kaiJune 5, 201110min1898
ဆင်းရဲနွမ်းပါးမှု (Poverty) ဆိုရာဝယ်   ဘောဂဗေဒပညာရှင် David Korten က ဆင်းရဲနွမ်းပါးမှု၊ လူမှုယှက်နွယ်ဆက်စပ်ခြင်း သဏ္ဍာန်များ ပျက်ယွင်းမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု စတာတွေဟာ တကမ္ဘာလုံးက အလေးထားရမယ့် global threefold human crisis လို့ အဆိုရှိခဲ့ဖူးပါတယ်။ ဒီအချက်သုံးချက်ထဲမှာ ပါဝင်တဲ့ ဆင်းရဲနွမ်းပါးမှုဆိုတာကလဲ လူသားတဦးချင်းဆီကနေ တကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့ ရိုက်ခတ်နေတဲ့ သဘောတရားတခုပဲ ဖြစ်ပါတယ်။   ဆင်းရဲနွမ်းပါးမှုဆိုတာကို ဖွံ့ဖြိုးတိုးတက်ရေး နှောင့်နှေးခြင်းရဲ့ လက္ခဏာတရပ်အနေနဲ့ ကမ္ဘာ့ပြည်သူတွေက သတ်မှတ်ထားကြပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး ဆိုတာကို ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဆင်းရဲတွင်းထဲမှ လူအများကို ကယ်ထုတ်ရေးလို့လဲ ရှုမြင်သုံးသပ်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးအစီရင်ခံစာ (၁၉၉၀) မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို စီးပွားရေး […]


kkotoeJune 5, 20111min1022
တခါတလေ စိုင်းထီးဆိုင်ရဲ့သီချင်းလေးထဲကအတိုင်း (ငယ်စဉ်ကခလေးတို့ဘဝမှာပျော်ပါးဖို့ရာလွယ်ပါတယ်…..) အဲဒီအချိန်လေးတွေကိုပြန်တောင့်တမိနေမယ်။ အခုအရွယ်ရောက် အိမ်ထောင်ကျပြီဆိုတတော့ သီချင်းညည်းနေလို့ မရတော့ဘူး။ title ကအရေးကိစ္စတွေကိုနေ့စဉ်နဲ့အမျှဖြေရှင်းပေးနေရပြီလေ။ အခုမှလူ့ပြည်(လူ့ဘဝ) စစ်ရဲ့အရသာကိုခံစားနေရပြီ။ ထိုထိုသောအရေးကိစ္စများကိုများကိုဖြေရှင်းရန်အတွက် ကျွန်တော် ကိုကိုတိုး အစွမ်းကုန်အလုပ်တွေလုပ်နေရပါပြီ။ သာမာန်အနေထားတခုအထိတော့အဆင်ပြေပါ၏။ သို့သော်ငြားလဲ လူဆိုသည်ကားမပြည့်သောအိုးဆိုသည့်အတိုင်း လိုအင်ဆန္ဒကား ရှိစမြဲ။ လူတိုင်းလူတိုင်း ထိုအရေးကိစ္စများအတွက် မိုးလင်း မိုးချုပ် အလုပ်လုပ်နေကြရသည်။ တခြားအရေးကိစ္စများအတွက် ပေးရန်အချိန်မရှိကြတော့ပြီ။ ထိုစားဝတ်နေရေးဆိုတာကြီးကို ဖြေရှင်းရင်းနှင့် ပင်ဘဝပြောင်းသွားကြရသည်။ ထို့ကြောင့် အီကွေးရှင်း တခုထုတ်လိုက်မိသည်။ လူ့ဘဝ = စားဝတ်နေရေး ဟု…………


