်မန်းလေးမှ ဂေဇက်မန်ဘာများနှင့် ၁ဝ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျနော် သော်ဇင် တွေ့ဆုံချင် ပါသည်။ အဆင်ပြေသည့် မန်း မန်ဘာများ ကိုပေါက် နှင့်ဆက်သွယ်ပေး လိုပါသည်။ ကျနော် မမြင် ဖူးသော ကျနော့်ကိုလည်း မမြင် ဖူးသော မန်ဘာများနှင့် စကားစမြည်ပြောရင်း ခင် မင် ရင်းနှီးချင် ပါသည်။ ၁၁ ရက်နေ့တွင် လွိုင်ကော်ပြန်မည် ဖြစ်သောကြောင့် အားချင်း တွေ့ချင်ရခြင်းဖြစ်သည်။ မိခင်ဖြစ်သူအား လွိုင်ကော်ဆေးရုံသို့ လွဲပြောင်းကုသရမည်ဖြစ်ပြီး ကျန်းမာရေးအ ခြေ အ နေမှာ ပြင် ပ ဒဏ် ရာမှအပ စိုးရိမ်စရာ မရှိတော့ပါကြောင်း ဝိုင်းဝန်း ကူညီဆုတောင်းပေးကြ သော မန်ဘာများအား အသိပေးအပ်ပါသည်။ မိခင် အတွက် ဆေးကုသစရိတ်အား ကူညီထောက်ပံ့ လှူဒါန်းပေးပါသော ကိုရွှေတိုက်စိုး  ကိုပေါက်နှင့် တကွ နောက်ကွယ်မှ  ဂေဇက် မန်ဘာများ အား ထပ်လောင်းကျေးဇူး တင် […]

71822_544568895568265_1178205488_n.jpg

Thit San KhantFebruary 6, 20136min1798
(၁) သူမ ကို ကျွန်တော် အလုပ်ပြန်လာတိုင်း မြင်နေရတာ ကြာပြီ ဒါပေမယ့် သူမနဲ့ တစ်ခါမှ စကားပြောခွင့် မရသေးဘူး… အော်.. သူမ ဆိုတာလား? သူမ ဆိုတာ ကျွန်တော်အလုပ် ပြန်လာတဲ့ လမ်းက ဖက်ရှင်ဆိုင် တစ်ခုက ကောင်မလေး တစ်ယောက်ပါ။ ကျွန်တော် အမြဲတမ်း အလုပ်ကနေ ပင်ပင်ပန်းပန်း အိမ်ကို ပြန်လာတိုင်း သူတို့ ဆိုင်ရှေ့ကနေ ဖြတ်သွားနေကြ အဲ့ဒီ ကောင်မလေးကို လဲ မြင်နေကြပေါ့… ဘာကြောင့်ရယ် မသိပါဘူး သူမကို မြင်တိုင်း ကျွန်တော့်ကို ပြုံးပြတာလား သူမ သာ ပြုံးနေတာလား မသိ အဲ့ဒီ အပြုံးလေးက ရင်ခုန်စရာဗျ… အလုပ် ပင်ပန်းလာတဲ့ အမောလေးတွေတောင် ပြေသွားသလိုပဲ… သူမကို […]


