တစ်စုံတစ်ဦးကို ကြောက်ရွံ့ဖူးသလားလို့မေးရင် ဟုတ်ကဲ့ လို့ဖြေလိုက်မိမှာပါပဲ။ ကြောက်ရွံ့ခြင်းတွေနဲ့ ကင်းဝေးတယ်လို့ပြောရင် ကျွန်တော်မယုံပါဘူး။ အားလုံးဟာ တစ်ခုမဟုတ် တစ်ခုတော့ ကြောက်ရွံ့ မိနေတတ်ကြပါလိမ့်မယ်။ ဘယ်လိုအရာမျိုးကို ကြောက်ရွံ့နေကြသလဲလို့မေးရင် တစ်ဦးနဲ့တစ်ဦး အဖြေတွေကတော့ တူညီနေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို ကြောက်သလား၊ ပိုးမွှားတိရိစာ္ဆန်တွေကို ကြောက်သလား၊ သက်မဲ့ အရာဝတ္ထုတွေကို ကြောက်နေသလား၊။ အဲဒီမေးခွန်းတွေထဲက အဖြေတစ်ခုခုကတော့ ကျွန်တော့်ဆီမှာ အဖြေတစ်ခုကတော့ မုချရှိနေပါတယ်။ အဲဒါဘာလဲဆိုတော့ ကျွန်တော် လူတွေကိုကြောက်ပါတယ်။ လောကမှာ ကြောက်စရာအကောင်းဆုံးဟာ လူတွေပါပဲ။ အတ္တတွေကို တံခွန်ထူထားတဲ့လူတွေ။ အငြိုးကြီးတဲ့ လူတွေ။ လက်တုန့်ပြန်တတ်တဲ့ လူတွေ။ လက်စားချေတတ်တဲ့ လူတွေ။ လူတွေထဲက လူဖြစ်နေတဲ့ ကျွန်တော်က ဘာကြောင့်များ လူတွေကိုကြောက်နေရပါလိမ့်လို့ မေးခွန်းထုတ်လာခဲ့ရင် အဖြေဟာ ရှည်လျား ထွေပြားပါတယ်။ […]


marblecommetMay 5, 20121min40827
စိတ်ထောင်းလို့ ကိုယ်ကျေတယ် ဆိုတဲ့ မြန်မာစကားပုံတစ်ခုရှိပါတယ်။ ကျွန်တော်ဟာ အကြိမ်ကြိမ်စိတ်ထောင်းပြီး အကြိမ်ကြိမ်ကိုယ်ကျေခဲ့ဘူးပါတယ်။ လူ့ဘဝရဲ့ တောပြောတောင်ပြော နှစ်ကာလမှာ ကျွန်တော်ဟာ အလဲလဲအပြိုအပြိုနဲ့ မိသားစု သံယောဇဉ်ဘဝက ခွဲထွက်ပြီး တစ်ကိုယ်ကျင်လည် လျှောက်လှမ်းခဲ့ရတဲ့ သက်တမ်းမှာ ထိထိခိုက်ခိုက် ခံခဲ့ရ ဖြစ်ခဲ့ရတာလေးကို အခုရေးချင်စိတ်တွေ ပေါက်လာမိပါတယ်။ ရန်ကုန်ဟာ စစ်မြေပြင်လို့ ကဗျာဆရာ တစ်ယေက်က ညွှန်းပါတယ်။ ဟုတ်ကဲ့ . . .