(၁) “ဟေ့ကောင်၊ အဲဒီထောင့်ကို သွားမကပ်နဲ့၊ ငါမနေ့ညက ချန်ထားတဲ့ ဝိုင်တစ်ပက်နဲ့ ကြက်ကင်တစ်လုတ်စာ ရှိသေးတယ်။မင်းသွားရင် ဖုန်တွေ ကျကုန်မယ်။ ပြန်လာခဲ့။ ”   ပြောသာ ပြောရသည်။ သူ့ အစားအသောက်တွေက ဖုန်မကျလည်း ပုရွက်ဆိတ်တွေ တက်နေပြီး သား။ကြွက်ကိုက် ဒဏ်ရာများဖြင့် ပြည့်နေသည့် အုပ်ဆောင်းက သူ့အစားအသောက်တွေကို မကာကွယ် နိုင် သူ့စကားကို ပင့်ကူက အရေးမထားသည်လား၊ နားပဲမလည်တာလားတော့မသိ။ ပင့်ကူကြီး အာရုံစိုက် နေသည်က သူယက်ထားသည့် ပင့်ကူအိမ် အနီးတွင် တဝဲလည်လည် လုပ်နေသည့် အင်းဆက် တစ်ကောင် ကို ဖမ်းရန် ပင့်ကူမျှင်များပေါ်မှ တရွေ့ရွေ့ချီတက်လျက်။ သို့သော် ယခု အခြေအနေမှ အမြတ်ထုတ်ရန် ချောင်းနေသော အန္တရာယ်ကောင် အိမ်မြှောင် ရှိသေးသည်ကို ပင့်ကူခမျာ […]


moonpoemFebruary 15, 20131min1919
ကျွန်မ မချစ်တတ်တော့ပါဘူး။ ချစ်အောင်လည်း မသင်ယူချင်တော့ပါဘူး။ အပြစ်တင်နေကြမှာလား။ မချစ်တတ်တာ မဟုတ်ပါဘူး။ ဘယ်သူ ့ကိုမှ မချစ်မိအောင် နေတာပါ။ ထာဝရအဆုံးထိ နှုတ်မဆက်ပါကွယ် ထာဝရအဆုံးတိုင်….ကိုယ်တန်ဖိုးထားပါ့မယ်…. မင်းလက်တွေကိုင်ဆုပ်ကာ…အခါခါအထပ်ထပ်ပြောချင်တယ်…ဒီတစ်သက်လုံး….နင်တစ်ယောက်ထဲ….. ချစ်ပါတယ်……… အဲဒီသီချင်းလေးကို နားထောင်ကြည့်ပါလား ကျွန်တော့်ရင်ထဲမှာ ဖြစ်ပေါ်နေတဲ့ …….နဲ ့ပတ်သတ်တဲ့ ခံစားချက်တွေအတွက် သီချင်းလေးက အထောက်အကူဖြစ်မှာပါ။ ကျွန်မတက်ရောက်နေသော အင်္ဂလိပ်စာသင်တန်းကျောင်းအနီးတွင် ရှိသော ကွန်ပျူတာသင်တန်းကိုသူက လာတက်ရင်းမှ ဆုံစည်းခဲ့ကြခြင်းဖြစ်သည်။ သူက ရှမ်းပြည်ဇာတိ၊ မိဘအကြောင်း မောင်နှမတွေအကြောင်း ကျွန်မကိုပြောပြသည်။ အပျော်သက်သက်မဟုတ်၊ ဘဝတစ်ခုလုံး လက်တွဲဖို ့ရည်ရွယ်ထားသည်ဟု ဆိုသည်။ သီချင်းနားထောင်ပြီးသောအခါ ခံစားချက်တစ်ခုကို နားလည်မိသည်။ရင်ခုန်သည်။ လအနည်းငယ်အတွင်းမှာ သူ နဲ ့ကျွန်မ ချစ်သွားကြသည်ပေါ့။အသက်၂ဝပြည့်ခါစ ကောင်မလေး တစ်ယောက်အတွက် အချစ်သည် ဘဝ၊ အချစ်သည်ထာဝရ၊ အချစ်သည် […]


