Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဦးေက်ာက္ခဲFebruary 23, 20171min106514
ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…   ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် […]


အောင် မိုးသူFebruary 22, 20171min7148
ကိုယ်ဘဝချီပြီးအားကျခဲ့ရတဲ့သူတစ်ယောက် ကိုယ်အမုန်းဆုံးလုပ်ရက်ကို လုပ်ခဲ့တယ်ဆိုရင် အဲသည်လူကို သင်သတ်မိမှာလား??? အရက်စွဲပြီး တစ်နေ့လုံး မူးနေတတ် ယောက်ျားက ပစ်သွားတဲ့ ရေချယ်ဟာ သူနေတဲ့နေအိမ်ကနေ နယူးယောက်မြို့ကိုသွားတဲ့ ရထားပေါ်မှာ အသွားအပြန် အချိန်ကုန်နေသူပါ။ သူဟာ အသွားအပြန်ရထားပေါ်မှာတင် ရထားလမ်းဘေး ကပ်ရပ်မှာရှိတဲ့ သူနေခဲ့တဲ့ အိမ်နားဝန်းကျင်ကို အမြဲတမ်း ကြည့်နေတတ်သူပါ။ ရထားပေါ်ကနေ သူမြင်ရတဲ့ မြင်ကွင်းတွေက သူ့ယောက်ျားဟာ နောက်မိန်းမနဲ့ကလေးရနေပြီး ညစာစားနေတဲ့မြင်ကွင်း။ အဲသည့်အိမ်ဘေးက မီဂန်ဆိုတဲ့ ကောင်မလေးဟာ သူ့အမျိုးသားနဲ့ အတူတူနေထိုင်တဲ့ မြင်ကွင်းတွေဟာ အမြဲတမ်းတွေ့နေရတာပါ။ သူမဟာ ကလေးမရနိုင်တော့တဲ့ နောက်ပိုင်းမှာ စိတ်ဓာတ်တွေကျလာရပြီး အရက်ပါစွဲမလိုဖြစ်ခဲ့ရပါတော့တယ်။ အဲ့သည်နောက် ပြသနာတွေတက်ခါ သူမခင်ပွန်းဟာ သူမကို ပစ်သွားပြီး နောက်အိမ်ထောင်ထူပါတော့တယ်။ သူမဟာ နေ့တိုင်းအရက်သောက်ကာ အရက်စွဲလာပြီး နေ့တိုင်းရထားစီးကာ ရထားပေါ်ကနေ သူမအရင်နေအိမ်ဘေးက မီဂန်ဆိုတဲ့ […]


alinsettFebruary 20, 20171min4212
”ထောင့်ချိုး” __________ | | | | | ”ဒါ ဘာလဲ” ထိုမေးခွန်းကို တစ်ယောက်က ဖြေ၏။ ”အဲဒါ မျဉ်းကွေး၊ မျဉ်းကောက်တစ်ကြောင်းပေါ့” နောက်တစ်ယောက်က ထပ်ဖြေသည်။ ”အဲဒါ နိုင်းမြစ်ပဲ၊ သူ့နောက်ခံကားက ကမ႓ာ့မြေပုံ မဟုတ်လား” ဖြေဆိုသူ နှစ်ဦးစလုံး သူ့ထောင့်မှသူ မှန်ကြပါသည်။ သို့သော်. . . | | | | | | | | |___________________ တာရာမင်းဝေ *ကျွန်တော် တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများ စာအုပ် (၁၉၉၇၊နိုဝင်ဘာ)မှ * | | | | | | | | | | […]


alinsettNovember 22, 20161min115716
                    “မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ——————————————————- (ရန်ကုန်-နေပြည်တော်- မန္တလေး အမြန်လမ်းကြီးနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ ကိုယ့်အမြင်တွေ ရှိပါတယ်။ ဘယ်နှစ်ကြိမ်မှန်း မရေတွက်နိုင်အောင် ကိုယ်တိုင် ကားမောင်းပြီး ဖြတ်သွား ဖြတ်လာ လုပ်အပြီးမှာ … ဒီလမ်းကြီးနဲ့ ပတ်သက်ပြီး တွေးမိတာတွေ/မြင်မိတာတွေကို မှတ်တမ်းကျန်အောင် စာတစ်ပုဒ် ရေးထားခဲ့မယ်လို့ ဆုံးဖြတ်ပြီး ဒီစာကို ရေးပါတယ်။) ရန်ကုန်ကနေ နေပြည်တော်- ဒါ့အပြင် နေပြည်တော်ကနေ တောင်တွင်းကြီး-မကွေး-နတ်မောက်- မိတ္ထီလာ စသည်ဖြင့် မြို့တွေ မြို့တွေကို သွားတာရော ပြန်တာရောမှာ … နီးစပ်ရာ အလျဉ်းသင့်တဲ့နေရာကနေ အမြန်လမ်းပေါ်ကို ဖြတ်တက်ပြီး […]


