ေဩာ်..လူဒွေ လူဒွေ…. ကိုယ့်ကိုယ်ကိုတော့ လည်လှလည်လှနဲ့၊ အလိမ်ခံလိုက်ရတာ သိဂျဘူး… သဂျီးကစလို့ ရွာလုံးဂျွတ်.. ဆြာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာဆြာတွေဒဲ့.. သင်္ဘောမောင်းသူ၊ သင်္ဘောဒီဇိုင်းဆွဲသူလည်း ပါလိုက်သေး။ အချို့များဆို ကိုယ်ပိုင်စီးပွားရေးတောင် လုပ်နေသတဲ့….လခစားဝန်ထမ်းဆိုတာ မပြောနဲ့ဒေါ့…။ ဒါနဲ့များ မြန်မာပြည်ကြီး ခေတ်မှီဖွံ့ဖြိုးအောင် ဝိုင်းဝန်းလုပ်ကြအုံးမတဲ့၊ တတပ်တအား ကြယ်ငါလေးတွေကို ပင်လယ်ထဲ ပြန်ပစ်ထည့်ပေးအုံးမတဲ့။ ကိုယ့်ကိုယ်ကိုပဲ အလိမ်မခံရအောင် အယင်လုပ်ကြပါ..။ ကျော်မကောင်း ကြားမကောင်း…. ကြောင်လိမ်တာ လူခံရဒယ်လို့…..။ သူတို့ထဲမှာ ကြေးမုံလေးတယောက်ပဲ လွတ်တယ်……။ ရွာထဲမှာ ကြေးမုံလေးသာ အတော်ဇုံး.. ဒါကြောင့်မို့ သူ့ကိုအခြစ်ဇုံး…။ 😳 ရည်ညွှန်း။ Happy Birthday To Me – ကြောင်ကြီး |273- Hits| Posted by ကြောင်ကြီး on […]


alinsettMarch 30, 20121min62510
2010 နှစ် ကုန်ပိုင်းလောက်မှ စ၍…ကျွန်တော်တို ့ နိုင်ငံတွင် အပြောင်းအလဲ.များ.. ဖြစ်ပေါ်လာပါသည်။ တချို ့ပြောင်းလဲမှုများက ကျွန်တော်တို ့အတွက်.. ကျေနပ်စရာ..၊ ပျော် ရွှင်စရာ..။.သိူ ့သော်..တချို ့အပြောင်းအလဲ..များကတော့.. မကျေနပ်စရာ..၊ ဝမ်းနည်းစရာ..များ…ဖြစ်ခဲ့သည် ။ ( ကျွန်တော်တို ့ချစ်သော..အမေစု နေအိမ် အကျယ်ချူပ်မှ လွတ်မြောက် လာခြင်းသည်…ဝမ်းသာစရာ.၊ ကျေနပ်စရာ ဖြစ်ပါသည် ။ ) ပြီးတော့…. 2010 ရွေးကောက်ပွဲ…။ အဲဒါကတော့ အရေးကြိးသော..၊ ကြီးမားသော အပြောင်း အလဲ.ဖြစ်ပါသည် ။ ဘာတွေ..ပြောင်းလဲ..သွားသလဲ..? စိတ်ထဲ.. မတင်မကျ ဖြစ်စရာ..၊ ဘဝင်မကျစရာ များ..ရှိခဲ့သော်လည်း… ပြောင်းလဲမှုများကတော့..ဖြစ်ပေါ်လာသည် ။ ( လွန်ခဲ့သော.နှစ်များဆီမှ မြန်မာပြည် ထက်တော့ ပို ကောင်းလာသလိုပါပဲ. ) […]