၁။ မှောင်ပြပြညတစ်ညမှာ လမင်းက အိပ်ချင်မူးတူးနဲ့ တိမ်တိုက်ကြားက ထွက်လာတယ်။ ကြယ်တွေအချို့ကတော့ မှိတ်တုတ်မှိတ်တုတ်။ ကောင်းကင်စက်ဝိုင်းအောက်မှာ သစ်ပင်တို့က ဂီတသံစဉ်မပါဘဲ ယိမ်းထိုးလှုပ်ရှား ကခုန်လို့နေခဲ့တယ်။ “ဝေါ” အေးစက်စက်လေက ဝေါခနဲ သိမ့်တုန်သွားအောင်တိုက်လိုက်တော့ သူအခန်းပြတင်းဝက ကန့်လန့်ကာများက အလန့်တကြား ရှဲကနဲဖြစ်သွားကြပေါ့။ “ဟင်း ………..” သူသက်ပြင်းရှည်ကြီးကို ချလိုက်မိတယ်။ ဒီလို ညဥ့်နက်တဲ့အထိ မအိပ်ဘဲ တစ်စုံတစ်ယောက်ကို သူစောင့်နေခဲ့တာ ကြာပြီ။ သူ အမြဲ ယုံကြည်ထားတယ်။ သူ့ဆီကို သေချာပေါက် ရောက်လာမယ့် အရာတစ်ခုကို။ ဟုတ်တယ်။ သူ့ကို …။ “ဝုန်း” အတွေးတို့ကား ရုတ်တရက် ပြတ်တောက်သွားပြီ။ သေချာတယ် … ဒီညမှာ သူစောင့်နေတဲ့ အရာ ရောက်လာလိမ့်မယ်။   ၂။ ခြုံနွယ်ပင်များနဲ့ ပိတ်မှောင်နေတဲ့ […]


NovyFebruary 15, 20131min50950
မနေ့က ဗာလင်တိုင်းဒေးရောက်တော့ ဒါလင်နဲ့ အလွမ်းသည်ပြီးတဲ့နောက် စိတ်အာရုံတွေက လွန်ခဲ့တဲ့ ၆နှစ်က ဗာလင်တိုင်းဒေလေးကို သတိယလွင့်မျောသွားလေးရဲ့   အဖြစ်ကဒီလို ဒီနေ့ဖေဖေါ်ရီ 14ရက်ပဲ ဒါလင့်ကိုသတိရလိုက်တာ ဒီညနေရုံးဆင်းရင် အင်တာနက်ဆိုင်ကနေဖုံးခေါ်လိုက်အုံးမယ် ကိုယ့်ဖုံးနဲ့ခေါ်ရင် ပိုက်ဆံပိုကုန်တယ်လေ ရုံးဆင်းတော့တက္ကစီလေးစီးပြီး ပါရမီလမ်းဆုံနားက အင်တာနက်ဆိုင်ကလေးကို ဝင်ခဲ့တယ်ပေါ့ ဆိုင်ထဲရောက်တော့ လူငယ်လေးတွေတော်တော်များများအပြုံးတွေများစွာနဲ့ ကြူနေကျတယ်ပေါ့ ကိုယ်လဲ လွတ်တဲ့ခုံးလေးမှာဝင်ထိုင်ပြီးဆိုင်ကကောင်လေးကို ဖုံးခေါ်ခိုင်းရတာပေါ့ တွေ့ပါပြီဒါလင်နဲ့ ရင်တွေတောင်ခုန်နေတယ် ဘာစပြောရမှန်းတောင်မသိဘူး   *ကိုကြီးနေကောင်းလာ အေးကောင်းတယ် ဘာအရေးကြီးလို့ဖုံးခေါ်တာလဲ *ကိုကြီး ဒီနေ့ဘာနေလဲသိလား ဘာနေလဲ  ဘာနေ့မို့လို့လဲ *ကိုကြီးဒီနေ့ 14ရက်လေ 14ရက်ဘာဖြစ်လို့လဲ   ဘေးနားက ကလေးတွေက ကိုယ့်ကို မသိမသာလှမ်းကြည့်နေကျတယ် အေးအေး မသိရင်လဲပြီးရောလိုပြောပြီး အားလုံးနေကောင်းကြတဲ့အကြောင်းပြောပြီး ဖုံးချပစ်လိုက်တယ် အိမ်ရောက်တော့မကျေပွဲထက်နွဲတာပေါ့ ပိုက်ဆံကုန်ရင် ကုန်ပစေဆိုပြီ ဖုံးခေါ်ပြီးရန်တွေ့လိုက်တယ် […]


