သိုင်းသမား ကျုံးအန်ဖတ်နှင့် မယားနိုင်ဓားး

moonpoemMarch 3, 20141min13313

ရွှိ…ဝှစ် လှစ်ခနဲ ရွှိစ်ခနဲ ဝင်လာသော မြှားချက်များကို တစ်ကိုယ်တော်သိုင်းသမား ကျုံးအန်ဖတ်တစ်ယောက်လျင်မြန်စွာ ရှောင်လိုက်သည်။ မြှားချက်များကို ပစ်လာသူက စုံစီနဖာ ဂိုဏ်းချုပ် အော်ကွေ ့ကြည်။နေရာကား…ဆမာကဒါနိုင်ငံဧ။် အီကြာကွေးတောင်ကြား ဘင်လာဒင် ဇရပ်။

အဓိက V.I.P ခုံများတွင်တော့ စုံစီနဖာဂိုဏ်းချုပ် အော်ကွေ ့ကြည်၊ ရှောင်လင် အပျိုကြီးဂိုဏ်းချုပ်
ချူလှျိုဂွမ်း၊ အော်မေ့ဂိုဏ်းချုပ်တိန်းရှောင်ကွေ ့(မှတ်ချက်-အော်မေ့ဂိုဏ်းချုပ် သည် အမျိုးသားများနှင့်သာ ဖွဲ ့စည်းထားခြင်း ဖြစ်ပြီး မိမိဧ။် ရည်းစားသော်လည်းကောင်း မိန်းမကသော်လည်းကောင်း အော်လိုက်ရင်မေ့တတ်သူများ ဖွဲ ့စည်းထားသော သိုင်းအဖွဲ ့) တို ့ထိုင်နေကြသည်။

တိတ်ဆိတ်ခြင်းများ လွှမ်းမိုးပြီးနောက် အော်ကွေ ့ကြည်ထံမှ စကားသံထွက်လာသည်။

ဒီမှာကျုံးအန်ဖတ် ခင်ဗျား ဖွက်ထားတဲ့ မယားနိုင်ဓား ဘယ်မှာလဲ။ ကျွန်တော့်ကို လိမ်မယ်လို ့တော့
မစဉ်းစားနဲ ့။ခင်ဗျားက လူပျိုကြီးပဲဗျာ ဒီဓားခင်ဗျားမှာ ရှိလို ့လည်း ဘာမှ ထူးမသွားပါဘူး။ ကျွန်တော့်လိုသားနဲ ့မယားနဲ ့လူကို ပေးလိုက်ရင် သိုင်းလောကမှာ မယားတွေက နိုင်လို ့ ဒုက္ခရောက်နေတဲ့တခြား လူတွေကိုပါ ကယ်တင်ပြီးသား ဖြစ်သွားအောင် ကျွန်တော်တောင်းနေရတာပါ။

ကျုံးအန်ဖတ်တစ်ယောက် စိတ်ညစ်မိသည်။သူ ့တွင် ဘာမှ ဖွက်ထားသည်မှာ မရှိ။ ဒါပေမယ့် သိုင်းလောကတွင် ကောလဟာလတစ်ခု ပြန့်ပြီဆိုသည်နဲ ့ပြန်ရှင်းလို ့မရသည်က များလေသည်။
အခုလည်း သူတို ့ဘာကို ဖွက်ထားသည်ဟု ထင်နေကြသနည်း။ အမြန်ဖြေရှင်းမှ ဖြစ်တော့မည်။

ဒီက ဂိုဏ်းချုပ်အော်ကွေ ့ကြည်အနေနဲ ့ကျွန်တော့်အပေါ် အထင်လွဲနေပါတယ် ခင်ဗျာ။ ကျွန်တော့်မှာ
ဖွက်ထားတာ ဆိုလို ့မယားနိုင်ဓား မပြောနဲ ့ဘရိတ်ဓားတောင် မရှိပါဘူး။ ကိုယ့်ကို ရှင်းပြခွင့်ပေးပါ။

တော်တော်တော် ကျုံးအန်ဖတ် ခင်ဗျား Rကြီးသီချင်းတွေ လာဆိုပြမနေနဲ ့။ ခင်ဗျားအဲလောက်တောင်
ညာနေတာဆိုတော့ တစ်ခုလောက်တော့ မေးမယ်။ ခင်ဗျားလွန်ခဲ့တဲ့ ၂ပတ်လောက်က စပြီး ညအိပ်ခါနီးတိုင်း ခင်ဗျားရဲ ့ညဝတ်ဂုန်နီအိတ် ဝမ်းဆက်အကျင်္ ီထဲကနေ ထုတ်ထုတ်ကြည့်နေတာ ဘာလဲပြော။

