marblecommetMarch 3, 20141min3367
ဇာတ်ကောင်များ – ဗောကြီး(ကီလီ(ခေါ်)ချီးဗောတံတားနားနေ)၊ ဘဲဥ(ညဈေး ဘဲဥ၊ ကြက်ဥရောင်းဝယ်ရေး)၊ ဘူကောင်(ရိုက်တိုင်းရှုံးတဲ့မောင်)၊ တင်အုံမာ(ခ)တင်ဥမ္မာ(ဘူကောင့်ဆော်)၊ ဇာပလွေ။ …………….. …………….. အခန်း(၁) တစ်နေ့… ထုံးစံအတိုင်း ကျုပ်တို့တစ်တွေ “အေပရယ်နွေ’’ ဒေါင်မှာ ထိုင်နေကြတုန်း “ ဘူကောင်’’ ရောက်လာတယ်။ ဒီကောင့်မျက်နှာက ဘယ်တုန်းကမှနဲ့ မတူအောင်ကို ဖြီးလို့။ ဒါပေမဲ့ သူ့အခွက်ဟာ ဘယ်လိုပဲဖြီးရှာဖြီးရှာ သံပုရာသီး အလုံးလိုက်မျိုချထားတာနဲ့ ဘာမှမထူးဘူး။ တစ်မတ်စေ့လို လေးထောင့်မျက်ခွက်ဖြီးတာကို မြင်ကြည့်ကြပေါ့ဗျာ။ သူက ကျုပ်တို့ဝိုင်းထဲ စွေ့ကနဲ ဝင်ထိုင်လိုက်ပြီး ဘဲဥ ရှေ့က ရေနွေးခွက်ကို ဆတ်ကနဲ ကောက်အမော့ “အမလေးဗျ ’’ ဆိုပြီး “ဖွီး ’’ ကနဲ ပြန်မှုတ်ထုတ်လိုက်တယ်။ ဒီကောင်မှုတ်ထုတ်လိုက်တဲ့ ရေနွေးပူတွေက ဘေးဝိုင်းကလူတွေရဲ့ ခြေထောက်ကို စင်ကုန်တော့ […]


ကိုယ်ပေါ်ကိုခံတုပ်ကာသဲတစ်အိပ်လျှောကြလာတယ်    ဒဏ်ရာရထားပြီး ပင်ပမ်းနေလို့လားမသိအတော်လေးတယ် အတင်းတွန်းဖယ်ချလိုက်တယ် ခပ်လှန်းလှန်းမှာ ရန်သူက ဗက်နက်နဲ့ တစ်ခုခုကို သဲကြီးမဲကြီးစွတ်ထိုးနေတယ် ပေါက်ကွဲသံတွေ အော်ဟစ်သံတွေ ဆူညံလွန်းနေတယ် သေခြာတာကတော့ ဒီနေရာမှာ ကိုယ်ခြင်းစာတရားတွေ လုံးဝမရှိတော့ဘူး ဒါ ငါ့ရဲဘော်တွေကို ထိုးနေတာဘဲဖြစ်မယ် ရှိသမျှအားအင်တွေကိုအကုန်စုစည်းလိုက်တယ် အချစ်တော်ပစ္စတိုစီလက်ရောက်သွားတော့ မရှိတော့ပြီ ရင်ဘတ်မှာချိတ်ထားတဲ့ လက်ပစ်ဗုံးနှစ်လုံးကို တစ်ပြိုင်ထဲဆွဲဖြုတ်လိုက်တယ် မတတ်နိုင်တော့ပြီ မိုးတိုးမတ်တတ်ဗက်နက်နဲ့စွတ်ထိုးနေတာ ရန်သူတွေချည်းဘဲ ဒီလက်ပြစ်ဗုံးနှစ်လုံးဟာ ရန်သူလည်းထိမယ် ကိုယ်မမြင်ရတဲ့ ရန်သူ့ဗက်နက်နဲ့ အထိုးခံရမယ့် ကိုယ့်ရဲဘော်တွေလည်းထိနိုင်တယ် ဘာဘဲဖြစ်ဖြစ် လုပ်လို့ရတာဒီတစ်နည်းဘဲရှိတော့တယ် ဝုန်း ဝုန်း ဆက်ပါဦးမည် … ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု အမှန်တော့ www.myanmargazette.net အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာဆာယေးစယာအကျော်အမော် မိုက်ကယ်ဂျော်နီအောင်ပု ဆိုပြီးရေးခြင်တာပါ ဒါပေမယ့် ကျုပ်ကြောင့် ဂေဇက်ရွာကြီးလူဝင်နည်းသွားတယ်ဆိုလို့ အင်တာနေရှင်နယ် အပျီအပျီဆိုင်ရာဆာယေးစယာအကျော်အမော် နာမည်မခံတော့ပါဘူး ပုံ ဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု


Mr. MarGaFebruary 28, 20141min76135
စကားးး………. ဘာသာစကား ဆိုတာက ဟိုးးအရင် လူသားတွေ တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ဖို့ ကြိုးစားရင်းနဲ့ ပေါ်ထွက်လာတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုလို့ ပြောရမယ်။ အခုအချိန်အထိလဲ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ပြောဆိုရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဆဲပါ။ လူတစ်ယောက်ရဲ့ ပြောပုံဆိုပုံကိုကြည့်ပြီး သူ့ရဲ့ အမူအကျင့်ကို ခန့်မှန်းနိုင်တယ်လို့ ပြောရလေမလား။ စကား စကား ပြောပါများ စကားထဲက ဇာတိပြ ဆိုသလိုပေါ့ ပြောတာ ကြာလာလေလေ အတွင်းသဘောကို ပို သိလာရလေလေပါပဲ။ ဒါကြောင့် လူတစ်ယောက်အကြောင်းကို သိချင်ရင် စကားပြောဆိုကြည့်တာက အကောင်းဆုံးလို့ ဆိုချင်မိတယ်။ (အဲ…ဒါပေမင့် ဦးမာဃကတော့ ခဏတဖြုတ် စကားပြောကြည့်ရုံနဲ့ မခန့်မှန်းတတ်သေးပါကြောင်း)   လေသံနဲ့ ဟန်ပန် စကား ပြောမယ် ဆိုပြန်တော့လဲ…….. ပြောရုံနဲ့တင် မပြီးဘဲ လေယူလေသိမ်း၊ […]


Paing LayFebruary 28, 20141min3555
ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! […]


johnnydeerFebruary 24, 20141min3227
ဟိုတယ်နဲ့ ပတ်သက်ပြီး စိတ်ထဲ မှတ်မှတ်ထင်ထင် စွဲကျန်ခဲ့တာလေးတွေပါ…. အဖြစ်အပျက်တစ်ခုက… ဟိုတယ်ကို အသက် ငါးဆယ်လောက်ရှိတဲ့ လူကြီးတစ်ယောက် ဗင်ရှေ့ဆွဲလေး မောင်းပြီး ဝင်လာတယ်…ကျွန်တော်ကလဲ မေးလိုက်တယ်…အန်ကယ်…အခန်းယူမလို့လားခင်ဗျ…ဆိုတော့ မဟုတ်ပါဘူး ညီလေးရယ် တဲ့…အန်ကယ် စုံစမ်းစရာလေးရှိလို့ပါတဲ့…ဟုတ် မေးပါခင်ဗျ…ဆိုတော့ ဒီ ဟိုတယ်မှာ **** နာမည်နဲ့ ကောင်မလေးတစ်ယောက်လာသလားလို့ပါ တဲ့…ကျွန်တော်လဲ ဧည့်သည်စာရင်းကြည့်ပြီး… မရှိပါဘူး အန်ကယ် ဆိုတော့….သူက အန်ကယ့်သမီးလေးပါ…ဆယ်တန်းပဲ ရှိသေးတယ်…ပျောက်သွားလို့ဆိုပြီး ပြိုတော့မယ့် မိုးလို မျက်နှာ နဲ့ အသံတုန်တုန်နဲ့ ပြောရှာတယ်…အဲ့ဒီနောက် သူ့ဖုန်းနံပတ်လေး ပေးပြီး အဲ့ဒီနာမည်နဲ့ ကောင်မလေး လာတည်းရင် သူ့ဆီဖုန်းဆက်ဖို့ ပြောပြီး ဒီအနီးအနားမှာ ဘယ်ဟိုတယ်တွေ ရှိသေးလဲမေးပြီး ဆက်ထွက်သွားတယ်… ဒီအန်ကယ်ကြီးနဲ့ ခဏလေးပဲ ရပ်စကားပြောမိပါတယ်…သူ့ဆီက သောက အပူမီးက ကိုယ့်ကို သိသိသာသာကြီးကို […]


