မိုး မင္းသားSeptember 17, 20121min50449
ကသာကပါဆိုပြီး…..ခက်ခဲလှတဲ ့ဘဝတွေကိုရေးပေးခဲ ့တဲ ့…စာရေးဆရာပေါက်စနလေးတစ်ယောက်……. အမေရီကန်ထုတ…သတင်းစာမှာသူ ့ရဲ ့စာအုပ်အညွှန်းပါခဲ ့တဲ ့ဈေးကြီးကြီးပေးဝယ်ရပြီးဇိမ်ရှိရှိ…မနေနိုင်တဲ ့ကျွန်တော်တို ့ရဲ ့…….. ရောင်းရင်း…မိတ်ဆွေ…သူငယ်ချင်းလေးဖြစ်တဲ ့…..သူလို ့ပြောရင်အားလုံးသိကြမှာပါလေနော်…… စာပေကိုချစ်မြတ်နိုးတတ်သော…..ရေးအားအလွန်ပင်ကောင်းသော…….ရွာသူရွာသားများအားပေးခြင်းခံရသော….. အလင်းဆက်တစ်ယောက်….မွေးနေ ့မှာပျော်ရွှင်ခြင်းတွေနဲ ့အတူ……..စိတ်၏ချမ်းသာခြင်း….ကိုယ်၏ကျန်းမာခြင်း…. နဲ ့အတူ….နောက်လာမဲ ့နှစ်(၁၂၀)…တိုင်အောင်..မိသားစုနဲ ့အတူပျော်ရွှင်ချမ်းမြေ ့သောဘဝကိုပိုင်ဆိုင်နိုင်ပါစေ….. စာပေလောကမှာလည်း….ထွန်လင်းတောက်ပသော…..အနာဂါတ်ရဲ ့ကြယ်တစ်ပွင် ့ဖြစ်ပါစေ….လို ့……. ရွာသူရွာသားအားလုံးကိုယ်စားဆုတောင်းပေးလိုက်ပါတယ်နော်……. အဓိ္ဒယ်ရှိသောစာပေများကိုရေးသားရင်း……. လင်းလက်လာသောကြယ်တစ်ပွင် ့……ကို ဆက်ဆက်စောင် ့ကြိုနေမှာကိုတော ့…..သိစေချင်ပါတယ်လေ……. ် အလင်းဆက်ရေ……ကျွန်တော်ဖတ်ခဲ ့ဘူးတဲ ့စာသားလေးကို……မွေးနေ ့လက်ဆောင်အဖြစ်…..ရေးပေးလိုက်တယ်နော်…… စိတ်ဟူသည်လျှင်မြန်သောသဘောရှိ၏… အလိုရှိရာအာရုံတွင်ကျရောက်လေ ့ရှိသည်။ စိတ်ကိုဆုံးမခြင်းသည်ကောင်း၏… ဆုံးမပြီးသောစိတ်သည်…ချမ်းသာမူကိုဖြစ်စေတတ်၏...တဲ ့ ကျွန်တော်ဖတ်ခဲ ့ရသော….စာလေးတစ်ပိုဒ်ဖြစ်ပါတယ်…….


