ဦးေက်ာက္ခဲFebruary 4, 20131min27786
                      တမြန်နေ့ညက ဦးကျောက်ဘော်ဘော် စလုံးကျွန်းက မုဆိုးဖိုလေး မောင်ဘအေး မူးစစနဲ့ ဖုန်းဆက်လာတယ်ခင်ဗျ။ သူနဲ့ဦးကျောက် ကျောင်းတော်ကြီးမှာတုန်းက သိပ်မတွဲဖြစ်ကြပေမယ့် စလုံးကျွန်းမှာတော့ တစ်အိမ်ထဲနေ၊ တစ်အိုးထဲစား၊ တစ်စားပွဲထဲမှာ အတူထိုင်သောက်ခဲ့ကြတဲ့ ငြင်းဖော်ငြင်းဖက် အချစ်ဆုံးသူငယ်ချင်းဆိုရင် မမှားပါဘူး။ ဘအေးက အဖေ ဗမာ၊ အမေ ရှမ်းဆိုတော့ ရှမ်းငချိပ်ရုပ် ခင်ဗျ။ သူ့ရုပ်ရည်ကို မျက်စိထဲမြင်အောင်ပြောရရင် ဆရာကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်ကို အိုးမဲသုတ်၊မျက်မှန်တပ်ေ ပးလိုက်ရင် ချွတ်စွပ်တူပါလိမ့်မယ်ခင်ဗျာ။ အဲ… သူသာ မည်းတာ။ သူ့ဇနီးကလည်း ရှမ်းပျိုဖြူဆိုတော့ သူ့သမီးလေးတွေက ဖြူဖြူချောချောလေးတွေပါ ခင်ဗျာ။   အနှီ ဘအေးနဲ့ ဦးကျောက် […]


htet wayFebruary 3, 20131min31418
ညီမလေးရေ ချစ်ခြင်းမေတ္တာရဲ့လေးနက်မှုကိုအကိုတွေးဖူးတယ်။အချစ်မှာသတ္တိတွေခွန်အားတွေရှိတယ်အနစ်နာခံခြင်းတွေရှိတယ်။နောက်သူပျော်စေတော့ဆိုတဲ့ အလျှော့ပေး စိတ်တွေရှိတယ် ကွယ်။ တစ်ချို့ကတော့ အချစ်ဆိုတာကိုအစာအဖြစ်တပ်ဆင်ပြီးလူကလူကိုမျှားတတ်ကြတယ်။ စိတ်ရဲ့ထွေပြားမှုကြောင့်လည်းအချစ်လို့ထင်ယောင်ထင်မှားဖြစ်တတ်ကြတယ်။ ညီမလေးရေ မြို့မှာကိုယ်ရေပြားရောဂါသည်အမျိုးသမီးတစ်ယောက်နဲ့လူငယ်လေးတစ်ယောက်ရဲ့လက်ထပ်ပွဲလေးတခုကိုအကိုကြားမိလိုက်တယ်။ အမျိုးသမီးကအသက်(၃၀)ကျော်နဲ့(၂၀)ကျော်လောက်ရှိတဲ့လူငယ်လေးလက်ထပ်ပွဲကို အကိုအံ့ဩလိုက်တာညီမလေးရယ်။သူတို့လက်ထပ်ပွဲကတော့မခမ်းနားပါဘူးရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာပဲ ဧည့်သည်လေးတွေဖိတ်လို့ညပိုင်းလေးမှာလက်ထပ်စာချုပ်ကိုလက်မှာတ်ရေးထိုးတာပါ။ကွက်သစ်နောက်လမ်းလို့ခေါ်တဲ့ဆင်းရဲသားတွေနေတဲ့နေရာ လေးကလက်လုပ်လက်စားမိသားစုပညာ လည်း မတတ်ကြသူတွေပေါ့ညီမလေးရယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မှာသတို့သမီးကအဝါရောင်ချိတ်ထမီနဲ့အမျိုးသားကလည်းတိုက်ပုံအကျီလေးနဲ့ပေါ့။လက်ထပ်စာချုပ်ချုပ်ဆိုလက်မှတ်ရေး