိလို့ ပြန်ရှယ်ပါတယ်.. .. နည်းနည်းကြားဖြတ်ပြောဖို့ရှိတာက အခုချိန်မှာ စစ်တပ်၊ ရဲစတဲ့ အစိုးရလက်ကိုင်တုတ်များကို လူအများမုန်းတီးကြပေမယ့် မုန်းလွန်းလို့ဆိုပြီး အဖွဲ့အစည်းတစ်ခုလုံးကိုဖျက်သိမ်းပစ်လို့ […]


ムラカミFebruary 11, 20151min25513
ခက်​စ်​တယ်​ ခက်​စ်​့တယ်​ စိတ်​ညစ်​တဲ့ယ်​့ ဒီမိုး ဒီ​ရေ ဒီ​လေ ဒီေ​လှေ ဒီလူ​ဒွေနဲ့က​တော့ဗျာ ​ကျော်​့ကိုအထင်​​တော်​လွဲဂျဒယ်​ ​ကျော်​ဗျာ တချို့ပိုစ်​့​တွေမှာ သမ်​မဒယီး ဝူးတိန်​့ရှိန်​ ကျမ္မပါဇီ​ရေးတယ်​ ​ကျော်​့ကို သနက ​တွေ​ရော မတမ ​တွေ​ရော ဖခလ ​တွေ​ရော ဝိုင်​းဆဲတယ်​ ​ကျော်​က အ​ကောင်​း​ရေးတာပါ ဖရုပ်​သဝါစာ ဆဲဆို​နေတာလည်​းမဟုတ်​ ​နောက်​ပီးစဉ်​းစားက​ျိ​လေ ဒင်​းမကျန်​းမာရင်​ သမ်​မဒကျန်​းမာ​ရေးဝန်​​ဆောင်​မှုဆိုပီး နိုင်​ဂံ​ဒေါ်က ပိုက်​ပိုက်​ကုန်​အုံးမှာ ​ကျော်​က အမျိုးသား​ရေးအမြင်​ရှိရှိနဲ့ တတိုင်​းပြည်​လုံးအတွက်​​ရေးရဒါဗာ ကျုပ်​ကို ဖွတ်​​လော်​ဘီလို့​ခေါ်ဂျဒယ်​ ချဉ်​စရာ တခါတ​လေ ​ကျော်​ ကိုကိုဝီ ကျမ္မပါဇီ​ရေးတယ်​ဗျာ အာ့လဲဆဲဂျဒါဗဲ ကိုကိုဝီမမာရင်​ ဒကာ​တွေပဲ ​ငွေကုန်​​ကြေးကျမှာ အီကို​နောမစ်​ အ​တွေးအ​ခေါ်ရှိဂျဇမ်​းဘာ ဥပမာဗျာ မာမူးစ်​့ခါအီ ကျမ္မာပါဇီလို့ ​ရေးမိလို့ဆဲရင်​ ရင်​​ကော့ပီးအဆဲခံနိုင်​ပါတယ်​ဗျာ ဒါမိုးကျုပ်​​ရေးသလား​ပြော မ​ရေးဝူးဟုတ်​? ကိုင်​း […]