၁။ တစ်နေ့ကပဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျုပ်တို့အဖွဲ့ ဆုံဖြစ်ကြတယ်ဗျ။ ပန်းချီဆရာ ကိုဘသက်။ တေးရေးဆရာ အေတီမိုး။ ဗိသုကာဆရာ ကျော်ထွန်း။ တည်းဖြတ်ဆရာ ကိုကိုငြိမ်း ရော။ နောက် စာရေးဆရာလူငယ်အချို့နဲ့။ မိုဘာက အဖြူလေးတောင်ပါသပေါ့။ အဲဒီမှာ ကိုဘသက်က စလိုက်တဲ့ စကားပေါ့။   “ကိုရင်နင့်အောင် …. ခင်ဗျား မှန်ကော ကြည့်ဖြစ်ရဲ့လား” “ဘာလို့လဲဗျ… အစမရှိ အဆုံးမရှိနဲ့ ခင်ဗျားစကားက” “ဘာဖြစ်ရမလဲဗျ … ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ဦး .. ဆံပင်က ဗုတ်သိုက် … နှုတ်ခမ်းမွှေး.. မုတ်ဆိတ်မွှေးတွေက ကြည့်လို့ကို မဟန်တော့ဘူးဗျ….” “အော် .. အဲဒါလား …. မအားဘူးဗျာ… မုတ်ဆိတ်ရိ်တ်ဖို့ကို မအားဘူး …..” “အန် … […]


အောင် မိုးသူSeptember 17, 20121min30710
“ရောက်ပြီ….သားရေ…” အမေ့ရဲ့ အော်သံကြားမှ ကျွန်တော်ကားခေါင်းခန်းမှာ အိပ်နေရာမှ နိုးလာခဲ့သည်။ ကားတံခါးကို ဖွင့်ဖွင့်ချင်း တွေ့လိုက်ရသောအရာက အလယ်တန်းကျောင်းလေးတစ်ကျောင်း။ ထိုကျောင်းလေး၏ ရှေ့တွင် ကျွန်တော်တို့ နေမည့်ပေနှစ်ဆယ်အိမ်လေးရှိသည်။ အမေရွေးခဲ့သော နေရာလေးမဆိုးဘူးဟု ကျွန်တော့်စိတ်ထဲ မှတ်ချက်ချမိသည်။ ရပ်ကွက်လေးကလည်း သန့်၏။ အိမ်ပရိဘောဂများ အလုပ်သမားများနှင့်အတူနေရာချပြီးသည်နှင့် ကျွန်တော်နေရာတစ်ခုရှာမိ၏။ ကျွန်တော့်အသည်းကျော် အယ်လ်ဇေးရှင်းခွေးကြီးနှစ်ကောင် အပေါ့အပါးသွားရမည့်နေရာပင်ဖြစ်သည်။ ယခုအိမ်လေး၏လမ်းတစ်ဖက်ထွက်လိုက်လျှင် လမ်းမကျယ်ကြီးဆီသို့ရောက်ပြီး တခြားတစ်ဖက်မှထွက်လျှင် လမ်းမကျယ်ကြီးဆီသို့ ကားဝင်ရရုံ လမ်းတစ်ခုရှိသည်ကို ကျွန်တော်သတိထားမိသည်။ အိမ်နီးနားချင်းပြောပြချက်အရ ထိုနေရာတွင် ယခင်ကအမှိုက်ပုံကြီးတစ်ပုံ ရှိခဲ့၍ ယခုအခါ  အမှိုက်ပုံကြီးနေရာတွင် တိုက်ကြီးတစ်လုံးသာ ရှိတာ့သည်။ ထိုလမ်းလေးသည် ညဘက်တွင် လူတိတ်၍ လယ်ကွင်းနှင့်ဆက်စပ်နေသောကြောင့် ညဘက်များတွင် အသည်းကျော်ခွေးကြီးနှစ်ကောင်နှင့် ထိန်းကျောင်းထွက်ရန် ကျွန်တော်ရွေးချယ်လိုက်သည်။ ည(၉)နာရီရောက်တိုင်း ခွေးကြီးနှစ်ကောင်နှင့် ကျွန်တော် လမ်းကြားလေးဘက်သို့ ထွက်လာခဲ့သည်။ အိမ်တွင် […]


ကြောင်လေးSeptember 17, 20121min3436
သမက်မကောင်း ကျောင်းပို့ ကျနော်ငယ်ငယ်(၅ တန်း ၆ တန်း)တုန်းက ကျနော်အဖေက စာပေဗိမ္မာန် စာအုပ်အသင်းဝင်ထားခဲ့ပါတယ်။ နှစ်စဉ်ကြေးငွေ (ပမာဏ မမှတ်မိ) သွင်းပေးထားလျှင် ထွက်သမျှစာအုပ်ကို စာတိုက်က ပို့ပေးပါတယ်။ စာအုပ်အမျိုးမျိုးဖတ်ရမှတ်ရပါတယ်။ အဲဒီထဲမှာ အခုအကြောင်းအရာ ပါတဲ့ စာအုပ်တစ်အုပ်ဖတ်ဖူးပါတယ်။ (မြန်မာ့ရိုးရာ ပုံပြင်များ) လို့ ထင်ပါတယ်။ အတွဲ ၁ နဲ့ ၂ ဆိုပြီးရှိပါတယ်။ သံကိုကြွက်စား သားကိုစွန်ချီ  တို့၊ပိုနေမြဲ ကျားနေမြဲတို့ အစရှိတဲ့ပုံပြင်တွေ ပါခဲ့တယ်၊ထင်ပါတယ်၊အများကြီးပါ။ အခု သားတွေ သမီးတွေကိုဖတ်စေချင်လို့ ရန်ကုန်ရောက် တုန်းက ကျနော် အဟောင်းတန်းတွေမှာလိုက်မေးတာ မရပါဘူး၊ စာအုပ်နာမည်မမှန်တာလည်းဖြစ်နိုင်ပါတယ်။ (ရွှေအိမ်စည်တို့ သို့မဟုတ် ရွာသူားထဲက ရှာဖွေတွေ့ရှိထားရင် လင့်လေးပေးစေချင်ပါတယ်။) သမက်မကောင်းကျောင်းပို့ ဆိုတဲ့အကြောင်းလေးကို ကျနော်မှတ်မိသလိုပြန်ရေးပြပါမယ်။ ရေးပုံပြောပုံ မတူညီသော်ညားလည်း […]


alinsettSeptember 15, 20121min131311
ဘဝ ဆိုတာ အပြိးအစီးရေးထားပြီး သား… စာအုပ်တစ်အုပ်တဲ ့ ။ ဒါပေမယ့်…တစ်နေ့ကို တစ်မျက်နှာ ပဲ.. ဖတ်ခွင့် ရှိတယ်တဲ ့ ။ ဆိုးလိုက်တာနော်…။ တကယ်ဆို… ရှေ ့တစ်မျက်နှာလောက်..ကြို ဖတ်ခွင့်ရှိရင်.. ဘယ်လောက် ကောင်းလိုက်မလဲ… ။ ကြို သိထားတော့…. အခြေအနေဆိုးတွေ..လာမယ့်အချိန်မှာ…မလာအောင် တားဆီးပြုပြင်လို ့ရမှာပေါ့ ။ ထားပါတော့လေ..။ ကြို ဖတ်ခွင့် မရရင်တောင်…. ပြီးခဲ့တဲ ့ စာမျက်နှာတွေက်ို ပြန်လည် ပြင်ဆင်ခွင့်လေးများ….ရရင်…တော်သေးတယ် ။ အခုတော့………….. အော်…. အခုတော့…။ ကိုယ် ့အမှားရဲ ့ ဒဏ်ကို ကိုယ် ပဲ..ခံရ မှာပါ ။ အခု ကျွန်တော့်လိုမျိုးပေါ့…။ မှားခဲ့တုန်းကတော့..မှားနေလို ့… မှားနေမှန်းမသိ ။ […]


အောင် မိုးသူSeptember 14, 20121min3166
ပြတင်းပေါက်မှ တိုက်ခတ်လာသော လေများသည် အပြင်ပတ်ဝန်းကျင်မှတဆင့် ကျွန်တော်စာရေးသော စားပွဲခုံနှင့် ကျွန်တော့် ခန္ဓာကိုယ်အား ဖြတ်သန်းဝင်ရောက်တိုက်ခတ်သွား ၏။ ဆောင်းတွင်း အေးစိမ့်စိမ့်လေအေးဒဏ်က ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားအောင် အေးသွားသည်။ရေးလက်စ စာကိုရပ်တန့်ရင်း အနွေးထည်လက်ရှည်တစ်ထည်အား