ခင္ခFebruary 5, 20131min38422
“ ဘယ်အရွယ်ဝန်းကျင်မို့ ´´   တစ်ခါတုန်းက ချစ်သူနှစ်ဦး ရှိခဲ့တယ်တဲ့။ အဲဒီ ချစ်သူနှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်ကြပြီး နေ့တိုင်း အင်ယားမှာ ညနေဆိုတွေ့ဆုံ ဖြစ်ကြတယ်တဲ့။ ချစ်သူရည်စားသက်တမ်း ၈ လ အကြာမှာတော့ အဲဒီချစ်သူ နှစ်ဦး နှစ်ဖက်မိဘစုံညီရှေ့မှာ လက်ထပ်လိုက်ကြ တယ်တဲ့။ အိမ်ထောင်သက် ၈ လ အကြာမှာတော့ အဲဒီဇနီးမောင်နှံအတွက် သားသမီးရတနာကိုယ်ဝန်ရခဲ့တယ်တဲ့။ သားလေးအသက် ၈ နှစ် ပြည့်တဲ့နှစ်မှာဘဲ အမျိုးသားဟာ မမျှော်လင့်သော ကံကြမ္မာတစ်ခုကြောင့် ထောင်ကျ ခြဲ့ပီး ဇနီးသည်အမျိုးသမီးကလည်း နောက်ကိုယ်ဝန်ရခါစဖြင့် ငိုကာကျန်ခဲ့ ရရှာတယ်တဲ့။ အမျိုးသားဟာ ၈ နှစ်ပြည့်ခါနီးထိ ထောင်ထဲမှာနေရပြီး  လွတ်လာခဲ့လို့ မိသားစု ၄ ယောက်ပြန်ဆုံတွေ့ကြတဲ့ အခါ အရမ်းကို ဝမ်းသာကြပြီး တစ်ယောက်ကို […]


johnnydeerFebruary 4, 20131min18210
ဘယ်လိုပဲ ဖြစ်ဖြစ် လူ့ဘဝဆိုတာ သံသရာကြီးနဲ့ ယှဉ်လိုက်တော့ တိုတိုလေးလို့ပြောရမှာပါပဲ။အဲ့ဒီ တိုတိုလေးအတွင်းမှာပဲ လူတွေက အမြဲတစ်ယောက်နဲ့တစ်ယောက် ထိတွေ့ပေါင်းသင်းပြောဆို ဆက်ဆံကြရပါတယ်။ဒီလို ဆက်ဆံတဲ့နေရာမှာ အဓိက အသုံးပြုကြတာကတော့ ပါးစပ်နဲ့နားနဲ့ပါ။ပါးစပ်ကပြောတဲ့စကား နားထဲ ချောချောမောမော ရောက်သွားခြင်းဟာ မိတ်ဆွေများခြင်း၊ချစ်ခင်နှစ်လိုဖွယ်ရှိခြင်း၊စီးပွားရေး၊လူမှုရေးအောင်မြင်ခြင်းရဲ့ အဓိက အခြေခံအချက်တွေပဲ ဖြစ်မယ်လို့ထင်ပါတယ်။ လူတစ်ယောက်ရဲ့အထင်ကြီးခြင်း၊အထင်သေးခြင်း၊ချစ်ခြင်း၊မုန်းခြင်း၊ချမ်းသာခြင်း၊ဆင်းရဲခြင်း ဆိုတာတွေ အားလုံးဟာ ဒီ ပါးစပ်နဲ့ပဲ တိုက်ရိုက် အချိုးကြနေတယ်ထင်ပါတယ်။စကားပုံတွေလဲ အများကြီးရှိပါတယ်။နှုတ်ချို သျိုတပါး။ပိသာလေးနဲ့ဘေးပစ်၊နှုတ်ကြောင့်သေ လက်ကြောင့်ကြေ၊ကြမ်းကျွံနှုတ်လို့ရ စကားကျွံ နှုတ်မရ စသဖြင့်ပေါ့ အများကြီးပါပဲ ဒီပါးစပ်နဲ့ပတ်သက်လို့။နောက်ပြီး ကျွန်တော် သတိထားမိတာ လူတွေဟာ သူတို့စိတ်ဝင်စားတဲ့အကြောင်းအရာပဲ ပြောတတ်ကြတယ် ဆိုတာပဲ။သူတပါး စိတ်ဝင်စားသည်ဖြစ်စေ စိတ်မဝင်စားသည်ဖြစ်စေ သူတို့စိတ်ဝင်စားရာ၊ဝါသနာပါရာကို အဓိက ဇောင်းပေးပြောလေ့ရှိကြပါတယ်။သူတပါးပြောကြားချက်ကို လိုက်လျောညီထွေ လိုက်လံပြောဆို နားထောင်ပေးခြင်းကလဲ ပေါင်းသင်းဆက်ဆံရေးအောင်မြင်ခြင်းရဲ့အဓိကအချက်လို့ပဲ မြင်မိပါတယ်။ ကျွန်တော် အသက် […]


