nicolus agralJuly 29, 20161min33412
လူသားများအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် လူသားများဖြစ်သည် တိုးတက်မှုနည်းသောလူသားများသည် ကျေးကျွန်များဖြစ်သည် အခြားသက်ရှိများ အပင်များအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် အဖျက်သမားများဖြစ်သည် တိုးတက်မှုနည်းသောလူသားများသည် သဘာဝဖြစ်သည် ကမ္ဘာကြီးအတွက် တိုးတက်ဖွံဖြိုးပြီးလူသားများသည် ကင်ဆာဖြစ်သည် သို့ virus ရောဂါဖြစ်သည် တိုးတက်မှုနည်းသော လူသားများသည် ဂေဟစနစ်ဖြစ်သည် လူသားမျိုးနွယ်ကြီး ပျက်သုံးပါစေ သဘာဝတရား တည်တံပါစေ ကမ္ဘာကြီး ကျန်းမာပါစေ


nicolus agralJuly 14, 20161min65621
သီလဆိုတာ လိုက်နာရမည့် အရာတွေပါ ဒါနနဲ့ကွာတာက ဒါနကလုပ်ရင် ကုသိုလ်ရမယ် မလုပ်ရင်မရဘူး သီလက လိုက်နာရင် ကုသိုလ်ရမယ် မလိုက်နာရင် အကုသိုလ်ပါဖြစ်စေမယ်ပေါ့ဗျာ (သဂျီးကတော့ ပြောပါလိမ့်မယ် သီလကို ငရဲနဲ့ခြောက် ဒါနကို ဘုံနဲ့မြှောက်ဆိုပီး) ကျနော့်အမြင်တော့ သီလဆိုတာ ကိုယ်ခြင်းသာတရားပဲ ကိုယ့်ကိုသူများကလုပ်တာ မကြိုက်တဲ့ကိစ္စကို ကိုကလည်းသူများကိုမလုပ်ရဘူး ဒါအချုပ်ပဲ လူတွေအတွက် သိပ်တော့ နားမလည်ဘူးဗျ မေးတန်တာ မေးရမှာပဲ သီလမှာ အခြေခံအားဖြင့်တော့ ငါးပါးသီလပေါ့ သူများအသက်ကို မသတ်ရ သူများဥစ္စာ မပေးပဲမယူရ ယစ်မျိုးမမှီဝဲရ မလိမ်ရ သူတပါးသားမယား မပြစ်မှားရ သူများအသက်ကို မသတ်ရ ကျိုးပေါက်ဖို့ဆိုရင် သက်ရှိဖြစ်ရမည်။ သက်ရှိဟုသိရမည်။ သတ်လိုစိတ်ရှိရမည်။ သတ်ဖို့ ကြိုးစားအားထုပ်မှုရှိရမည်။ သေဆုံးရမည်။ ဆိုတော့ ကျိုးပေါက်ဖို့ မလွယ်ဘူးပဲ သူများဥစ္စာ မပေးပဲမယူရ […]


nicolus agralJuly 13, 20161min2918
ကျနော့်အမြင်ပါလေ လတ်တလောတော့ ဘာသာရေးတွေဟော့နေတာပဲ ကျနော်က ဗုဒ္ဓဘာသာပါ ဒါပေမဲ့ အေသီးရစ်ဘက်ပိုယိမ်းမယ်တော့ထင်ပါတယ် ဗုဒ္ဓဘညသာကို ကိုးကွယ်စရာဘာသာရေးဆိုတာထက် လိုက်နာကျင့်သုူံရမည့် Life style တခုလို့မြင်ပါတယ် ဗုဒ္ဓဘာသာဝင်တွေရဲ့ရည်မှန်းချက်က နိဗ္ဗန်ပေါ့နော သွားရမယ့် လမ်းစဉ်က ဒါန သီလ ဘာဝနာပေါ့ ဒါန လှုတန်းတာပေါ့ တပါးသူလိုအပ်နေတဲ့အရာကို ထိုသူအဆင်ပြေပါစေ ဆိုတဲ့စေတနာနဲ့ အဲဒီမှာ အကြောင်း အကျိုးတရားကဝင်လာရော လှူတမ်းရတဲ့ အကျိုးကြောင့် ဘလာဘလာဘလာပေါ့လေ အကျိုးပေးမှာက ညီမျှခြင်းရှိပြန်တယ် အလှူခံသူ x လှူဖွယ်ပစ္စည်း x စေတနာသဒ္ဒါတရား = အကျိုးပေး အလှူခံသူမြင့်မြတ်လေလေ အကျိုးပေးကောင်းလေလေ လှူဖွယ်ပစ္စည်း စင်ကြယ်လေလေ အကျိုးပေးကောင်းလေလေ စေတနာသဒ္ဒါကောင်းမွန်မှန်ကန်လေလေ အကျိုးပေးကောင်းလေလေပေါ့ မြန်မာတွေအလှူအတန်းရက်ရောတယ်ပြောပါတယ် ကမ္ဘာမှာပထမတန်းပဲ တပါးသူလိုအပ်နေတဲ့အရာကို ထိုသူအဆင်ပြေပါစေဆိုတဲ့ မှန်ကန်တဲ့စေတနာ နဲ့လှူတာများလား ကိုယ်ပြန်ရမဲ့ အကျိုးပေးကိုလိုချင်လို့လှူတာများလား […]


Pyi SoeJuly 9, 20161min20911
pk အနိ္ဒယရုပ်ရှင်ကားကို ကြည့်တုန်းက အဓိက ဇာတ်ကောင်ဟာ ဘာကြောင့် ဂြိုလ်သားတစ်ယောက်ဖြစ်နေပါလိမ့်ဆိုတာကို မတွေးမိဘူး… ကိုယ့်နိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာတော့မှဘဲ ဪ…ဒါကြောင့် pk ဇာတ်ကားမှာ အဓိက ဇာတ်ကောင်ဟာ ဂြိုလ်သားတစ်ယောက်ဖြစ်နေခဲ့တာကိုးလို့ စဉ်းစားမိတော့တယ်… ဘာသာရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို ဝေဖန်သုံးသပ်ပြတဲ့အခါ အတွေးအခေါ်က အရမ်းကို အရေးကြီးတယ်လေ… ဝေဖန်သုံးသပ်ပြမဲ့သူဟာ ကမာ္ဘပေါ်မှာရှိတဲ့ မည်သည့်ဘာသာတခုခုနဲ့မှာ ဆက်နွယ်မှုမရှိစေရဘူး…ဘာသာတစ်ခုခုနဲ့ ဆက်နွယ်သွားတာနဲ့ ထိုလူရဲ့အတွေးဟာ သူနဲ့ဆက်နွယ်နေတဲ့ ဘာသာတရားရဲ့လွှမ်းမိုးမှုကို ခံရပြီးသားဖြစ်သွားပြီ… ဘာသာတရားတစ်ခုခုကို လွှမ်းမိုးခံထားရပြီးတဲ့သူဟာ ဘယ်တော့ ထိုဘာသာတရားရဲ့အပြင်ဘက်ကို ရောက်အောင် မတွေးတတ်တော့ဘူး…သူ့ရဲ့အတွေးအခေါ် သူ့ရဲ့အယူအဆ အနေအထိုင် အပြုအမူ အပြောအဆို စသည်ဖြင့် သူနဲ့ ပတ်သတ်သမျှအရာအားလုံးဟာ သူ ကိုးကွယ်တဲ့ဘာသာကြီးကနေ ဆင့်ပွားလာတာတွေချည်းဘဲဖြစ်ကုန်ရော… ဒီတော့ pk ဇာတ်ကားအတွက် အဓိကဇာတ်ကောင်ကို စဉ်းစားတဲ့အခါ ကမာ္ဘပေါ်မှာရှိသမျှ […]