ကျွန်တော် ကာက်ဝတ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဆောင်းတွင်းမြူမှုန်များဖွေးဖွေးနှင့် မှောင်မိုက်မိုက် ညတစ်ည၊ ကောင်ကင်းထက်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ်။ ညဦးပိုင်းကတည်းက စာရေးစားပွဲ ခုံပေါ်သို့ ထိုင်လိုက်သည်မှာ ယခုပင်သန်းခေါင်ယံ(၂းဝ၀)နာရီပင်ရှိတော့မည်။ အိမ်တံခါးကိုဖွင့်၍ ခြံဝန်းထဲသို့ ကျွန်တော်ဆင်းလိုက်၏။ လွတ်လပ်သောဆောင်းတွင်း ၏ မြူမှုန်မြူနှင်းများကြားရှိ ချမ်းစိမ့်စိမ့်အရသာကို ခံစားရင်း ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်လျှင် လင်းလက်နေသောကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လေးများကို ကျွန်တော်တွေ့ရမြဲဖြစ်၏။ ကျွန်တော့်ဘဝတွင် ကြယ်လေးများသည် ကျွန်တော်စိတ်အဝင်စား ဆုံး ဖြစ်သည်။ ***************************************************** ကြယ်ဆိုသည့်အရာမှာ ကျွန်တော်သိသလောက် ရဲရဲတောက် […]


NovySeptember 14, 20121min43126
မနေ့က တစ်နေ့လုံး ရွာထဲကကိုယ့်အိမ်ကို ကိုယ်ပိုင်သော့နဲ့ ဖွင့်တာကို ဖွင့်လို့မရ အိမ်ထဲလည်းဝင်လို့ မရ ဒါနဲ့ ရွာရိုးလျှောက်တော့ အောင်မယ် ကိုဆာမိတို့များ ခေတ်ပျက်စီးပွားရေ တယ်မြင်သကို သူ့တဲရှေ့မှာ စလောင်ဖုံးဆိုင်းဘုတ်ကြီးကို ဟီးနေတာပဲ ရေးထားတာလည်း ကြည့်အုံးလေ “ဂဇာတ်မန်ဘာဟောင်းဈေးကောင်းပေးဝယ်သည်”  တဲ့ သူ့တဲရှေ့မှာလည်း ရောင်းဖို့ ဝယ်ဖို့ စီလိုက်တဲ့လူ မိပေါက်ဖေါ်တို့ကလည်း ဘီအီးနဲ့လဲမယ် တကဲကဲပေါ့ အပြီးမရောင်းချင်ဘူး ခဏငှားမဲ့သူတွေကလည်းဈေးမေးကြနဲ့ စည်းကားလိုက်တာ မနိုကျုတော့ ဘယ်သူမှ မမြင်ကျဘူး ဒါနဲ့ ရွာရိုးဆက်လျှောက်တော့ ဟင်းနံ့လေးမွှေးနေတယ် ကြည့်လိုက်တော့ မဝေအိမ်မှာ ရခိုင်မျှစ်စပ်ဟင်း ချက်နေတာကို ဝင်စားမယ်ကြံတော့ ကိုယ်မှာ ဝင်စားခွင့်မရှိ သော့လေးကိုင်းပြီ ဆက်လျှောက် မယ်ပု အိမ်ဘက်တောင်ရောက်လာပြီ မယ်ပု Allergy ဖြစ်နေလို့ လူနာသတင်းမေးတွေတောင်ရောက်နေတယ် ကိုယ်မှာတော့ အိမ်ပေါက်ကနေ ချောင်းကြည့်ပြီ […]


အောင် မိုးသူSeptember 12, 20122min2998