“နွေနှောင်းမိုး – အပိုင်း ၂” ရိုင်ရမ် ကျွန်မအိပ်ခန်း ပြတင်းပေါက်ကို ကျောက်စရစ်ခဲနဲ့ ပစ်ပြီး ကျွန်မကိုနိုးတဲ့ မနက်သုံးနာရီအချိန်မှာ ကျွန်မက အိပ်နေဆဲပဲ။ တကယ်တော့ အပြင်မှာ မှောင်နေဆဲပဲ၊ ဒါပေမယ့် ကျွန်မ သူအပြင်က တိုးတိုးလုပ်နေတဲ့အသံကို ကြားနေရတယ်။ ကျွန်မ တံခါးဖွင့်ပြီး အပြင်ကိုမထွက်ခင် ဝရံတာကို ထွက်ပြီးကြည့်လိုက်တယ်။ အပြင်မရောက်သေးဘူး ရိုင်ရမ်က “မင်္ဂလာနံနက်ခင်း” ပါလို့ လှမ်းနှုတ်ဆက်လိုက်တယ်။ လရောင်အောက်က သူဟာ ပိုပြီးခမ်းနားနေပြီး သူ့ရဲ့မျက်နှာမှာလည်း အပြုံးနဲ့။ “ခု ည ပဲ ရှိသေးတယ်” “သွား ..ပြန်အိပ်ဦး” လို့ ကျွန်မ ညည်းငြူလိုက်တယ်။ ကျွန်မ ဝရံတာ တံခါးကိုဖွင့်ပြီး စောင်ခြုံအောက်ကို ပြန်ဝင်လိုက်တယ်။ ကျွန်မ သူအပြင်ကနေ ကျွန်မကို အိပ်ယာကနေထဖို့ အော်နေတဲ့ […]


johnnydeerFebruary 2, 20131min1228
အလင်းဆက်ရဲ့ ဠ နဲ့ပတ်သက်ပြီး ကိုယ့်ဘဝအကြောင်းနဲ့ တောက်လျှောက်ဆက်စပ်မိနေလို့ ဒီ ဠ အကြောင်းဆက်ရေးမိခြင်း ဖြစ်ပါတယ်။ဆိုင်လား မဆိုင်လားတော့မသိ။ကျွန်တော်ကတော့ လူတစ်ယောက်ရဲ့ ပညာအရည်အချင်း၊ စိတ်နေစိတ်ထား ၊ရိုးသားမှု ဒါတွေ အကုန်လုံးကို ဒီ ဠ နဲ့ပတ်သက်ပြီး အကြမ်းဖျင်း သတ်မှတ်လေ့ရှိပါတယ်။အခုမှ စတွေ့တဲ့လူတစ်ယောက်ကို အထင်ကြီးခြင်း၊အထင်သေးခြင်း စတာတွေကိုလဲ ဒီ ဠ နဲ့ပဲ ခွဲခြားလေ့ရှိပါတယ်။ဒီ ဠ ကို အစုံပေါက်တတ်ကရ ရေးတတ်တဲ့သူတွေကိုလဲ သူငယ်တန်းစာ မကျေခဲ့ဘူးနဲ့တူတယ်လို့လဲ ခနဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ ရိုက်ပေါက်ခံရနိုင်တဲ့ စကားလုံးတွေနဲ့လဲ ပြောတတ်ပါတယ်။ဒီ ဠ နဲ့ ပတ်သက်ပုံအကြောင်းစုံ ရှင်းပြရရင်တော့ မွေးတဲ့ဆီကစပြောရမယ်ထင်တာပဲ။ကျွန်တော်မွေးတော့ ကျွန်တော်တို့မြို့က ရုံမှာ ဘယ်ပန်းချီရေးလို့မမှီ ရုပ်ရှင်ပြတယ်တဲ့။ကျွန်တော်တော့ မကြည့်ဖူးဘူး။အဖေနဲ့အမေပြောပြတာ။ဇာတ်ကားရဲ့အဓိကကျောရိုးက မှားတဲ့အဖေကို ချစ်လွန်းတဲ့သားကလမ်းမှန်ရောက်အောင် ပြန်ပြင်ပေးတဲ့ ကားလို့ပြောတာပဲ။မကြည့်ဘူးတော့ ကျွန်တော်လဲ သေချာတော့မသိဘူး။အဲ့ဒီ […]