ကြောင်လေးMarch 27, 20121min6768
  နွေရာသီ ပွင့်လင်းသာယာချိန်ကိုရောက်ခဲ့ပြီ။ဆယ်တန်းစာမေးပွဲတွေလဲပြီးပြီ။     သင်္ကြန် ရက်ကလည်းနီးပြီ။နွေရာသီ သင်္ကြန်ကျောင်းပိတ်ရက် မြန်မာပြည်အနှံ့ ဘုရားဖူးပို့ဆောင်ရေးကားတွေ တဂျီဂျီ လိုက်ပြီးကြေညာနေကြပြီ။ အိမ်ရှေ့မှာ မဒမ်ကြောင်လေးနဲ့ အိမ်နားက အမျိုးသမီးတစ်ယောက် အားတက်သရောပြောနေကြတာ နားစွန်နားဖျား ကြားလိုက်မိသည်။ ပြောကြတဲ့အကြောင်းက ဘယ်ကားက ဝန်ဆောင်မှုကောင်းကြောင်း၊ အစားအသောက်ကောင်းကြောင်း၊ တည်းခိုစရာ စီစဉ်ပေးမှုကောင်းကြောင်း၊ ဘယ်ဘုရားတွေ ပို့မှာဖြစ်ကြောင်း၊ ဘယ်လမ်းကြောင်းတွေ သွားမှာဖြစ်ကြောင်းပြောနေကြတာပါ၊ ဒါ့အပြင်  မနှစ်က ဘယ်ဘုရားတွေရောက်ခဲ့ကြောင်း၊ ဒီနှစ်တော့ ဘယ်ဘုရားတွေဖူးချင်ကြောင်း၊ ဘယ်ဘုရား ဘယ်ဘုရားသုံးဆူကို မွန်းမတည့်ခင် ရောက်အောင် ဖူးနိုင်ရင် ဘာဖြစ်မယ် ညာဖြစ်မယ် ၊ဘယ်ဘုရား ဘယ်ဘုရားတွေကို နေ့မကူးခင် ရောက်အောင်ဖူးနိုင်ရင် ဘာဖြစ်မယ်ညာဖြစ်မယ် ဆိုတာတွေ ပြောသံကြားလိုက်ရပါတယ်။ အကြောင်းအရာအဓိကပြောချင်တာဖြစ်လို့ ဘယ်စေတီတွေဆိုတာကိုတော့သေချာမှတ်မထားလိုက်မိပါ။ ကျနော်စဉ်းစားမိတာလေးတစ်ခုက ဟိုတုန်းက လူတွေဟာ ဘုရားဖူးဖို့အတွက် တောတွေတောင်တွေကိုကျော်ဖြတ်ပြီး လှည်းတတန် ၊လှေတတန် […]


ကထူးဆန္းMarch 24, 20121min41110
၂၀၁၃ ဒီဇင်ဘာ ၁၁ မှ ၂၁ အထိ ဆီးဂိမ်းပြိုင်ပွဲကို နေပြည်တော်၊ရန်ကုန်၊မန္တလေး ၊ငွေဆောင်တို့ တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ တစ်နှစ် ကျော်ကျော်သာ ကျန်တော့သည်။ အားကစားကွင်းများဆောက်ရမည် ။ အားကစား ရွာများဆောက်ရမည်။ ဖွင့်ပွဲ ပိတ်ပွဲတွေကို အင်ဒိုနီးရှားထက် သာ အောင် လုပ်ပြမည်ဟုလည်း လေကျယ်လာခဲ့ သောကြောင့် ၎င်းတို့ထက်သာလွန်အောင် လုပ်ရတော့မည် ။ အားကစား သမားများ ကိုလည်း ရှာဖွေ လေ့ကျင့်မွေးထုတ်ပေးရဦးမည်။ လုပ်ရမှာတွေ အပုံ အပင်။ ဘတ်ဂျတ်တွေ လည်း အဖြတ်ခံရသော်လည်း ဘယ်လောက်တောင် သုံးစွဲ ဦးမည်မသိ။ အားကစား ဝန်ကြီးဌာန မှ ဦးဆောင် ဆောင်ရွက်ရပေမည်။ အားကစားဝန်ကြီးဌာန မနားမနေ အလုပ်လုပ်မှဖြစ်ပေမည်။ မြန်မာ နိုင်ငံသည် CNN ၏ […]