alinsettNovember 9, 20161min3392
                                  ”အစွယ်ပျောက်သွားလို့ လိုက်ရှာနေတဲ့မြွေ” *************************** မိုးမှုန်အစက်အပြောက်တို့ ရီဝေဝဲရစ်သော မနက်ခင်းတစ်ခုမှာ ငါ ပြန်လည် နိုးထချင်ပါသည်။ ဖြစ်နိုင်လျှင် ငါ့အား လက်တို့ ဝှေ့ဝှေ့သွဲ့သွဲ့ ယိမ်းနွဲ့ကာ ပြကြပါ။ အဲသည် သင်္ကေတသည် မည်သည့်အဓိပ္ပာယ်ဖြင့် ဖြစ်နေပါစေဦး. . . ငါ့ခံယူချက်ဖြင့် ငါ. . .ငါ့အား ချစ်မြတ်တွယ်တာစွာ လှမ်းကြို ခေါ်လင့်သည်ဟု ယုံကြည်ပြီး သင်တို့အနားသို့ . . .ငါ လာပါမည်။ သင်တို့အနီထံပါးတွင် သင်တို့၏ အသုံးအဆောင်တစ်ခုကဲ့သို့ အဆင်သင့်ဖြစ်စွာ […]


alinsettOctober 12, 20161min5857
US သို့ ပေးစာ _______________________________ ရွာက သူကြီးတစ်ယောက် အမေရိကားဆိုတဲ့တိုင်းပြည်ကြီးကို ထွက်သွားလိုက်တာ ကြာပေါ့။ အချိန်ကြာလာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်မှာလည်း ပြောင်းလဲမှုတွေရော မပြောင်းလဲသေးတာတွေရော အသီးသီး အသက အသက ပေါ့။ ကျုပ်တို့ သူကြီးကို သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ တစ်လက်စတည်း ကျုပ်တို့ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေထဲက တချို့ကိုလည်း ပြောပြရအုန်းမယ် သူကြီးရေ။ ————————————— ကျုပ်တစ်ယောက်. . . ပုဂံ-ညောင်ဦးဘက်ကို (အလည်အပတ်မဟုတ်တဲ့)ခရီးတစ်ခု ထွက်ဖြစ်ရာက…စတဲ့ ပြဿနာ ဆိုပါစို့။ ဒီခရီးစဉ်ဟာ လေ့လာရေး ခရီး မဟုတ်ဘူးလို့ ပြောလို့ ရသလို…လေ့လာရေး ဟုတ်တယ် လို့လည်း ပြောလို့ ရနေပြန်ရော..။ ဘာကြောင့်ဆို… မကွေးတိုင်းနဲ့ မန္တလေးတိုင်းအတွင်းမှာ ရှိတဲ့ ဝေးလံခေါင်သီတဲ့ ရွာကလေးတွေဆီ သွားပြီး… […]


ムラカミSeptember 28, 20161min4416
Tone of Voice အကြောင်း ပယ်ပယ်နယ်နယ် လေ့လာချင်ယို့… သိသူများ မျှ ဂျပါအူးဗျာ…   multiple tone for multiple segments (or) same tone to all segments   အဲ့သည့်ကြား ဗျာများ နေလို့ပါ…။   ကွကိုယ် ဆိုရင်တော့ singin’ da same damn song with different melodies ပေါ့… multiple account ကျတော့ အဆင်မပြေပြန်ဝူးဗျ….   အဲ့လို ……   တော်သေးတယ် .. ကိုယ့်မီးတဝက် ယူပြီး သူ့ဆေး တခြမ်း ပြန်တိုက်မယ့်လူ အနား ရှိနေတာ… အားဟိ..   တော်သေးပြီး


ခုတလော တရားဥပဒေ စိုးမိုးရေး နဲ့ ပတ်သက်ပြီး ဖတ်မိ မြင်မိ ကြားမိ တာတွေ များလာလို့ ဒီလိုတွေးမိလာလို့ ဒီလို ရေးပါတယ်။ အဆဲတောင်းတယ် လဲ ဆိုချင် ဆိုကြပါစို့။ 😛 😛 😛 😛   ထက်ထက်မိုးဦး သတင်းထောက်ကို ပါးရိုက်ပြီး ဒဏ်ငွေ တစ်ထောင် နဲ့ ပြီးသွားတာ အစ အိမ်ဖော် ကို နှိပ်စက်သူတွေ လုယက်သူတွေ လူသတ်သူတွေ မူးယစ်ဆေးရောင်းသူတွေ မုဒိန်းကောင်တွေ တရားခံမပေါ်ဘဲ ဒါမှ မဟုတ် ပြစ်ဒဏ် မထိဘဲ လွတ်သွားတာတွေ အလယ် အခု လူ့ကော် နဲ့ သိန်းငါးဆယ် အဆုံး ဖြစ်ပျက်နေတာကို တွေ့ရ ကြားရတော့ ကိုယ်တွေရဲ့ တရားဥပဒေ စိုးမိုးရေး ဆိုတာကြီးက အတော်ကြီးကို လိုနေသေးတာပါပဲလားလို့ တွေးမိတယ်။ အစိုးရကြောင့် ဘာကြောင့် […]