Mr. MarGaFebruary 14, 20133min48420
အမြင့်ကိုမတက် မြေကိုသက်လို့ ပွင့်ပါတဲ့ မြေကပ်သစ်ခွ   သစ်ခွပန်း အမျိုးမျိုး တွေ့ဖူးကြပါလိမ့်မယ် ဦးမာဃလဲ အတော်များများကို တွေ့ဖူးပါတယ်။ အားလုံးနီးပါးဟာ သစ်ပင်တစ်ပင်ပင် ဒါမှမဟုတ် လေထဲမှာ တွဲလောင်းဆွဲပြီး ပွင့်ကြတာပါ။ သစ်ခွပန်း ဆိုတာနဲ့ သစ်ပင်ပေါ်မှာ ကပ်ပြီးပေါက်နေတဲ့ သစ်ခွပန်းကိုပဲ ပြေးမြင်တတ်ကြတာပါ။ ဒါပေမယ့် ရှားရှားပါးပါး အမြင့်ကိုမတက်ပဲနဲ့ မြေမှာကပ်ပြီး ပွင့်တဲ့ သစ်ခွပန်းတစ်မျိုး ရှိသဗျ ဟိုတစ်ရက်ကမှ စာအုပ်ပုံ မွှေရင်းနဲ့ Readers Digest က ထုတ်တဲ့ Facts and Fallacies – Stories of the Strange and Unusual ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ် ဒါနဲ့ ဟိုလှန်ဒီလှန်လုပ်ရင်း ဒီပန်းကို သွားတွေ့တာပါ။ စိတ်ဝင်စားတာနဲ့ပဲ […]


မောင် ပေFebruary 13, 20131min28512
မောင်ရိုး ရဲ ့ ချစ်သူမိန်းကလေး နာမည်က “ ဇာဇာ ” တဲ့ ။ မောင်ရိုးအတွက် အရမ်းကို ကံကောင်းပါတယ် ။ ဇာဇာ့ရဲ ့ ချစ်ခြင်းများကို မောင်ရိုး ရရှိသလို ၊ မောင်ရိုးဟာ ဇာဇာ့ဘဝရဲ ့ပထမဆုံး ချစ်သူရည်းစား ဖြစ်သောကြောင့် ပေတည်း ။ မောင်ရိုး နဲ ့ဇာဇာ တို ့ဟာ ဖေ့ဘုတ်ကနေ တည်ဆောက်ခဲ့ကြတဲ့ ချစ်ခြင်းတစ်ခုပေါ့ ။ ဇာဇာ့ရုပ်ရည်ဟာ အလှကြီး မဟုတ် ၊ ချောလဲမချောပါ ။ ဒါပေမယ့် မောင်ရိုး ချစ်မိသွားသည် ။ ထို ့အပြင် မောင်ရိုး ပိုတန်ဖိုးထားမိသွားသည်မှာ ဇာဇာ့အတွက် မောင်ရိုးဟာ ပထမဆုံးချစ်သူ ၊ ဇာဇာ့ရဲ […]


လူကေလးFebruary 13, 20131min23716
လူတစ်ယောက်ကို ယုံကြည်တဲ့နေရာမှာ ဘာကိုကြည့်ပြီးယုံကြည်လေ့ရှိပါသလဲ.. ဘယ်အတိုင်းအတာထိရော .. ယုံကြည်ကြပါသလဲ.. သူတစ်ပါးရဲ့ ကိုယ့်အပေါ်ယုံကြည်မှု ပျက်ဆီးသွားတဲ့အခါ ဘယ်လို ခံစားရမှာလဲ.. ဘယ်အချိန်မှာ ယုံကြည်မှု ပြန်ရမှာ လဲ.. အရင်လိုရော ယုံကြည်ပါဦးတော့မလား. ကျွန်တော် ကြားဖူးတယ် .. ပျက်ဆီးဆုံရှူံးသွားတဲ့ ယုံကြည်မှု ဟာ ပြန်လည်တည်ဆောက်ဖို့ခက်ခဲတယ်တဲ့.. ဒီစကားလေးသာ တကယ်မှန်တယ်ဆိုရင်တော့ . . နွေးနွေး ဆီက နေ ယုံကြည်မှု ပြန်ရဖို့ နွေးနွေး ကျွန်တော့်ကို ပြန်ပြီး ယုံကြည်လာဖို့ တော်တော် ခဲယဉ်းနေပြီပေါ့ ဗျာ ..   ဟုတ်ပါတယ် .. ကျွန်တော် ယုံကြည်မှုတစ်ခုကို အလွဲသုံးစား လုပ်ခဲ့မိတယ်. .. xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx   “ကိုလင်းကို ပြောပြမယ် .. မိန်းကလေးဆိုတာ […]


