တစ်လောက မလေးနဲ ့ထိုင်းနယ်စပ် HatYai က တရားမဝင်တဲ့ Massage ခန်းမှာ မိန်းကလေး အယောက် ၇ဝ လောက်ဖမ်းမိပါတယ်။ အဲ့ဒီထဲမှာ မြန်မာမလေး နှစ်ယောက်ပါတယ်။ သူတို ့အားလုံးဟာ အဲ့ဒီနေရာမှာ ရောင်းစားခံရတာတဲ့။ အပြင်လဲထွက်ခွင့်မရဘူး။ ညှင်းပန်းနှိပ်စက်မှုလဲ ခံရတယ်တဲ့။ အခုလို ရဲက ဖမ်းလိုက်တော့ ရဲတွေကို ကျေးဇူးအရမ်းတင်ပါတယ်တဲ့။သူတို ့လဲ အဲ့ဒီငရဲခန်းက လွတ်ချင်နေတာကြာပြီတဲ့။မြန်မာအမျိုးသမီးတွေ နိုင်ငံခြားမှာ ရောင်းစားခံရတာ ။ဘဝပျက်ရတာဟာ နိုင်ငံခြားသားတွေက လာပြီးဝယ်တာမဟုတ်ဘူးနော်။ လူစိတ်မရှိတဲ့ ကိုယ့်မြန်မာလူမျိုးတွေက ပဲ ရောင်းစားလိုက်တာပါ။ အသားထဲက လောက်ထွက်တယ်ဆိုပါတော့။ ဘယ်သူကမှ လူတွေမရိုသေတဲ့ အလုပ်၊မိဘနဲ ့ဆွေမျိုးမောင်နှမတွေ မျက်နှာငယ်မယ့်အလုပ် ကို လိုလိုလားလားနဲ ့လုပ်ချင်ကြမှာမဟုတ်ပါဘူး။ ကံမကောင်း အကြောင်းမလှလို ့သာ မတတ်သာတဲ့ အခြေနေအကြောင်းကြောင့်သာ လုပ်နေရတဲ့သူတွေများပါတယ်။ […]