Mon LaySeptember 15, 20161min58912
ခုတစ်လော..ကျွန်မစာပြန်ရေးချင်နေပေမယ့် ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့အသေးစားအွန်လိုင်းရှော ့ရယ်…သူများလုပ်ငန်းဖြစ်တဲ့.Travels & Tours ရယ်နဲ ့စာပြန်ရေးချင်စိတ်ရှိနေပေမယ့်မအားဘူးဖြစ်နေပါတယ်…ဒီကြားထဲဧည့်သည်တွေအတွက်တိုးတွေစီစဉ်ပေးရင်း…ခရီးသွား ချင်စိတ်လေးတွေလည်းဖြစ်လို့ ..ခရီးကထွက်ရတာနဲ ့ရေးဖို ့စခန်းကိုမရောက်ခဲ့ပါဘူး….   ခုOutbound Sales Executive တာဝန်ကိုယူထားရတော့..ကိုယ်ကဧည့်သည်မမေးခင်အကုန်သိထားဖို ့ရန်လိုတော့ကာ…သူများခရီးသွားထားတဲ့ ပို ့စ်လေးတွေလိုက်ဖတ်ဖြစ်ခဲ့ပါတယ်…. အားလည်းအားကျမိပါတယ.်.. သူတို ့တွေဆို..ခရီးသွား…စာလည်းရေးနိုင်ကြပါတယ်….. သူတို ့စာလေးတွေဖတ်ရင်း…. အရင်ကမိုးကုတ်ကိုခရီးသွားရင်းရေးထားတဲ့ပို ့စ်လေးလည်းရေးဖူးတော့… စာပြန်ရေးချင်တဲ့ပိုးတွေပြန်ထလို့လာပါရော….. သူများတွေလိုနေရာများများစားစားမရောက်ဖူးသေးပါဘူး… ဒါပေမဲ့သွားခဲ့ဖူးတဲ့နေရာလေးတွေကခုခေတ်စားလာတော့.. ကိုယ့်ရဲ ့အတွေ ့အကြုံဖီလင်လေးကိုလည်းတင်ပြချင်လို့ပြန်ရေးတော့မယ်လို့စိတ်ကူးလိုက်ပါတယ်….. အားပေးကြပါဦးနော်… လာမယ့်စနေ 17ရက်နေ ့မှာလည်းခရီးသွားဖို ့ရှိပါသေးတယ်…အဲ့ခရီးလေးကိုစရေးပါမယ်နော်… ကျေးဇူးအများကြီးတင်ပါတယ်….


kotun winlattSeptember 5, 20161min4764
မိုက်ခဲကြီးများ @@@@@ လမ်းမကြီးတစ်ခု …..။ ဒီဒေသကြီးတစ်ခုလုံးရဲ့ အားကိုးအားထားပြုရာ လမ်းမကြီး …။ ဒီဒေသကြီး တစ်ခုလုံး၏ လမ်းပန်းဆက်သွယ်ရေးအတွက် အသက်သွေးကြောဟု ဆိုလျှင်လည်း မှားအံ့မထင် …။ ဒီလမ်းမကြီးသည် ကျေးရွာလေးများမှ မြို့ ငယ်လေးဆီသို့ ကူးသန်းသွားလာရသည့် တစ်ခုတည်းသော အဆက်အသွယ်။ ရှေးယခင်က ဒီလမ်းမကြီး၏ ဘေးဝဲယာတွင် ကျွန်း၊ အင်ကြင်း၊ ကညင်၊ သစ်အယ်အစရှိသည့် သဘာဝပေါက်ပင်များက အစီအရီ ရှိနေခဲ့ကြသည်။ လမ်းမကြီး၏ အလျားမှာ ငါးမိုင်ကျော် … အကျယ်ကား နွားလှည်းနှစ်စီး ကောင်းကောင်းရှောင်သာသည့် အကွာအဝေး ….။ လမ်းကတော့ မြေသားလမ်း ….။ မြေသားလမ်းမှသည် ဒေသခံတို့၏ လုပ်အားကြောင့် ကျောက်ခင်းလမ်းလေး ဖြစ်လာခဲ့ရပေသည်။ ထိုလမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရွာကလေးတစ်ရွာသာ တည်ရှိနေ၏။ ယင်းလမ်းမကြီးစတင်ရာနေရာ […]