ကထူးဆန္းMarch 21, 20121min60925
ဦးဇော်မောင်၏ ဝဝ ပြည့်ပြည့် ဖိုးဝရုပ် မျက်နှာကြီး ဖြီးနေသည်မှာ မြင်သူများ သတိထားမိစရာဖြစ်နေသည်။ သူ့တပည့်မ လေး ပွင့်ဖြူ ပင်လျှင် သူ့ဆရာဘာကြောင့် ဒိလောက် ပြုံးဖြီး ဖြီး ဖြစ်နေပါလိမ့်ဟု စဉ်းစားမရဖြစ်နေသည်။ မဆူမဟောက် သဘောကောင်းသော ဆရာဖြစ်သော်လည်း ခါတိုင်းဆို ဒီလောက်တော့ မဖြီး။ တည်တည် တန့်တန့် နေတတ်သော ဆရာပြုံးဖြီးဖြီး ဖြစ်နေ၍ သိချင်နေသည်။ ချဲထီများပေါက်နေလို့လား။ သို့သော် သူ့ဆရာ လောင်းကစား အသေမုန်းသူမို့ ဒါလည်း မဖြစ်နိုင်။ သူဌေး ဦးအောင်မင်း ကများ ရာထူးတိုးပေးလိုက်လို့လား။ ဒါလည်းမဖြစ်နိုင်။ ဒီရုံးမှာ ဆရာက အကြီးဆုံး။ အထွေထွေမန်နေဂျာ ရာထူးယူထားသူမို့ ထပ်တိုးစရာ အကြောင်းမရှိ။ လခများတိုးပေးလိုက်လို့လား ။ ဒါလည်း ကပ်စေးနဲ သူဌေးမို့ ဖြစ်နိုင်ခြေ […]


etoneMarch 21, 20125min40510
      ပြန့်ကျဲနေတဲ့ စာရွက်ခေါက်များကြားမှာ .. တစ်စုံတစ်ခုကိုတွေ့လိုက်ရသဖြင့် … ကုတ်ချောင်းကုတ်ချောင်း ခြေသံဖွဖွနင်းရင်း  .. ထို တစ်စုံတစ်ခုနားသို့သွားကာ ကောက်ကိုင်လိုက်မိပါတယ် … ။ ဘာတဲ့ … အခွေတစ်ခွေပါလား … NLD logoလေးမြင်လို့ အနားကပ်သွားကိုင်ကြည့်ရာမှ .. စီဒီဗူးပြာလေးဖြစ်နေတော့တယ် … ။ ရေးထားတာတော့ … လွတ်လပ်မြင့်မား တေးသံများတဲ့လေ … ။ အခွေနောက်ကျောကို လှန်လှောကြည့်တော့မှ … အဆိုတော်တွေ ၊ သရုပ်ဆောင်တွေ ပါဝင်သီဆိုထားပါလားတွေ့မိတော့တယ် … ။နယ်လှည့်မဲဆွယ်ပွဲတွေမှာ ဖျော်ဖြေသီဆိုမယ့်သီချင်းတွေဖြစ်မယ်လို့ ခန့်မှန်းမိပါတယ် … ။  စီဒီဗူးပြာလေးကို  ဖွင့်လိုက်တော့ .. အခွေက တစ်ခွေထဲ တွေ့ပါတယ် …. လွတ်လပ်မြင့်မား တေးသံများ […]