မောင် ပေJune 5, 20111min18611
စာဖတ် ဝါသနာ ပါသူ အားလုံး MG ကို တစ်ခေါက်တစ်ခါ လောက် မြင်တွေ  ့ဖတ်ရူ  ့ပြီးပါက နောက်ထပ် အခေါက်ပေါင်းများစွာ ထပ်ထပ်ဖတ်ချင်မည် မှာ မလွဲဧကန် ပေတည်း ဟူ ။ အဘယ်ကြောင့် နည်း ။ ရှင်းလင်းရလျှင် register လုပ်ရန် လွယ်ကူသည် ။ ကွန်နက်ရှင် အလွန်စုတ်ပြတ်သော်ညား သတင်းများကို ဖတ်နိုင်သည် ။ ( အနည်းငယ် စိတ်ရှည်ပေးလျှင် ) ။ အနယ်နယ် အရပ်ရပ် ကမ္ဘာအနှံ ့မှ ရွှေမြန်မာ များ၏ သတင်းတင်ပို ့ချက်များ ကို ဖတ်ရသည် ။ ဆောင်းပါးများကို ဖတ်ရသည် ။ မမြင်ဖူး မကြားဖူး သော အကြောင်းအရာ […]


nigimi77May 28, 20111min1629
” ဟယ်လို….အေး…ဟဲ့…ငါတို ့ ရုပ်ရှင်လာကြည့်နေတာ…နင်ဘယ်ရောက်နေလဲ…..အေး….အေး…ဟုတ်တယ် ငါလဲပြောပါတယ်…..အေးလေ…သူ ့သဘောနဲ ့သူဆိုတော့လဲ ငါတို ့က ဘာပြောလို ့ရမှာလဲ…ဟား..ဟားးးးးးးးးး………” နေကြာစေ့  ခွာသည့် အသံ ၊ ပေါက်ပေါက်ဆုပ် စားသည့် အသံ ၊  အတွဲများ တပြွတ်ပြွတ် နှင့် မုန်ယို နေသည့် အသံများ ကြားမှ  အဆိုပါ အမျိုးသမီး၏  လွန်စွာ အောက်ကလိအာ ဆန်သော  စူးရှပြစ်ချွဲသည့်  အသံသည် စဉ်ဆက်မပြတ်  ထွက်ပေါ်နေသည်။  တခြား အသံများအားတတ်နိုင်သမျှ  သီးခံခဲ့သော်လည်း   မိမိ၏  ပုဂ္ဂိုလ်ရေး အကြောင်းအရာများကို အများသူငါ အပန်းဖြေသော ရုပ်ရှင်ရုံထဲတွင် ဟောင်ဖွာဟောင်ဖွာ ကျယ်လောင်စွာ တယ်လီဖုန်း ပြောနေသော အမျိုးသမီးအား  သမင်လည်ပြန် လှည့်ပြီး အမူအရာနှင့် ကြိမ်ဖန်များ စွာ သတိပေးသော်လည်း  […]


erosMay 18, 20111min1878
အိုဘယ့် အန်ဂျီအို NGO အပိုင်း (၁) https://myanmargazette.net/48357/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle ၏အဆက် အိုဘယ့် အန်ဂျီအို NGO အပိုင်း (၂) NGO များတွင် INGO များမှာ နားလည်မှုစာချွန်လွှာရှိမှ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိပြီး၊ LNGO များအတွက်တွင်မူ အသင်းအဖွဲ့ မှတ်ပုံတင်ရှိမှ လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နားလည်မှုစာချွန်လွှာရနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနသို့ အဆင့်ဆင့်တင်ပြ၍ အခြားဝန်ကြီးဌာနအဆင့်ဆင့်ကို သဘောထားမှတ်ချက်တောင်းခံပြီးမှ နားလည်မှုစာချွန်လွှာချုပ်ဆို၍ရသည်။ ဤသည်မှာလည်း အချိန်များ ပေးရသော လုပ်ငန်းစဉ်တရပ် ဖြစ်သည်။ သို့ရာတွင် စီမံကိန်းလုပ်ဆောင်နေသော ဒေသမှ အာဏာပိုင်များကန့်ကွက်ပါက လုပ်ကိုင်ဆောင်ရွက်၍ မရကောင်းမရနိုင်ပါ။ ယေဘုယျအခြေအနေတွင် NGO များလုပ်ကိုင်ဆောင်ရွက်ပုံ မည်မျှထိရောက်ပါသနည်း။ ထိုသို့ထိရောက်ရန် NGO များကမည်မျှအရေးပါသနည်း။ eros လေ့လာတွေ့ရှိသမျှ ပြောရလျှင် NGO များသည် ၅၅%မှ ၆၀%အရေးပါ၍၊ ရပ်ရွာလူထုသည် […]