ရန်ကုန်ဟာလည်း စစ်မြေပြင်ပါပဲ။ ဘဝဟာလည်း စစ်မြေပြင်ပါပဲ။ ကျွန်တော်တို့ဟာ လူ့ဘဝရဲ့စစ်မြေပြင်မှာ ကောင်းမြတ်သောဗျူဟာများကိုကျင့်ကြံအားထုတ်ရင်း တိုက်ခိုက်နေရသလို့၊ တစ်ချို့များလည်း ယုတ်ညံ့တဲ့ဗျူဟာကျမ်းကြီးများကို အားကိုးပြီးဖြတ်သန်းသွားကြပါတယ်။ လူ့ဘဝရဲ့ အနိဌာရုံနဲ့ က္ကဌာရုံမှာ ကျွန်တော်ကြုံခဲ့ရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတဲ့ အနိဌာရုံများကို မှတ်မှတ်ဖြစ်လာ ပြောချင်လာပါတယ်။ အပေါ်က ကျွန်တော်ညွှန်းဆိုခဲ့တဲ့ ကဗျာဆရာကပဲ နောက်ထပ်ညွှန်းဆိုချက်တစ်ပုဒ်ကို […]


alinsettApril 30, 20121min1806
ANTON CHEKHOV ၏ စာအုပ်များကို ကျွန်တော် ချစ်ပါသည် ။ သူ၏ ဝတ္ထုတို အတတ်ပညာ..ကို အားကျမိသလို…. အဆူံးသတ်မှာ..ဘာမှ ထူးထူးခြားခြား.. ဖြစ်ပျက်မသွားတတ်သော.. ဇာတ်လမ်းများကြောင့်..စိတ်ဝင်တစား..ဖတ်ချင်ခဲ့ပါသည် ။ ကမ္ဘာကျော် စာရေးဆရာကြီး.ချက်ကော့ဗ် ( 1860 – 1904 ) ကို စိတ်ဝင်စားစွာ..ဖြင့်.သူ၏ စာအုပ်များကို..ရှာဖွေ.ဖတ်ရှု.မိပါသည် ။ မကြာခင်ကမှ.. CHEKHOV ၏ WARD SIX စာအူပ့်ကို ဆရာ ဖေမြင့် ဘာသာပြန်ပေး ၍… ကျွန်တော်…သေချာ ဖတ်မိပါသည် ။ မူရင်းစာအုပ်ကို ကျွန်တောိ်…မဖတ်ရပါ ။ ( ဆရာဖေမြင့်..WARD SIX ကို..ဘာသာပြန်..ထုတ်ဝေခဲ့သည်မှာ..ကြာပါပြီ ။ ဟိုစဉ်က..မထူးခြားနိုင်သော..စာအုပ်ကလေး..ဟုသာ ထင်ပြီး..လက်ရှောင်နေခဲ့မိသည် ။) 2012 ၊ ဧပြီ..လ…အားလပ်ရက်များမှာတော့..ဆရာဖေမြင့် ၏ […]


alinsettApril 23, 20121min17518
ဒီနေ့ ငါ သော ့ တစ်စုံ ဝယ်ခဲ့တယ် ။ တကယ်တော့…ငါ့ဆီမှာ.သေတ္တာထဲ..ထည့်ပြီး.သော့ခတ်..သိမ်းထားစရာ..ဘာမှ မရှိသလောက်ပါပဲ.။ စိန်..ရွှေ.ငွေ..ရတနာ…ဘာမှ မရှိ..။ ဒါပေမယ့်.ငါ ..သော့တစ်စုံ လိုအပ်နေပြီ။ ဒါကြောင့် သော့တစ်စုံ ဝယ်ခဲ့တယ် ။ ငါ့ နှလုံးသားကို..သော့ ခတ်..သိမ်းဆည်း..ဖို ့……။ _____________________________ ပြဿနာကို ငါက စခဲ့တာလား..။ ဖြစ်ချိန်တန်..လို ့ဖြစ်လာတဲ ့ပြဿနာ..လို ့ပဲ.ငါ ထင်ပါတယ် ။ နင့်ကိုငါ… အများကြီး.မျှော်လင့် ထားတာပါ ။ နင်က ဉာဏ်ကောင်းတယ်..။ ရဲရင့် သွက်လက်တယ် ..။ ပြီးတော့ ချစ်စရာကောင်းတယ်.. ။ နင့်ရဲ ့ဘဝကို ဟိုး …အမြင့်ဆုံး..ဆိူတဲ ့နေရာတွေ..မှာပဲ..ရှိနေစေချင်တာ..ငါ့အပြစ်လား..။ နင်ကြိုက်တဲ ့ ကိုရီးယား…ဇာတ်လမ်းတွဲတွေ.ကို.မကြည့်ပါနဲ ့..လို ့ပြောတာ..၊ ဇာတ်လမ်းတွဲတွေ.ရှေ့မှာ.ကုန်သွားမယ့် […]


