ကြောင်လေးJuly 25, 20121min47115
အိမ် ဝသန္တရာသီ မိုးဥတုရဲ့ ဇူလိုင်လ။ ဧရာဝတီတိုင်းဒေသ မြစ်ဝကျွန်းပေါ် အရပ်ဆိုတော့ကာ မိုးကရွာပြီဆိုရင် သဲသဲမဲမဲ ရက်ဆက်ရွာလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ရက်သုံးရက် ကမနားမနေရွာထားခဲ့ပြီမို့ ဒီနေ့တော့ မိုးက သူ့ရဲ့တပတ်စာလက်ကျန်မိုးရေတွေကို ရွာလိုက် ရပ်လိုက်နဲ့ နားနားပြီးတော့ရွာနေပါတယ်။ ခုဏလေးတင် သဲသဲမဲမဲ တချီရွာချလိုက်အပြီး အခုလည်း တဖွဲဖွဲတစိမ့်စိမ့်ရွာနေတုန်းပါပဲ။ ကြောင်လေးတစ်ယောက် နေ့လည်စာ စားပြီးလို့ မိုးအေးအေးလေးမှာစာအုပ်လေးတစ်အုပ်ဖတ်ရင်း ထမင်းလုံးစီနေတုန်း ဟိုးအိမ်ရှေ့ခြံဝက   အော်ခေါ်သံတစ်ခုကိုကြားလိုက်ရပါတယ်။ “ကြွက်နီရေ……ဟေးကြွက်နီ…… “ကြွက်နီတို့ ….မိစာတို့ မရှိကြဘူးလား……ခြံတံခါးလေးဘာလေး လာဖွင့်ပေးကြပါဦးဟ……” အော်သံကြားလု့ိ စာအုပ်ကလေးဘေးချ၊ ဗိုက်တင်းလို့ ဖြေလျော့ထားတဲ့ပုဆိုးလေး ကဗျာကယာ ပြန်စီးရင်း အိမ်ရှေ့ကို ထွက်ကြည့်လိုက်တော့မိုးဖွဲဖွဲမှာ ထီးကောက်ကြီးဆောင်းရင်းခြံဝမှာရပ်နေတဲ့ ရွာကဘကြီးခွေးညိုကိုတွေ့လိုက်ရပါတယ်။ “ဟာ….ဘကြီးခွေးညို !! မြို့ကို ဘယ်တုန်းကရောက်နေသလဲ….. ခဏလေး ဘကြီးရေ့ လာပြီလာပြီ …..” […]


ဒီနေ့ မနက် အလုပ်လုပ်နေတုန်း..ဖုန်းကထမြည်ပါတယ်..ကောက်ကိုင်လိုက်တော့ အမကြီးဖုန်းဖြစ်နေတယ်…အဖေ အမောဖေါက်နေလို့ ဆေးရုံပို့ဖို့ စီစဉ်နေတယ်တဲ့ ခဏနေရင် အိမ်ကထွက်မယ်ပြောတယ်…လက်ကနာရီငုံ့ကြည့်လိုက်တော့ ၁ဝနာရီခွဲ…ဒီနေ့ စနေနေ့ဆိုတော့ ၁၂နာရီ အိမ်ပြန်ရမှာ..ဆိုတော့.. ကျနော်ရုံးဆင်းတာနဲ့လိုက်လာခဲ့မယ်အမကြီးရေလို့..ပြောလိုက်ပီး အလုပ်တွေ အပြီးသတ်အောင်ဆက်လုပ်နေလိုက်ပါတယ်…အရေးထဲ အလုပ်ထဲမှာကလဲ ပြသနာပေါင်းသောင်းခြောက်ထောင် …ပရက်ရှာတွေကလည်းများ…ကြီးမိုက်တစ်ယောက် မန်းလေးဂေဇက်တောင် မှန်မှန်မဖတ်နိုင်ဘူး… အလုပ်ဆင်းတော့ အိမ်မပြန်တော့ပဲ အဖေ့ကို သမားတော်နဲ့သွားပြတဲ့ အာရှတော်ဝင် ကိုလိုက်သွားခဲ့ပါတယ်..ဟိုရောက်တော့ အဖေက ဝှီးချဲပေါ်မှာ…ဆရာဝန်နဲ့မပြရသေး တိုကင်နံပါတ်က ၇၃ တဲ့..၁၂နာရီက ဆရာဝန်စထိုင်တာ..