မိုခ်ိဳJanuary 31, 20131min39328
အသက် ၂ဝ ကျော် မိန်းမပျို ရွယ် တစ်ယောက်က ၁ဝ နှစ်အရွယ် မိန်း ကလေး တစ်ယောက်ကို ခါးထစ်ခွင်ချီ ပိုး ပြီး ဝင် လာတဲ့ မြင်ကွင်း က တခြား သူတွေ အတွက် အထူးအဆန်း ဖြစ်နေပေမယ့် ကျမ အတွက်တော့ မဆန်းတော့ ပါ။ ကျမတို့ ဆေးခန်း နဲ့ မျက်စောင်းထိုးအိမ်က ဖြစ်ပြီး မကြာခဏ ဆေးခန်း လာ တတ် သလို လူချင်းလည်း ခင်မင်ရင်း နှီး နေလို့ ဖြစ်ပါတယ်။ ”ပိုးဥ နေမကောင်း ဖြစ်ပြန်ပြီလား…… ခင်လှ”…… ကျမလည်း နှုတ်ဆက်ရင်း လှမ်း မေး လိုက်ပါတယ်။ ”ထုံး စံ အတိုင်းပေါ့ ဆရာမရယ်….. […]


  အရက်တစ်ပက်လို့ ထပ်မှာနေတဲ့ အောင်ဘတစ်ယောက် နည်းနည်းတော့ မူးနေပြီ။ ဒါပေမယ့် သူက ထပ်သောက်ရမှ အာသာပြေလိမ့်မယ်လို့ သူ့ကိုယ်သူ တွေးထားလေတယ်။ “ဟေ့ .. ဝီနောက်ထပ် တစ်ပက်ဟေ့” သူ့ရှေ့ထံ ရောက်လာတဲ့ ဝီစကီ တစ်ပက်ကိုကြည့်ရင်း သူက ပြုံးခြင်းနဲ့ ရယ်မောဟားတိုက်ခြင်း ပေါင်းစပ်ထားတဲ့ အမူအရာနဲ့ ရယ်မောလိုက်တယ်။ “ဟုတ်တယ် … အရက်ဆိုတာ မူးတယ် .. သောက်ရင် မူးမှာပဲ မဟုတ်လား.. မျိုးကြီးရ” မျိုးကြီးဆိုတာက ဆိုက်ကားသမား။ သူနှင့် အတူ သောက်ဖေါ် သောက်ဖက်။ “သိပ်ဟုတ်တာပေါ့ဗျာ …. အရက်လောက် သစ္စာရှိတာ …. အရက်ပဲ .. သောက်ရင် မူးမယ် .. မသောက်ရင် မမူးဘူး …. အောင်ကြီးရ ….” အောင်ဘ […]


johnnydeerJanuary 28, 20131min802
အများပြည်သူထံမှ ကောက်ယူထားသည့် ဒဏ်ကြေးငွေ ကျပ်သိန်းပေါင်း များစွာထဲမှ ၁ဝ ရာခိုင်နှုန်းကို ညွှန်ကြားရေးမှူးချုပ်နှင့် အကောက်ခွန် တာဝန်ရှိသူများက ဆုကြေးအဖြစ် နှစ်စဉ်ခွဲဝေယူကြောင်း ပြောကြား…..(ELEVEN …သတင်းထဲ ဖတ်လိုက်ရတာလေးပါ…) တော်တော် တရားကျလောက်တယ်…