ကိုယ်…ဘယ်ကစရေးရမှန်းတောင်မသိခဲ ့ဘူး…. တကယ် ့ကိုသတိတရရှိခဲ ့တာအမှန်ပေါ ့…ကိုယ်ဟာတစ်စုံတစ်ရာကိုမျှော်လင် ့ခဲ ့သလိုဖြစ်ခဲ ့ရပါတယ်…. ဒါကို…မင်းအသိပဲမဟုတ်လား…ကိုယ်အဖြစ်ချင်ဆုံးဆန္နနဲ ့အလိုလားအပ်ဆုံး(အတောင် ့တဆုံးအရာဟာ)… မင်းဆိုတာတနေ ့သိခွင် ့ရမှာပေါ ့..အရာရာအားလုံးကိုတိုက်ခိုက်ရင်ဆိုင်ခဲ ့ချင်တာပါ…။ ဘုရားသခင်…ကိုယ်ဟာဘာကြောင် ့ရူးသွပ်မတတ်ဖြစ်သွားရတာလဲမသိဘူး…တကယ်တော ့အထူးအဆန်းမဟုတ်ပါဘူး…. ခဏလေးမတွေလိုက်ရတဲ ့အချိန်မှာ….အံ ့ဩစွာနဲ ့အချိန်တွေကိုဖြတ်သန်းခဲ ့ရပါတယ်… ခဏလေးဖြစ်ဖြစ်မြင်ချင်တဲ ့ဆန္နဟာခိူးနိမ်လို ့မရပါဘူး…….မင်းရောကိုယ် ့ကိုတန်ဘိုးထားပါ ့မလား…. အဖြူရောင်ဆိုတဲ ့ဘာမှမဆိုးထားတဲ ့အဖြူရောင်လွှလွှလေးတစ်ခုကိုပဲ….ပိုင်ဆိုင်ချင်ခဲ ့တာပါ….. ဆုံးရူံးသွားတဲ ့ကိုယ် ့ဖြစ်ရပ်ကိုကိုယ်သာအသိဆုံးပါ…. ကိုယ်ဟာခက်ခဲနက်နဲတဲ ့ပုဆ္ဆတစ်ပုဒ်တွက်ချက်ခဲ ့တယ်…အဖြေရပြီးသားဖြစ်နေပေမဲ ့ခက်ခဲတဲ ့အတွက်ကိုယ်ကျေနပ်စွာနဲ ့တွက် ခဲ ့မိပြန်တယ်…(ထပ်တလဲလဲနဲ ့နောင်တဆိုတာမရမချင်းပေါ ့)……။ ဒါတွေကိုမင်းသိအောင်ပြောပြချင်ပါတယ်….ထာဝရချည်နှောင်ထားတဲ ့ကြိုးထက်တောင်မြဲမြံသွားမှာပါ…… မှတ်ချက်။ ။ဝန်ခံပါရစေ…ဘယ်သောအခါမျှ….ဆိုတဲ ့ခေါင်းစဉ်ကဆရာနွမ်ဂျာသိုင်းရဲ ့ခေါင်းစဉ်ကိုသုံးထားမိပါတယ်… ပထမတုန်းကတော ့…..သူငယ်ချင်းလေး…ဖတ်ရန်(၄)ဆိုပြီးပေးမလို […]