mgpoe zarFebruary 23, 20141min40613
မနှစ်က ကျွန်တော်အလုပ်လုပ်နေတဲ့ သင်္ဘောပေါ် အင်ဂျင် ဆီထိုးနဲ့ ကိုအောင်မြင့်ဆိုတဲ့ မြန်မာသင်္ဘောသားတစ်ယောက်တက်လာတယ်။ ကျွန်တော်ထက် အသက်ကြီးတယ်။ ၃၁နှစ်ကျော်လောက်ရှိမယ်။ မလေး အင်ဒို တစ်ဝိုက် ငါးဖမ်းသင်္ဘောတွေ ၆နှစ်ကျော်လောက် လိုက်ဖူးတယ်။ တက်ပြီး တစ်ပတ်တောင်မကြာဘူး အင်ဂျင်ခန်းက လူတွေနဲ့အဆင်မပြေဘူး။ အင်္ဂလိပ်စာမကောင်းတော့ အလုပ်လည်း သိပ်မလုပ်နိုင်တော့ တခြားနိုင်ငံသားတွေက idiot ကော fucking ကော မျိုးစုံအဆဲခံရတယ်။ တခါတလေ ကန်ချင်ကျောက်ချင်သလိုတောင် လုပ်ကြတယ်။ အနှိမ်ခံရတယ်။ မိန်းမက ကိုယ်ဝန်ရခါစ ဖြစ်တာကော အလုပ်မှာ ဒီပရက်ရှင် ဝင်နေတာကောနဲ့ သူက ဒီသင်္ဘောပေါ်မလုပ်ချင်တော့ဘူး ကျွန်တော့်ကို လာပြောတယ်။ ကျွန်တော်က ရောက်တာတောင် တစ်ပတ်ပဲရှိတယ် ခင်ဗျား ငွေတွေအကုန်ဆုံးကုန်မှာဆိုတော့ ရတယ်တဲ့ ရွာပြန်ပြီး တက္ကစီပဲပြန်မောင်းမယ်တဲ့။ ငါသင်္ဘောသားအလုပ်ကို စွန့်လွှတ်ချင်ပြီတဲ့။ ညတိုင်း မျက်ရည်တထွေထွေနဲ့ […]


San Hla GyiFebruary 23, 20141min84733
(ယခင်လမှ အဆက်) အခန်း (၁၁) ထမင်းစားခန်းထဲတွင် ဘူးဆန်းနဲ့ လီလီ စကားပြောနေတာ တွေ့ရသဖြင့် ယွီရှောင် အနည်းငယ် စိတ်ကသိကအောက် ဖြစ်သွားသည်။ ထို့ကြောင့် နေ့လယ်စာကို ခပ်သွက်သွက်ပင် ပြီးလိုက်ပြီး အလုပ်ပြန်မစမီ အချိန်လေးတွင် အသာလေး မျက်စိများကို မှိတ်ထားကာ မှိန်းနေလိုက်သည်။ သူအကြိုက်ဆုံး အနားယူနည်း တမျိုးလည်း ဖြစ်သည်။ ကိုယ်က ပုံတွေကြည့် ဂဏန်းတွေတွက် ကွန်ပျူတာကြည့် စသည်ဖြင့် မျက်စိရော ခေါင်းရော အလုပ်လုပ်ရသူ ဖြစ်ရာ အခုလို နာရီဝက် လေးဆယ့်ငါးမိနစ်ခန့် မှေးလိုက်ရတာက အတော် အထောက်အကူ ဖြစ်သည်။ ဒီလိုမှ မဟုတ်လျှင် အလုပ်ပြန်စချိန်တွင် မျက်လုံးများ ကျိန်းစပ်စပ်ဖြစ်ကာ အလုပ်လုပ်လို့ မကောင်းပဲ ဖြစ်တတ်သည်။ သူ့အနေနှင့် ဒီကုမ္မဏီမှာ လုပ်လာခဲ့တာ အခုဆိုလျှင် […]


