ကျုပ် မသေခင် သုံးရက်လောက်မှာ Red Riders အဖွဲ့ကို ပို့စကဒ်လေး တစ်ခု ပို့လိုက်တယ်။ သို့ပေသော်လည်း ဒီဇာတ်လမ်းက ဘာလင်မှာ ဖြစ်ခဲ့သင့်သဗျ။ ဘာလင်သားများ ပေါ့လေ။ ဘာလင်သား သုံးစားမရတဲ့ လူကြီးလူကောင်းများ။ သူတို့က တစ်ခုခု ဖြစ်မြောက်အောင်လုပ်ချင်ရင် ခြေမြန်တော်ကလေးများ အဖွဲ့ကို လွှတ် လိုက်တာပဲ။ ဒီဇာတ်လမ်း ဘာလို့ ဘာလင်မှာ မဖြစ်ခဲ့သလဲ ခင်ဗျားတို့ သိပါလိမ့်မယ်။ ကျုပ်က Red Riders အဖွဲ့ကို ဘာကြောင့် စာရေးလဲ ဆိုတော့ နာမည်ကိုက မိုက်တာ။ ဘိုက်ကာ ကြီးတွေ။ ခြေမြန်တော်လေးများ လို မဟုတ်ဘူး။ သူတို့သာ စာရေး ပို့လိုက်ရင် လွှင့်ပစ်မှာ။စာထဲ ဘာရေးထားလည်း ဆိုတော့ – “ဤစာရပြီး […]