ကျုံးအန်ဖတ်ဖြေရှင်းမှ ဖြစ်တော့မည်။
အဟမ်း…အခု တက်ရောက်လာကြတဲ့ သဘာပတိကြီးများနဲ ့ဗမာငပိစားကြသူများခင်ဗျား….။
ကျွန်တော်ကျုံးအန်ဖတ်အနေနဲ ့ မယားနိုင်ဓား မရှိပါဘူးဆိုတဲ့အကြောင်းနဲ ့ ညတိုင်း
ထုတ်ထုတ်ကြည့်နေတဲ့ ကျွန်တော့်ရဲ ့ပစ္စည်းလေးကို ပြသခွင့် ပြုပါ။

အားလုံး စိတ်ဝင်တစား ကြည့်လိုက်တော့ အလေးမသည့် ၄ပေါင်တုံး…။ဟုတ်တယ် ကျွန်တော့်ရည်းစားက ပိန်လွန်းတဲ့ ကျွန်တော့်ကို ဝိတ်မအောင် မွေးနေ ့လက်ဆောင်ပေးထားတဲ့ အလေးမတဲ့ ၄ပေါင်တုံးပဲ။

အော်ကွေ ့ကြည်သည် ဒူးထောက်လိုက်ပြီး ဝေါ် ဟပ်ချိုးနီ။ နီချောင်းဆိုးဝေါ်ဆိုပြီး
တောင်းပန်လိုက်သည်။အားလုံးစိတ်ထဲရှင်းသွားလေပြီ။ နေရပ်အသီးသီးသို ့မိမိကိုယ်ပိုင်သိုင်းစွမ်းအားများဖြင့် ကိုယ်ဖော့ကာဆိုက်ကားများပေါ် တက်သူကတက်၊ ထော်လာဂျီ မောင်းသူက မောင်းဖြင့် ပြန်ကြလေပြီ။

မယားနိုင်ဓား ဘယ်ရောက်နေသလဲဆိုတာကတော့ လျှို ့ဝှက်ချက်တစ်ခုပမာ…။

ရှောင်လင် အပျိုကြီးဂိုဏ်းချုပ် ချူလျှိုဂွမ်းကတော့ ရယ်နေမိသည်။ သူတို ့အပျိုကြီးဂိုဏ်းတွင် တစုံတယောက် အကြောင်းအမျိုးမျိုးဖြင့် အိမ်ထောင်ကျခဲ့သော် မယားနိုင်ဓားကို ကိုင်ဆောင်သူမှ
သူ ့ဂိုဏ်းသားကို နိုင်မှာ သူ အမျိုးသမီးထုဘက်မှ နေပြီး မနှစ်မြို ့နိုင်။ ဒါ့ကြောင့် သူ သည် မယားနိုင်ဓားကို ဆရာကြီး ဂျက်ကီအောင်နက်ထံမှ ရရှိချိန်မှ စပြီး သူ ့အိမ်ရှိ ဆန်ပုံးထဲတွင် ဝှက်ထားခဲ့ခြင်း။ ကျုံးအန်ဖတ်က ကြားထဲက မဆီမဆိုင် ခံသွားရခြင်းသာ။

မမချူလျှိုဂွမ်း အသက်ရှင်နေသေးသရွေ ့သိုင်းလောကသာ မက မိန်းမသားလောက ကိုပါ အဓွန် ့ရှည် တည်တံ့ အောင် ဆောင်ရွက်နေရဦးမည်။ရှောင်လင်အပျိုကြီး ဂိုဏ်းချုပ်မမချူလျှိုဂွမ်းဂုတ်ပိုးတွင်တော့ တစ်ချိန်က သူ ့ရည်းစား အရက်မူးကာ ခုတ်ခံထားရသော ခွက်စောင်းရာကြီးက အထင်းသား….။

13 comments

  • Paing Lay

    March 3, 2014 at 8:11 pm

    နောက်အပိုင်းမှာ ကောင်းကင်ပြာဓါးကိုပါ ဆက်ထည့်စေလိုပါကြောင်း :mrgreen:

  • padonmar

    March 3, 2014 at 11:36 pm

    ဒို့အော်မေ့ဂိုဏ်းကိုတော့ စောင်းပြောတာ မဟုတ်လောက်ပါဘူးနော်။
    နှူးဘာဂိုဏ်းတို့ နယ်စည်းမခြား အရက်သမားဂိုဏ်းတို့ကိုလည်း သိုင်းလောကထဲ ဆွဲသွင်းလိုက်ပါအုံး။ရှဲ့ ရှဲ့။

  • ဟီး.. ရုံးမှာလည်း အော်မေ့ဂိုဏ်းရှိတယ်.. တစ်ခုခုပြောလိုက်ရင်.. အော်.. မေ့သွားလို့.. လို့ ပြောတတ်တဲ့သူတွေကို အော်မေ့ဂိုဏ်းဝင်လို့ ခေါ်တာ.. ဟီး.