ကျနော်ရောက်သွားတော့ ၂နာရီကျော်ပြီ.. မေးကြည့်တော့ တိုကင်နံပါတ် ၅ဝရောက်ပြီတဲ့…သိပ်မလိုတော့ပါဘူး.. အကျင့်ကပါနေတော့ စိတ်ထဲကတွက်ကြည့်လိုက်မိတယ်..လူနာတစ်ယောက်ကို နှစ်မိနစ်ခွဲနှုန်းပေါ့(တိုကင်ယူထားပြီး မလာတာတွေလဲရှိမှာပေါ့လေ..).. မြန်သားဘဲ..ခေတ်ပညာတွေတိုးတက်လာတော့ ဆရာဝန်တစ်ယောက်ဟာ ကျနော်တို့ငယ်ငယ်ကလို နာရီဝက်လောက်အချိန်ယူပြီးမှ လူနာတစ်ယောက်ကုနေတာမဟုတ်တော့ဘူး .. နည်းပညာတွေတိုးတက်လာလို့ဖြစ်မယ်.. အားပါးပါး..လက်ဖျားခါတယ်ဗျာ…ကဲဒါတွေထားပါအုံးလေ..အဖေက ကျနော့်ကို တွေ့တာနဲ့ ဝမ်းသာအားရပြုံးပြီး..“သား…မင်းအလုပ်ကော အားလို့လားကွာ… မင်းမိသားစုရောနေကောင်းကြရဲ့လား..” ………………………. […]


padonmarJuly 25, 20123min74176
ကျမရဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံလေးကို အားပေးတဲ့ လူနည်းစုလေးကို ကျေးဇူးတင်ပါတယ်။ ဒီပုံလေးထဲက ကလေးလေးရဲ့ အကျင်္ ီနွမ်းနွမ်းလေးကြားက တောက်ပနေတဲ့ မျက်လုံးလေးကို ချစ်မိလို့ ပြိုင်ပွဲဝင်လိုက်တာပါ။ အရီး Khin Latt says: (၁) ဆိုရင် ကလေးလေး ကြည့်ရတာ အဝတ်အစား တောက်တောက်ပပ မဟုတ်တောင် မျက်နှာ လေးက အပြစ်ကင်း တယ်။ သနပ်ခါး လေး နဲ့ သန့်သန့်ရှင်းရှင်း ချစ်စရာလေး။ သူ့မျက်လုံး က တစ်ခုခု ကို ပြောနေသလိုဘဲ။ Inz@ghi says: ၁) DoF ပိုမို shallow ဖြစ်လျင် ပိုကြွမည်ထင်ပါသည် f/2.8 ကိုပဲ ကျနော် မျက်စိစွဲနေလို့လား မသိပါ ဒီဓာတ်ပုံလေးဖြစ်လာပုံကို ပြောပြရရင် ဟိုးရှေးရှေးတုန်းကလို့ […]


silver heroJuly 24, 20121min2816
ဗေထိတို့ရွာလေးရဲ့အင်တာနက်အသံချက်ချက်ညံတဲ့အလေ့အထကလေးကတော့ရွာထဲမှအိမ်ကလေးများမှအဆင့်ဆင့်ကျော်ဖြတ်၍ ရွာဦးဘုန်းကြီးကျောင်ရဲ့တံခါးမကြီးဆီသို့ရိုက်ခတ်လာခဲ့လေသည်။ရွာဦး ကျောင်းဆရာတော်ဦးကေလာသမှာသက်တော်ကြီးပြီဖြစ်၍ကျောင်းကိစ္စများကိုခန်းနေကိုတော်ကြီးဦး ဇင်းကြီးဦးနန္ဒိယနှင့်ကပ်ပိရကြီးမောင်မောင်ဗျော့ကိုလွှဲထားရသည်။ဦးဇင်းကြီးနှင့်ကပ်ပိရကြီးမှာအသက်အရွယ်မတိမ်းမယိမ်းဖြစ်၍ ညီအကိုအရင်းပမာရှိကြသည်။ဦးဇင်းကြီးမှာငယ်ဖြူမဟုတ်၍ကပ်ပိရကြီး မှာလည်းငယ်ငယ်ကတည်းကဘုန်းကြီးကျောင်းနေသူမဟုတ်ပေ။၎င်းတို့နှစ်ဦးစလုံးတို့တွင်အရာရာကို