“ဒီတံခါးလေးxxxစေ့ရုံပဲလားxxxxရင်ထဲကအသည်းနှလုံးကိုxxxxxx  အမလေး….ကိုစိုးမင်းရဲ့ ရှင်သိပ်ရက်စက်တာပဲxxxxx” ကာရာအိုကေသီချင ်းကို သီဆိုရင်းလွင့်ပျံလာတဲ့ ဘေးအိမ်ကမိန်းမရဲ့အသံ။ ထိုအသံကိုကြားကြားချင်းပဲ အမေ၊ အစ်ကိုနဲ့ကျွန်မတို့ရဲ့မျက်လုံးတွေမှာ စိုးရိမ်မှုအရိပ်အယောင်တွေပေါ်လာသည်။ ထိုမိန်းမအသံမှာ နောင်တသံ၊ ဒေါသသံ၊ စိုရိမ်းပူပန်မှုအသံ ရောထွေးစွာပါဝင်နေသည်ကို ကျွန်မတို့သိလိုက်ရသည်။ သီချင်းသံဆိုနေရင်း ထိုမိန်းမဘေးက ကလေးတွေရဲ့ သီချင်းလိုက်ပါသီဆိုသံက အပျော်အော်ဆိုနေသလားတောင် မှတ်ရသည်။ နားထောင်ရင်းပင် ကျွန်မသက်ပြင်းမောတစ်ချက် ချမိလိုက်သည်။ “ဒီညတော့ အိပ်ရေးပျက်ဦးမယ်ထင်ပါတယ်…”   စိုးရိမ်မှုနဲ့ အမေပြောလိုက်သောအသံ။ ကျွန်မတို့လည်း ဒီဝဋ်ကဘယ်တော့လွတ်မလဲဟုပင် ကျွန်မတွေးလိုက် မိသည်။ ကိုရီးယားဇာတ်လမ်းတွဲများကို နှစ်ခြိုက်စွဲလန်းစွာ ကြည့်တတ်သော ကျွန်မအမေပင်လျှင် ကိုရီးယား ဇာတ်လမ်းများထက် ရှုပ်ပွေသော ဇာတ်လမ်းများ အပြင်မှာရှိသည်ကို ထိုမိသားစုရောက်လာမှပင် သိတော့တယ်ဆိုသော စကားဆို တဖွဖွပြောမဆုံးပေ။ လွန်ခဲ့သောနှစ်ကမှ ကျွန်မတို့အိမ်ဘေးမှ ဆယ်ပေမြေကွက်ကလေးသည် နှစ်ထပ်အုတ်ညှပ်တိုက်လေးဖြစ်လာသည်။ ထိုတိုက်ကလေးသို့ ပြောင်းလာ သောမိသားစုတွင် (၉)နှစ်အရွယ်နှင့် […]


အောင် မိုးသူSeptember 11, 20121min41511
  ဒီလိုမြင်ကွင်းမျိုးကို ကျွန်တော့်ဘဝမှာ မကြားချင်၊ မမြင်ချင်သော အသံနှင့်မြင်ကွင်းများဖြစ်သည်။ အချို့လူများ၏ ထင်မြင်ယူဆချက်များကိုတော့ မှန်သည်…မှားသည် ကျွန်တော်မငြင်းလိုပါ…။ ကျွန်တော့် ယူဆနှင့် ကျွန်တော်ပင် ကျွန်တော်မှန်သည်ဟု ထင်ပါသည်…။ ကျွန်တော်သည် ဆရာဝန်တစ်ယောက် ဖြစ်သည်။ ဝဝကစ်ကစ်နှင့် မျက်လုံးဝိုင်းဝိုင်းလေးနှင့်… (၆)လသားအရွယ် ကလေးတစ်ယောက်နှင့် မိန်းမပျိုလေး တစ်ယောက် သည်ဆေးရုံနှင့် သည်ပတ်ဝန်းကျင်တွင် မသိသူမရှိပါ………….။ သူတို့နှစ်ဦးကို ဘယ်သူတွေခွဲမှာ လဲ………………။ လွန်ခဲ့သောကာလတစ်ခု…………………… “ပေး….ပေး….. ငါ့ကလေး…ငါ့ကလေး…..”           စူးစူးဝါးဝါး…မိန်းမတစ်ယောက်အော်သံကြောင့် ကျွန်တော်နဲ့ သူနာပြုတွေအားလုံး နားနေခန်းထဲကနေ ထွက်ကြည့်လိုက်ကြသည်။ ဒီလိုနေရာ… သည်ဆေးရုံမျိုးမှာတော့… ဒါမျိုးအဖြစ်အပျက်တွေက တစ်ရက်နဲ့တစ် ရက် မရိုးနိုင်တဲ့အဖြစ်အပျက်တွေပေါ့။ အခုမြင်နေရတဲ့ မြင်ကွင်းမျိုးက ကျွန်တော့်အတွက် အနည်းငယ်ဆန်းပြား နေသလိုလိုပင်။ ဆေးရုံပတ်ဝန်းကျင် ရပ်ကွက်နားက အရူးမတစ်ယောက် ဘယ်သူနဲ့ဘယ်လိုရမှန်းမသိတဲ့ နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့မို့ ရပ်ကွက်ကလည်း […]