  • မဟာရာဇာ အံစာတုံး

    March 4, 2014 at 9:46 am

    မယားနိုင်ဓါး ဆိုကာမှ
    နီနီဝင်းရွှေ သီချင်းကို ပြေးသတိရမိတယ် …
    ဒီသီချင်းထဲက အတိုင်းဆို မယားနိုင်ဓါး မလိုဘူးရယ် …
    ဆိုပြမယ် .. အဟမ်းး ဟမ်းး

    ♪♪ နဂါးနိုင်မင်းတော့ မောင်ဖြစ်လိမ့်မယ် မထင် ♫♫ ဇာတ်မင်းသားကြီးလို .. ♪♪ ..
    နန်းဝတ်နန်းစားကြီးနဲ့ဆို .. ♫♫ .. တကယ့်ကို ရီစရာကောင်းမယ် .. ရီစရာကောင်းမယ်ရှင် … ဟင်ဟင့် .. ♪♪ .. ကျမစကားကို မောင်နားထောင်ရင် .. ♫♫ .. နဂါးနိုင်မင်း မဖြစ်ပေမယ့် … ♪♪ .. ကျမကို နိုင်တဲ့ .. ♪♪ .. မယားနိုင်မင်းတော့ ဖြစ်မှာ အသေအချာပင် .. ♫♫ .. တူနှယ့်နှယ် .. ဗျောင် …

    :mrgreenn: :mrgreenn:

  • ဦးကြောင်ကြီး

    March 4, 2014 at 11:14 am

    ပိုအမ်လေးဂို ကိုယ်ဖော့ပြင်ညာ သုံးပီး ခိုးပြေးဂျင်ဒယ်.. ဝှစ် ဝှစ်..

  • မမချွိ

    March 4, 2014 at 11:57 am

    ဟားဟားဟားဟားးးး
    လို့ ရုံးမှာ အသံထွက် ရီလို့ မရလို့ ဒီမှာပဲ ရီသွားတယ်။
    😀

    အပျိုကြီးဂိုဏ်းမှာ လင်ငိုရွက် ကို နေ့တိုင်းပြုတ်တို့စားလေ။
    ယတြာ ယတြာ
    ဟိဟိ :mrgreenn:

  • Wow

    March 4, 2014 at 12:07 pm

    အဟမ်း… အိုက် မယားနိုင်ဓားကို ဆက်ဖွက်ထားပါလို့ ပြောပေးဘာာ :mrgreen:

  • ဦးကျောက်ခဲ

    March 4, 2014 at 12:14 pm

    အဟိ… အဲသည့် မယားနိုင်ဓားလေး ခဏငှါးပါလာဟင်…
    အခုတလော အရိုက်ခံရ ဆိတ်ဆွဲခံရနဲ့ ဒဏ်ရာဒဏ်ချက်တွေ များနေလို့…
    😀

  • ဦးဦးပါလေရာ

    March 4, 2014 at 12:21 pm

    အဲဒီဓါးနဲ့ အတူတူ သွန်းလုပ်ခဲ့တဲ့ နောက်ဓါးတစ်လက်ရှိသေးတယ်…
    အဲဒါကိုတော့ ဂဇက်ရွာသားတွေ အသက်နဲ့လဲပြီးထိန်းသိမ်းထားတယ် ဆိပဲ ……
    😀

  • TNA

    March 4, 2014 at 4:29 pm

    အိုက်ဒါး သေချာဖွက်ထားဘာဗျို့ ရွာထဲကလူဗျိုကြီးတွေ ကြောက်လို့မီးမမယူတာ။ ဒီဒါးရရင်ယူနေဂျအုံးမယ်။ ငိငိငိငိ။ အမျိုးသမီးထုကို ကာကွယ်ဘာ :mrgreen:

  • moonpoem

    March 4, 2014 at 10:48 pm

    ချူလျှိုဂွမ်းကို ပြောလိုက်ပါ့မယ် ဆက်လက်ပြီး ဆန်ပုံးထဲမှာ သိမ်းထားပါလို့လေ 🙂

  • Mr. MarGa

    March 6, 2014 at 11:01 am

    ဟဲဟဲ… မယားနိုင်ဓါးမရှိလဲ တို့များက အေးဆေးပါ။
    ဦးပါ ပြောသလို ဂဇက်ရွာသားတွေ အသက်နဲ့လဲပြီး ထိန်းသိမ်းထားတာရှိသေးတယ် :mrgreen:

Leave a Reply