ထိုးတဲ့အခါမှာသတို့သမီး လက်ကလေးတွေကိုရပ်ကွက်လူကြီးကြည့်လိုက်တော့လက်ကလေးတွေကပွန်းပဲ့နေတယ်၊သွေးစလေးတွေထွက်နေတယ်။သူမကပြောသေးတယ် ကျွန်မပျော်လိုက်တာတဲ့လေ။သူ့အမျိုးသားကလည်းဖေးဖေးမမရှိလှပါတယ်။လူတွေကရှောင်ဖယ်ခြင်းခံရတဲ့ကိုယ်ရေပြားရောဂါသည်တစ်ယောက်ကို လက်ထပ်ပေါင်းသင်းမယ့် သတို့ သား ကိုအကိုတော့အ့ဩမိတယ်။ရွံ့ရှာစိတ်ကိုဖျောက်ထားနိုင်တဲ့သူ့ရဲ့စိတ်ကိုညီမလေးရောမအံ့ဩမိဘူးလား။တခါကဆင်းရဲသားလေး တစ်ယောက်လက်ထပ်ပွဲကို အကိုသတိရမိပြန်တယ်ညီမလေး။သူ့ခမျာခမ်းခမ်းနာနားလက်မထပ်ရှာနိုင်ဘူး။ မိတ်ဆွေတစ်ချို့ကိုအိမ်မှာဧည့်ခံလို့အကျဉ်းချုံးလေးလက်ထပ်လိုက်ရရှာတယ်။ အိမ်အပြန်မှာချစ် ဇနီးချော လေးကို ခေါ်လို့ ပြန်လာတဲ့အခါစရိတ်ကမလောက်ငှ ရှာ ဘူးလေ။ခရီး တစ်ထောက် ထမင်းစား ဖို့ ကျတော့ သူ့ချစ်သူလေးကိုဆိတ်သားနဲ့ကျွေးပြီးသူကဘေးကထိုင်ကြည့်နေရှာတယ်။ဒီအချိန်ဟာသိပ်ဆာနေတဲ့အချိန်လေ။အကိုကမြင်နေခဲ့တယ်။ ပြီးတော့သူတို့ရဲ့အဖြစ်သနစ်ကိုလည်း ရိပ်မိနေတယ်။ဒါကြောင့်သူတို့ဝိုင်းမှာဝင်ထိုင်ပြီးထမင်းဆိုင်စားပြီးပေမယ့်အကိုကဖျော်ရည်တစ်ခွက်မှာလိုက်မိတယ်ပြီးတော့သူ့ကို “ညီလေးမင်းကိုအကိုထမင်းကျွေးချင်တယ်အကိုစာမူခလေးရလာလို့ပါ” ဆိုပြီးမေတ္တာရပ်ခံပြီးကျွေးလိုက်ရတယ်ညီမလေး။အကို့အသိကောင်လေးပါ။ သိပ်ချစ်ကြတဲ့ချစ်သူအိမ်ထောင်ဘက်လို့အကိုသတ်မှတ်ခဲ့တယ်။သူ့ဇနီးကလည်းအလိုက်သိတတ်တယ်။ သူ့အမျိုးသားအလုပ်ကပြန်လာတာနဲ့ကြိုဆိုပြီးမောင်မောနေလား၊ခဏနားနော်ရေတစ်ခွက်လောက်သောက်လိုက်ထမင်းပြင်ပေးမယ်သိလားဆိုပြီး ယပ်တောင်ခတ်ပေးလို့ပြုံးပြုံးရွှင်ရွှင်နဲ့နေထိုင်ကြတာအကိုမြင်ဖူးတယ်။အလုပ်ကြမ်း လုပ်ရရှာတဲ့ လင်ယောက်ျားရဲ့ အားပေးဖေါ် အားဆေး တစ်ခွက် ပဲမဟုတ်ဘူးလား။ ညီမလေးရေသူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ပေါင်းစပ်ပြီးထွက်တဲ့ခရီးလေးကလှလိုက်တာနော်။အေးတူပူမျှဆိုတဲ့စကားလေးကို အကိုသူတို့ကိုကြည့်ပြီးပုံဖေါ်မိပါတယ်။ အကိုရင်ထဲဝေမျှခံစားနာကျင်ကြေကွဲရတဲ့ချစ်သူစုံတွဲလေးတစ်တွဲတော့အကိုတွေ့ဖူးတယ်။ကောင်လေးကဆယ်တန်းမကောင်ရှာဘူး […]