အောင် မိုးသူSeptember 11, 20121min2387
“အမေရေ… သားသွားတော့မယ်……………” နံနက် (8)နာရီတောင်ထိုးပြီ နေ့တိုင်းကြားနေကျအသံကို ဖွားအေးကြားနေရသည်။ ဘုရားရှိခိုးနေရာမှ သားဖြစ်သူကို ဖွားအေးလှမ်းကြည့်လိုက်မိသည်။ သား နှင့် သမီးအား ရုံးမသွားခင်နမ်းရှုံ့နေသော သား၏မျက်နှာသည် ရွှင်ပြနေသည်။ သားစိတ်ချမ်းသာနေတော့လည်း ဖွားအေးပျော်မိသည်။ သားသမီးစိတ်ချမ်းသာသည်ကို မြင်ရရျ် မပျော်သော မိဘ ဘယ်မှာရှိမည်နည်း။ “အမေရေ…. ကျွန်မ သားနဲ့သမီးကို ကျောင်းပို့ပြီ အလုပ်ကိစ္စလေးတစ်ခုရှိလို့ ညနေလောက်မှ အိမ်ပြန်ရောက်မယ်နော်…..  ထမင်းဟင်းတွေ အကုန်အဆင်သင့် လုပ်ထားပေးတယ်…..” “ဖွားဖွား တတာ့……………..” ကျောင်းမသွားခင် နှုတ်ဆက်နေတဲ့ မြေးနှစ်ယောက်ကိုကြည့်ပြီး ဖွားအေးပျော်နေရသည်။ သားအချစ် … မြေးအနှစ်မဟုတ်လား သားကိုချစ်ခဲ့သမျှတွေကို မြေးလေးတွေရလာတော့လည်း ပိုနှစ်နှစ်ပြီး ချစ်ရတာပေါ့။ အိမ်ဝရန်တာကနေ ခိုတွေပျံသွားတာ ဖွားအေးတွေ့လိုက်ရသည်။ ခိုလေးတွေမြင်မှ ဖွားအေး အစာကျွေးရမည်ကို သတိရသည်။ ခိုတွေအစာကျွေးရင် အိမ်ဝရန်တာမှာစိုက်ထားတဲ့ အပင်လေးတွေရေလောင်းရဦးမယ်။ […]


alinsettSeptember 7, 20121min28811
ညအခါ… လသာသာမှာ… ကစားမလား… နားမလား…တွေ ဘာတွေ မေးနေရမယ့် အရွယ်တွေကို လွန်…ခဲ့ပြီ.ဆိုတော့………… ကျွန်တော့်အရွယ်နဲ ့… ဆိုင်တာလေးကိုပဲ.ပြောကြည့်ပါမယ်.ဗျာ..။ ညအခါ…. လသာသာ မှာ…………. မိတ်ဆွေများ…. ကဗျာ… ရွတ်ဖူးကြပါသလား…. ညအခါ..လသာသာ မှာ.. ကဗျာ ရွတ်ဆိုနေသံ လေး တစ်ခုကို…. အေးအေးလူလူ နားထောင်ဖူးကြပါ…သလား….. ကျွန်တော်ကတော့………………….. လသာ တဲ ့ညတွေမှာ…. ကဗျာတွေ စပ် ဖူးတယ် ။ ကဗျာ လေးတွေ.ကို…ရင်ခုန် မက်မောစွာ..ရွတ်ကြည့်ဖူးတယ်..။ ဒါပေမယ့်…. … သူတပါး..ရွတ်ပြတဲ ့ ကဗျာသံကိ်ုတော ့………….. နား မထောင်ဖူးသေးပါဘူး ။ အင်မတန်မှ လည်း..နားထောင်ကြည့်ချင်ပါတယ် ။ မြို ့ပြရဲ ့ ့အဆောင်အယောင်တွေ….. ကင်းစင်..ရာ…ကျေးလက် တစ်နေရာရာမှာ…………… သစ်ရွက်သစ်ခက်..တွေရဲ […]