သိချင်တက်ချင်သောစိတ်၊နေရာတကာတွင်ပါလေရာလုပ်ချင်သောအကျင့်နှင့်ခေတ်မှီ ချင်သောရောဂါကိုယ်စီရှိကြသည်။အသက်မှာလည်းလေးဆယ်ဝန်းကျင်သာရှိသဖြင့်သူတို့ဝါသနာပါ ရာကိုစူးစမ်းလေ့ရှိကြသည်။ရွာအတွင်းရှိလူငယ်လေးများဧ။်ချက်ချက်ညံသောရောဂါမှာကပ်ပိရကြီး မောင်မောင်ဗျော့ထံသို့ဗိုင်းရပ်(စ)ပိုးကဲ့သို့အကူးခံရလေသည်။ပြည်တွင်းပြည်ပသတင်းများနားထောင်ခြင်းကိုဝါသနာပါသော ဦးဇင်းကြီးကိုကပ်ပိရကြီးစည်းရုံးပုံမှာ“ဦးဇင်းရဲ့သတင်းဆိုတာရေဒီယိုနားထောင် မှသိရတာနောက်ကျသလိုဖြစ်နေပြီ၊သတင်းဆိုတာအသံနားထောင်ရုံနဲ့မပြည့်စုံတော့ဘူး၊ရုပ်သေ၊ရုပ် ရှင်ပုံတွေပါတဲ့သတင်းတွေအင်တာနက်ဆိုတာပေါ်မှာကြည့်လို့ရနေပြီ၊အချိန်နဲ့တစ်ပြေးညီတဲ့သတင်းတွေကိုဖတ်လို့ရနေပြီ၊တခေါက်လောက်တပည့်တော်တို့နှစ်ယောက်မြို့ပေါ်သွားကြည့်ရအောင်၊ခေတ်မှီသွားအောင်ပါဘုရား”၊ဦးဇင်းကြီးမှာအနည်းငယ်စဉ်းစားဟန်ဖြင့်“သွားတာတော့ဟုတ်ပါပြီ၊ဆရာတော် ကြီးကိုဘယ်လိုပြောပြီးသွားမှာလဲ၊ဦးဇင်းကတော့လိမ်မလျှောက်ချင်ဘူး””  “ဒါကတော့လွယ်ပါတယ်၊ ဘုန်ကြီးသောက်နေကျဗမာဆေးကုန်လို့သွားဝယ်မယ်ပြောလိုက်ပေါ့၊ခါတိုင်းလဲမြို့ပေါ်တက်ဝယ်နေ ကြ၊ဆရာတော်ကြီးလွှတ်မှာပါ။”ဦးဇင်းကြီးမှခဏတွေဝေသွားပြီး”ကပ်ပိရကြီးရဲ့ဆေးတွေကကုန်မှ ှမကုန်သေးတာ” ..“ရပါတယ်ဦးဇင်းရယ်ဒါကတော့တပည့်တော်တာဝန်ထားပါ၊လက်ကျန်ဆေးတွေကိုသင့်တော်တဲ့သူကိုလှုလိုက်တာပေါ့။”၎င်းမှပိုင်နိုင်သောလေ သံနှင့်ပြောနေသော်လည်းဦးဇင်းကြီးမှာအနည်းငယ်ကြောက် သောအမူအရာဖြစ်နေသည်။၎င်းမှပင်ဆက်၍တပည့်တော်အားလုံးစီစဉ်ပေးရင်ဦးဇင်းလိုက်မယ်မဟုတ် လား”ဟုမေးရာဦးဇင်းမှာကြောက်ကြောက်နှင့်ပင်ခေါင်းညှိတ်လိုက်တော့သည်။ မောင်မောင်ဗျော့အလွန်သွားချင်သောအင်တာနတ်ဆိုင်လေးကိုရောက်ပါပြီ.။ဦးဇင်းကြီးကတော့တွန့် ဆုတ်တွန့်ဆုတ်နဲ့ပေါ့။ဆိုင်ထဲဝင်ထိုင်တော့ဆိုင်စောင့်တဲ့ကောင်လေးကမေးပါပြီ“အကိုထိုင်မှာလား” မောင်မောင်ဗျော့မှဟန်ကိုယ့်ဖို့ဆိုသောအမူအရာဖြင့်“အေးညီလေး  တို့နှစ်ယောက်တစ်လုံးထဲအတူထိုင်မယ်ကွာ”ဆိုင်စောင့်ကောင်လေးမှ၎င်းတို့နှစ်ဦး