ဂေဇက်မှရွာသူရွာသားများကိုအရင် ဆုံးတောင်းပန်ပါရ စေ။ကျွန်တော်သော်ဇင် နဲ့ မိခင်ဖြစ်သူမှာ မန္တလေးပြည့်သူ့ဆေးရုံကြီး မျက်နာနှင့် မေးရိုး ခွဲစိတ်ဌာတွင် တက်ရောက် ကုသမှုခံ ယူနေရပါတယ်။ ဒါ့ကြောင့် လတ်တ လော ကျွန်တော့်အ နေနဲ့ စာများရေးတင်နိုင်ဦးမည် မဟုတ်ပါ။ ဖြစ်စဉ်မှာ ၂၅့  ၁့  ၂၀၁၃နေ့ တွင် လွိုင်ကော် မှ မိထီ္တလာသို့ ထွက်ခွာလာသော ကိန္နရာရှမ်း ယာဉ်သည် ယင်းမာပင် သံလမ်းကွေ့ ကုန်းဆင်းတွင် ဘရိတ်ပေါက် တိမ်းမှောက်သွားခဲ့ရာ ကျွန်တော်နှင့် မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ် ရာများ ရရှိခဲ့သည်။ ကျွန်တော်၏ မိခင် မှာ ဒဏ် ရာပြင်းထန်သဖြင့် ယင်းမာပင် တိုက်နယ်ဆေးရုံမှ လွဲစာဖြင့် မိထီ္တလာဆေးရုံသို့ရောက် ရှိခဲ့ရာ ထိုမှတဆင့် မန္တလေးဆေးရုံကြီးကိုလွဲပြောင်း ခဲ့သဖြင့် လက် ရှိတက်ရောက်ကုသနေပါသည်။ ခုချိန်ထိ ယာဉ်အုံနာမှာ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းမပြုဘဲ တာဝန်မယူနိုင်ကြောင်း […]


kaiJanuary 31, 20131min36517
Recycleနှင့် ကျမ၏ကိုယ်တွင်းပဋိပက္ခ အမေရိကားကိုစရောက်သည့်အချိန်ကစပြီး ခုချိန်ထိကျမစိတ်အဝင်စားဆုံးအရာတွေထဲမှာ စွန့်ပစ်ပစည်းပြန်လည်လည်ပတ်သည့်ဆိုင်ကလေးများသည်  ပထမဆုံးနေရာမှပါဝင်ခဲ့သည်။ သာမန်အားဖြင့်ဆိုလျှင် Recycleဆိုင်ကလေးများသည် အခြားစီးပွားရေးလုပ်ငန်းဆိုင်ခန်းများလို သီးသီးသန့်သန့်သူ့နေရာနှင့်သူမဟုတ်ဘဲ ကုန်စုံဆိုင်ကြီးများအနောက်ဘက်မှာ ဆိုင်ခန်းဖွင့်ပြီးဖြစ်စေ၊ 7/11လိုစတိုးဆိုင်များရှိသော squareခေါ်ဆိုင်ခန်းစုပေါင်းဝန်းထဲတွင် ခပ်ကျဉ်းကျဉ်းတစ်နေရာဖြစ်စေ လူဝင်လူထွက်များသောေ နရာများတင် ယှဉ်ပြီးဖွင့်ထားလေ့ရှိသည်။ ထိုဆိုင်ခန်းလေးများသည် သာမန်အမြင်ဖြင့်ကြည့်လျှင် သပ်သပ်ရပ်ရပ်လည်းမရှိ၊ ဖန်ပုလင်းများတစ်ခုနှင့်တစ်ခုထိခတ်မိသံ၊ အလူမီနီယမ်သံဗူးများကို ဆင့်ကာဆင့်ကာပစ်ချသဖြင့်“ကလုံ၊ကလုံ”မြည်သောအသံ၊ဆိုင်ပိုင်ရှင်နှင့်အလုပ်သမားအများစုမှာ မက်ဆီကန်လူမျိုးများဖြစ်ကြရာ Recycleပစ္စည်းလာရောင်းသူများနှင့်ဖြစ်စေ၊ သူတို့အချင်းချင်းဖြစ်စေအော်ဟစ်ပြောဆိုကြသော မက်ဆီကန်စကားသံများ၊အလုပ်ခွင်တွင်ဖွင့်ထားသော ကက်ဆက်ဆီမှမက်ဆီကန်သီချင်းသံများဖြင့် စည်းမကျဝါးမကျဆူညံနေတတ်သည်။ Recycleပစ္စည်းများကိုဖန်၊အလူမီနီယမ်၊ပလတ်စတစ် သပ်သပ်စီခွဲထားပြီး လူတစ်ဖက်စာသံခြင်းတောင်းများထဲထည့်ကာ ပေါင်ချိန်စက်ပေါ်တင်ပြီးချိန်ကာ ကျသင့်ငွေကို ရောင်းသူလက်ထဲပေးလျှင် Recycleပစ္စည်းလာရောင်းသူက သူတို့ပေးသောစာရွက်ကလေးမှာ ငွေလက်ခံရရှိကြောင်း လက်မှတ်ထိုးရသည်။ ပျမ်းမျှအားဖြင့် ဗူးတဗူးလျှင် ၅ဆင့်နှုးံဖြင့် အလူမီနီယမ်ဗူးခွံများဆိုလျှင် တပေါင်ကို၁.၉၉ဒေါ်လာ၊ပလတ်စတစ်ဗူးခွံများဆိုလျှင် တပေါင်ကို၁ဒေါ်လာ၊ ဖန်ဗူးခွံများဆိုလျှင်တပေါင်ကို၁ဒေါ်လာခွဲ စသဖြင့်ဈေးအစားစားပေးပါသည်။ ဆိုင်ခန်းဟုသာဆိုရသော်လည်း နေလုံမိုးလုံ ပလတ်စတစ်ရွက်ဖျင်တဲကိုသာ ယာယီသဘောမျိုးထိုးထားပြီး အလုပ်သမားများနှင့်အတူ ဖန်ပုလင်းခွံ၊အလူမီနီယမ်ဗူးခွံ၊ ပလတ်စတစ်ဗူးခွံများ […]


ရန်ကုန်ဘူတာကြီး အမှတ် ၁ စင်္ကြန်မှာတော့ ဌာနေပြန်မယ့် ကျောင်းသားတွေ အပြည့် ၊ လိုက်ပို့သူ ခပ်နည်းနည်းထဲမှာ ပါသူကကျနော် ၊ ကျန်းမာရေးဂရုစိုက်ဖို့ ဆေးလိပ်လျှော့သောက်ဖို့ လဘက်ရည်ဆိုင်သိပ်မထိုင်ဖို့ အဲဒီလို အမှာစကားများစွာကို ပြောသွားတဲ့သူကလေးကို သယ်ဆောင်သွားတဲ့ ရထားကြီး ထွက်သွားချိန်မှာ အိုဗျာ ရင်ထဲမှာ ဘယ်လိုချည်းမှန်းကို မသိဘူး ၊ ချစ်သူဘဝ မရောက်ကြသေးပေမယ့် တစ်ယောက်စိတ်ကို တစ်ယောက် သိနေကြပြီလို့ ကျနော် ရိုးသားစွာ ယုံကြည်ခဲ့ပါတယ် ၊ နွေရာသီ ကျောင်းပိတ်ရက်ကလည်း ကြာလိုက်တာဗျာ ။ နောက်နှစ် ကျောင်းတွေပြန်ဖွင့်တဲ့အခါ ထူးခြားမှုလေးတွေရှိခဲ့ပါတယ် ၊ အဲဒါကတော့ သူဟာ ပုဂံဆောင်ကနေ ဂျပ်ဆင်နားက သီရိဆောင်ကို ပြောင်းလာရပြီး စာမေးပွဲကျတဲ့ ကျနော်က ပထမနှစ် ကျောင်းသား ဘဝအဖြစ်ပဲ ဆက်ရှိခဲ့ပါတယ် […]