ဂ်စ္စူJuly 8, 20161min3026
ပုံမှန်စီးပွားရေး မကောင်း ဝင်ငွေမရှိရင် တမျိုးသားလုံး မပြောနဲ့ ကိုယ့်ဆွေမျိုးတစ်ခုထဲတောင် စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး ကျနော်တို့ လူမျိုး ရွှေလင်ဗန်းနဲ့ အချင်းဆေး သခင်သွေးချည်ပဲလည်း မဟုတ်ပါဘူး အရွယ်ရောက်လာတဲ့ သမီးနဲ့သား ခင်ဗျား တသက်လုံး ချုပ်ချယ်ထားဖို့လဲ မဖြစ်နိုင်ပါဘူး မျိုးရိုးနဲ့ပတ်သတ်လို့ စိတ် ဘဝင် လေမဟပ်နဲ့ လူဆိုးသူခိုး မုဒိမ်းမျိုလည်း ဒို့အမျိုးထဲ မကင်းပါဘူးလို့ ဗုဒ္ဓဘာသာဝင်တိုင်း သူတော်ကောင်းချည်း မဟုတ်ဘူး ဗုဒ္ဓဘာသာမဝင်လို့ လူဆိုးချည်းလဲ မဟုတ်ပြန်ဘူး ပါတီအဖွဲ့စည်းထောင် လူတွေကို ဘောင်ကန့်ထားယုံနဲ့ ကိုင်းရှိုင်းမှုတွေ တိုးမလာပါဘူး ထို့အတူ ဘာသာအပြင်ဘက် ထွက်မသွားဘူးလို့လည်း အာမ မခံနိုင်ပါဘူး သေချာတာက ဗုဒ္ဓပြောတဲ့ နိဗ္ဗာန်​ ကို ကုတ်ဆွဲပြီး ပို့လို့မရဘူး ပါတီပွဲစား မပြောနဲ့ ဗုဒ္ဓတောင် ဒေဝဒတ်လို အမျိုးကို […]


kaiMay 7, 20164min311010
Flowers on special occasions Occasion Flowers Wedding Seasonal flowers would be the best option. Pale, delicate flowers may work better in the spring while dark, rich coloured flowers would work for fall. = Anniversary Surprise is the key here. Again, seasonal flowers are the best bet. Options include combining with gourmet or fruit basket. As […]


ဇီဇီOctober 5, 20151min56713
ကာတွန်းကားလေး တစ်ကား အကြောင်းပြောချင်တယ်။ ကာတွန်းကားထက်ပိုတဲ့ ကာတွန်းကား လေးမို့ပါ။ သာမာန်အားဖြင့် ကာတွန်းကား တစ်ကား ကို ကြည့်ဖို့ ကျနော် ပျင်းတတ်ပါတယ်။ သူတို့ ကာတွန်းကားတိုင်း ကောင်းတာမှန်းသိသိကြီးနဲ့ကို စကြည့်ဖို့ ဝန်လေးမိတာပါ။       Inside Out (2015) ဆိုတဲ့ ကားလေးကိုလည်း ဒီလိုပဲ။ စိတ်မပါ လက်မပါနဲ့ စကြည့်ဖြစ်တဲ့ အချိန်ကနေ နောက်ပိုင်းမထတမ်း ပြီး တဲ့ထိ ကြည့်မိအောင် ဆွဲဆောင်နိုင်တာကို ပြောပြချင်လာတာပါ။ Rating – 8.5/10 ဇာတ်လမ်းကတော့ သဘောပေါက်လွယ်ပါတယ်။ ကာတွန်း မောင်မောင် (လို့ထင်ပါတယ်) ဦးခေါင်းထဲက ဌာနလေးတွေ အလုပ်လုပ်ပုံ ကာတွန်းကို ဖတ်ဖူးရင် ပိုသဘောပေါက်လွယ်ပါတယ်။ နားတွင်း အလုပ်လုပ်ပုံ၊ မျက်လုံး အလုပ်လုပ်ပုံ […]


Ko out of...September 27, 20151min1966
ငါဖြစ်ချင်တာကိုမလုပ်ရရင် သူများဖြစ်ချင်သည့် အရာနောက်ကို လိုက်လုပ်ရမလား? သို့မဟုတ် ငါဖြစ်ချင်တာလည်း လုပ်ခွင့်မရ သူများနောက်လိုက်လည်း မဖြစ်ချင် ဒါဆိုရင်ငါ ဘာလုပ်သင့်သလဲ? ဒါဆိုရင် ဘယ်လောက်များများ လုပ်ခွင့်ရမှ ငါလုပ်မယ်ဆိုတာထက် ငါတတ်စွမ်းသလောက် ငါလုပ်နိုင်သလောက် လုပ်မှဘဲ လောကအတွက် အလုပ်လုပ်ရတော့မယ် ဒါကြောင့် How much? ဆိုတာထက် How can? နဲ့ဘဲ ငါသိသလောက် ငါတတ်သလောက် သတင်း Message တော့ထားခဲ့ရမှဘဲ? အမျော် အကြောက်ကင်း စိတ္တဇကင်းမဲ့ပြီး လွတ်မြောက်ငြိမ်းချမ်းမှု အမှန်ရနိုင်ကြပါစေ…