kaiMay 16, 20114min1306
အောက်ကသတင်းဆောင်းပါးလေးသေသေချာချာ ဖတ်ကြပါ..။ ဟိုတလောကပဲ..ကျုပ်က ဒီမှာ ပြောဖြစ်သေးတယ်.. ။ ဘုရားသခင်ကို မိခင်သဘာဝတရားနဲ့နှိုင်းပြီးတော့…။ အခု… ဟော့ကင်းလည်း ပုံစံတမျိုးနဲ့ ပြောလာတယ်..။ “What could define God [is a conception of divinity] as the embodiment of the laws of nature. တဲ့..။ ဆိုတော့… နောက်ဘဝ ဆိုတာလည်း…  ဘာတဲ့.. fairy story တဲ့..။ အောင်မလေး… ဗုဒ္ဓဘုရားသခင်…။ 🙂 Stephen Hawking says afterlife is a fairy story By Liz Goodwin Renowned physicist Stephen Hawking […]


erosMay 6, 20111min28717
အိုဘယ့် အန်ဂျီအို NGO အပိုင်း (၁) အန်ဂျီအို ဟု အသံထွက်သော NGO (Non Governmental Organization) သည် လုံးကောက် အဓိပ္ပာယ်ပြန်သော် အစိုးရမဟုတ်သော အဖွဲ့အစည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်တော့ အန်ဂျီအိုများဟု ပြောလိုက်လျှင် ရေကြီး၊ မုန်တိုင်းတိုက်၊ ငလျင်လှုပ်သော နေရာဒေသ တွင်သွား၍ အကူအညီပစ္စည်းများ ပေးသောသူများဟု မြင်ကြသလို နိုင်ငံခြားမှ အလှုရှင်များက ဒေသခံများကိုစေတနာရှိ၍ ကူညီသည်များကို ကူညီသူများထံသို့ မပေးပဲ ကြားထဲတွင် မိမိအတွက် ဖြတ်စားသူများ၊ အကုန်ဘုန်း သူများ၊ နိုင်ငံခြားသား ကျွန်ခံကြသူများ၊ နိုင်ငံခြားသား တို့၏ နယ်ချဲ့ လက်ပါးစေများ၊ ပုဆိန်ရိုးများဟုမြင်သူများလည်း ရှိသည်။ မိမိ အမြင် မိမိ လွတ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိသည်။ ထားတော့။ ယခုစာစုလေးတွင် […]


asiamastersMay 1, 20111min1052
(ကျွန်ုပ်၏ အယူဝါဒ-၄ သည် ယခင်ကျွန်တော်ရေးသားခဲ့သည့် Knowledge ကို ပြင်ဆင်တင်ပြထားခြင်းဖြစ်သည်။ ယခင် တင်ပြမှုမှာ အယူဝါဒ တစ်ခုသို့ရောက်ရှိမလာသေးပါ။ ယခုပြင်ဆင်တင်ပြမှုမှာ အယူဝါဒ အဆင့်သို့ရောက်ရှိလာပြီဖြစ်တဲ့ အတွေးအခေါ်ဖြစ်ပါတယ်။) ၁။         ကျွန်ုပ်၏ အယူဝါဒ-၄ မှာ ဗဟုသုတ (Knowledge) ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ မြန်မာလူငယ်များကို  Knowlege ဆိုတာဘာလဲလို့မေးရင် အတော် များများက ဗဟုသုတပေါ့လို့ အလွယ်တကူပဲပြန်ဖြေနိုင်ကြပါတယ်။ ဒါပေမဲ့ ဗဟုသုတဆိုတာ ဘာလဲလို့ဆက် မေးရင်တော့ တစ်ချို့က အသိပညာလိုပြောလိုပြော၊ အတတ်ပညာလိုပြောလိုပြော ရောထွေးနေကြတာ များပါတယ်။ ဒါကြောင့် Knowledge ဆိုတာဘာလဲဆိုတာကို တိတိကျကျ နားလည်သဘောပေါက်ဖို့ လိုလာပါတယ်။ Knowledge ဆိုတာ ဗဟုသုတလို့ပြောရင်မှန်ပါတယ်။ ဗဟု ဆိုတာက များတာကို ဆိုတာဖြစ်ပါတယ်။ သုတ ဆိုတာက သိတာကို […]