ကာရံJanuary 30, 20131min1315
ငိုကာမှရယ် ပြုံးကာမှမဲ့မိတယ် မသိသေးတဲ့ ကလေးရွယ်မို့ ရှက်ကမှန်းလဲ မသိပါတစ်ကယ် အငိုနဲ့စ အငိုနဲ့ဆုံး အပြုံးနည်းတဲ့ လောကအလည်မှာ မင်းလေးတစ်ယောက် သောကတွေ ဘယ်လောက်များ ရောက်နေရပြီလဲကွယ် သူသူငါငါ နှုတ်ဆက်နေတဲ့ သံသရာကြောမှ နှစ်မြောနေတာ အခုထိပါ လောဘကိုခေါင်းအုံးအိပ် မောဟကို စောင်လိုခြုံ မုသားကိုရေလိုသုံး လူအများအလည်မှာ ယောင်ချာချာနဲ့ ဘယ်လောက်များ ရင်မောနေရပြီလဲလေ သွားရမယ့်လမ်း ဆုံရမယ့်နေရာ ကြုံရမယ့် ဒေဿနာတွေအောက်မှာ ငါမေ့လို့နေပြီလား တရားသိပေမယ့် မတရားခြင်းတွေရဲ့အောက်မှာ ငါလေဘယ်တော့များမှ လွတ်မြောက်ခြင်းဆိုတာကို တွေ့ရှိနိုင်ပါ့မလဲ…………. ပိတောက်မိုး


မောင် ပေJanuary 28, 20131min40936
ကဲကဲ… စလိုက်ရအောင် မန်းဂေဇက်ကိုတာဝန်ယူနေသောလူကြီးမင်းအားလုံး နဲ ့ အူးကိုင် ဂေဇက်မှာ မင်ဘာမဝင်ပဲ စာဝင်ဖတ်သူတွေအားလုံး ၊ ဂေဇက်မှာ မင်ဘာလုပ်ပြီး ရေးနေကြတဲ့ ဗုဒ္ဓဘာသာဝင် ရွာသူရွာသားတွေ နဲ ့ သာဓု ခေါ်တတ်တဲ့ တခြားဘာသာဝင်အပေါင်းတို ့ရေ ကျုပ် မောင်ပေ က ဒီလိုလေး ပေးချင်တယ် “““ အမျှ အမျှ အမျှ ””” ယူတော်မူကြပါကုန် ဆိုတော့ ခင်ဗျားတို ့က “““ သာဓု သာဓု သာဓု ””” ဆိုပြီး ဝမ်းမြောက်ဝမ်းသာ ရွတ်ဆိုကြပေါ့ဗျာ ဘာအတွက်လဲ အမျှဝေတာလဲ ဆိုတော့ ဒါလေးကိုဗျ အဲဒါ အဲဒါ… လေးကို ရွာထဲက ၊ ရန်ကုန်မြို ့က လူမှုရေးပရဟိတအဖွဲ […]


ဘဝမှာ မထင်မှတ်တာတွေ အများကြီး ဖြစ်တတ်တယ်လို့ ဆိုကြတာ အမှန်ပါပဲ။ အလွဲတွေ များလွန်းလှတဲ့ ဘဝမှာ သေချာ တယ် ဆိုတာကလည်း ခပ်ရှားရှားကိုး အဲဒီလိုပဲ မမျှော်လင့်တာတွေ ကလည်း ဖြစ်လာ တွေ့လာ ကြုံလာရတာ အများကြီး ပေါ့။ ဘာလို့ ဒီစကား ဆိုရတာလည်း ဆိုတော့ …. အခုရေးမယ့် အကြောင်းအရာဟာ တကယ့်ကို မမျှော်လင့်ခဲ့ပဲ ဖြစ်ခဲ့တာမို့ပါ မန္တလာကို …….. သွားရမယ့် ခရီးပေါ့ …. ဖြစ်ပုံက ဒီလို ……… ပြီးခဲ့တဲ့ ၆ ရက်နေ့ နေ့ခင်းမှာ ကျွန်တော်တို့ ကုမ္ပဏီရဲ့ မားကက်တင်း တစ်ယောက်ဖြစ်တဲ့ ခင်စုလှိုင်ဖြိုးက “ဦးမျိုး မြန်မာဂိုးလ် အယ်ဒီတာ မန္တလေး လိုက်နိူင် မလားလို့ မေးနေတယ်တဲ့ […]