ဒီတစ်ခေါက် ရွာပြန်ရောက်တော့ သူငယ်ချင်း တစ်ယောက်နဲ့ သရဲ ဖမ်းဖို့အတွက် ကြိတ်ပြီး စီစဉ် ခဲ့ကြတယ်။ ရွာထဲက သရဲ ခြောက်ခံခဲ့ရဖူးသူတွေရဲ့ ပြောစကားအရဆိုရင်တော့ သရဲ ဆိုတာ နီစုပ်စုပ်ကြီး၊ မဲမဲကြီး၊ မျက်လုံး ပြူးပြူးကြီး၊ ဆံပင် ဖားလျားကြီး၊ မျက်နှာပြောင်ကြီး စသည်ဖြင့် အသွင်သဏ္ဍာန် အမျိုးမျိုး ရှိတယ်လို့ ပြောကြတာပဲ။ ကျုပ် သူငယ်ချင်းရဲ့ ကိုယ်တွေ့အရ ဆိုရင်တော့ သူ့ကို ခြောက်တဲ့သရဲက မျက်လုံးပြူးပြူးနဲ့ အဘွားကြီး။ အဲဒီကောင်က ကြောက်တတ်တဲ့ကောင် မဟုတ်တော့ အေးဆေးပဲ။ သူ့နေရာမှာ ကျုပ်ဆိုရင်တော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်လို့ ပြောရတော့မှာပဲ။ သူ ခြောက်ခံခဲ့ရတာက နွားစာအတွက် မြက်ရိတ်သွားရင်း ခြောက်ခံခဲ့ရတာ။ ရွာရဲ့ အနောက်ဘက် အတော်လှမ်းတဲ့ နေရာမှာ အနောက်ကုန်း […]


                        ဒီနေ့ ကျွန်တော်လဲ မန်းဂေဇက်ရဲ့ ထင်ရှားသောပုဂ္ဂိုလ်ကြီးများနှင့်အင်တာဗျူးကဏ္ဍအတွက် အဘကို ရက်ချိန်းယူထားသဖြင့် ဖုန်းလှမ်းဆက်ရာ အကြိမ်၅၀ဝခန့် ခေါ်ဆိုသောလည်း အဆက်သွယ်ကမရ ကိုယ်ကဗျူးပါမယ်ဆိုမှ ပြန်မေးတဲ့ မေးခွန်းပေါင်းက ၈သောင်းလောက်ရှိမည် ထင်သည်၊ နောက်မှ မထူးသည့်အဆုံး တယ်လီပသီနည်းသုံး၍ လှမ်းဆက်မှဘဲ ရတော့သည်၊ ဒါတောင် အဘက ရှရန့်ဇာတ်ကားမှ ကြောင်ကလေးအကြောင်း ပွတ်စ်အင်ဘုစ် ဆိုတာကြည့်တာ မပြီးသေး၍ ခဏစောင့်နေရသေးသည်၊ အတော်လေးကြာမှ အေးရပြီကွ ဆိုလို့ စပြီးမေးဖြစ်သည်……………….။ ရဲစည်။    ။အဘ အခုတစ်လော အကောင်အထည်ဖေါ်ဖြစ်သွားတဲ့ အပြောင်းအလဲလေး အကြောင်းရှင်းပြပါအုံး ခင်ဗျ။ အဘ ။    ။အိမ်း….ဒီလိုကွ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ အဘအိပ်မက်တာ သိပ်မကောင်းဘူး၊ မနက်ကျ အဘရဲ့ဂမီ္ဘရအကြံပေးကို ပြောပြတော့ တိုင်းပြည်ထူးခြားမယ်တဲ့ ဒါနဲ့ဘဲ မင်းတို့ကြီးတော်ကြီးက ယတြာချေမယ် လုပ်ရော အဘကတော့ […]


“လူတွေကကွာ… အေးအေးကို မနေနိုင်ကြဘူး ငါတို့ အလုပ်မလုပ်တာဘဲ အပြစ်တင်နေကြတယ်” ညမီးရောင်အောက်မှာ အသက်ဝင်နေတဲ့ လက်ဘက်ရည်ဆိုင်ရှိ စားပွဲဝိုင်းတစ်ခုမှ ထွက်ပေါ်လာတာပါ။ ထိုစကားကို စတင်ပြောသူကတော့ မောင်မျိုး။ သူ့စကားကို ဘေးမှာ ထိုင်နေတဲ့ လေးယောက်အနက် သုံးယောက်ကတော့ အသီးသီး ခေါင်းညိတ်ထောက်ခံကြတယ်။ မညိတ်ခံနိုင်ရိုးလား။ အဲ့ဒီ ခေါင်းညိတ်နေတဲ့ သုံးယောက်က ပုလင်းတူဘူးဆို့ ဘဝတူ ၁၀၉\၁၁ဝ တွေပဲဟာ။ ဒီတော့ ခေါင်းညိတ်ထောက်ခံကြတာ အဆန်းတော့ မဟုတ်ပါဘူး။ သူတို့ အုပ်စုထဲမှာ ခေါင်းမညိတ်ဘဲ ကျန်တာဆိုလို့ နေမင်းတစ်ယောက်ပဲ ရှိတယ်။ နေမင်း ခေါင်းမညိတ်တာကို ကျန်တဲ့လေးယောက်စလုံးက သိပ်မကြည်ကြဘူး။ အာလုံးရဲ့စိတ်ထဲမှာတော့ နေမင်းကို သစ္စာဖောက်လို့ ဝိုင်းပြောနေမလားပဲ။ အဲ့ဒါကို နေမင်းက မသိတာမဟုတ် သိပါတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မှားယွင်းနေတဲ့ အတွေးအခေါ်တွေကို […]


alinsettApril 18, 20121min24011
တော်တော် ပျင်းစရာကောင်းတဲ့ ပန်းချီကား..၊ ရပ်၊ ရပ်။ ယတြာချေပစ်ရမယ်..။ ကျွန်တော်သာ ” အရောင်..”ဆိုရင် သူ့ ကိုမမြင်ရအောင် ” မှောင် “ပစ်လိုက်မယ်.။ စိတ်ဆိုးတယ် ..။ လျှာကို ပတ်တီးစည်းပြိး..စကားလာ မပြောနဲ့ ။ နား ကလစ်လစ် ဖြစ်တယ် ။ ချိန်ခွင်နဲ ့ချိန်စမ်းပါ ။ ထုံးစံအတိုင်း..အားမနာပါးမနာပေါ့ ။ လူမကြီးသေးလို ့ အချိန်မစီးရသေးတဲ့ ယောကျာ်းလေးပါ ။ ဝံပုလွေလို မအူတာပဲ.ရှိတယ် ။ လေးဖက်ထောက်လိုက်ရင် အတော်တူတယ်။ “” ပန်းတွေအားလုံး.စပယ် ဖြစ်လိုက်ပါတော့.””.လို ့ညည်းဖူးတယ် ။ ဘယ်ကလာ..အမေရယ်..ကျွန်တော့်မှာ အဖြူတွေ..ဒေါင်လိုက်ကြီး..။ ကျွန်တော့် ဇာတာရော.ရှိသေးလား။ ကိုယ့်ကိုယ်ကိုယ် အချိုးမပြေကြောင်း.. မနေ ့က သိလိုက်တယ် ။ ကျွန်တော့်ကို […]


နရသီဟပတေ့မင်းလက်ထက် သင်္ကြန်ကာလ..ကမ်းခြေတွင် မောင်းမအများရေကစားရာ.. ပျိုပျိုမေတို့၏ ရိူက်ဖိုကြီးငယ် အသွယ်သွယ် ရေစိုအလှတို့ကို.. နန်းတွင်းသူ နန်းတွင်းသားတို့ တစ်နှစ်တစ်ခါ တစ်ဝကြီးရူ့စားပြီး သကာလ.. ဟိုပျိုမေကတော့ ဟိုဟာလေး ပေါ်နေတယ်.. ဒီပျိုမေကတော့ ဟိုဟာလေး လုံးနေတယ်.. စသည်ဖြင့်……. သမိုင်းစာမျက်နှာပေါ်တင်ရန် မိဖုရားစောလုံကို ကြည်စားဖို့အကြောင်း.. မင်းကြီးကို အတို့အထောင်လုပ်ရာ..