alinsettFebruary 14, 20144min107624
  ကျွန်တော် ခင်ဗျားကို ချစ်တယ်။   ဒါက ……………… လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ရည်းစားစာ ဆိုတာကြီး မဟုတ်ဘူး။   အဲဒီလို ရည်းစားစာပေးတယ်ဆိုတာထက် ပိုလေးနက်တဲ့ မေတ္တာတရားရဲ့ အတိမ်အနက် အလေးအပေါ့သဘောတရာတွေနဲ့ စိတ်နှလုံးထဲက ခံစားမှုတွေကို ဖွင့်လှစ်ပြသခြင်းပါ ။   ချစ်တယ်ဆိုတဲ့စကားကို သုံးလိုက်ရပေမယ့် ပြော ပြ ချင် တာ က ဒီ ထက် အများ ကြီး ပိုနေပါတယ် ။   ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တယ်ဆိုရာမှာ ဘာတွေ ပါနေသလဲ ဘယ်လိုမျှော်လင့်ချက် ဘယ်လို အတွေးစိတ်ကူးတွေနဲ့ ဦးတည်သလဲ . . .   ကျွန်တော်ကတော့ ခင်ဗျားကို ချစ်တယ်လို့ပြောရာမှာ. . […]


alinsettFebruary 12, 20142min53212
ငါ့အတွက်ဆို ကံကြမ္မာက ဓါးထမ်းပြီး လာနေကျပဲ ။ အဲဒီလို ငါ မကြာခဏရေးဖူးတယ် ။   တကယ်လည်း ဟုတ်တယ် ။ ကြာတော့ ငါက. . . ကံကြမ္မာဆိုတာကြီးကို ကြောက် ရွံ ့ခြင်းကတစ်ဖက် . . လာစမ်းကွာ ဆိုပြီး ရင်ကော့ ခေါင်းမော့ အရွဲ့ တိုက်လိုက်ချင် စိတ်က တစ်ဖက်နဲ့. . .နှလုံးသားမှာ အသားမာတောင် တက်လာတယ်။   ငါ စဉ်းစားတယ် ။ ငါ ဖြစ်နေတဲ့ အကျိုးတရားတွေကို ကြည့်ရင်. . . ငါ လုပ်ခဲ့တဲ့ အကြောင်းတရားက တော်တော် ကမောက်ကမ နိုင်ခဲ့တာပဲ လို့ ။   အခု […]


သုရွင္February 11, 20141min49211
လက်ရှိ မင်းသားလုပ်တဲ့သူကလည်း ဘာပဲပြောပြော ပတ်မကြီးကို တကြည့်ကြည့်။ တစ်ယောက်ယောက် ဖောက် သွားမှာကို စိုးရိမ်လို့။ စိုးရိမ်လောက်စရာကိုး။ သူက သာ က လို့ကောင်း နေတာ ဇာတ်ခုံက ခပ်နဲ့နဲ့ရယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အဖြစ် ကနေရတာ။ မင်းသားက ကလို့ မဆုံးသေးဘူး ဇာတ်ထွက် မင်း သမီးက တစ်ပြင်ပြင်။ ပရိတ်သတ်က မင်းသမီးကို မျှော်လှပြီ။ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ်။ ဒီဇာတ်ထုပ် ကလည်း ရှည်ပါ့ ဆိုတာ လိုမျိုး။ မပြီးနိုင်တဲ့ ဇာတ်က အရှုပ်ထုပ်။ ပရိတ်သတ်ထဲမှာ တောဇာတ်ဆိုတော့ဗျာ ရွာကျောင်းက ကိုယ်တော် တွေ လည်းပါတယ်။ ထန်းရည် သမားတွေ လည်းပါတယ်။ ဒီနှစ်တွေ ထဲ ရွာမှာ ပွဲငတ်နေတာကြာပေါ့။ ငယ်ငယ်ရွယ်ရွယ်ကြီးကြီးသေးသေး ပုပုရှည်ရှည် […]