naywoon niJanuary 25, 20136min21113
Facebook အကြောင်းမပြောခင် g-talk အကြောင်းကိုပြောရရင် ပိုပြီးသဘာဝကျမယ်ထင်တယ် …။ ဂျီတော့ဆိုတာက လူတိုင်းသုံးနေကြတာပဲ….။ ဒါပေမဲ့ တစ်ချို့က password မပြောင်းတတ်ဘူးတဲ့…။ ကိုယ့်အကောင့်ရဲ့ recovery account ကဘာလဲမသိဘူးတဲ့ ….။ ဂျီတော့မှာ အကာင့်အက်ရုံ စကားပြောရုံ ကြူ ရုံ သက်သက်လေး သုံးတတ်ကြတာ ….။ ဒီထက်ပိုဆိုးတာက မေးလ်ဘယ်လိုဖွင့်ရမလဲ လာလာမေးကြတာပဲ…။ ခက်ဖူးလား …..။ https://mail.google.com/mail/?tab=wm ဒီလိပ်စာကိုအမြဲ ဆောင်ထားပေးနေရတာကအလုပ်တစ်ခု….။ ဒီလိုလူမျိုးတွေ က အကောင့်ပျောက်ရင် ပြန်ရှာမနေတော့ဘူး …။ နောက်တစ်ခု ရှာသုံးလိုက်တာပဲ…။ အဲဒိထဲမှာစိတ်ညစ်စရာ အကောင်ဆုံးက အကောင့်တစ်ခုကို နှစ်ယာက် ဒါ့ထက်ပိုပြီး သုံးလေးယောက် အထိ ဝေမျှ သုံးနေကြတာပဲ…။ တွေ့နေရတာကတော့ ဒီအကောင့် ဒီအကောင့်ပဲ ဒါပေမယ့် တစ်ခါလာ တစ်ယောက်ပြောင်း […]


          အနောက်ကောင်းကင်ယံမှာ တိမ်တွေပုပ်နေပြီ။ ညိုမည်းပြီး မကြာခင်မှာ အန်ကျလာတော့မယ့် မိုးစက် မိုးပေါက်တွေကို  မင်းမမျှော်လင့်သင့်တော့ဘူး မင်းညို။ မိုးမရွာခင်မှာ ကျလာတော့မယ့် မင်းရဲ့ မျက်ရည်တွေကိုလည်း အတားအဆီးမဲ့ တံခါးဖွင့်ပေးလိုက်ပါတော့။ ထုတ်ဖော်မပြောဝံ့တဲ့ ဝေဒနာ အစိုင်အခဲတွေကို မျက်ရည်အဖြစ် မင်းပြောင်းလဲလိုက်ပါတော့။ မင်းလည်း ငါ့လို ခုချိန်မှာ မည်းမည်းကျုတ်နေမယ့် ကောင်းကင်ကြီးကိုကြည့်ပြီး တစ်စုံတစ်ခုကို တိုင်တည်ပြောဆိုနေမယ်ဆိုတာ ငါ ယုံတယ်။ အမှန်တရားဆိုတာ တွေးဆနေတာထက် ပြေးကြည့်လိုက်ဖို့လိုတယ်ဆိုတာကို ငါတို့ မသိလိုက်ကြဘူး။ အခန်း(၁) လက်ထဲမှာရှိနေတဲ့ စာရွက်ဖြူဖြူလေးကိုကြည့်ပြီး သူ့ရင်တွေတဒုန်းဒုန်းခုန်နေတယ်။ ပြီးတော့ သူ့နဘေးမှာထိုင်ပြီး သူ့လို ငူငူငိုင်ငိုင်ဖြစ်နေတဲ့ မင်းညို။ အံ့ဩခြင်း၊ မယုံကြည့်ခြင်း၊ ကြောက်ရွံ့ခြင်းတွေ သူ့တစ်ကိုယ်လုံး ရစ်ပတ်လွှမ်းခြုံနေတယ်။ “မဖြစ်နိုင်ဘူး“ နုတ်က ရုတ်တရက် အဲဒီ စကားတစ်လုံးပဲ ထွက်ကျလာတယ်။ […]