Train To Busan ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးဟာ ထွက်ထွက်ရှိချင်းမှာ ကိုရီးယား မှာ ဝင်ငွေစံချိန်ချိုးခဲ့ပါတယ်။ စင်ကာပူမှာလည်း ဝင်ငွေ စံချိန်တင်ခဲ့ပါသေးတယ်။ ဒီရက်ပိုင်း အမေဆေးရုံနဲ့ အလုပ် အရမ်းရှုပ်နေတဲ့ကြား မနေ့ကပဲ ရုပ်ရှင်ရုံမန်နေဂျာကို လက်မှတ်ချန်ထား ပေးပါလို့ အကူအညီတောင်းရင်း သွားကြည့်ခဲ့ပါတယ်။   ဒီနေရာမှာ မင်းသားဘယ်သူဘယ်ဝါလို့ မရေးဘဲ ဇာတ်ကောင်တွေ နေရာကနေသာ ရေးပါမယ်။ ဘူဆန်သို့ ရထားဖြင့် ခရီးထွက်ခြင်း အလုပ်တွေအရမ်းရှုပ်တဲ့ Fund Manager အဖြစ် အလုပ်လုပ်ကိုင်တဲ့ ကလေးတစ်ယောက်ဖခင်တစ်ေ ယာက်ကို သူ့သမီးလေးဖြစ်သူဟာ စိတ်ထိခိုက်လို့နေပါတယ်။ အလုပ်ကိုသာ ဦးစားပေးတဲ့ လူတစ်ယောက်ကို မိန်းမကလည်း စွန့်ပစ်ပြီး သူနေထိုင်ရာဘူဆန်မြို့မှာ နေထိုင်လျက်ရှိပါတယ်။ သမီးဖြစ်သူကို အဖွားဖြစ်သူနဲ့ အိမ်မှာသာ ပစ်ထားတဲ့ ဖခင်တစ်ယောက်ဟာ ဘယ်လောက်ထိအောင် […]


kotun winlattAugust 29, 20161min4262
ဆိုင်းဘုတ် * * * * * * * “လူကြီးဆိုတာ ရပ်ရွာလူထုက အားကိုးလို့ တင်ထားတာ . . . ဒါကို ရပ်ရွာလူထုထဲက တစ်ယောက်ဖြစ်တဲ့ ငါ့ဘက်က မရပ်တည်ပဲ . . . တခြားဘက်ကရပ်တည်ပြီး ငါ့မိသားစု ပြိုကွဲအောင်လုပ်တဲ့ လူကြီး . . . ခင်ဗျားကြီးကို “Yee” ပဲ . . . အခု ခင်ဗျားကြီးကြောင့် ကျုပ်မိသားစု ပြိုကွဲရပြီ … ။ ခင်ဗျား ဝမ်းသာနေတယ် မဟုတ်လား . . .။ ကျုပ်အခု ခံစားနေရသလို ခင်ဗျား မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ” ညနေကတည်းက […]


kotun winlattAugust 22, 20161min69510
အာနိုးမ @@@ (၁) မြို့ ကလေး ….။ မီးရထားလမ်းဆုံးမြို့လေး ဖြစ်သလို … မြစ်ကလေးတစ်စင်းကလည်း ရစ်ခွေစီးဆင်းသွားသည့် မြို့ကလေး …။ မြို့ကလေးရဲ့ အစည်ကားဆုံးဖြစ်တဲ့ တောင်မြောက်ပြေးနေတဲ့ လမ်းမကြီးတစ်ခု ၊ ထိုလမ်းမကြီးနှင့် ထိပ်တိုက်ဆုံတွေ့ပြီး စည်ပင်သာယာဈေးအဖြစ် အဆုံးသတ်သွားခဲ့သည့် အရှေ့အနောက် ဖောက်လုပ်ထားသည့် လမ်းတစ်ခု …။ ယင်းလမ်းနှစ်ခုဆုံရာ လက်ယာဘက်ခြမ်းတွင်တော့ မြင်းလှည်းဂိတ်၊ ကားဂိတ်၊ လက်ဘက်ရည်ဆိုင်တို့က စီစီရီရီ …။ မြင်းလှည်းဂိတ်ရှေ့တွင် မြင်းလှည်း သုံးလေးစီး ရပ်တန့်ထား၏။ ကားဂိတ်တွင်တော့ မော်တော်ကားနှစ်စီး ရပ်လျှက်၊ လက်ဘက်ရည်ဆိုင် အတွင်းတွင်မူ ကားသမားများ၊ မြင်းလှည်းသမားများနှင့် ခရီးသည်များဖြင့် စည်ကားနေပေသည်။ # # # # # # # # # […]