ရာမညMarch 1, 20131min16516
ပူအိုက်သော နွေဥတု၏တနေ ့သ၌ …… ကျွန်ုပ် နှင် ့မိတ်ဆွေကြီးဖြစ်သူ ကိုမြင် ့ကျော်တို ့မှာ ကျွန်ုပ်၏ရုံးခန်းထဲတွင် လက်ဘက်ရည်သောက်ရင်း ရှေးဟောင်း နှောင်းဖြစ်များကို ပြောဆိုနေခိုက် တပည် ့လေးတစ်ဦးမှ ဧည် ့သည်ရောက်နေကြောင်း ပြောသဖြင် ့ အခန်းထဲသို ့လွှတ်လိုက်ရန်ပြောရလေသည် ။ များမကြာမှီ အခန်းဝ၌ အသက်အစိတ်ခန် ့ အမျိုးသမီးတစ်ဦး ဝင်လာသဖြင် ့ နေရာပေးပြီးလျှင် လာရင်းကိစ္စကိုမေးရလေတော ့၏ ။ “ဆရာ ကျမ အမှုတိုင်ချင်လို ့ပါ… ” “ရပါတယ် ပြောပါ .. လွတ်လွတ်လပ်လပ်ပြောနိုင်ပါတယ် …. ” အမျိုးသမီးမှာ ကိုမြင့်ကျော်ကို တစ်ချက်ဝေ ့ကြည် ့ပြီး … “ဒီလိုပါဆရာ ….. လွန်ခဲ […]


“ငြမ်းဆင်ပေးရမည့် အတွေးနုလေးများ”(အနာဂတ်ကောင်းကင် ၂နှစ်ပြည့်-ဒုတိယဆုရ)   (အချိန်နှင့်တပြေးညီ Reply မလုပ်နိုင်ပါက ခွင့်လွှတ်ပေးကြဖို့ လေးစားစွာကြိုတင်တောင်ပန်အပ်ပါသည်။)   “မေမေ..ပီတာပန်ကဘာလို့ပျံနိုင်တာလဲ” “အရိပ်ရှိလို့ပေါ့…” “စူပါမင်းနဲ့စပိုက်တာမင်းကကောဟင်” “ဝတ်စုံတွေရှိလို့ပေါ့သားရာ..မင်းလည်းကြည့်နေရတာပဲ..ဒီမှာ မေမေကျောက်တွေကြည့်နေတယ် ခဏခဏလျှောက်မမေးစမ်းနဲ့” စိုးလေးရဲ့မသိနားမလည်တဲ့အမေးကို ကြည်ဝေဖြေနေပုံအားကြည့်လျက် ရီရီစိတ်ပျက်သွားမိသည်။ မိမိအလုပ်မအားတာနဲ့ပဲ ကလေးအမှတ်မှားစရာတွေဖြစ်အောင် စိတ်ကူးယဉ်ဇာတ်လမ်းထဲက အတိုင်း အလိုက်သင့်ဖြေနေသော ကြည်ဝေကို အားမလိုအားမရဖြစ်နေပေမယ့် သူတို့သားအမိ ကြားထဲ ဆရာမကြီးဝင်ဝင်လုပ်တယ် ဆိုပြီး မောင်လေးကိုတိုင်မှာစိုးတာကြောင့် ရီရီဘာမှဝင်မပြော တော့။ ယောင်းမတော်ကြည်ဝေက နေရာတကာ အစိုးရိမ်ကြီးစွာ ဝင်ပြောတတ်၊သတိပေးတတ်သော ရီရီ့ကိုလုံးဝအမြင်မကြည်တတ်။   “အကို့အစ်မက နေရာတကာ ဆရာမကြီး ဝင်ဝင်လုပ်တယ် သစ်ထုတ်ရုံးမှာလုပ်လို့သာပဲ ကျောင်းဆရာမသာ ဆိုရင် ကြည်တို့နေစရာတောင်ရှိမှာမဟုတ်ဘူး” ဆိုပြီးမောင်လေးထံပြောနေသံတွေကို ရီရီ အတိုင်းသားကြားခဲ့ပြီးကတည်းက စိုးလေးဘာလုပ်လုပ် တစ်ချက်နှစ်ချက် ဟန့်ရုံ၊သူ့အဖေနဲ့အမေကို လှမ်းအသိပေးတတ်ရုံကလွဲပြီး ဘာမှဝင်မပြောဖြစ် […]