silver heroFebruary 4, 201432min3093
အရပ်ဖက်အဖွဲ့အစည်းကော်မတီတွေနဲ့အစိုးရဌာန တွေပူးပေါင်းဆောင်ရွက်ကြတာ ပြောင် မြောက်စွာတွေ့မြင် ရသမို့ ။ တတိယ မြောက် မဟာဗျူဟာမြောက် နိုင် ငံရေးပြု ပြင် ပြောင်းလဲမှုအတွက်အားရ ကျေန ပ် ဝမ်းမြောက် ရတာမင်္ဂလာရှိလေစွ။ သို့ပေမယ့် အချို့ကိစ္စလိုအပ်ချက် ရှိသမျှက ပြောမှသိ ၊ တီးမှ မြည်တတ်ကြတယ်မဟုတ်လား။ဝေဖန်စရာရှိဝေဖန်၊ လေကန်စရာရှိ လေကန် ရမှာမောင်ဗေထိတို့စာပေ လောကသားတွေ အလုပ် ဖြစ်နေ တော့ အနည်းငယ်တော့ ဝေဖန် ရ မ ပေါ့။ဝေဖန်မှုများမှတိုး တက်မယ်မဟုတ်ပါလား။အမှားများ ရင် အမှန်ဖြစ်နေတဲ့လောကကြီးမှာ ၊ စကားများတဲ့အကြံအစည်ဖြစ်နေမလား။တွေးစိတ်နဲ့စိုးထိတ် ပူမိသေးသဗျ။လုပ်ချင် တိုင်းလုပ်၊ဖြစ်ချင် တိုင်းဖြစ်၊ပျက်ချင်တိုင်းပျက်ခဲ့သမျှကြားထဲကငထွားခါးနာမဲ့အဖြစ်ကိုပြည်သူထဲကတာဝန်ပေးစေ ခိုင်းနေတဲ့ ဟို ကော်မတီ ၊ ဒီ ကော်မတီတွေ ပေါ့ဗျာ။ဆာဆာ ၊ မဆာဆာ တွေ့သမျှ အလှူအိမ်တက်အလွတ်ဆွဲ […]


  မေ………..။ အဲသည်နေ့က ကျတော့်စိတ်ထဲ တစ်လုံးတည်းသာ ရေရွတ်လိုက်မိတဲ့စကားလုံးပဲ။ မေ့နှုတ်ခမ်းက ထွက်ကျလာတဲ့ စကားလုံးပေါင်းများစွာကို တွန်းလှန်တင်းခံမထားနိုင်တာ အံဩစရာ မဟုတ်ပါဘူးလေ။ သည်လိုပဲလေ မေ ကျတော့်ကို  အနိုင်ယူနေကြပဲ သည်ကိစ္စမှာ မေမှားသလို ကျတော်လည်းမှန်တယ်လို့ မေနည်းနည်းတောင် မစဉ်းစားမိဘူးလား။ သစ္စာမဲ့တယ်လို့  မေထွက်ခဲ့တဲ့စကား အတိမ်အနက်ဟာ တင်းထားတဲ့ကျတော့်သိက္ခာလေး မှုန်ပျပျကို မေတစ်ခါတည်း ဆွဲချပစ်ခဲ့တာပဲ။ (၂)နာရီဆိုတဲ့ အချိန်ကာလတစ်ခု မေ့အတွက်အရေးကြီးမှန်း ကျတော်သိခဲ့တာပေါ့မေ။ အဲသည်လိုပဲ မေနဲ့ကျတော်သိပ်ချစ်တဲ့ ‘နီတာနဲ့နီပြာ’ လေးအတွက်လည်း ဘဝနဲ့ရင်းပြီး အရေးကြီးတယ် ဆိုတာ မေသိမယ် ကျတော်ထင်ခဲ့တာ။ ကျတော်ရောက်တဲ့အချိန်ဟာ သိပ်ကိုနောက်ကျသွားမှန်းကျတော်သိတယ်။ ကန်တော်ကြီး Utopia Tower ရှေ့က The Best Music Pub ဆိုတဲ့ ဆိုင်လေးရဲ့ ကွက်လပ်တစ်နေရာမှာ မေတို့သူငယ်ချင်းတစ်စုက စကားသံတွေဝေစည်နေပြီလေ။ […]


ကျနော်က နာနတ်တောလမ်းမှာနေပြီး ရုံးက သံလမ်းမှာမို့ ရုံးအသွားက ( လှည်းတန်း – သံလမ်း ) ၊ ရုံးအပြန်က ( သံလမ်း – လှည်းတန်း ) ပေါ့ ၊ ကျနော်အမြဲစီးနေကျ ဘတ်စ်ကားတွေက ၄၈ မီနီဘတ်စ် ၊ ၅ဝ ၊ ၁၇၄ ၊ ၁၈၃ ၊ ၂၂၆ စတဲ့လိုင်းကားတွေပါပဲ ၊ အဲဒီကားတွေ အားလုံးက ကားခ ငါးဆယ်ပါ ၊ ၄၅ နဲ့ ၁၈၈ ဆိုရင် တစ်ရာပေးရပါတယ် ၊ ကျနော်ကတော့ ငါးဆယ်နဲ့ ရောက်တဲ့ခရီး အရေးလည်းမကြီး အရင်လည်း မလိုမို့ ငါးဆယ်တန်ကားတွေပဲ စီးသူပါ ၊ ကပ်စေးနည်းတာ မဟုတ်သလို […]