CharTooLanApril 29, 20111min2269
တို့တိုင်းပြည် ထလော့မြန်မာ၊ အို မြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် စေတီ စပါး၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်မစားလေရ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။ ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာ တို့ပြည်၊ တို့ရွာမြေဝယ် ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့် သီးနှံချိုပျား၊ များလည်းများ၏ များပါလေလဲ။ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် မြင်သာမြင်ရ၊ မစားရ၍ တောကပြိတ္တာ ဖြစ်မည်တည်း။ ထလော့ မြန်မာ၊ မြန်မာ ထလော့ အားမပျော့နှင့်၊ မလျှော့လုံ့လ သူကစ၍၊ ငါကအားလုံး လက်ရုံးများမြောင်၊ ဉာဏ်များမြောင်နှင့် စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့ ဤမြေ ဤရွာ၊ ဘယ်သူ့ရွာလဲ ဤယာစပါး၊ […]


asiamastersApril 27, 20111min733
  ၁။         ကျွန်ုပ်၏ အယူဝါဒ- ၃ မှာ လူသားများမှန်မှန်ကန်ကန် ရှင်သန်ရန်နိုင်အောင် ကြိုးစားရာတွင်လိုအပ်သည့် အခြေခံ လိုအပ်ချက်ကြီး ခြောက် ရပ် ဖြစ်သည့် ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှု၊ လောကအမြင် တို့အနက်မှ ဝင်ငွေ ဖြစ်ပါတယ်။ ဝင်ငွေကို အင်္ဂလိပ်ဘာသာစကားဖြင့် (Income) လို့ခေါ်ပါတယ်။ အနက်မှာ မိမိ၏ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် တရားဥပဒေနှင့်အညီ မျှမျှတတရရှိသည့် လုပ်အားခဖြစ်သည်။ ဒီနေ့ခေတ်လူသားတစ်ဦးမှာ ဝင်ငွေလမ်းကြောင်း တစ်ခုမရှိခဲ့ရင် ဒီလူဟာ မကြာခင်မှာ အခက်အခဲများ၊ စိတ်ပင်ပန်းဆင်းရဲမှုများ၊ သူတစ်ပါး၏အထင်အမြင်သေးမှုများ၊ အဆင့် အတန်းခွဲခြားမှုများ၊ မိမိချစ်ခင်မြတ်နိုးသူများ၏ စွန့်ပယ်ခြင်းများ၊ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာက ဒီနိုင်ငံမှာ နေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်ပါတယ်။ ဒီလူသားတွေကိုယ်တိုင်က […]


asiamastersApril 25, 20111min904
    ၁။         ကျွန်ုပ်၏ အယူဝါဒ-၂ မှာ လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း ဖြစ်ပါတယ်။ ရည်ရွယ်တဲ့အကြောင်းကို အင်္ဂလိပ် ဘာသာစကားဖြင့် (Purpose) ဟုခေါ်ပါတယ်။ “လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း” ဆိုတော့ အင်္ဂလိပ်စကားဖြင့် (Purpose of life) လို့ ဆိုရမှာဖြစ်ပါတယ်။ လူသားတွေဟာ လူ့အသုံးအဆောင်ပစ္စည်းတွေပြုလုပ်ရာမှာဖြစ်စေ၊ ပရိဘောဂများ ပြုလုပ်ရာ မှာ ဖြစ်စေ၊ နေထိုင်ရာအိမ်ယာများဆောက်လုပ်ရတွင်ဖြစ်စေ၊ တံတားများ၊ လမ်းများ ဆည်မြောင်းတာတမံများ တည်ဆောက်ရာ တွင်ဖြစ်စေ၊ ရည်ရွယ်တဲ့ အကြောင်းရင်းတွေရှိကြပါတယ်။ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းရင် များများပိုအသုံးဝင်မယ်၊ ရည်ရွယ် တဲ့ အကြောင်း မကောင်းရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အသုံးမဝင်ပဲ အပိုဖြစ်ယုံမက၊ ရှားပါးတဲ့ ကိုယ့်ရဲ့ အရင်းအမြစ် တွေပါ အားလုံးဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ နောင်လာနောင်သားအားလုံးအတွက် ဆပ်မကုန်နိုင်သော အကြွေးများ ကျန်နေမှာဖြစ် […]