ကျနော့်အမေက ဒေါက်တာအောင်ထွန်းသက်နဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ဆိုပြီး စာအုပ်တစ်အုပ်လုပ်ဖူးတယ် ။ ကျနော်ဟာ နေရာတကာမှာ ဆန့်ကျင်ဘက်ကချည်း စဉ်းစားတာမဟုတ်ပေမယ့် ယုံကြည်မှု ပျက်ပြားတာမျိုးကကော လို့ တွေးမိတယ် ။ တွေးမိတာကလည်း ကျနော့်သားရဲ့ စကားတစ်ခွန်းကြောင့်ပါ ၊ ဖြစ်ပုံက ဒီလို သူ ကျနော့်ကို သေနတ်တစ်လက် ပူဆာနေတာကြာပြီ အဲဒီ ကလေးကစားတဲ့ သေနတ်ကလည်း ၈၀၀ဝ တဲ့ ၊ ဆွေမျိုးပေါက်ဖေါ် နိူင်ငံကြီးက ထင်ပါရဲ့ ကလေးတွေ အမြင်မှာ အတော့်ကို လိုချင်စရာ ပုံစံမျိုးပေါ့ ကျနော်ကလည်း သူလိုချင်လှတာကို သိလို့ အေးပါ လခရရင် ဝယ်ပေးမှာပေါ့ကွာ လို့ ပြောခဲ့ဖူးတယ် ၊ ဖြစ်ချင်တော့ ပြီးခဲ့တဲ့ လစာထုတ်ရက်မှာ တခြားအရေးပေါ်ကိစ္စအတွက် အိမ်အတွက် လဝက်စာ […]


johnnydeerFebruary 22, 20131min1217
ကလင်…ကလင်… ဟုတ်ကဲ့…အမိန့်ရှိပါခင်ဗျ….  အေး…အခန်းစုံစမ်းချင်လို့… ဟုတ်ကဲ့ပါခင်ဗျ….အခန်းဈေးနှုန်းတွေက နှစ်ယောက်ခန်းက သုံးမျိုးရှိပါတယ်…***…***…***ပါ…သုံးယောက်ခန်းက နှစ်မျိုးရှိပါတယ်…***…***ပါ….လေးယောက်ခန်းကတော့ ***ပါ…ခြောက်ယောက်ခန်းက***ပါခင်ဗျ…  အေး…ငါတို့က ဟိုဘက်….ဟိုတယ်မှာ တည်းနေကျ.. (အဲ့ဒါဆိုလဲ သွားတည်းပါလား) ဟုတ်ကဲ့ပါခင်ဗျ… အဲ့ဒီမှာ မရလို့ မင်းတို့ဆီ လှမ်းမေးတာ…ဘော်ဒါတစ်ယောက်က ဖုန်းနံပတ်ပေးလို့…နှစ်ယောက်ခန်း ၁၅ ခန်းလောက် ယူမယ်…ဘယ်လောက်လျှော့ပေးမလဲ…  (အင်း…စ  မစသေးဘူး…လာပြီ) ဟုတ်ကဲ့…Group တွေ..ရက်ရှည်တည်းတဲ့ သူတွေအတွက် ဆယ်ခန်းတစ်ခန်း…ဆယ်ရက်တစ်ရက် လျှော့ပေးပါတယ်ခင်ဗျ…  ပြီးတော့ တည်းတဲ့သူတွေက အစည်းအဝေးလုပ်မယ်…BALL ROOM ကို တနေကုန်သုံးချင်တယ်… ဟုတ်ကဲ့…BALL ROOM က သုံးနာရီတဆက်ရှင်ကို *** ယူတာပါခင်ဗျ…တည်းခိုတဲ့သူတွေဆိုရင်တော့ အဆင်ပြေအောင် ဈေးနှုန်းကို စီစဉ်ပေးပါမယ်ခင်ဗျ…. မဟုတ်ဘူးကွ…ဟိုဘက်ဟိုတယ်ကဆို ခန်းမအတွက် ပိုက်ဆံမယူဘူးကွ… FREE ပဲ… (ဟုတ်ပါ့မလား..မောင်ကာဠုရဲ့) ရမှာလား…အခန်းခကော ထပ်လျှော့ပေးနိုင်သေးလား…MEETING ROOM ကကော FREE […]


