Mg Yay ChanJanuary 20, 20131min650
သစ်ပင်တစ်ပင်သည် သစ်ပင်တစ်ပင်သာဖြစ်သည်ဟု လွယ်လွယ်ထင်မှတ်နိုင်သော်လည်း ထိုသစ်ပင်တစ်ပင်က ပြောသောရာဇဝင်သည် တခမ်းတနားရှိနေတတ်ပါသည်…၊၊   ကျွန်တော်နေထိုင်ရာအိမ်ခြံဝင်းသည် အကျယ်ကြီးမဟုတ်ပေ ၊၊သို့သော် သစ်ပင်စိုက်ရန်ဝါသနာထုံ လှသောကျွန်တော့်အဖေအစွမ်းကြောင့် မြေပိုလေးတွင်စိမ်းစိမ်းစိုစိုနှင့်သစ်ပင်လေးများဖြစ် တည်လာခဲ့သည် ၊၊ရှောက်ပင် ၊ မာလကာပင် ၊ ရဲယိုပင်မှ အစ နှင်းဆီ ၊စံပယ်စသော ခပ်အုပ်အုပ် အပင်ငယ်လေးများအထိ ကျွန်တော်တို့ခြံဝင်းထဲတွင်ရှိနေပါသည် ၊၊ ထိုထိုသောအပင်များစွာထဲကမှစိတ်ဝင်စားဖွယ်လည်းမကောင်း၍ကဗျာလည်းမဆန်သော သရက်ပင်အိုကြီးတစ်ပင်ကိုမှနေ့စဉ်နေ့စဉ်ငေးမောကြည့်ဖြစ်၏၊၊ထိုသရက်ပင်ကိုကြည့်မိတိုင်းအတွေးမျှင် တို့သည်ပင့်ကူအိမ်သဖွယ်ကွန်ယက်ဖြန့်ကျက်လာလေ့ရှိ၏…၊၊ထို့နောက်…အတွေးပေါင်းများစွာတို့သည် ငွေ့ရည်ဖွဲ့ကာစုစည်းလာတတ်ပါသည် ၊၊ သရက်ပင်ဟူသည်ဘာမှထူးထူးခြားခြားအပင်မျိုးမဟုတ်ကြောင်းလူတိုင်းသိပါလိမ့်မည်၊၊ အခြား၊အခြားသောအပင်များကဲ့သို့ပင် အကိုင်းအခတ် ၊ရိုးတံ ၊အရွက် ၊ အမြစ် ၊ပင်စည် ၊ အသီးအပွင့်  စသည်တို့ ပေါင်းစပ်၍ဖွဲ့စည်းထားခြင်းပင်၊၊ သရက်ပင်ကြီး၏ပင်စည် သည်လည်းကောင်း ၊အကိုင်းအခတ် အရွက်များသည်လည်းကောင်း ကဗျာတစ်ပုဒ်စပ်ဆိုရလောက်အောင် နုရွလှပနေသည်မဟုတ်ပေ…၊၊ ထိုသို့သာမန်သာဖြစ်သည့်မထူးဆန်းသောသစ်ပင်အိုကိုနေ့တိုင်းနေ့တိုင်းကျွန်တော် ဂရုတစိုက်ကြည့် မိခြင်းသည်သာ ထူးဆန်းကောင်းထူးဆန်းနေပေလိမ့်မည် ၊၊ ………………..       ……………     ……………. […]


          လေးဘက်လေတန် အလုံပိတ် အခန်းလေးအတွင်းမှာ ဂီတသံစဉ်တွေ ကျူးရင့်လို့နေတယ်။ ဒီအခန်းလေး အတွင်းမှာတော့ ရင်ဘတ်ကြီးတစ်ခုလုံး တဒိတ်ဒိတ်လိုက်ခုန်နေလောက်အောင် ဂီတသံစဉ်တွေက ကျယ်ကျယ်လောင်လောင်ပေါ့။ တစ်ချက်တစ်ချက် မဆိုစလောက်လေး ဟနေတဲ့ အခန်းတံခါးဆီကနေ ပြင်ပ ပတ်ဝန်းကျင်ကို အဲဒီ သံစဉ်တွေ လွှင့်ပျံ့လာတတ်ပေမယ့် တိုးတိုးလေးမှ တကယ့်ကိုတိုးတိုးလေး။ သူ့ ရင်ခွင်ကျယ်ကျယ်ကလေးကို မှီရင်း ရီမုတ်ကွန်ထရိုးတစ်ခုကိုကိုင်၊ လက်တစ်ဖက်ကတော့ ပန်းသီးစိတ်ကလေးတွေကို သူ့ပါးစပ်ဖျားဆီကိုအရောက်ပို့။ မျက်ဝန်းတွေက ရီဝေဝေဆိုတော့ အလင်းဖျော့ဖျော့ အခန်းလေးအတွင်းမှာ ဆန်ကျင့်ဘက်ဆွဲအားတွေနဲ့ မှိုင်းမိနေကြသလိုပေါ့။ တစ်ချက်တစ်ချက် သူ့လက်တွေ သူမရဲ့ ခန္ဓာကိုယ်လေးပေါ် ပွတ်သပ်ကစားတယ်။ အင်းလေ ခုချိန်မှာ သူမက သူ့ရင်ခွင်ထဲက အလှမွေးကြောင်ကလေးတစ်ကောင်။ ခံစားမှုကင်းမဲ့နေတဲ့ သူမရဲ့မျက်နှာမှာ သခင့်အလိုကျ အလိုက်သင့်ကလေး စီးမျောကျေနပ်နေတယ်ဆိုတာ ပြရတယ်။ သူ့နှုတ်ခမ်းတွေ တီးတိုးတီးတိုးဆိုတယ်။ သူမ […]


          ကောင်လေးမျက်နှာကိုကြည့်ရင်း သူတစ်စုံတစ်ခုကိုပြောချင်နေသည်။ ဟင့်အင်း မေးချင်နေသည်။ သူ့ရင်ထဲတွင် သိချင်နေသော အကြောင်းတွေ ကောင်လေးနှင့်ပတ်သက်၍ တစ်စုံတစ်ခုမက များစွာရှိနေသည်။ အမှန်တော့ သူသိပြီးသားဖြစ်သော အကြောင်းတွေဖြစ်ပါလျှက် ဤအကြောင်းတွေ မှန်ပါသည်ဟု ကောင်လေးနှုတ်မှ ဝန်ခံခြင်းကို လိုလားနေခြင်းဖြစ်သည်။ နားထဲတွင် လာရောက်ရိုက်ခတ်သော ကောင်လေး၏ အကြောင်းတွေကို သူသိပါလျှက်နှင့် မသိကျိုးကျွန်ပြုကာ တစ်နေ့ပြောလာနိုးနှင့် သူမျှော်နေခဲ့သည်။ ရက်တွေတစ်ရက်ပြီးတစ်ရက် ကုန်လွန်သွားခဲ့သည်။ ကောင်လေးဘက်မှ နှုတ်ဆိတ်နေမြဲ ။ မည်သို့သော စကားမျိုးနှင့် ဘယ်လို စမေးရမည်ကို သူမသိ။ သူ့ဘက်ကစပြီး မေးရခြင်းထက် ကောင်လေးဘက်က “ဒီလိုရှိပါတယ်“ဟု ပွင့်ပွင့်လင်းလင်း ပြောလာလျှင် ပိုကောင်းမည်ဟု တွေးမိသည်။ တစ်နေ့တစ်နေ့ သိချင်စိတ်ပြင်းပျခြင်းသည် တိုး၍လာလျှက် အမည်မသိသော ဝေဒနာတစ်မျိုးသည် သူ့ဦးခေါင်းကိုရော ၊ သူ့ရင်ဘတ်ကိုရော မွှေနှောက် ခလောက်ဆန်လျှက်ရှိနေသည်ကိုသာ […]


naywoon niJanuary 15, 20131min31118