အောင် မိုးသူSeptember 6, 20123min1953
“ဒေါင်……..ဒေါင်………………………..” “အငယ်ကောင်….အကြီးကောင် မြန်မြန်လာဟဲ့ နင်တို့ကလည်း ဟိုမှာကျောင်းတက် ခေါင်းလာင်းက ထိုးနေပြီ”           ခပ်သုတ်သုတ်ခြေလှမ်းတွေနှင့် တစ်ဖက်ကလည်း (၂)နှစ်အရွယ်သမီးနှင့်မို့ မနှင်းဝေ မောရမှန်းမသိပေ။ “မြန်မြန်ဝင်….တော်ကြာ ဒဏ်ရိုက်ခံနေရမယ်… နေ့လည် ကျောင်းဆင်းရင် စောင့်နေကျ နေရာမှာပဲ စောင့်နေကြနော်”           ကျောင်းဝန်းထဲပြေးဝင်သွားတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး နဖူးမှချွေးစကို လက်ဖြင့်သုတ်ကာ ဖယ်ချလိုက်သည်။ ခပ်စူးစူးနေရောင်က မနှင်းဝေရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေ၏။ သမီး ကိုချီဖို့ လက်ကိုခပ်ဆွဆွအားယူကာ အိမ်သို့အပြေးနှင်ရဦးမည်။ မနေ့ကကြားသော သတင်းကြာင့် တစ်ညလုံးအိပ်လို့မပျော်သောခန္ဓာကိုယ်ခပ်ယိုင်ယိုင်ဖြစ်နေသည်။ ကားလမ်းတစ် ဖက်ကိုကူးရင်း ကားများရဲ့လေတိုးသော အရှိန်ကလူကိုလွင့်မတတ်ဖြစ်နေသည်။ မနှင်းဝေ ခြေလှမ်းတွေကတော့ ယိုင်နဲ့နဲ့နှင့်ခပ်သွက်သွက်ပင်။ နေ့လည်ကျောင်းဆင်းချိန်အမီ သား နှစ်ယောက်အတွက် ထမင်းချိုင့်အား အမြန်ချက်ပြုတ်ရဦးမည်။                    ****************************************           ငမိုးရိပ်ချောင်းနှင့် လယ်ကွင်းပြင်များမှ တိုက်ခတ်လာသော လေခပ်ပြင်းပြင်းများက […]


si toneAugust 31, 20122min4008
အင်း……………. Si Tone ဒီကားလေးကို အရမ်းကြိုက်ပါတယ်….. ရွာထဲက သူငယ်ချင်းတွေလဲ ဒီရှပ်ရုင်လေးကို ကြည့်စေချင်တယ်… ဒီရှပ်ရုင်လေးက friendship နဲ့ love နဲ့ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းလေးပါ……. ဇာတ်ကောင်က Richel (ရစ် ချယ်)ဆိုတဲ့ ကောင်းမလေးရဲ့ ဇာတ်ကောင်ပါ ရိုရှင်းတဲ့ drama ကားလေးပါ…… ဇာတ်လမ်းအကျဉ်းလေး Si Tone ပြောပြမယ်……… Richel ဆိုတဲ့ ကောင်းမလေးနဲ့ Darsy ( ဒေဆီ ) ဆိုတဲ့ကောင်းမလေး တို့က ငယ်ငယ်ကတည်း သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ……… အတူနေ အတူသွား အတူစား အတူအိပ် သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေပါ…. သူတို့တွေ အရွယ်တွေရလာတဲ့ အချိန်မှာ… Dex ( ဒက်စ် ) ဆိုတဲ့ […]