alinsettSeptember 7, 20141min38117
အခုည အမှောင်စစ်စစ်အောက်မှာပဲ ငါ့ဖြစ်တည်မှုထဲကနေ မကြာခဏကျပျောက်တဲ့ နေတွေလတွေကို ရှာဖွေမည်။ သောကနှင့် ပယောဂများ တစ်ခုကိုတစ်ခုတွန်းထိုး လှုပ်ရှားကြသောအခါ ငါ့ လက်မှာ ရှိသမျှထဲက အချို့သောအရာများကို ငါ . . .လွှတ်ချပါမည်။ ဒီဘက်ကမ်းက မီးအိမ်ကို ငြိမ်းစေပြီး ဟိုဘက်ကမ်းမှာ ငါလင်းမည်။ ငါ့အလင်းတန်းတို့ ကမ႓ာချီအောင် တည်မည်လား။ သို့တည်းမဟုတ် . . .ငါ့အလင်းများ အမှောင်ကိုကြောက်သော တောက်ပခြင်းနှင့် အိုမင်းမစွမ်းစွာ လင်းချင်းတိတ်ဆိတ်ရမည်လား။ မည်သို့ဖြစ်စေ. . . အိမ်ထဲမှာနေမည်။ ဝင်လေထွက်လေကို ခပ်ထွေထွေမှတ်သားလျက် အရပ်ရပ်မှာ အာနေသောကျီးကန်းတို ့ကို ငါ. . .စကားစမြည်ပြောလိုပါသည်။ ငါချစ်မြတ်ပတ်နွယ်ရပါသော ပန်းကလေးတစ်ပွင့်နှင့် တစ်ခါတုန်းက ခူးယူပိုင်ခွင့်ကို ငါ. . . ကပျာကယာလွမ်းဆွတ်ရဦးမည်။ လှ၍ရနံ […]


ခင္ခSeptember 7, 20141min1343
ပန်းပျိုးသူက သူပန်းလှဖို့ ဆန္ဒရှိမယ် သီးနှံပင်စိုက်သူက သူသီးနှံအထွက်တိုးဖို့ ဆန္ဒရှိမယ် ဘစ်ကားမောင်းသူက ခရီးသည်များများရဖို့ ဆန္ဒရှိမယ် ကျောင်းဆရာက တပည့်တော်ဖို့ ဆန္ဒရှိမယ် ပန်းချီဆရာက လက်ရာမြောက်ဖို့ ဆန္ဒရှိမယ် ဓာတ်ပုံဆရာက ပုံကောင်းရဖို့ ဆန္ဒရှိမယ် ပန်းပုဆရာက ပုံအသက်ဝင်ဖို့ ဆန္ဒရှိမယ် ရသေ့သူတော်စင်က တရားထူးရဖို့ ဆန္ဒရှိမယ် ရှေးဘုရင်များက တိုင်းပြည်သာဖို့ ဆန္ဒရှိမယ် မိဘများက သားသမီကောင်းစားဖို့ ဆန္ဒရှိမယ် ဆန္ဒအားလုံး သုံးသပ်ကြည့်ရင် ကောင်းကျိုးလိုလား ရှိသူများပင် ဆန္ဒနဲ့ဘဝ ထပ်တူကျက အိမ်မက်လှလှ မက်သူများဟုတင်စားနိုင်သမို့ သင့်အိမ်မက်လည်း လှနိုင်ပါစေ။ ခင်ခ


ခင္ခSeptember 7, 20141min30312
နှင်းမိုးဖွဲဖွဲ ရွာနေပေမယ့် ကန်တော်ကြီးဘက် စက်ဘီးနင်းထွက် မနက်စောစော လေပြေညင်းဟာ အေးမြထိတွေ့ ခံစားအပြည့်နဲ့ လမ်းကွေ့လိုက်စဉ် ရုတ်တရက်မမြင် စက်ဘီးချိန်းကြိုး ကျနေလို့ပြင် တိုက်မိမလိုဟန် နီးကပ်ပြန်တော့ လန့်အော် အမလေး ချစ်ဖို့ကောင်းတဲ့ ကောင်မလေးမို့ ဆင်းကာကူညီ ချိန်းတင်ပြီးလျှင် နှစ်ယောက်ယှဉ်နင်း စကားဖောင်ဖွဲ့ရင်း ပြောရင်းပြောရင်း သိလိုက်မိတာ သူ့ရည်းစားနဲ့ ချိန်းထားလို့ပါ ကန်တော်ကြီးဝ နုတ်ဆက်ကြလို့ ကျန်ရစ်လို့နေ သူ့ကျောပြင်ကိုငေးကြည့်နေမိ နှစ်ဆယ့်ငါးနှစ်အရွယ် ကျုပ်အလည်ရောက်ခဲ့ ပြင်ဦးလွင်က ဇာတ်လမ်းတစ်ပုဒ်ကွယ်။ ခင်ခ။