တစ်ရက်က ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့အဆက်အသွယ်ရလို့ အင်တာနက်အကြောင်းပြောမိရာက သူဖေ့စ်ဘွတ်ပေါ်မှာ ရှိနေတယ်ဆိုတာသိလိုက်လို့ သူ့အကောင့်တောင်းပြီး ဂျီတော့ပေါ်မှာ စကားပြောဖို့ ခေါ်လိုက်ပါတယ်….။ ကျောင်းတုန်းကသူငယ်ချင်းဆိုတာက 88 ကျောင်းပိတ်တော့ကွဲကွာသွားတဲ့သူငယ်ချင်း နောက်တွေ့ဖြစ်တော့လည်းခဏတစ်ဖြုတ်ရယ်…။ စကားစမြည်ဆိုလို့ အားရပါးရ ပြောဖြစ်ချိန်ရယ်နဲတယ်…။ သူကလည်းသူ့အလုပ်နဲ့ ကိုယ်ကလည်းကိုယ့်ကိစ္စနဲ့ကိုဆိုတော့ တွေ့ရရင်လည်းခဏတဖြုတ် အေးအေးဆေးဆေးရယ်လို့မရှိခဲ့တာ….။ ဒါနဲ့ ခုတော့ဂျီတော့မှာအားရပါးရစကားပြောရပြီဟဲ့လို့ စိတ်ကူးလိုက်ပါတယ် …။ သတောင့်သားက တော်တော်နဲ့ ဂျီတော့ကနေအက်ထားတာ လက်မခံပြန်ဘူး….။ သေချာအောင်ဖုန်းနဲ့ဆက်ပြီးတော့ သူ့အကောင့်ပြန်မေးရင်း မင်းအင်တာနက်သုံးနေတာကြာပြီလားလို့ ပြန်မေးရသေးတယ်…။ မကြာသေးဘူးတဲ့ သူကဖေ့စ်ဘွတ်ပဲ သုံးတာတဲ့ ဟိုက်ရော…………။ အဲဒါနဲ့ဖုန်းထဲကနေဆဲလိုက်ရတယ်….။ နင့် xxxကလွှား လို့ ဟုတ်တယ် အင်တာနက်ပေါ်မှာ ဖေ့စ်ဘွတ်တစ်ခုထဲရှိတာကျနေတာပဲ….။ ဟုတ်တယ်…။ ဒါနဲ့ဂျီတော့ကိုလာခဲ့ အဲဒိရောက်မှ ဆက်ပြီး ဆဲမယ်လို့ပြောလိုက်တယ်…။ ညရောက်တော့ ဂျီတော့ပေါ်ကိုတက်လာပါတယ်…။ အဲဒိတော့မှာ သူကြည့်သင့်ဝင်သင့်တဲ့လင့်တွေ ပေးလိုက်တော့ ဘယ်လိုဖွင့်ရမှာလဲတဲ့……။ […]


ဦးေက်ာက္ခဲJanuary 15, 20132min57362
                              ကျွန်တော် ဦးကျောက်ရဲ့ဘဝက ခွင့်ရလို့အိမ်ပြန်၊ ဇိမ်နဲ့နှပ်နေဖို့ ကြံပေမယ့် ဇာတာ မပါဘူးခင်ဗျ။ အိမ်မှာ ဖခင်ကြီးကွယ်လွန်ပြီးထဲက မိန်းမသားတွေချည်းပဲဆိုတော့၊ ပြန်ရောက်တာနဲ့ကျိုးတာတွေ ဆက်၊ ပျက်တာတွေပြင်၊ လက်သမားဆရာ အလုပ်၊ မီးပြင်ဆရာ အလုပ်၊ တန်းစီပြီး လုပ်ရတာပေါ့ခင်ဗျာ။ သိတော်မူကြတဲ့အတိုင်း နိုင်ငံတော်အစိုးရမင်းများက စေတနာကြီးကြီးထားပြီး နိုင်ငံရေးသမားတွေကို ထောင်ထဲမှာ အနားယူစေ၊ ဒုစရိုက်သမားများ ထမင်း အလကား မကျွေးနိုင်၊ ကိုယ့်ဟာကိုယ် ရှာစားဆိုပြီး လွတ်ငြိမ်းမိန့်တွေနဲ့ လွှတ်လိုက်တော့၊ ကြောက်အားပိုတဲ့ အိမ်ကလေဒီများ  ပျက်နေတာတွေကို လူခေါ်မပြင်ဘဲ နဂိုရည်အတိုင်း ထားထားကြတာမို့ပါ။   […]