ကိုကြောင်ပြီကြည့်သည်တအောင့်ကြာမှနားလည်သွားဟန်ဖြင့် “နံပါတ်နှစ်အလုံးမှာထိုင်လိုက်ပါ”ဟုပြော၍လက်ညှိုးညွှန်ပြသဖြင့်နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။ဆိုင်စောင့်ကောင်လေးဖွင့်ပေးလိုက်သော်လည်းသူတို့ ်နှစ်ဦးမှာဘာမှမလုပ်တက်ဘဲဖြစ်နေသည်။ဆိုင်စောင့်ကောင်လေးကြည့်လိုက်တော့လဲသူ့ခုံမှာပင်ထိုင် လျှက်တဂျောက်ဂျောက်နှင့်စာရိုက်နေသည်ကိုတွေ့ရသည်။မောင်မောင်ဗျော့ထိုင်ရာမှထ၍ကောင် ်လေးရှိရာသို့သွား၍“ညီလေးအကိုတို့ကအခုမှစထိုင်တာကွ၊ဘာမှကိုမလုပ်တက်သေးဘူး၊နဲနဲသင် ပေးပါကွာတို့ကချက်ချင်လို့မင်းသင်ပေးမယ်ဆိုရင်တို့ကမင်းကိုဆရာတင်မှာပါ၊ဉာဏ်ပူဇော်ခကတော့ တို့တက်နိုင်သလောက်ပေးမယ်ကွာ”ဟုပြောရာကောင်လေးကပြုံးစိစိဖြင့်မောင်မောင်ဗျော့ကိုကြည့်၍ “ရတယ်အကိုကျတော်လုပ်ပေးမယ်ကျတော့်အကောင့်တခုကိုယူသုံးလိုက်။လာအကိုကျတော် ဖွင့်ပေးမယ်။”မောင်မောင်ဗျော့ချက်ချင်သည်ဆိုသဖြင့်ဆိုင်စောင့်ကောင်လေးမှသူဧ။်အကောင့်ဖွင့်ပေး ပြီးအပြန်အလှန်ဆက်သွယ်ပုံစာရိုက်နည်းပြ၍snowqueenဆိုသောကောင်မလေးတစ်ယောက်ဧ။်အ ကောင့်တွင်အပ်ပေးလိုက်သည်။ဦးဇင်းကြီးမှာမောင်မောင်ဗျော့ဧ။်ဂနာမငြိမ်ဖြစ်နေသောအမူအရာကို မနစ်ှမြို့ဟန်ဖြင့်ကြည့်နေလိုက်သည်။ဦးဇင်းကြီးကြည့်နေသည်ကိုမောင်မောင်ဗျော့သိသွားပြီးမျက်နှာချိုသွေး၍“ဦးဇင်းအရင်စမ်းရိုက်ကြည့်ပါလား” ဟုပြော၍နောက်သို့ဆုတ်သွားလေသည်။ဦးဇင်းမှစမ်း ကြည့်တာပေါ့ဟူသောအမူအရာဖြင့်လက်ကွက်နှိပ်ရန်ပြင်တော့သည်။ ဇင်း။    ။နေ…ကောင်း…တယ်…နော်….မိသားစု…..တွေကျန်းမာကြ…တယ်…နော်။ Snow။  ။youနောက်နေတာလား?တို့နဲ့“ချက်တင်”ထိုင် ်တာလချီနေပြီအခုထက်ထိyouကနောက်နေတုန်း၊youကိုအပြင်မှာမြင်ဘူးချင်တယ်၊youနံမည်အရင်းကိုလဲသိချင်တယ်၊ပြောပြပါလား? ဦးဇင်းမှာတဖက်မှရိုက်လိုက်သောစာကြောင့်အခက်တွေ့နေပြီ။ဘာဆက်ပြောရမည်မသိဖြစ်နေသည်။ Snowမှပင်ဆက်၍  “ဟိတ်youနံမည်မေးနေတယ်လေ၊နာမည်အရင်းလေးတော့သိခွင့်ပေးပါကွယ် Youနဲ့“ချက်တင်”ထိုင်ရတဲ့အချိန်တွေနာရီပေါင်းရာချီနေပြီ၊တို့ကိုခင်တယ်ဆိုရင်youနာမည်အရင်း လေးပြောပါကွယ်။ ဦးဇင်းမှာလက်များပင်တုန်လာခဲ့ချေပြီ။ဒါကိုရိပ်မိသောမောင်ဗျော့က  “ပြန်ဖြေလိုက်လေ၊ပြန်ရေးလိုက်၊ ကိုယ်ကိုသူသိတာမှမဟုတ်တာ”  ဟုအားမလိုအားမရဟန်ဖြင့်မြှောက်ပေးလိုက်သောကြောင့် ဇင်း။    […]