ko sixSeptember 6, 20141min2276
ချည်​တိုင် က ဥတု​ဘောဇနရုပ်​ ငါတို့ဟာ အမြတ်​တနိုးဖီးလိမ်​းသုတ်​သင်​ပြီး​တော့ ရွံရှာ စက်​ဆုတ်​ကုန်​ကြတယ်​ ချစ်​တယ်​ ပြီး​တော့လည်​း မမုန်​းကြဘူး ခင်​တွယ်​မှုက မြင်​့သထက်​မြင်​့လို့ မသိနိုင်​တဲ့​ခြောက်​မျိုးကို ​မမှတ်​မိ​တော့ဘူး ယုံပါ အသက်​က တစ် ရာမ​သေချာ အမှုှု​က ​ရေမရ​တော့တာ ​သေချာပြီ ထုတ်​လွှင်​့တဲ့အစီအစဉ်​မှာ ကံ​ဘောဇရုပ်​မပျက်​စီးသ၍ ငါတို့ ကြည်​့ရှုှုခံစားနရ​ပေါ့ ကိုစစ်​​​​


ခင္ခSeptember 6, 20141min1998
သေမထူး နေမထူး ငါတို့ပြည်သူတွေ ဘဝပင်လယ်ထဲ အံခဲကာဒုက္ခချိုတွေနဲ့ လက်ပစ်ကူးတာကြာလှခဲ့ အသားရယ်ကျနေမှတော့ ပီအာမကလို့ဘာဘဲလာလာ လုပ်ချင်တာသာလုပ်ကြပါတော့ ဝဋ်ကြွေးရှိရင် ကြေပါစေလို့ ရွာမှအဖွားစကားပါးတယ် မျက်ဝန်းအိမ်ထဲမျက်ရည်စို့လို့ကွယ်။ ခင်ခ။


ko sixSeptember 5, 20141min1605
ရာသီဥတုက စိတ်​မချရဘူး ဧရာဝတီက မ​ရေရာဘူး အ​မေ့မျက်​ရည်​မှာ ​တောထဲ​ပျော်​​နေတဲ့ ​ခွေးဆိုးကို မျှား​နေတာလား။ မှင်​နဲ့​ရေးတဲ့အမှားက ခဲပျက်​ကို ပျက်​ရယ်​ပြုလို့ လူက​ ​နေရာ​ရွေ့ခဲ့တာကြာပြီ ဒဏ်​ရာ ဒဏ်​ချက်​​တွေက ​ကျောက်​ချမြဲ ​ကျောက်​ချတုန်​း။ ​ဂေါ်ကီရဲ့​အ​မေ့ကို စာ​ရေးပို့ချင်​တယ်​ ကျ​နော်​့အ​မေက ဓားမသုံးတတ်​ဘူးလို့။​​ ကိုစစ်​​


ကာရံSeptember 5, 20141min980
ဟိုးအဝေးကတိမ်တိုက်လေးကို မျှော်ငေးရင်းတွေးမိတယ် ပြောင်းလဲခြင်းအကြောင်းတရားကံက ငါ့အတွက် ခါးသီးစရာနေ့ရက်များလား နွေနေပူမှာ ငါတစ်ယောက်ထဲရပ်တည်ရင်း အသံကုန်အော်ဟစ်မိတယ် နာကျည်းစရာများ ငါ့အတွက်ဆုလာဒ်လားလေ   အချိန်ဆိုတာ တိမ်တိုက်လိုပဲ တစ်ရွှေ့ရွှေ့နဲ့ ဖြတ်သန်းရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးခဲ့ပြန်တယ် ငါ့ဘဝကတော့ မရေမရာ အတွေးများနဲ့ ရွှေ့ွှလျှားနေရင်းပေါ့   သခင်ရယ် အပြစ်ရှိလို့မုန်းလိုက်တာလား အချစ်ဆိုတာ မသိလိုက်သေးခင် ငါ့အတွက် ရင်နစ်စရာ အတိတ်ဇာတ်လမ်း ဖန်လေခဲ့သလားလေ ဇာတ်သိမ်းလေး လှချင်ပါသေးတယ် ဒါပေမယ့် ဇာတ်ဆရာ အလိုကျမို့ ငါဘာများ ဇောတကတက်စရာ ကျန်ခဲ့တော့မလဲပေါ့   အလွမ်း အဆွေး မကင်းတဲ့ ချစ်ခြင်းတွေက လှည့်ကွက်ဆိုရင် ငါလေ ကစားဝိုင်းကထဲက ပြေးထွက်ပေးပါ့မယ် ရင်မှာ အဖြူသက်သက်မို့ မင်းလေး နားလည်တဲ့တစ်နေ့ နောာင်တတွေ မရပါစေနဲ့လို့ ုဆုတောင်းရင်းပါ   […]