johnnydeerFebruary 13, 20131min31824
ဟိုတယ်တစ်ခုမှာဖြစ်လိုက်ပြီဆိုလို့ကတော့ တကယ့်ကိုထင်မထားတဲ့ပြသနာတွေချည်းပါပဲ…ပြောပြဦးမယ်…တရက်ကပေါ့..နေ့လည် ၁၁ နာရီလောက် အပြင်က ဖုန်းတကော ရီဆက်ရှင်ကောင်တာကို ဝင်လာတယ်…အမျိုးသမီးသံနဲ့ပါ…ညီမလေးရေတဲ့..အမတို့ ပြန်မရောက်နိုင်သေးလို့ အမတို့အခန်း ၂၁ဝ ကို CHECK OUT လုပ်ထားပေးပါနော် ဆိုတော့ ဟိုတယ်ကဝန်ထမ်းတွေကလဲ အခန်းသေသေချာချာ သိမ်းဆည်းပေးပြီး CHECK OUT လုပ်ထားပေးလိုက်တယ်…အိတ်တွေကိုလဲ ကောင်တာရှေ့မှာပဲ သေသေချာချာ ချထားပေးထားတယ်…တချို့ ဧည့်သည်တွေကလဲ ၁၂ နာရီကျော်သွားရင် နောက်တရက်စာ ပေးရမှာစိုးလို့ အလုပ်ကိစ္စမပြတ်သေးရင်ပဲဖြစ်ဖြစ်..ခရီးနည်းနည်းလွန်နေရင်ပဲဖြစ်ဖြစ်..ဒီလိုပဲ ဖုန်းနဲ့လှမ်းပြီး လုပ်ခိုင်းလေ့ ရှိတော့ ဒီလိုပဲ သဘောထားပြီး လုပ်ပေးထားလိုက်ကြတယ်တဲ့…ဇာတ်လမ်းစတာက ၁၁နာရီခွဲလောက်ကျတော့ အဲ့ဒီအခန်းက ဧည့်သည်တွေ ပြန်လာတဲ့အခါကျတော့ ဘာလို့ ငါတို့အိတ်တွေကို အပြင်ထုတ်ထားတာလဲ…မင်းတို့ကို ဘယ်သူ CHECK OUT လုပ်ခိုင်းလို့လဲ ဆိုပြီး ရီဆက်ရှင်ဝန်ထမ်းတွေကို  ဒေါသတကြီး အော်ဟစ်ပြောဆိုပါတော့တယ်..ဝန်ထမ်းတွေက.သေသေချာချာ ရှင်းပြရှာပါတယ်…အပြင်ကနေ အမကဖုန်းဆက်ပြီး CHECK […]