TTNUJuly 24, 20121min73432
အမြဲတမ်းကြားနေရတဲ့ပုံစံပါပဲ… ဘယ်နားမှာတော့ ဓါးခုတ်ခံရတယ် (ရန်ညှိုးမရှိပဲ) ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ… ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး.. လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။ ၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်.. ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။ ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။ ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ […]


kaiJuly 24, 20121min1564
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း – ၁၀) အိမ်နောက်ဖေးက ခြံထဲမှာ ထိုင်မိကြတော့ အဖိုးက ကျွန်မတို့အတွက် ကော်ဖီဖျော်ပေးပါတယ်။ ဒီလိုနဲ့ ကော်ဖီသောက်ပြီးချိန်မှာတော့ ခပ်ပြင်းပြင်း ကော်ဖီပူပူလေးရဲ့ တန်ခိုးနဲ့ ကျွန်မရဲ့ ဦးနှောက်တွေ ပြန်လည် နိုးကြားလာပါတယ်။ အေးဂျင့် Kirwan ကိုတော့ ကျွန်မ အရူးလုပ်ခဲ့ပြီးပါပြီ။ အေးဂျင့် Miller ကိုကော လုပ်နိုင်ပါ့မလား။ သူက အမြဲတမ်းငြိမ်သက် တိတ်ဆိတ်နေတတ်တယ်။ ဒါကြောင့် အရူးလုပ်ဖို့ ပိုခဲယဉ်းပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ထွက်ပေါက်တခုခုတော့ ရှိတန် ကောင်းပါရဲ့။ သူကျွန်မဆီက ဘာလိုချင်လဲဆိုတာ သေချာမသိခင် ငြိမ်ငြိမ်လေးနေဖို့ ကျွန်မဆုံးဖြတ်လိုက်ပါတယ်။ ” အခုကျွန်တော့် တာဝန်ချိန် မဟုတ်တော့ပါဘူး။ သူက ဂရုတစိုက်နဲ့ ပြောပါတယ်။ ဒါကြောင့် မင်းဘာတွေပဲပြောပြော off […]


etoneJuly 23, 20121min47557
ပြီးခဲ့တဲ့ စနေက မြို့ထဲလမ်းလေးဆယ်မှတ်တိုင် ကနေ ၃၉ကားစီးရင်း ကြည့်မြင်တိုင်ဘက်ကိုပြန်တော့ ၊ နေ့ခင်းအချိန်ဖြစ်တာကြောင့် လူသိပ်မကြပ်ခဲ့ပါဘူး ။ ဒီလမ်းက သွားနေကြဖြစ်တာကြောင့် ဘယ်ဘက်အခြမ်းမှာ ထိုင်လျှင်နေပူမှာ စိုးလို့ ညာဘက်က လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်စီးခဲ့ပါတယ် ။ တစ်ယောက်တည်း တောင်ငေးမြောက်ငေးနဲ့ ရောက်တတ်ရာရာ တွေးရင်းပေါ့ ။   မီးပွိုင့်အရောက်မှာတော့ ၊ ချက်ချင်းတန်းဝါသွားတဲ့အတွက် ကားက ဘရိတ်ဆောင့်အုပ်လိုက်ပါတယ် ။ ကျွန်မနည်းတူ တခြားလူတွေလည်း ဟန်ချက်ပျက်ပြီး ယိုင်ကုန်ကျတာပေါ့ ။ ဆိုးဆိုးရွားရွားကြီး မှောက်လျှက်လဲသူတော့မရှိခဲ့ပါဘူး အားလုံးနေရာကိုယ်စီရတာကြောင့်ပါ ။ ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ဟန်မပျက် ပြန်လည် တည့်မတ်နေကြတုန်း … တခစ်ခစ်နဲ့ ရယ်သံထွက်လာပါတယ် …. ။ အသံလာရာကိုကြည့်လိုက်တော့ ကျွန်မရှေ့ခုံတန်းက ကောင်မလေးတစ်ယောက်ဆီက ထွက်လာတဲ့အသံပါ […]


သူငယ်ချင်းတွေတစ်ယောက်နဲ ့တစ်ယောက်မျက်စိအောက်ကအပျောက်မခံနိုင်အောင်ခင်တွယ်ခဲ ့ကြသည်…..။ ကျောင်းသွားတူတူ..ကစားတူူတူပင်ရှိခဲ ့ကြသည်။သူငယ်ချင်း၅ယောက်ရဲ ့ဘယ်အိမ်မဆို..ဝင်ထွက်သွားလာခဲ ့ရာ တံခါးမရှိ…ဓါးမရှိပေ…. ယောကျင်္ားလေးတွေမို ့ပြောမနာဆိုမနာ…အားလုံးကပွင် ့ပွင် ့လင်းလင်း….တပါတ်တခါသူငယ်ချင်းတစ်ယောက်ရဲ ့အိမ်မှာအိပ်ကြသည်။ တက္ကသိုလ်တတ်ကြတဲ ့အခါမှာလည်း…မေဂျာတွေသာပြောင်းခဲ ့ကြတယ်လက်တွဲမဖြုတ်တမ်းလေ…. ၅ယောက်ထဲမှာတစ်ယောက်ကဆင်းရဲနွမ်းပါးသည်… ဒါပေမဲ ့…မာနကတော ့မိုးထိအောင်ပင်…ဟုတ်သည်…. ချမ်းသာတဲ ့သူမှမာနရှိသည်မဟုတ်….ဆင်းရဲသည် ့သူလည်းရှိသင် ့သည် ့အရာမဟုတ်လား… ဒါပေမဲ ့..သူငယ်ချင်းတွေအပေါ်မှာတော ့….တော်တော်သည်းညည်းခံရှာပေသည်…. ဘယ်ကိစ္စမဆို..တော်ရုံဆိုမပြော…အားလုံးကတော ့ဘယ်သူကသာတယ်နာတယ်ဆိုတာမရှိပေ။….. ဘဝပေးအကိူးနည်းဆင်းရဲတာလေးကလွဲရင်…ကျွန်တော်တို ့အဖွဲ ့ထဲတွင်ရုပ်အချောဆုံး… မေဂျာမှာဆိုရင်လည်းသူက…ကင်းတယောက်ပါ…..ဘယ်မိန်းခေလေးကိုမှစတင်ပြီးစိတ်ဝင်စားတယ်မပြော…. မိန်းခလေးကဇါတ်လမ်းစလာရင်လည်း…တုပ်တုပ်မျှမလူပ်…တခါတလေကျတော ့လည်းကျွန်တော်တို ့ကအားမလိုအားမရဖြစ်ရတယ်….. မင်းနဲ ့ငါတို ့နေရာချင်းလဲလို ့ရရင်လဲချင်တယ်ကွာဆိုတော ့….ဘာအရောင်မှမပါတဲ ့မျက်လုံးနဲ ့ကျွန်တော်တို ့ကိုပြန်ကြည် ့တယ်။ မလုပ်ပါနဲ ့ကွာ…မင်းတို ့လိုပြည် ့စုံတဲ ့ဘဝမဟုတ်တော ့ငြိမ်ငြိမ်နေပါရစေ….တစ်နှစ်တစ်တန်းတတ်ဖို ့တောင်…. ကျောင်းစရိတ်ကအနိုင်နိုင်…ကျောင်ရောက်လို ့ကင်တင်န်းထိုင်ရင်တောင်…မင်းတို […]