asiamastersApril 25, 20111min1424
  ၁။         ကျွန်ုပ်၏ အယူဝါဒ-၁ ဆိုတာက မှန်မှန်ကန်ကန်ရှင်သန်မယ် ဆိုတဲ့ အယူဝါဒဖြစ်ပါတယ်။ အယူဝါဒကို အင်္ဂလိပ် ဘာသာ စကားဖြင့် (Doctrine) လို့ခေါ်ပါတယ်။ Doctrine ဆိုတာက ကျွန်တော်ရဲ့ ယုံကြည်ချက်တစ်ခု (သို့) ယုံကြည်ချက်တွေ ကို စုစည်း ထားခြင်းဖြစ်ပါတယ်။ ဒီလို ယုံကြည်ချက်တွေပေါ်လာရတာကလည်း ကျွန်တော်ဖြတ်သန်းကြီးပြင်းလာခဲ့တဲ့ လူ့ဘဝပတ်ဝန်းကျင် တွေမှာ တွေ့ကြုံလာရတဲ့ အတွေ့အကြုံတွေနဲ့ လက်တွေ့စမ်းသပ်နေထိုင်မှုတွေကနေရလာတဲ့ လောကအမြင် (Philosophy) က နေတစ်ဆင့်ပြီးတစ်ဆင့် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လောကအမြင်ဆိုတာက ကျွန်တော်တို့ ပတ်ဝန်းကျင် မှာရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ရှုမြင်ပုံ၊ လူသားတွေရဲ့ အခန်းကဏ္ဍ နဲ့ လူသားတွေရဲ့ မရှောင်လွှဲနိုင်တဲ့ အနာဂတ် အဖြစ်အပျက်များပဲ ဖြစ်ပါ တယ်။ “ မှန်မှန်ကန်ကန် ရှင်သန်မယ်” […]


nigimi77April 22, 20111min844
တစ်နိုင်ငံနဲ ့ တစ်နိုင်ငံ  ကြိုးမဲ့ ဆက်သွယ်ရေး စနစ် ကို   ဝန်ဆောင်ခ ယူပုံခြင်းကလည်း မတူကြပါဘူး။ ထုံးစံ အတိုင်း သေချာသိထားတာကလည်း ကိုရီးယားနိုင်ငံ အကြောင်းပဲ ဆိုတော့ ဇာတ်လမ်းက ပြန်စပါမယ်။  အဲဒီမှာ  ၁၉၉၅ ခုနှစ် နှောင်းပိုင်းမှ စပြီး တဖြည်းဖြည်းနဲ ့ Mobile Phone တွေ အသုံးတွင်ကျယ်လာတာကိုး။ အစောပိုင်းတုန်းကတော့  Mobile တွေ ဈေးကြီးမြင့်လွန်းလို ့ သာမန် လူတန်းစားတွေဟာ  P.P လို ့ ခေါ်တဲ့  Personal Pager တွေကိုပဲ သုံးနိုင်ကြပါတယ်။ သူတို ့ဆီမှာလည်း အရင်ကဆို လူတန်းစား ကွာဟချက် ကြီးမားနေပါသေးတယ်။  တယောက်ယောက်က Phone ခေါ်ရင် P.P မှာ […]