  (၁) ကြယ်တွေစုံပြီလား။ ရယ်ပွဲဖွဲ့ လောကတီးဝိုင်းကြီးဆုံးသွားတော့ အိပ်မက်ကနိုးလာတယ်။ ခွေးတွေ ဟောင်လိုက်တာကိုပဲ ရင်ခုန်မိတဲ့ လူတစ်ယောက်က ညနေခင်းပန်းချီကားတစ်ခုမှာ ခွေခွေလေးအိပ်မယ်ဆိုပဲ။ လက်ဆွဲ နှုတ်ဆက်လိုက်၊ လက်ပြ နှုတ်ဆက်လိုက်နဲ့ နောက်ဆုံးလက်မြောက်အရှုံးပေးခဲ့ရ။ `ကဲပါ၊ မီးခြစ်ခြစ်၊ ငါဆေးလိပ်သောက်မယ် မိန်းကလေး´ မအိပ်ပဲမက်တဲ့ အိပ်မက်မို့ ခင်ဗျားတို့ အလေးမထားကြဘူးမလား။ တဆိတ်လောက် မေးဦးမယ်။ ကြယ်တွေ စုံပြီလား။   လေးထောင့်ဆန်တဲ့ လူတစ်ယောက်ရောက်လာတယ်။ အဝိုင်းဆန်တဲ့ စကားတွေကိုတော့ ခင်ဗျားမပြောသင့်ဘူး။ ညနဲ့မတူတဲ့ ညမို့ မအိပ်မိတာ ကျွန်တော့်အပြစ်လားဗျာ။ ပြောကြစမ်းပါဦး။ အရက်တစ်ခွက်ထဲကို ဒိုက်ပစ်ရေးကူးလိုက်တော့ ခြောက်ကြိုးလုံးပြတ်သွားတယ်။ လေကိုအလေးမထားပဲ ပျံသန်းနေတဲ့ ငှက်လားခင်ဗျားက။ ရေကိုမသောက်တတ်ဘဲ ကူးနေတဲ့ ငါးလားခင်ဗျားက။ ခုနေများ ကြယ်တွေကြွေသွားရင် ဘာကိုမှ မပြောတော့ဘူး။ စုံသွားပြီ။ အားလုံးပေါင်းလိုက်တော့ […]


တကယ်ဆို မလာတော့ဘူး လုပ်ထားတာ (ကျွန်တော် လှိုင်သာယာ သွားတော့မလို့ အလုပ်ရှိလို့) အောင်မိုးသူက လှမ်းခေါ်လို့ .. ဝါဝါလည်း ရှိနေတယ် ဆိုတော့ .. သူနဲ့ လည်း ပြောစရာလေး ရှိတာရောပေါ့ … ရွာမှာ စာသာ ရေးတယ် .. အဖတ်နည်း အပြောကျဲလို့ နည်းနည်း စိမ်းနေတယ်။ ရွာသားတွေရဲ့ ပွဲမှာ ကျွန်တော်နဲ့အဆင်မှ ပြေပါ့မလားလို့ တွေးမိသေးတယ်။ မထင်မှတ်ဘဲ ရောက်လာပြီး .. အေးအေးဆေးဆေးလေးနဲ့ နွေးထွေးစရာ ကောင်းတဲ့ ပွဲ တစ်ပွဲ ဖြစ်ခဲ့တာရယ် တစ်ချို့ များများက လူကြီးပိုင်း ရောက်နေလို့ ကျွန်တော့်လို လူငယ်တစ်ချို့ရဲ့ ခေတ်ပြိုင် ခေတ်လွန် (ဘာမှန်းမသိ) စာတွေကို ဖတ်ပေးခဲ့ကြလို့လည်း ကျေးဇူးတင်ရပါတယ်။ ဆုရဖို့ တော်တော်နီးစပ်နေတယ်လို့ အားပေးတဲ့ […]