kaiMarch 21, 20121min2864
မတ်လ ၁၉ ရက်တုုန်းက ရန်ကုုန်မှာ မီဒီယာဖွံဖြိုးတိုုးတက်ရေး ညီလာခံကျင်းပတယ်။ မတ်လ ၁၈ ရက်နေ့က အမျိုးသားသတင်းဆုုပေးပွဲကျင်းပတယ်။ ခင်မင်ရင်းနှီးသူတွေကော၊ မခင်မင် မရင်းနှီးသူတွေကော တက်ရောက်ဆင်နွှဲကြတာကိုု တွေ့ရတယ်။ အာဏာရှင်တွေ အဆင့်ဆင် ပြဋ္ဌာန်းချုပ်နှောင်ခြင်း နှစ်ပေါင်းများစွာ ခံစားနေရတဲ့ စာနယ်ဇင်း မီဒီယာလောကမှာ သူတိုု့တွေရဲ့ ဥပဒေ စည်းမျဉ်းတွေ မလိုုဘူး၊ သူတိုု့တတွေရဲ့ ကျောသပ်၊ ရင်သပ် အလုုပ်ခံရတာမျိုး မလိုုဘူး၊ သူတိုု့တွေဆီက ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ခြင်း အသနားခံစရာ မလိုုဘူးလိုု့ ပြောလိုုက်ချင်တာပဲ။ “စာနယ်ဇင်း” ဆိုုမှတော့ “မီဒီယာ” ဆိုုမှတော့ ပြည်သူတွေနဲ့ တန်းတူ လွတ်လပ်ခွင့်ပဲ လိုုတယ်။ ပြည်သူတွေကိုု ကန့်သတ်တားဆီးပြီးမှ အာမခံတာတွေ ကာကွယ်တာတွေ လုုပ်တဲ့ ဥပဒေတွေ မလိုုအပ်ဘူးလိုု့ ထင်တယ်။ စာပေစိစစ်ရေးအဖွဲ့တိုု့၊ စာပေစိစစ်ရေးဥပဒေစည်းမျဉ်းတွေက […]


ကြောင်လေးMarch 19, 20121min55015
စေတီနဲ့ ဌာပနာ “အခုခေတ်တော့.. စေတီပုထိုးကြီးတွေ..မြင့်မားထိုးထောင်များပြားအောင်လုပ်.. အဲဒီကထုံးသင်္ကန်း..အဲဒီကနေ.. ရွှေရောင်..အဲဒီကနေ..ရွှေအစစ်.အဲဒီကနေ.. စိန်ဖူးတော်..အဲဒီကနေ..ကျောက်မျက်ရတနာတွေ.. အဲဒီကနေ.. အဲဒီကနေ..အဲဒီကနေ.. မဆုံးနိုင်အောင်အားစိုက်နေတာနဲ့..ငွေအရင်းအမြစ်တွေဆုံးရှုံးနေတာမို့……” သဂျီးရဲ့ကွန်မန့်လေးဖတ်လိုက်ရတော့ စေတီတည်တာနဲ့ ဌာပနာထည့်တဲ့ကိစ္စကို ဆရာတော်တစ်ပါးမှတ်ချက် ချတာလေးသတိရသွားတယ်။  ဗုဒ္ဓဘာသာရဲ့ အမှန်စေတီလေးမျိုးက ဓာတုစေတီ၊ဓမ္မစေတီ၊ဥဒ္ဓိသစေတီ၊ ပရိဘောဂစေတီ ဆိုပြီး ရှိတာအများသိပြီးဖြစ်ပါမယ်။ အကျယ်မချဲ့တော့ပါဘူး၊ ဓါတုစေတီဆိုတာ မြတ်စွာဘုရားရဲ့ ဓါတ်တော်တွေကိုဌာပနာထားပြီး အုတ်နဲ့ စေတီ တည်ထားတာပါ၊ ဓါတ်တော်တွေကိုရည်မှတ်အာရုံပြုပြီး ပူဇော်ကိုးကွယ်ကြတာပါ။  နောက်ပိုင်းမှာ ရှေးဘုရင်တွေက သူ့ထက်ငါအပြိုင် စေတီတွေ တည်ပါတယ်၊“လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရာပေါင်း”၊တို့ “သဇင်ပန်းခိုင်တမြိုင်မြိုင် ရခိုင်ဘုရားပေါင်း”တို့ကြားဖူးကြမှာပါ။ ရခိုင်ဘုရားကပိုများပါတယ်။ ပုဂံဘုရားတွေဧရာဝတီမြစ်ရေတိုက်စားလို့ ပါသွားတာက “ရွှေလသာဝါဝါဝင်း၊ဘုရားရေချိုးဆင်း” ဆိုတော့ နှစ်ခုပေါင်းမှ လေးသန်းကျော်ပါ၊ရခိုင်ဘုရားက ခြောက်သန်းကျော်၊ အဲဒီအထဲကို ထည့်စရာ                       ဗုဒ္ဓရဲ့ အမွေအနှစ်တွေ ထည့်စရာမရှိတော့ ရွှေငွေကျောက်သံပတ္တမြားတွေထည့်ကြတယ်၊     […]