Nan ShinFebruary 12, 20131min2168
ကျွန်တော့်ရဲ ့အမေဟာ မျက်လုံးတစ်ဖက်ကန်းနေတယ်။ကျွန်တော်သူ ့ကို အရမ်းမုန်းတာပဲ။သူက ကျွန် တော့် အတွက်အမြဲတန်းအရှက်ရစေသူတစ်ယောက်ပဲ ဖြစ်တယ်။ သူဟာ ကျွန်တော်တို ့မိသားစုကို ထောက်ပံ့ဖို ့အတွက် ကျောင်းသားတွေနဲ ့ဆရာ ဆရာမတွေကို ချက်ပြုတ်ပေးတဲ့ အလုပ်ကိုလုပ်တယ်။ တစ်နေ ့မှာ အခြေခံပညာအဆင့်ကျောင်းတတ်နေတဲ့ ကျွန်တော့်ဆီကို နှုတ်ဆက်ဖို ့ဆိုပြီး သူလာခဲ့တယ်။ ကျွန်နော်အရမ်းကို ရှက်တာပဲ။ သူကျွန်တော့်ကို အဲ့သလိုလာလုပ်လို ့ဘယ်ရမလဲ? ကျွန်တော်သူ ့ကိုသိပ်မုန်းတယ်ဆိုတာကို သိသာစေ မဲ့ အကြည့်နဲ ့ ငြင်းလွှတ်လိုက်ပြီး သူနဲ ့ဝေးရာကို ထွက်လာလိုက်တယ်။နောက်နေ ့မှာ ကျွန်တော့်ရဲ ့ ကျောင်းနေဘက်ကောင်လေးတစ်ယောက်က ‘’ဟား..ဟား..မင်းအမေက မျက်လုံးတစ်လုံးပဲ ရှိတယ် ဟား ဟား..’’ဆိုပြီး ကျွန်တော့်ကို လှောင်ပြောင်သရော်ပါတယ်။ ကျွန်တော့်ကိုကျွန်တော့်လဲ မြေမြှုပ်သင်္ဂြု ိဟ်ပြစ်လိုက်ချင်သလို […]


မောင် ပေFebruary 11, 20131min41734
မင်္ဂလာပါခင်ဗျာ……. ဖေဖော်ဝါရီ ၁၂ ဟာ ပြည်ထောင်စုနေ ့ ဖေဖော်ဝါရီ ၁၃ ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ ့ ဖေဖော်ဝါရီ ၁၄ ဟာ ဗယ်လင်တိုင်းနေ ့ ဒီရက်ပိုင်းအတွင်း အဆိုပါ နေ ့၃နေ ့နဲ ့ပတ်သက်ပြီး စာတော်တော်များများ ဖတ်ရပါတယ် ။ တွေ ့ရပါတယ် ။ ဒါနဲ ့ ဗယ်လင်တိုင်းနေ ့အမှတ်တရ အနေနဲ ့ ပို ့စ်လေးတစ်ပုဒ်လောက်ရေးချင်ပါတယ် ။ ပြည်ထောင်စုနေ ့အမှတ်တရ နဲ ့ ဗိုလ်ချုပ်မွေးနေ ့အမှတ်တရ တို ့အတွက်တော့ ၊ ကိုယ့်မှာ စာတစ်ပုဒ်ရေးလောက်စရာ မဖွဲ ့နိုင်တာကြောင့် ဗယ်လင်တိုင်းနေ ့မှာ ပျော်ကြမယ့် ချစ်သူများအတွက် […]


တောင်ပေါ်သားFebruary 11, 20131min24615
ဒီဘက်ခေတ် လူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ကိစ္စ တစ်ခုကတော့ Valentine’s day ချစ်သူများနေ့ ဆိုတာပါပဲ ၊ အဲဒီ ဖေဖေါ်ဝါရီ ၁၄ မှာ စုံတွဲကိုယ်စီဟာ ဟိုသွား ဒီသွား သွားမယ် လည်မယ် လက်ဆောင်ပေးကြမယ်ပေါ့လေ ကျွန်တော်တို့ ခေတ်တုန်းကတော့ ကိုယ့်ချစ်သူက ကိုယ့်ကို အဖြေပေးတဲ့နေ့ဟာ ချစ်သူတို့နေ့ ပေါ့ဗျာ အဲ ခုလိုပြောမှစဉ်းစားမိတယ် ကျွန်တော့်ချစ်ဦးသူက ကျွန်တော့်ကို အဖြေပေးတာ ဘယ်နေ့ပါလိမ့် ဖေဖေါ်ဝါရီ ၃ဝ ထင်ပါ့ အဲဒီ Valentine’s day ဆိုတာ AD ၄၉၆ ခုနှစ် ကတည်းက စတင်ခဲ့တာပါတဲ့ ဒါနဲ့ အဲဒီ Valentine’s day ကိုသိရင် Father’s day Mother;s day Parent’s […]