marblecommetJuly 18, 20121min37624
အခန်း။ ။ (ဝင်္ကပါ) ဦးနှောက်ကို ခဏအနားပေးပြီး ပကတိစိတ်နဲ့ တွေးကြည့်တယ်။ ဝင်္ကပါ ဆိုတာ ဘာလဲ ကိုကိုရဲ့..။ ဝင်္ကပါဆိုတာ သိပ်ကိုချွန်မြနေတဲ့ အဝန်းအဝိုင်းဖြစ်စဉ်ကြီးတစ်ခုပါကွာ။ အနားသပ်မျဉ်းလည်း သိပ်ကို ပိရိသပ်ရပ်တယ်။ ကိုဩဒနိတ်လည်း သိပ်ကို တိကျတယ်။ အလျှင်နှုန်း၊ အရွေ့လည်း သိပ်ကို စမတ်ကျတယ်။ အဲဒါ ဝင်္ကပါလို့ ခေါ်တာပေါ့ ပန်းဝါ။ ဒါက အဓိပါယ်ကောက်နုတ်ချက် တစ်ခုလား ကိုကို…။ ……. ကိုယ်တို့ဘဝမှာ ဗျူဟာတွေ ရှိကြတယ်။ ဘဝကို တည်ဆောက်ပြုပြင်ခြင်းဗျူဟာ။ စာသင်ကျောင်းက သင်ပေးလိုက်တဲ့ဗျူဟာ။ မိမိကိုယ်ကို သိတတ်တဲ့အချိန်မှာ တည်ဆောက်ထားတဲ့ဗျူဟာ။ စသည်ဖြင့်ပေါ့။ ဒါက သမားရိုးကျ ဗျူဟာတစ်ခု ဆိုပါစို့။ ဒါက ကောက်ကျစ်မှုမပါ။ စနစ်တကျ ကြံစည်ပြုမူခြင်းမပါတဲ့ ဗျူဟာပေ့ါ။ …. တချို့ […]


marblecommetJuly 18, 20121min48724
အခန်း။ ။ (အိပ်မက်) အိပ်မက်တစ်ခုထဲ ရောက်နေသည်။ ရှေ့တူရူမှာ ပွဲတော်၏ အသံများ ဆူညံပျံ့လွင့်နေ၏။ ကိုယ်တို့နှစ်ယောက်လည်း ထိုနေရာသို့ တရွေ့ရွေ့ တလွင့်လွင့်။ စိမ်းမြမြ မြက်ခင်းဆီက နိမိတ်ပုံတစ်ခု သယ်ဆောင်လာတဲ့ လေညှင်းတစ်ချက်က သုတ်ခနဲ တိုက်ခတ်သွားတဲ့အခါ အရိုးထဲထိ အေးစက်တုန်ခါသွားသည်။ နွေးလျလျ လက်ကလေး တစ်ဖက် ကိုယ့်လက်ကိုလာထိကိုင်သည်။ ကိုယ် လှည့်ကြည့်လိုက်သောအခါ သူမနှင့် အကြည့်ချင်းဆုံကြသည်။ ကိုယ်တို့ တစ်ယောက်စိတ်ကို တစ်ယောက်သိနေကြတယ်။ ဟုတ်တယ်။ ဟုတ်တယ်။ သူမ မျက်ဝန်းမှာ ပွင့်နေတဲ့ စံပါယ်တွေကို ကိုယ်ကလွဲလို့ ဒီကမ္ဘာပေါ်မှာ ဘယ်သူတစ်ဦး တစ်ယောက်ကမှလည်း တွေ့ရှိရမှာ မဟုတ်ပါဘူး။ စကားပြောဖို့ အလျှင်းမလိုတဲ့ ကိုယ်တို့ ဘာသာစကားနဲ့ ကိုယ်တို့ဟာ ရှေ့သို့ တရွေ့ရွေ့ . . .။ […]


alinsettJuly 17, 20121min38417