          လူများပြည့်ကျပ်နေသဖြင့် ဘယ်နေရာတွင် နေရာယူရမှန်း မသိဖြစ်နေသည်။ သူ ယောင်ချာချာ ဖြစ်နေစဉ်တွင်ပင် “ဟာ ဆရာ၊ ဟုတ်သားပဲ။ ဆရာအတွက် အခန်း ကျွန်တော်တို့စီစဉ်ပေးမယ် ခဏလေးနော်“ “ရပါတယ် ဒီနားလေးမှာပဲ နေရာယူလိုက်ပါ့မယ်“ “ဟာ မဟုတ်တာပဲ ဆရာ ။ ခဏလေး စောင့်ပါ။ ဒီနေရာမှာ မသင့်တော်ပါဘူး။ ခဏလေးပါ ဆရာ“ ပြောပြောဆိုဆိုဖြင့် ထွက်သွားသော စာရေးလေးကို သူ ကျေးဇူးတင်သွားမိသည်။ ဒီနေရာကို သူရောက်တော့ အောက်ထပ်ရော အပေါ်ထပ်မှာပါ နေရာတွေက ပြည့်သလောက်ရှိနေသည်။ သူ့မှာ ပါလာသော ပစ္စည်း ပစ္စယတွေကိုပင် နေရာချစရာ နေရာမရှိတော့။ သူ့ သားတပည့်တစ်ယောက်ဖြစ်သော ကျော်ခိုင်က နေရာတစ်နေရာရလို ရညားလိုက်ရှာနေသည်။ ကျန်သည့် တပည့်တွေက ပစ္စည်းတွေ စုပုံထားသည်နေရာမှာ မျက်နှာငယ်ကလေးတွေနှင့် […]


ကာရံJanuary 13, 20131min1406
အေးဆက်နေတဲ့လက်တစ်စုံနဲ့ မရင့်ကျက်သေးတဲ့ နှလုံးသားအောက်မှာ ချစ်ခြင်းတရားတွေက အမုန်းပွားလက်နက်အလား အရှုံးတွေရဲ့ကြားမှာ ကျဆုံးနေဆဲပါပဲလေ မသိသေးခြင်းများစွာအောက်မှာ အသိတရားမရနိုင်သေးတာ မင်းလေးရဲ့ငြို့ချက်တွေကို ငါတွန်းဖယ်ဖို့ခွန်အား မွေးဖွားမှုမရှိတာကိုက တတိယံမိ ငါထက်ရှုံးနေဆဲပါပဲလေ အချစ်ဆိုတာ ရေးရတာလွယ်သလောက် မွေးဖွားရတာခက်မယ်ဆိုရင် ပြောခဲ့ချင်ပါတယ် ချစ်ခြင်းရဲ့ အပြစ်ကင်းတဲ့ သံဇဉ်တွေကလေ အခုတော့ လမင်းရဲ့ဘေးမှာ ဝန်းခနေတဲ့ ကြယ်စင်လေးတွေတောင် မျက်ရည်ကျလုမတက် မှိုင်နေတော့မယ်ဆိုတာ……….. ပိတောက်မိုး


ခရီးသွားခြင်းက အကောင်းဆုံးသင်ယူတဲ့နည်းလမ်းဆိုတာ အစောကတည်းက ကျွန်တော် နားလည်ခဲ့ပါတယ်။ ကျွန်တော့်ရင်ထဲမှာလည်း ခရီးသွားဝိဉာည်က စိုးမိုးနေတုန်းပါပဲ။ နောက်ပြီး ကျွန်တော်ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း လက်ဆင့်ကမ်းမျှဝေသင့်တယ်လို့ တွေးမိခဲ့ပါတယ်။ ကျွန်တော့်လိုပဲ တစ်ခြားခရီးသွားတွေ အသုံးဝင်နိုင်ကောင်းရဲ့ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။   (၁) ပြတိုက်တွေကို ရှောင်ပါ။ ဒီအချက်ကတော့ ရူးနှမ်းနှမ်းအကြံဉာဏ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ နည်းနည်းလောက် တွေးကြည့်ကြရအောင်။ တကယ်လို့များ ခင်ဗျားတို့တွေ နိုင်ငံရပ်ခြားမြို့တစ်မြို့ကို သွားလည်မယ်ဆိုရင် ပြီးဆုံးသွားတဲ့အတိတ်ထက် လက်ရှိပစ္စုပ္ပန်ကို ရှာဖွေလေ့လာရတာ ပိုစိတ်ဝင်စားဖို့ မကောင်းဘူးလား။ တကယ်တော့ လူတွေက ပြတိုက်ဆိုတာ မဖြစ်မနေသွားရမယ့်အရာလို့ ခံယူထားခဲ့ကြပါ။ ဒါကလည်း ခရီးသွားခြင်းဆိုတာ ပြတိုက်ထဲက ယဉ်ကျေးမှုတစ်ရပ်ကို ရှာဖွေခြင်းလို့ ဟိုးငယ်ငယ်ကတည်းက သင်ကြားခဲ့ရလို့ပါပဲ။ အမှန်တကယ်တမ်းတော့ ပြတိုက်တွေက အရေးကြီးပါတယ်။ ဒါပေမယ့် အချိန်နဲ့ရည်ရွယ်ချက် လိုအပ်တယ်။ အဲဒီပြတိုက်မှာ […]


          တနေဝင် တမိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ်တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာမှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။ ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့ဩနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြတာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး အူလိုက်သည်းလိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ ဘာလဲလို့မေးလာခဲ့ရင် ခု […]


:bar: စာဖတ်သူပေးတဲ့သင်ထောက်ကူ :bar: (ဒီပို့စ်လေးဟာဆိုရင် မြန်မာလူမှုကွန်ယက်ဆိုဒ်တွေအတွက် အထူးရည်ရွယ်၍ရေးသား တင်ပြခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဂေဇက်ရွာသူားများရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးပေးကြစေလိုပါတယ်။) ဝါသနာရှင်တွေအနေနဲ့ စာတွေရေးသား မှုအပေါ် စာဖတ်သူပရိတ်သတ်တွေက ခင်မင်မှုအရ ဝင်အားပေးတာပဲဖြစ်ဖြစ်၊တကယ်စာဖတ်တာဝါသနာပါလို့ ဝင်ရောက်ဖတ်ရှုတာပဲဖြစ်ဖြစ် တကယ့်ကို စိတ်ထဲမှာခံစားလို့ရတဲ့ အပြုသဘောဆောင်တဲ့ ထင်မြင်ယူဆချက်၊ဝေဖန်ချက်တောက်ပြချက်၊ ဆွေးနွေးချက်တွေပေး သင့်တယ်လို့ထင်မိပါတယ်။ အခုဆိုရင် အွန်လိုင်းစာပေလောကကြီးဟာ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လို့်လာပါပြီ။ဟိုယခင်က ဝါသနာရှင်တွေဟာ မိမိတို့ဝါသနာအရ ရေးသားဖန်တီးထားတဲ့စာပေတွေ၊ခံစားချက်သရုပ်တွေကို ထုတ်ဖော် ပြသခွင့်ရစရာဆိုလို့ ပုံနှိပ်မီဒီယာကိုသာ အားကိုးကြရပါတယ်။ပုံနှိပ်မီဒီယာဆိုတာကလည်း ကိုယ်ထင်သလို၊ မျှော်မှန်းတဲ့အတိုင်း ပါဝင်တင်ဆက်ခွင့်ရနိုင်တဲ့ နေရာမျိုးမှမဟုတ်တာအားလုံးအသိပါ။နိုင်ငံရေးအမြင် တွေကို ရေးသားပုံဖော်လိုသူတွေ၊ ဘာသာရေးအမြင်၊ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာစတာတွေကို လွတ်လပ်စွာဖော်ကျူးရေးသားခွင့် အပြည့်အဝမရရှိနိုင်ပါဘူး။ ပုံနှိပ်လောကမှာ နေရာတစ်ခုရဖို့အတွက် ကျိုးစားအားထုတ်မှုပိုင်းမှာ အများနဲ့တန်းတူရင်ဘောင် မတန်းနိုင်မချင်း မိမိရဲ့ဖန်တီးရေးသားပုံဖော်မှုတွေ ဟာ ပုံနှိပ်စာတွေမှာတောင် မြင်ခွင့်ရဖို့ခဲယဉ်းလှပါတယ်။မိမိရဲ့လက်ရာအရည်အသွေး ဘယ်လိုဘယ်ပုံရှိ တယ်၊လူအများရဲ့ […]


နွေရာသီကျောင်းပိတ်ရက်မရောက်ခင် နှစ်ပါတ်အလိုမှာ ရိုင်ရမ်တစ်ယောက် ပေါ်ပြူလာအဖြစ်ဆုံးနေရာကနေ ပေ ငါးဆယ်အမြင်ကနေ ပြုတ်ကျသလိုပဲ ပြုတ်ကျခဲ့တယ်။ ဘယ်သူမှ သေချာမသိပေမယ့် ပေါ်ပြူလာဖြစ်ကြတဲ့ အခြားသူတွေကလည်း သူ့ကိုရှောင်ဖယ်လာကြပြီး အခြားကျောင်းသူကျောင်းသားတွေကလည်း ဂရုမစိုက်ကြတော့ဘူး။ နေ့လည်ထမင်းစားချိန်ရောက်တိုင်း သူက သူထိုင်ချင်တဲ့ စားပွဲမှာ တစ်ယောက်ထဲ ထိုင်လေ့ရှိတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့ကို စကားပြောဖို့မဆိုနဲ့ ၊ အနားကတောင်ဖြတ်မသွားရဲကြဘူး။ “ဟေ့ .. ထမင်းစားပွဲတစ်ခုလုံးကို မင်းတစ်ယောက်ထဲ ယူထားတာ မကောင်းဘူး” လို့ပြောလိုက်ပြီး ကျွန်မ ထမင်းပန်းကန်ကို သူ့ဘေးမှာချလိုက်တယ်။ သူကတော့ စာရွက်ပေါ်မှာ တစ်ခုခုရေးခြစ်လို့ ရှိသမျှလူတွေအားလုံးရဲ့အကြည့်ကို ဥပက္ခောပြုထားတယ်။ ရိုင်ရမ်တစ်ယောက် ကျွန်မအသံကြောင့် မော့ကြည့်လာတယ်။ ကျွန်မ သူ့ကို တစ်ခါမှ စကားမပြောဖူးပေမယ့် ကျောင်းထဲမှာ သူ့ကို ခဏခဏတွေ့ဖူးတယ်။ ကျွန်မတို့က မူလတန်းကထဲက တစ်တန်းထဲ တက်လာကြတာ။ […]