mgsaiSeptember 18, 20151min1967
ကျွန်မနာမည်လား မိချမ်းလေ မွေးတာကတော့ ဧရာဝတီတိုင်းက မြို့တစ်မြို့ပေါ့။ ပညာလား . . . သင်ခဲ့တယ်လေ ၆တန်းလောက်ထိ။ အဖေက တံငါလုပ်တယ် အမေကတောင်သူလုပ်တယ်ပေါ့။ အဖွားတို့ဘာတို့လဲရှိတယ်။ မောင်နှမကလဲ ၈ ယောက်ဆိုတော့ ကျောင်းကလဲ အဆင်ပြေတဲ့နှစ်တက်တယ် အဆင်မပြေတဲ့နှစ်တော့ မတက်ပဲ အိမ်မှာဝိုင်းကူပေါ့။ ၆ တန်းရောက်တော့ အသက် ၁၅ နှစ်ဖြစ်နေပြီလေ။ အင်း အခုအငယ်ကောင်လေးတစ်ယောက်တော့ ၁ဝ တန်းဆိုလားပဲ။   အိမ်ထောင်လားကြနေပြီလေ။ ကလေးတင်သုံးယောက်နဲ့ တစ်ဗိုက်။ ယောက်ျားက ပန်းရံနောက်လိုက်။ ရွာက ဘုန်းကြီးကျောင်းကို ပန်းရံလာလုပ်ရင်းနဲ့ ညားကြတာ။ အခုနေတာက လှိုင်သာယာမှာ။ တဲငှားနေတယ်လေ။ မထူးဆန်းပါဘူး တစ်ချို့ဆိုမိသားစု နှစ်စုလောက် အဲဒီတဲလေးကို ငှားပြီးနေကြတာ။ အော် ကျွန်မရဲ့ တစ်နေ့တာကို သိချင်တယ် ဟုတ်လား။ […]


ဇီဇီSeptember 18, 20151min81643
ခုချိန်မှာ ….. အိမ်မှာလည်း အိမ်မှာမို့… လမ်းမှာလည်း လမ်းမှာမို့ ခိုးမှု လူယက်မှု အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေတယ်။ ကိုယ့်ကို ကာကွယ်နိုင်တဲ့ အစိုးရနဲ့ ဥပဒေ မရှိတာမို့ (ရှိပြီး သုံးစားမရ) ကာကွယ်နည်းတွေ လိုက်ရှာနေတယ်။ :a:   ပထမဆုံး အိမ် တစ်အိမ် အတွက် ကာကွယ်နည်းတွေ ပြောပါမယ်… သိပြီးသားတွေပါ၊ သတိမမူမိတာ၊ မအားလို့ အချိန်ပေးမလုပ်နိုင်တာတွေ ရှိတာမို့ပါ။ ကိုယ့်ကိုယ့်ကို ကာကွယ်မှ ရတော့မှာမို့ အားစိုက်ပြီး လုပ်စေချင်ပါတယ်။ . . ကိုယ့်အိမ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကို ဘယ်လို ကာကွယ်မလဲ??? . ၁) ခြံ တံခါး၊ အိမ်မကြီးတံခါးအပြင် ကိုယ့် အခန်းကို ကိုယ် သစ်သား တံခါးနဲ့ ကောင်းမွန်တဲ့ သော့စံနစ်၊ […]