alinsettMarch 18, 20121min91717
ကျွန်တော်…ချစ်သော…အမေ… ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။ ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။ မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။ အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။ ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။ ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။ ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။ အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက […]


ကထူးဆန္းMarch 14, 20121min65623
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ တစ်ရက်နေ့ ကျင်းပတော့မှာပါ ။ အကယ်၍ သင့် မြို့နယ်သည်ကြားဖြတ် ရွေးကောက်ပွဲ တွင် ပါဝင်ဆင်နွဲရမည့် မြို့နယ် ဖြစ်ပါက (၁) သင့်မြို့နယ် ရွေးကောက်ပွဲ ပါဝင်ခြင်း ရှိမရှိ သင်သိပါသလား ။မည်ကဲ့သို့ သင်သိပါသလဲ။ (၂) သင်သိပါက ရှိပါက သင်မြို့နယ်မှ မည်သည့် ပါတီတို့ မှ မည်သူတို့ ဝင်ရောက် အရွေးခံ ကြမည်ကိုသင်သိပါသလား ။ (၃) သင့်ထံသို့ မည်သည့် ပါတီ မည်သူ မည်ဝါက ဝင်ရောက် အရွေးခံမည်ကို တစ်နည်းနည်းဖြင့် အသိပေး အကြောင်းကြားမှု့ ရှိပါသလား။ (၄) သင့်ထံသို့ (သို့) သင် နေသော ရပ်ကွက် မြိုနယ် သို့ ကိုယ်စားလှယ်လောင်းများ လာရောက်စည်းရုံးဟောပြောမှု့များရှိပါသလား […]


marblecommetMarch 10, 20121min2863
ရေသောက်မြစ်တစ်ခုလိ်ု ငြိမ်သက်နေသော မင်းအကြောင်းများ၏အတွေးတွင် ငါ အေးခဲ့ရပ်တန့်နေသည်။ အကြောင်းအမျိုုးမျိုးကြောင့်မဟုတ်ဘဲ ရင်ဆိုင်နေရသော ပြသနာအမျိုးမျိုးမှာ ငါ့ရင်ပူသည်။ ထို့ကြောင့်ပိုရု် လက်တံရှည်လာသော အရက်ပုလင်းထဲတွင်  ပျော်ရွှင်ခြင်းများ ဝမ်းနည်းနေပါ၏။ ငါသည် အချစ်အား ဖဲပွတ်သလိုပွတ်၏။ ပြီးသောအခါ အချစ်သည် ရှက်ရွှံ့ဖွယ်သိပြီးသား ဖဲတစ်ချပ်ဖြစ်လို့နေသည်။ အစိမ်းရောင်ဖြင့်လောင်သော အခန်းတစ်ခုတွင် ငါနေသည်။ ထိုအခန်းထဲတွင် အရပ်ပုပြီး မျက်ဝန်းလှသော ကောင်မလေးတစ်ယောက်အား နာမ်လောက တွင်ဖွက်ထား၏။ ရာသီဥတုသာယာသော နေ့တစ်နေ့တွင် သူမအား ခိုးပြီးသွားချောင်းကြည့်ခဲ့သည်။ လသာသော ညတစ်ညတွင်လည်း သူမအား အိပ်မက်ထဲတွင် ဖမ်းချုပ်လိုက်သည်။ ငါသွားလေရာ ခေါ်နေမိသော သူမသည် အလိုအလျှောက် သူမဘာသာဖြူဖြူလွင်လွင်ရယ်နေသည်။ ငါနှင့်မည်သို့မျှမဆိုင်။ ပုတ်သင်ညိုတစ်ကောင်လို ပြောတိုင်းယုံတတ်သော အမှုကိစ္စကို ဆန့်ကျင်ရန်အတွက် အတ္တကို ကိုယ်ရောက်ဖျောက်ထားသော ကဗျာဆရာယောင်ဆောင်ထားသူ တစ်ယောက်နှင့်ဆက်ဆံခြင်းမှ  ရပ်တန့်လိုက်သည်။ အကြောင်းအရာ […]