________ ” ခင်ခင်သေပြီ….။ သီတာက မသေမချင်း..ဓါးနဲ ့ထိုး သတ်လိုက်တာ….တဲ ့” အဲင်္ဒိ သတင်းကို ကြာရစဉ်ကတည်းက…တစ်ခုခုတော ့ ပုံဆိုးပန်းဆိုး မှားယွင်းနေခဲ့ပြီ…ဟု ကျွန်တော် သိလိုက်ပါသည် ။ ခင်ခင် နှင့်ကျွန်တော်…လက် ထပ် ရန် တစ်လ..သာ လိုတော့သော…ဤ အချိန်မျိုးမှာ…..မှ…. သီတာ ..ဘာကြောင့် ဒီလို လုပ်ရသလဲ..။ ခင်ခင့် မှာ..ဘာ အပြစ်ရှိသလဲ…။ ခင်ခင့်ကို လက်ထပ်ဖြစ်ဖို ့ တွန်းအားပေးခဲ့သူများထဲမှာ…သီတာက ထိပ်ဆုံးမှ ပါဝင်နေခဲ့သည်..ပဲ..။ ကျွန်တော့် ဖေဖေနှင့် မေမေက ကျွန်တော်..” ကြိုက်တဲ ့ မိန်းကလေးကို ရွေး..” ဟု ဆိုကာ…. ဓါတ်ပုံများကို ကြည့်ရှု စေခဲ့သည် ။ ကျွန်တော်က သူငယ်ချင်းမလေး..သီတာ ့ကို ” […]


ကထူးဆန္းJuly 17, 20121min51626
ဗန်းမော်မြို့ မှ ဖရဲသီးသည် အောက်ပြည်အောက်ရွာမှ ဖရဲနှင့် မတူ ။ ထိုခေတ်ထိုအခါ က လမ်းပန်းဆက်သွယ်ရေး က ခက်ခဲသည်မို့ တစ်နေရာ နှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု့ ယခုခေတ်လိုမရှိ ။ ထို့ကြောင့် ဗန်းမော်မြို့ မှ ဖရဲသီး မျိုး ဆရာလေးကတုံး မမြင်ဘူး ။ ဖရဲသီး အခွံမှာ အစိမ်းရင့်ရောင် လွှမ်းခြုံနေပြီး အလုံးကြီးကာ အတွင်းသား မှာလည်း နီရဲ စိုပြေနေလှသည် ။ အရသာ မှာ လည်း ဆိုဖွယ်မရှိ ။ အလွန်ချို လေသည် ။ ကျောင်းသားများအတွက် ဆိုကာ စေတနာ ဗလပွ နှင့် ရပ်ကွက်မှ လာပေးထားသည်မှာလည်း တပုံတပင် ။ တစ်ခုဘဲ ရှိသည် […]


ကထူးဆန္းJuly 16, 20121min34214
ဆရာလေးကတုံး ဆေးရုံတင်လိုက်ရလို့ဆိုသော သတင်းသည် ဗန်းမော်မြို့ ၏ ရပ်ကွက်တစ်ခုလုံးသို့ တောမီးပမား ပြန့်နှံ့ သွားသည် ။ ယခု ခောတ်လို အင်တာနက်ခောတ်ဖြစ်ပါက အင်တာနက် သတင်းလို တစြ်မို့လုံး ပြန့်သွားသည်ဟု ဆိုရမလားမသိ။ မပြန့်လျှင်လည်း ခံနိုင်ရိုးလား ။ ထိုခောတ် ထိုအခါ အညိုရောင်နယ်မြေဖြစ်သော ဗန်းမော်မြို့သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသောကြောင့် ည ၆ နာရီကျော်လျှင် လမ်းများတွင် လူခြေတိတ်ပေပြီ ။ ထို လူခြေတိတ်ချိန် ဆရာလေးကတုံးကို တည်းခိုရာ အမကကျောင်းမှ ဆေးရုံ အရေးပေါ် ပို့ရန် အတွက် မီးသတ်ကား စီစဉ်ပြီး ပို့လိုက်ရခြင်းကြောင့်ပင် ။ ရပ်ကွက်တွင်း မီးသတ်ကားကြီး ဝင်လာတော့ ဘာဖြစ်တာလဲဟု အလန့်တကြား ထုံးစံအတိုင်း စပ်စုကြသူများ လမ်းပေါ်မတက်ရ၍ လာ […]