ဇီဇီSeptember 18, 20151min61821
ပြောရရင် ကိုယ်တိုင်လည်း စိတ်ပေါက်လာတဲ့ အခါ … ပြောတာ ဆိုတာ ရန်စ တာ ပြန်ချေပတတ်တာ အစွန်းရောက်ရောက်သွားတယ်။ ကိုယ်တိုင်လည်း သိတာမို့ ထိန်းသိမ်းနေတာပဲ။ . . စဉ်းစားကြည့်ရင် ကိုယ့်နိုင်ငံ ကာကွယ်နေတဲ့ တပ်မတော်ကို အမြင်မကြည်ရတာ အတော်ကို စိတ်ဆင်းရဲစရာကြီးပါ။ ကျနော်တို့ ကိုယ့် တပ်မတော်ကို ကိုယ် ယုံကြည်ချင်ပါပြီ…!!! 😥 အဖိုးလေး ဗိုလ်ချုပ်တွေ၊ ဦးလေး စစ်ဗိုလ်တွေ စစ်မြေပြင်က အကြောင်းတွေ ဟာသနှောပြီး ပြောပြတိုင်းလည်း အဲဒီ ဟာသနောက်က ဒုက္ခတွေကို မြင်တာမို့ မရီရက်ခဲ့ဘူးး။ သူတို့ ခေတ် စစ်တက္ကသိုလ်မှာ ဝါဒဖြန့်တာတွေ၊ ဘရိန်းဝပ်(ရှ) လုပ်တာတွေ မရှိခဲ့လို့ လားတော့ မသိ၊ ခုခေတ် စစ်သား/စစ်ဗိုလ်တွေထက် စကားပြောတာ အလယ်အလတ် […]

Chicken-Shit.jpg

mgsaiSeptember 16, 20151min2246
ကိုရီးယားဆိုရိုးပုံပြင်လေးတစ်ခုဖြစ်ပါတယ်။ တစ်ခါတုန်းက လူစည်ကားတဲ့ ဈေးလမ်းမကျယ်တစ်နေရာမှာ ခွေးချေးပုံတစ်ပုံ ကျနေသတဲ့။ ခွေးချေးပုံက လမ်းလယ်မှာဆိုတော့ ဈေးထဲကို လာကြတဲ့ လူတွေ၊ကြက်တွေနဲ့ အခြား ခွေးတွေပါမကျန် ခွေးချေးပုံလဲ မြင်ရော ကြောက်ကြောက်လန့်လန့်နဲ့ ရှောင်သွားကြတယ်။ အဲဒီအချိန်မှာ ခွေးချေးပုံက သူ့ကိုယ်သူပြန်စဉ်းစားတယ်။ ” ကြည့်စမ်း ငါဟာလောကကြီးမှာ အလွန်ကြောက်ဖို့ကောင်းတဲ့ အရာပါလား။ ငါ့ကိုတွေ့သမျှ လူတွေ၊ တိရစာ္ဆန်တွေ အကုန်လုံး ငါ့ကို ကြောက်လို့ ရှောင်ကွင်းသွားကြတာပါလား” ဆိုပြီးတွေးနေတယ်။ ဒီလိုနဲ့ ခွေးချေးပုံဟာ ကြုံးဝါးလိုက်တယ်။ ” ငါဟာ ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာဖြစ်တယ် ” ဆိုပြီးတော့ပေါ့။ ဒီအချိန်မှာ အနားမှာ ဟိုသွားဒီသွား လုပ်နေတဲ့ ကြက်တစ်ကောင်က အနားကပ်လာတယ်။ ” ဒီမယ် ချေးပုံ မင်းကို ဒီလူတွေ တိရစာ္ဆန်တွေ […]


မစုဥာဏ္August 26, 20151min33012
(photo credit to giantbomb.com) ဒီရက်ပိုင်း ကွ ျန် မရဲ ့အတွေးတွေ ကို စိုးမိုးနေတာက “သေခြင်းတရား” ဖြစ်သည်။ လူတွေ သေဆုံးနေကြသည် ကို နာရေးကြော်ငြာတွေထဲမှာဖြစ်ဖြစ်၊ တီဗီဖန်သားပြင်ပေါ်မှာ ဖြစ်ဖြစ် နေ ့စဉ် နဲ ့ အမျှ မြင်တွေ ့၊ ကြားသိနေရသည်မို ့ကျွန်မတို ့ အားလုံး သေခြင်းတရား နှင့် မစိမ်းကြ။ သို ့သော် အဆိုပါ သေခြင်းတရားက ကွ ျ န်မ၏ မိတ်ဆွေ နှစ်ဦး(Susan နှင့် Ting) နှင့် ပတ်သက်လာသောအခါ ကွ ျန်မ အတွေးပိုမိသည်။ တိတိက ျ ကျ ဆိုရသော် သေခြင်းတရား၏ လှည့်စားတတ်သည့် […]