alinsettFebruary 22, 20131min15413
( ကျွန်တော် ချစ်သော… မိုး…သို ့…) ယောက်ျားတစ်ယောက်..သူ ့ချစ်သူမိန်းမ ဆီက..ရနိုင်တဲ ့ ( သွေးသား ကိစ္စ ) တစ်ခုလောက်အတွက်နဲ ့….နင့်ကို ငါ ချစ်ခဲ့တာ မဟုတ်ဘူး ။ ငါ့မသိစိတ်က နင့်ကို….တွယ်တာ မက်မော လွန်းစွာနဲ ့….ပိုင်ဆိုင်လိုစိတ်တွေ တဖွားဖွား ဖြစ်နေပေမယ့်….. ငါ့ ရဲ သိစိတ် ထဲမှတော့…နင်ဟာ…. မချစ်သင့် မချစ်ထိုက်တော့တဲ ့ မိန်းမတစ်ယောက်ပဲ..လို ့ တောင်…တွေးမိသေးတယ် ။ ငါ့အသိစိတ်ထဲမှာ…နင်ဟာ…ငါ့အချစ်နဲ ့ မထို်က်တန်တာလား … ငါဟာ..နင့်အချစ်နဲ ့ မထိုက်တန်တာလား…ဆိုတဲ ့ မေးခွန်းတွေ… ပလူပျံနေတယ် ။ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ နင်..ငါ့အပေါ်မှာ….. အနိုင်ယူလွန်းတယ် ။ အဲဒါက်ို သိသိကြီးနဲ ့…ငါကလည်း… […]


လူကေလးFebruary 22, 20131min17118
ဘယ်သူမှ မဆိုးပါဘူး လူအများပြောနေကျတဲ့ နေဝင်ရီတရော ဆိုတာ ဒီအချိန်ထင်ပါရဲ့.. . ပတ်ဝန်းကျင်ကိုကြည့်ရတာ အိပ်ငိုက်နေသလိုပဲ.. မပွင့်မလင်းနဲ့ဆိုပါတော့. . ကျွန်တော့ရဲ့ကလေးတွေကတော့ ပတ်ဝန်းကျင်အခြေအနေနောက်ကို မခံစားနိုင်ပဲ.. အရင်ပြီးတဲ့သူ ပြန်ရမယ်ဆိုတဲ့ မက်လုံးကြောင့် အသေအကြေ တွက်နေကြလေရဲ့.. လက်ချိုးပြီးပေါင်းတဲ့သူနဲ့.. ခြေချောင်းတွေပါထည့်ရေနေတဲ့သူနဲ့.. သူတို့ကို ကြည့်ရင်း ကျွန်တော် ပြုံးလိုက်မိတယ်.. ကျွန်တော်ဒီဘက်ခြံမှာ ကလေးတွေ စာသင်နေတုန်း .. ကျွန်တော်တို့အိမ်က ဆူညံဆူညံ အသံတွေက တစ်စထက်တစ်စ ကျယ်လာပါတော့တယ်.. ကျွန်တော် ဖေဖေ့အသံ ကိုတော့ သိပ်မကြားရပါဘူး .. ညီလေး အသံကတော့ တစ်ချက်တစ်ချက် ဟိန်းကနဲပဲ.. “မလုပ်ချင်ဘူးဗျာ.. လုံးဝပဲ.. မဝယ်ပေးဘူးဆို . .. မဝယ်ပေးဘူး.. ဖေဖေအဲလိုတွေ သောက်နေလို့ ခုထတောင်မထနိုင်တော့ဘူး မဟုတ်လား.. သားကိုလာမခိုင်းနဲ့.. သားလုံးဝမဝယ်ပေးဘူး…” […]