alinsettJanuary 26, 20131min25717
( ငို သံများ….. ) သွားနှင့်ပါ…မခိုင် ။ မကြာခင်မှာ..ကျွန်တော်လည်း..မခိုင်နောက် လိုက်ခဲ့ပါ့မယ် ။ မခိုင် သွား နှင့် တဲ ့ နောက်မှတော့.. ကျွန်တော်လည်း…သိပ်မကြာတော့ဘူး.ထင်ပါတယ် မခိုင်ရယ် ။ မခိုင်ကတော့… အေးချမ်းသွားပြီလား….။ ဘာဆိုဘာမှ မသိတော့တဲ ့နေရာမှာလား ။ ဒါဆိုကျွန်တော့်ကို လည်း..မေ့ပြီပေါ့နော် ။ ကျွန်တော်ဆိုတဲ ေ့ကာင်ရဲ ့ တမ်းတ လွမ်းဆွတ်မှုတွေကို ဘယ်သိတော့မလဲနော် ။ ဒါပေမယ့် မခိုင်ရယ်….. သေသော သူ ကြာရင်မေ့ဆိုတာက… သေသွားတဲ ့သူက..ကျန်ခဲ့တဲ ့သူကိုမေ့မှာ..လို့ပြောတာ ထင်ပါရဲ ့…. ကျန်ခဲ့တဲ ့ကျွန်တော်က… မခိုင်ကို ဘယ်တော့ မှ မမေ့နိုင်ပါဘူး…မခိုင်ရယ် ။ အဲဒီ သေသောသူ ကြာရင်မေ့ ဆိုတဲ […]


koyin sithuJanuary 26, 20131min25112
သားမွေးတုန်းဆို ငါးပေါင်လောက်လေး သားရဲ့။ အရမ်းသေးတာပေါ့။ အမေကတော့ သားကိုကြည့်ပြီး အားအင်တွေရှိခဲ့တယ်..။ မေမေ့အတွက်တော့ သားဟာ အကြီးမားဆုံး ခွန်အားပေါ့။ အဒိတုန်းကဆို သားဟာ ညတွေရောက်တိုင်း အရမ်း ငိုတတ်တာပေါ့ သားရဲ့။ အမေ့မှာ ဖယောင်းတိုင်ထွန်းပြီး… အို့ အို့ အေ့အေ့ တေးသီဆို ပွေ့ချီကာမှ သားက အငိုတိတ်ပြီး အိပ်တတ်ခဲ့တာ။ မင်း ဖေဖေကတော့ ထုံစံအတိုင်းပေါ့ အမေတို့ သားအမိကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ဘေးနားကနေ ယပ်ခပ်ပေးနေတာပဲလေ။ နီနီရဲရဲသားလေးက ဘာမှမပြောတတ်သေးဘူးပေါ့… ဒါပေမယ့်သား… အမေကသိတယ်။ နားလည်တာပေါ့။ မေမေ့သားလေး ဗိုက်ဆာနေတာလာ… အိပ်ချင်နေတာလား… ရူးရူးပေါက်ချင်နေလား… စိတ်အလိုမကျနေတာလဲ… သားဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက သားကို နားလည်တာဆိုလို့ အမေပဲ ရှိတယ်သားရဲ့…။ သားက ခစ်ခစ်ပါအောင် ရီမောလိုက်တိုင်း အမေ့မှာလေ […]