marblecommetMarch 10, 20121min2594
မင်း အလုပ်အကိုင်ကို ပြော မင်းငါ့အပေါ် နည်းနည်းလူရာဝင်လိုတာနဲ့ မင်းမှာ အလုပ်အကိုင် တစ်ခုခု လိုလာပြီ မင်း အခု ဘာလုပ်နေတာလဲ အဲဒီမေးခွန်းနဲ့ နှုတ်ဆက်မခံလိုရင် ငါ ဘာမှ မလုပ်ဘူး ဆိုတာကို ငုံပြီး ကမ္ဘာအပြင်ကို ထွက်ပြေး မင်း အလုပ်အကိုင်ကို ပြော မင်းအရေအပြားတွေ ခန်းခြောက်နေရင် ငါ့စိမ်းစိုမှုပါ ပျက်သုဉ်းနိုင်တယ် အလုပ်ဟူသမျှ ဂုဏ်ရှိစွလို့ မင်းကြားဖူးတယ်မဟုတ်လား ငါတို့ကမ္ဘာကြီးမှာ အဲဒီလို နေထိုင်ကြတယ် မင်းမှာ အလုပ်မရှိရင် ပုံသေနည်းအရ မင်းကိုအထင်သေးရမှာ စိတ်မဆိုးပါနဲ့ မင်းဟာ ငါတို့အားလုံးကို ဒုက္ခသည် စခန်းလို့ ထင်လား အနုပညာရောင်ရမ်းတာ အလုပ်မဟုတ်ဘူးလား လူအဖြစ် သပ်သပ်ရပ်ရပ် ရှင်သန်တာကိုက အလုပ်မဟုတ်ဘူးလား မင်းမေးခွန်းမှာ ငါတို့ကြမ်းတစ်ပြေးတည်း မထိုင်ဘူး ရောက်ရက်ခတ်နေတဲ့ ကမ္ဘာကြီးမှာ […]


ကထူးဆန္းMarch 10, 20121min46416
ဒီကနေ့ မြန်မာ သက္ကရာဇ် ၁၃၇၃ တပေါင်းလဆုတ် ၃ ရက် ခရစ်သက္ကရာဇ် ၂၀၁၂ မတ်လ ၁ဝ ရက် စနေနေ့ ထှုးဆန်း ရုံးသွားဖို့ ၈နာရီမထိုးမီလေး အိမ်ကထွက်ခဲ့ပါတယ် . ရ မိုင် ပြည်လမ်းနဲ့ ပါရမီလမ်းဆုံရောက်ကာနီးတော့ ကုန်းမြင့်ပေါ်က နေမို့လို့ ပြည်လမ်း အတိုင်း မြို့ထဲကနေ တဘက်ကားလမ်း ဟိုးအဝေးက မီးကြီးများ ထွန်းပြီး အရှိန်နဲ့ မောင်းလာတဲ့ ယာဉ်တန်းတွေ့လိုက်ပါတယ် ။ အင်း တွေ့ရပြန်ပြီ ယာဉ်တန်းပေါ့ ။ ယာဉ်ထိန်းရဲ ကလည်း အဲ့ ဒီ့ ယာဉ်တန်းအတွက် ထွက် လက်ပြ ပြီး မီးစိမ်းပေးထားပါတယ် ။။စော စော စီးစီး ပြည်သူ့ ချဉ်ဖတ်တွေ တွေ့ပြန်ပြီလို့ ။။ […]