ခံပြင်းမှုဝေဒနာ အဟုန်ဖြင့် ညစဉ်အိပ်မရဖြစ်နေသော ကျွန်တော်သည် ယနေ့ညတွင်လည်း အိပ်စက်ခြင်းမရှိပဲဖြစ်နေသည်။ ဘဝတစ်လျှောက်လုံးလုံး ယနေ့ညလောက် နေရ ထိုင်ရခက်သည်မရှိ။ အိပ်ယာပေါ်တွင် ဟိုလူး ဒီလိမ့်ဖြင့် ညသည် ကုန်ဆုံးလုလုဖြစ်လာသည်။ မကြာမီအချိန်အတွင်းမှာပင် ရောင်နီလာတော့မည်။ အတွေးစဉ်တလျှောက်လုံးတွင် ထစ်ချုန်းမိုးတို့ရွာသွန်းလျှက် လှိုင်းထန်နေသော ပင်လယ်တစ်ခုနှယ် ဝုန်းဒိုင်းကျဲနေသည်မှာ သာ၍သာဆိုးနေသေး၏။ ရစ်ပတ်ချည်နှောင်ခြင်းမရှိသော်လည်း တရစ်ပြီးတရစ် လုံးထွေးပစ်လိုက်သည့်နှယ် ကျွန်တော် ရင်ဘတ်သည် သေးငယ်ဆူးအောင့်နေခဲ့သည်။ ရင်ဘတ်ကြီးတစ်ခုလုံးတွေ သေးငယ်သော ဆံမျှင်များချည်နှောင်ထားသဖြင့် အားကုန်ရုန်းကန်၍ရသော်လည်း ရုန်းကန်ရန် အင်အားမရှိနေသည်ကိုတော့ ကျွန်တော့်ကို ကျွန်တော် အံ့ဩမိရင်းဖြင့် လွန်ခဲ့သော ရက်သတ္တပတ်သည် အာရုံတွင် စွဲထင်လာတော့၏။ (တစ်) မျက်ဝန်းထောင့်တစ်နေရာတွင် အရိပ်ကလေးတစ်ခု ထင်ဟပ်နေသည်။ရနံ့တစ်မျိုးသည် လေအလျှင်တွင် ဝေ့ဝဲလျှက် ကျွန်တော့်နှာသီးဝမှတဆင့် အသက်ရှူရာလမ်းကြောင်း တလျှောက် တဖြည်းဖြည်း ချဉ်းနင်း ဝင်ရောက်လာသလိုမျိုး ခံစားနေရသည်။ […]


ဦးေက်ာက္ခဲJanuary 8, 20131min45036
“ကဲ………. ဟေ့ကောင်တွေ ၊….. အားလုံး တန်းစီကြ” မနက်လင်းလို့ ထမင်းလှော်နဲ့ကော်ဖီလွေးပြီး ကွင်းမဆင်းခင် ယောင်တောင်ပေါင်တောင်လုပ်နေတဲ့ မောင်ကျောက်တို့တစ်အုပ်ကို ဆရာဝင်း ဓမ္မာရုံအဝကနေ လှမ်းအော်လိုက်ပါတယ် ။ မောင်ကျောက်တို့လည်း အပျင်းကြောဆွဲ ၊ ဇက်ချိုး ခါးချိုး ၊ လေးလေးပင်ပင်နဲ့ ဘုန်းကြီးကျောင်းဘေးကကွက်လပ်မှာ တဝါးဝါးသမ်းရင်း တန်းစီရတာပေါ့ဗျာ ၊ ဘယ်တတ်နိုင်ပါ့…… ပင်ပန်းမယ့်ဇာတာပါလာတာကိုး ။   “ဒီနေ့ဈေးနေ့၊ ညနေ အသားဟင်းကျွေးမယ် ၊ ဝက်သားစားမယ့်သူစာရင်း ၊ အမဲသားစားမယ့်သူစာရင်းပေး ။ ပြီးတော့ ဘိုကစ်(ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဓာတ်ခွဲခန်းလုပ်သား ဦးကစ္စနား) နဲ့ ဈေးလိုက်သွားပြီး ထမင်း ၊ ဟင်း ကူချက်မယ့်ကောင် ရှေ့ထွက် ။ ဟိုနားက….. ဒို့မြန်မာမူဆလင်ငါးယောက်….. ၊ မင်းတို့အထဲကရော….. ဘယ်ကောင် ချက်မှာလဲ” […]