johnnydeerFebruary 21, 20131min13211
ဒါကတော့ ကျွန်တော့်ဘဝရဲ့ တကယ့်အဖြစ်အပျက်လေးပါ…ဉာဏ်စမ်းပဟေဠိလေးလို့ ယူဆချင်ရင် ယူဆကြပါတော့…အဓိက ကတော့ ဘာလုပ်သင့်လဲ…ဘာဖြစ်သင့်လဲ ဆိုတာကိုပါ…ကောမန့်တွေ ပေးပြီးကြရင် ကျွန်တော် ဘာလုပ်ခဲ့သလဲ ဆိုတာ ပြောပြပါ့မယ်… မှတ်မှတ်ရရ  ကျွန်တော် တတိယတန်းတုန်းကပေါ့….မိဘတွေက ဝန်ထမ်းတွေဆိုတော့ ကျောင်းခဏခဏ ပြောင်းရတယ်…အဲ့ဒီကျောင်းမှာ ကျွန်တော်က ကျောင်းသားသစ်ပေါ့….ဖြစ်ပုံက ကျောင်းဖွင့်ကာစ မိုးရာသီကြီးမှာပေါ့…အဲ့ဒီနေ့က ကျွန်တော် အစားမှားပြီး ဝမ်းပျက်နေတယ်….ကျောင်းသားသစ်ဆိုတော့ ခွင့်တိုင်ရမှာ စိုးတာနဲ့ ကျွန်တော်ဇွတ် ကျောင်းတက်ခဲ့တယ်…အတန်းဝင်တဲ့ ဆရာမက ကျောင်းသားဟောင်းတွေ ပြောစကားအရ နာမည်ကြီး…စည်းကမ်းကြီး…အရိုက်ကြီးတဲ့ဆရာမ …ဆရာမက စာသင်နေတာ အရှိန်တအားကောင်းနေတယ်…ကျွန်တော့် ဝမ်းက ရစ်ပြီးနာနေတယ်…အိမ်သာ သွားရအောင်ကလဲ ဆရာမစာသင်တာ ဖြတ်ပြီး ခွင့်မတောင်းရဲဘူး….အောင့်တယ်…သည်းခံတယ်…သည်းခံရင်း သည်းခံရင်းနဲ့ပဲ ဘယ်လိုမှ မရတော့ဘူး….နောက်ဆုံး ဘယ်လိုမှမတတ်နိုင်တဲ့ အဆုံး ဆရာမဆီ အိမ်သာသွားဖို့ ခွင့်တောင်းပါတယ်…ဆရာမကလဲ ခွင့်ပြုပါတယ်…အိမ်သာ တက်ချင်စိတ် တအားများတော့ ဟိုး…ခပ်လှမ်းလှမ်းက […]


johnnydeerFebruary 17, 20131min13517
ဒီလောင်းကစားကို ငါတသက်လုံးလုပ်ခဲ့တာပါ ကွ…ဘယ်တော့မှ မကြီးပွားခဲ့ဘူး…မင်း ရှေ့ဆက်ပြီး ဒါကို မစွန့်ပဲ ပေကပ်ပြီးဆက်လုပ်နေမယ်ဆိုရင် မင်းတနေ့ ခွေးဖြစ်မယ်….. (အဖေ) ယောက်ကျားက ဒီလောင်းကစားကို နေ့ကော..ညကော အိမ်ပြန်မလာစတမ်း လုပ်နေလို့ ဘယ်နားမှာ သေနေပြီလဲ…အဖမ်းခံနေရပြီလားဆိုပြီး တသက်လုံး  မျှော်ခဲ့ရတယ်…စိတ်ဆင်းရဲခဲ့ရတယ်…သူ့ကိုတော့မနိုင်လို့ထားလိုက်တော့…ငါ့သားတွေအလှည့်ကျရင် လုံးဝမလုပ်စေရဘူး…ငါနိုင်အောင် ဆုံးမမယ်လို့ ဆုံးဖြတ်ထားတာ နင်တို့က နင့်အဖေထက်တောင် အပုံကြီး ပိုဆိုးနေပါလား…ငါ နင်တို့ကို ဘာဆိုဘာမှကို မပြောချင်တော့ဘူး…. (အမေ) ငါလဲ လောင်းကစားလုပ်ပါတယ်…ဒါပေမယ့် မင့်ဟာကြီးက လွန်လွန်းတယ်…နိုင်ရင်တော်တော့လေ…မင်းက နိုင်ချင်တာ မဟုတ်တော့ဘူး…လောင်းကစားလုပ်ရတာကို ပျော်နေတာ… (အကို) အရက်သမားကို ချစ်ရတာကမှ သူ့လစ်မစ်နဲ့ သူရှိသေးတယ်…တစ်လုံးသောက်ရင် မူးတဲ့သူက တစ်လုံးပဲဖိုးပဲကုန်တယ်…လောင်းကစားသမားကို ချစ်ရတာ များ စိတ်ဆင်းရဲလိုက်တာ…ဘာလစ်မစ်မှမရှိဘူး…. (ပထမချစ်သူ) အကိုသာ လောင်းကစားမလုပ်ပါနဲ့…ရှိတာအကုန်ရောင်းပြီး အကြွေးတွေ အကုန်ဆပ်ပြီး စိတ်အေးအေးချမ်းချမ်း နေချင်လှပါပြီ… […]


(၁) ကိုကို ဒီရက်ပိုင်းအတွင်း အိမ်မှာ ညီညီကို မတွေ့ရတဲ့အတွက် စိုးရိမ်လာတယ်။ ညီညီ ရှိုးပွဲတွေ ဆိုဖို့များ ရှိနေသလားလို့ အောက်မေ့မိတယ်။ ညီညီက တကယ်တော့ နာမည်တက်စ အဆိုတော်တစ်ယောက်ပါ။ ဒါနဲ့ ညီညီဆီ လှမ်းပြီးဖုန်းဆက်ကြည့်တယ်။ ဖုန်းပိတ်ထားတယ်ဆိုတဲ့ အသံပဲထွက်လာတယ်။ ဒါနဲ့ ညီညီ အခန်းရှိရာဆီကို ဝင်ကြည့်ဖြစ်တယ်။ ညီညီအခန်းက သီချင်းစာရွက်တွေနဲ့ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲရှုပ်ပွနေတယ်။ ကုတင်ပေါ်မှာလည်း မသိမ်းရသေးတဲ့ ခြင်ထောင်က ဒီအတိုင်း။ ကိုကို ဝင်လာရင်း ကြမ်းပေါ်က စာရွက်တွေကို ကောက်သိမ်းပေးဖြစ်တယ်။ အမှတ်တမဲ့ သီချင်းစာရွက်တစ်ရွက်ကို လှမ်းကောက်ရင်း “ကိုကို”ဆိုတဲ့ စာသားပါလာလို့ သေချာကြည့်မိတယ်။ “မမို့က ငါ့ကို မချစ်နိုင်ဘူးတဲ့။ သူ့မှာ ချစ်ရမယ့်သူရှိတယ်လို့ ပြောတယ်။ ငါ မဟုတ်ရင် ကိုကိုပဲနေမှာပေါ့။ ကိုကို ငါ့အပါ် […]


johnnydeerFebruary 16, 20131min10311
အမှား… သာမန်အမှား…မတော်တဆအမှား…ရည်ရွယ်ချက်ရှိရှိကျုးလွန်တဲ့ အမှား…ရီစရာအမှား…ဘဝပျက်လောက်တဲ့ အမှား…ခွင့်လွှတ်နိုင်တဲ့အမှား…ခွင့်မလွှတ်သင့်တဲ့ အမှား…စသဖြင့်ပေါ့ဗျာ အမှားကို သရုပ်ခွဲကြည့်ရရင်တော့ အမှား အမျိုးမျိုးရှိကြမှာပါပဲ…မမှားဘူးတဲ့သူ   လောကမှာမရှိခဲ့သလို မှားတာတွေတိုင်းကိုသည်းမခံ ခွင့်မလွှတ်ပဲ ထာဝစဉ် အပြစ်ပေးအရေးယူနေလို့လဲ မဖြစ်ပါဘူး…ပြေပြေလည်လည် ရှင်းပြလို့ နားလည် လက်ခံတဲ့သူဆိုရင် သေသေချာချာ ရှင်းလင်း ပြောဆိုပေးရမယ်…အရေးယူအပြစ်ပေးရမယ့်သူဆိုရင်တော့ အရေးယူရပါမယ်…အမှားကျုးလွန်တဲ့ သူရဲ့ နောက်ခံအကြောင်းအရာရယ်…ကျုးလွန်မိတဲ့ မူရင်းအကြောင်းအရာကိုလဲ သေသေချာချာ စေ့စေ့ပေါက်ပေါက် စဉ်းစားပြီး ခွင့်လွှတ်သင့်သလား…အရေးယူရမှာလား ခွဲခြားစဉ်းစားသင့်တယ်လို့တော့ ကျွန်တော်တော့ထင်တာပါပဲ…. လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး…အားလုံးသာ မှန်နေရင်တော့ ခဲတံနောက်မှာ ခဲဖျက်တောင် တပ်စရာ မလိုပါဘူး…အမှားဆိုတာ သိတတ်တဲ့သူ…အမှားဆိုတာကို လက်ခံတတ်ပြီး မှတ်မှတ်သားသားရှိတဲ့သူတစ်ယောက်ဟာ တခါတလေမှာ သူ့အမှားက သူ့အတွက် ပိုတန်ဖိုးရှိနေတတ်ပါသေးတယ်…ဥပမာ…ကျွန်တော်ဆို ငယ်စဉ်တုန်းက အပတ်စဉ်စာမေးပွဲတွေ…လစဉ်စာမေးပွဲတွေ…ပထမအစမ်း…ဒုတိယအစမ်း စာမေးပွဲတိုင်းမှာ မှားခဲ့တဲ့ အမှားတွေကို အမြဲတမ်း စာအုပ်တစ်အုပ်နဲ့ မှတ်ထားတတ်ပါတယ်…အားနေတဲ့ အချိန်တိုင်း […]


(၁) “ဟေ့ကောင်၊ အဲဒီထောင့်ကို သွားမကပ်နဲ့၊ ငါမနေ့ညက ချန်ထားတဲ့ ဝိုင်တစ်ပက်နဲ့ ကြက်ကင်တစ်လုတ်စာ ရှိသေးတယ်။မင်းသွားရင် ဖုန်တွေ ကျကုန်မယ်။ ပြန်လာခဲ့။ ”   ပြောသာ ပြောရသည်။ သူ့ အစားအသောက်တွေက ဖုန်မကျလည်း ပုရွက်ဆိတ်တွေ တက်နေပြီး သား။ကြွက်ကိုက် ဒဏ်ရာများဖြင့် ပြည့်နေသည့် အုပ်ဆောင်းက သူ့အစားအသောက်တွေကို မကာကွယ် နိုင် သူ့စကားကို ပင့်ကူက အရေးမထားသည်လား၊ နားပဲမလည်တာလားတော့မသိ။ ပင့်ကူကြီး အာရုံစိုက် နေသည်က သူယက်ထားသည့် ပင့်ကူအိမ် အနီးတွင် တဝဲလည်လည် လုပ်နေသည့် အင်းဆက် တစ်ကောင် ကို ဖမ်းရန် ပင့်ကူမျှင်များပေါ်မှ တရွေ့ရွေ့ချီတက်လျက်။ သို့သော် ယခု အခြေအနေမှ အမြတ်ထုတ်ရန် ချောင်းနေသော အန္တရာယ်ကောင် အိမ်မြှောင် ရှိသေးသည်ကို ပင့်ကူခမျာ […]


moonpoemFebruary 15, 20131min1529
ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။ အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။ ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။ ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ် ထာဝရအဆုံးတိုင်….ကိုယ်တန်ဖိုးထားပါ့မယ်…. မင်းလက်တွေကိုင်ဆုပ်ကာ…အခါခါအထပ်ထပ်ပြောချင်တယ်…ဒီတစ်သက်လုံး….နင်တစ်ယောက်ထဲ….. ချစ်ပါတယ်……… အဲဒီသီချင်းလေးကို နားထောင်ကြည့်ပါလား ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ …….နဲ ့ပတ်သတ်တဲ့ ခံစားချက်တွေအတွက် သီချင်းလေးက အထောက်အကူဖြစ်မှာပါ။ ကျွန်မတက်ရောက်နေသော အင်္ဂလိပ်စာသင်တန်းကျောင်းအနီးတွင် ရှိသော ကွန်ပျူတာသင်တန်းကိုသူက လာတက်ရင်းမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူက ရှမ်းပြည်ဇာတိ၊ မိဘအကြောင်း မောင်နှမတွေအကြောင်း ကျွန်မကိုပြောပြသည်။ အပျော်သက်သက်မဟုတ်၊ ဘဝတစ်ခုလုံး လက်တွဲဖို ့ရည်ရွယ်ထားသည်ဟု ဆိုသည်။ သီချင်းနားထောင်ပြီးသောအခါ ခံစားချက်တစ်ခုကို နားလည်မိသည်။ရင်ခုန်သည်။ လအနည်းငယ်အတွင်းမှာ သူ နဲ ့ကျွန်မ ချစ်သွားကြသည်ပေါ့။အသက်၂ဝပြည့်ခါစ ကောင်မလေး တစ်ယောက်အတွက် အချစ်သည် ဘဝ၊ အချစ်သည်ထာဝရ၊ အချစ်သည် […]


၁။ မှောင်ပြပြညတစ်ညမှာ လမင်းက အိပ်ချင်မူးတူးနဲ့ တိမ်တိုက်ကြားက ထွက်လာတယ်။ ကြယ်တွေအချို့ကတော့ မှိတ်တုတ်မှိတ်တုတ်။ ကောင်းကင်စက်ဝိုင်းအောက်မှာ သစ်ပင်တို့က ဂီတသံစဉ်မပါဘဲ ယိမ်းထိုးလှုပ်ရှား ကခုန်လို့နေခဲ့တယ်။ “ဝေါ” အေးစက်စက်လေက ဝေါခနဲ သိမ့်တုန်သွားအောင်တိုက်လိုက်တော့ သူအခန်းပြတင်းဝက ကန့်လန့်ကာများက အလန့်တကြား ရှဲကနဲဖြစ်သွားကြပေါ့။ “ဟင်း ………..” သူသက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ ဒီလို ညဥ့်နက်တဲ့အထိ မအိပ်ဘဲ တစ်စုံတစ်ယောက်ကို သူစောင့်နေခဲ့တာ ကြာပြီ။ သူ အမြဲ ယုံကြည်ထားတယ်။ သူ့ဆီကို သေချာပေါက် ရောက်လာမယ့် အရာတစ်ခုကို။ ဟုတ်တယ်။ သူ့ကို …။ “ဝုန်း” အတွေးတို့ကား ရုတ်တရက် ပြတ်တောက်သွားပြီ။ သေချာတယ် … ဒီညမှာ သူစောင့်နေတဲ့ အရာ ရောက်လာလိမ့်မယ်။   ၂။ ခြုံနွယ်ပင်များနဲ့ ပိတ်မှောင်နေတဲ့ […]