ခင္ခSeptember 4, 20141min2618
” ဗူးဘုရား ထူးခြား ဒူးယား “     ထူးခြားအောင် ဗူးဘုရားမှာ ဒူးယားသောက်ခဲ့ပါ ဗေဒင်ဆရာယတြာပေးလို့ ဗူးဘုရားရောက်တုန်း ဒူးယားစီးကရက် အသာခဲကာ မီးခြစ်ကာညှိမယ်ကြံရွယ် နောက်တော်ကရောက်ခါအော်လိုက်သံ စီးကရက်ကိုပြတ်ပြီကတိပေးတာကို အခုတော့ကတိဖျက်သောက်မယ်ကြံသူရေ နေရစ်တော့ နင့်ကိုမုန်းတယ်ဆို ရှင်းပြတာအခါခါ လက်မခံဘူး အခုတော့ကျုပ်မှာရူး တစ်ယောက်ထဲလွမ်းဆွေးကာ ကျန်ရစ်ဖြစ်လေတယ်။     ခင်ခ။


alinsettSeptember 3, 20141min3794
  ဘာရယ်မဟုတ်ပါဘူး ။ အခုတလော..စာလည်း မရေးအား… ရေးထားပြီးသားလည်း..မရှိတော့… အရင်က ရေးထားတဲ့ ကဗျာလေး…တင်လိုက်တာပါ။   ဖတ်ရှုအားပေး..ခံစားပေးကြတဲ့မိတ်ဆွေများကို..ကျေးဇူး အထူးပါ….ဗျ        


ခင္ခSeptember 3, 20141min1854
” ထန်းလျက် “   ဟိုးရှေးရှေးကထဲက ဖြစ်တည်လာရှိ ဧည့်သည်လာလည်း ရေနွေးကြမ်းနဲ့ တည်ခင်းခဲ့ တောနယ် ဆေးဖော်လိုလည်း ထဲ့ကာသုံးစွဲပြုကာမြဲ အညာဒေသ အထွက်များလို့ နိုင်ငံလုံးဖြန့်သုံးစွဲကြသဗျို့ ခုထိတိုင်လည်း လက်မလွတ်နိုင်ဘဲ သုံးစွဲနေစဲ မြန်မာမုန့်အထိုထို သူလည်းပါလို့ သုံးကြသကိုး မြန်မာထမင်းဆိုင် ခုံလေးများပေါ် တင်ကာထားလို့ အချိုတည်းကာ စားကြပါနော် မြန်မာ့ရိုးရာ အစဉ်အလာသုံးစွဲ ” ထန်းလျက် ” ပါဘဲ။   ခင်ခ။


manawphyulaySeptember 2, 20141min2075
ငါ ပြုံးပြသော် သူက တန်ပြန် ပြုံးလေသည်။ ငါကမဲ့သော် ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍ သူပင် တုံ့ပြန်တတ်လေသည်။ သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည် စိတ်ဓာတ်မပါ၊ သညာမရှိ သတိမဖက်၊ အသက်ဝိညာဉ် ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည် ငါ့အတွက် သင်ခန်းစာပါတကား။


ခင္ခSeptember 2, 20141min2025
” တစ်ခါတုန်းက တက္ကသိုလ် “   မြကျွန်းညို ကွန်းခိုရာ အတိတ်ရယ်က သာသာယာယာ ရန်ကုန်တက္ကသိုလ် အဓိပတိဆို လျှောက်လေပ ပျော်စရာ ဝိဇ္ဖာဘက်ဝယ် အပျိုတွေချော သွားလေအမြဲ ငေးမိတာ သိပ္ပံဘက်ဝယ်မှာ RC ရှိတယ် စာကြည့်တိုက်နဲ့ ဆုံဆည်းရာ အရွက်ကယ်မရှိ သစ်ပုပ်ပင်နဲ့ ဘွဲ့နှင်းသဘင်တို့ တင်တယ်တာ တစ်ဝင်းထဲဝယ် ရှိနေမြဲ စီးပွားတက္ကသိုလ် မဒီကညာ အခုတော့လည်း လွမ်းပါပေါ့ တစ်ခါတုန်းက တက္ကသိုလ်ပါ။     ခင်ခ။


“ အဲ့ ဒီ ည က ကျ နော် ဥဩ တွေ ဆွဲ တယ်“   တစ်ရက်မှာ တူရာလူတွေစုပေါင်း လုပ်ငန်းတစ်ခုအောင်စေကြောင်းအတွက် ဆုတောင်းပွဲလေးတစ်ခုကျင်းပကြပါတယ်။ မြက်ခင်းပြင်စိမ်းစိမ်းပေါ်မှာ တောာက်ပစွာ ပလွှားစွာ အားကျစရာ အဆင်အယင်တွေနဲ့ လမ်းသလား ကြ အော်ကြ ခေါ်ကြ ပြောင်ကြ နောက်ကြ မတွေ ့ ဘူး သေး တဲ့ သူ တွေကလဲ ကျနော်က တော့ ဘယ်သူပါဆို ပြီး လက်တွေ ဆွဲလို့မိတ်ဆက်ကြ ဖုန်းနံပါတ်တွေလဲကြ လိပ်စာကဒ် တွေကို စားပွဲပေါ် ကြဲချ တကယ် ကို ပျော်စရာကြီးပါနော်။ ပဏာမ အခင်းအကျင်းအဖြစ် ဟင်နီကင် နဲ့ တိုက်ဂါး အမည်သညာပေးထားတဲ့ သံဗူး […]