johnnydeerJanuary 24, 20131min19513
ဈေးတွေက ညကျမှ မီးထလောင်တာ ဘာဖြစ်လို့လဲ မသိဘူး… စက်မှုဇုန်ထုတ်ကားတွေက ဂျပန်ကလာတဲ့ ကားတွေနဲ့ တထေရာထဲ တူနေတာ ဘာဖြစ်လို့လဲ မသိဘူး… အိမ်ဌားနေတဲ့ ဝန်ကြီး မြန်မာပြည်မှာ မရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ခိုးကူး ခိုးကူး နဲ့တဖွဖွ ရွတ်နေတဲ့ သူတွေရဲ့သီချင်းသံစဉ်တွေက နိုင်ငံတကာ သီချင်းတွေနဲ့ တအားတူနေတာ ဘာဖြစ်လို့လဲမသိဘူး… သက်တူရွယ်တူ အချင်းချင်းတွေ အဘ အဘနဲ့ ခေါ်နေကြတာ ဘာဖြစ်လို့လဲ မသိဘူး… ပိုလျှံပါတယ်ဆိုပြီး နွေရာသီတောင် မရောက်သေးဘူး မီးပျက်ပျက်နေတာ ဘာဖြစ်လို့လဲ မသိဘူး… ဝန်ထမ်းချင်းအတူတူပဲ..လစာလဲ ဒီလောက်ကြီးမကွာဘူး…နဲနဲ များတဲ့သူက ပင်စင်ယူပြီးရင် အိမ်တွေအများကြီးရှိပြီး နဲတဲ့သူက နေစရာမရှိတာ ဘာဖြစ်လို့လဲ မသိဘူး… ဗိုလ်ချုပ်လို လူကောင်းသူကောင်းက ၃၂ နှစ်ပဲ နေရပြီး ဦးနေဝင်းတို့ […]


(ကြိုတင်မေတ္တာရပ်ခံစာ-မန်းဂေဇက်အတွင်းသို့ဝင်ရောက် ဖတ်၊မန့်ရန် ကွန်နက်ရှင် အရမ်းအရမ်းကျနေပါသောကြောင့် ဒီရက်ပိုင်း ပို့စ်များအား မဖတ်ဖြစ်၊မမန့်ဖြစ်ခဲ့ပါ။ အရမ်းစိတ်ဝင်တစား စောင့်နေရသော ဆုပေးပွဲနဲ့ကွန်ဖရင့်ပို့စ်များ၊ဓာတ်သေများကိုပင် ဝင်မကြည့်နိုင်အောင် လိုင်းကကျလှပါသည်။ အဆင်ပြေတဲ့အချိန်ကို စောင့်စားကာ ပို့များကို အားပေးနေပါဦးမည် ဟုတောင်းပန်လိုက်ရပါသည်။ကျွန်မရဲ့ပို့စ်များကို ရီပလိုင်းပြန်တာနောက်ကျနေရင်လည်း နားလည်ခွင့်လွှတ်ပေးကြဖို့ ကြိုတင် မေတ္တာရပ်သွားပါသည်။ ခင်မင်လျက် နန်းတော်ရာသူ) :gee: :saut: “လက်တွေ့ဘဝရယ် မလွယ်ရေးချမလွယ်”(ပြိုင်ပွဲဝင် ဝတ္ထုတို) :saut: ———————————————————————————- (နှလုံးသားမြို့တော် ရသစာပေ ဒုတိယဆုရ) (နှလုံးသားမြို့တော်ဆိုဒ်မှ မှတ်ချက် ) အရေးအသားသေသပ်ပါတယ်။ ပေါ့ပေါ့ပါးပါးဖတ်လို့ကောင်းသလို လူရဲ့ မနောက ထိန်းရခက်တဲ့ဟာကို ကွက်ကွက်ကွင်းကွင်း ရေးပြထားတာလေးကို သဘောကျပါတယ်။ကလောင်ရှင်ရဲ့ အရေးအသား ဇာတ်လမ်းဖွဲ့စည်းပုံ နဲ့ စာဖတ်သူကို သူပေးချင်တာလေးတွေ ပေးသွားပုံလေးက ကွက်တိကျတယ်တဲ့အတွက် ဒီဆုကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပါတယ်။ ရှေ့ဆက်လက်ရေးသားမယ့် စာပေခရီးလမ်းအတွက် […]