Nan ShinFebruary 11, 20131min1626
  မျက်မမြင်ဘဝကို ရရှိထားလို ့သူ ့ကိုသူ မုန်းတီးနေတဲ့ကောင်းမလေးတစ်ယောက်ရှိ တယ်။သူ ့က သူ ့ကိုယ်သူတင် မုန်းတာမဟုတ်ဘူး။သူအရမ်းချစ်တဲ့ သူ ့ချစ်သူကောင်း လေးကလွဲပြီး တစ်လောကလုံးမှာ ရှိတဲ့ လူတွေအားလုံးကို မုန်းတာ။သူ ့ကောင်လေးက သူ ့အနားက တစ်ဖဝါးမှ မခွါပဲသူ ့ကိုပြုစုပေးနေတာလေ။တစ်နေ ့မှာ’’ကောင်လေးရယ် ငါသာမျက်စိပြန်မြင်ခဲ့ရင် နင့်ကိုပဲ လက်ထက်မှာ သိလား.’’.လို ့ကောင်းလေးကို ပြော လိုက်တယ်။ သိပ်မကြာခင်မှာပဲ ကောင်းမလေးအတွက် မျက်စိနှစ်လုံးစလုံးလှူမဲ့ အလှူရှင်ပေါ် လာပြီး သူ ့ရဲ ့မျက်စိတွေပြန်ကောင်းသွားတယ်။သူ အရာအားလုံးမြင်နိုင်ခဲ့ပြီဆိုတော့ သူ ့ချစ်သူကောင်လေးကို အရင်ဆုံး ကြည့်လိုက်တယ်။ဒါပေမဲ့ ကောင်လေးက မျက်မ မြင်လေး တစ်ယောက်ဖြစ်နေတယ်။အဲ့ဒိအချိန်မှာ ကောင်းလေးက သူ ့ကိုမေးတယ်။ ‘’ကောင်မလေး မင်းအခု ငါအပါအဝင် […]


johnnydeerFebruary 11, 20131min681
စနေ..တနင်္ဂနွေ…အင်္ဂလန်ပရီးမီးယားလိဂ်ဘော့လုံးပွဲ ၉ ပွဲ ကန်သွားပါတယ်… (၁) စပါး…1+20..နယူးကာဆယ် နယူးက…ပြင်သစ်တသိုက်နဲ့မြူးကြွနေတယ်…ပြား 20 နဲ့ တစ်ကျပ်တော့လဲရမှာပေါ့…ချ..နယူးကာဆယ်….(အဖြေ…စပါး..2း1 နယူးကာဆယ်)      ….ရှုံး…. (၂)နောဝချ်…50-…ဖူဟမ် နောဝစ်ချ် အိမ်ကွင်းကောင်း..ဖူဟမ် အဝေးကွင်းညံ့… ငါးမူးနဲ့တကျပ်လဲရမှာပေါ့…ချ..နောဝချ်….         (အဖြေ…နောဝချ်..0း0..ဖူဟမ်)         ……ရှုံး… (၃)စတုတ်…1+75…ရီးဒင်း… စတုတ်ခြေ..ဒလဟော ကျနေတယ်….ရီးဒင်း တိုက်စစ်မှုး တစ်လတာ အကောင်းဆုံးဆု ရထားတယ်…ခြေကျတဲ့ကောင် အပေါ်ကြေးရောက် ဘယ်တော့မှ မအောင်ဘူး…ချ….ရီးဒင်း….                            (အဖြေ…စတုတ်…2း1 ရီးဒင်း)        …..ရှုံး… (၄)ချယ်လ်ဆီး…2+75 ဝီဂန် ချယ်လ်ဆီး နောက်ဆုံးပွဲတောက်လျှောက် ခြေကျနေ…နှစ်လုံးအထက်ပြတ်သောပွဲနည်းလာ.. ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်.. ချ…ဝီဂန်…                                                   (အဖြေ…ချယ်လ်ဆီး…4း1 ဝီဂန်)    …..ရှုံး…. (၅)ဆန်းဒါးလန်း…+80…အာစင်နယ်… ချယ်လ်ဆီးနဲ့ အာစင်နယ် နှစ်ပွဲတွဲ ရှောင်လောင်း…မရှုံးနိုင်…ပြီးတော့ အိမ်ရှင်အောက်ကြေးလက်မနှေးနဲ့တဲ့… ချ…ဆန်းဒါးလန်း..                                 (အဖြေ…ဆန်းဒါးလန်း…0း1.အာစင်နယ်)…….ရှုံး… (၆)ဆွမ်ဆီး…1+45 QPR […]