မင်းကြီး၏ အကြည်စားသန်မူ့ကြောင့်.. ရာဇဝင်စာတင်သည့် ကြေကွဲဖွယ် သင်္ကြန်ဇတ်လမ်းဖြစ်ခဲ့ရပါသည်… နောင်နှစ်ပေါင်းတစ်ထောင်ကျော်..၂၀၁၂ သင်္ကြန်ကာလ… သက်ဦးဆံပိုင် ဘုရင်စနစ်မဟုတ် ..ဒီမိုကရေစီစနစ်ကူးပြောင်းစအချိန်..ခေတ်စနစ် လိုက်လျောညီထွေပြောင်းလဲခြင်းတွင်..အစွန်းတစ်ဖက်ကိုသာကြည့်တတ်သောလူတို့သည် အလွန်တရာ ရာခိုင်နူန်းနည်းပါးသော်လည်း (မိကောင်းဖခင်သားသမီးများလက်မခံနိုင်သော) ကျော်ကြားထင်ရှားသူများ အပါအဝင် အချို့ပျိုမေများ၏ ပုံရိပ်ဆိုးများကို အလစ်အငိုက်ချောင်းပြီးသကာလ ဖေ့စ်ဘုတ်ပေါ်တင်ခွင့်ရသူကတင်.. မြင်သူများကလဲ..အလုအယက်ကြွက်ကြွက်ညံ ဝေဖန်ပြောဆိုနေကြရာ… သင်္ကြန်ကာလတွင် အမျိုးဂုဏ် ဇာတိဂုဏ် ထိမ်းသိမ်းရေးအသံများ အလွန်ကျယ်လောင်စွာကြားနေရခြင်းကို ကျွန်ုပ် အလွန်အားရမိပါ၏.. လက်ရှိအစိုးရ၏ လုပ်ပုံကိုင်ပုံ အသုံးမကျပုံများကိုလဲ […]


San Hla GyiApril 14, 20121min27843
(ဒီဆောင်းပါးကို မရေးခင် အဘတဦး ပြောသလို အတော်စဉ်းစားပါသည်။ ရင်နာနာနဲ့တော့ မရေးပါ။ ကိုယ့်ယုံကြည်ချက် အတိုင်းရေးပါသည်။ သမိုင်းအကြောင်းရေးရာမှ အငြင်းပွားစရာများ ဖြစ်လာသောကြောင့် ကိုယ်လည်းတချက်ဝင်ရေးကြည့်ပါသည်။အဓိကမှာ ဆောင်းပါးပါ အချက်များနဲ့ပက်သက်ပြီး သဘောမတူသည့် အချက်များရှိသလို အဓိကကရည်ရွယ်ချက် လွဲနေတယ် ထင်လို့ပါ။ မှားတာတွေ့လျှင်လည်း ဆွေးနွေးပေါ့ဗျာ။ စကားပြောဟန်နဲ့ ရေးကြည့်သလို စာရေးဟန်နဲ့ရော လိုအပ်တဲ့နေရာမှာ တိုက်ဆိုင်တယ်ထင်တဲ့ ဥပမာလေးတွေရောပေါ့ သိပ်မကောင်းပေမယ့် စေတနာနဲ့ပေါ့ ကဲ စပါပြီ)။ ကဲ အဘဖောရေ ခင်ဗျားက အဘပါဆိုတော့လည်း အဘပေါ့ဗျာ။ အဘရေ ကိုယ်ပြောတဲ့ ရေးတဲ့ စကားတွေက ကိုယ့်သဘောထား ကိုပြနေပါတယ်ဗျာ။ ပညာတတ် လူယာဉ်ကျေးဆိုတာ အဲဒါကိုခေါ်ပါတယ်။ “ယာဉ်ကျေးမှု မရှိတဲ့ လူ့အရိုင်းအစိုင်း မြန်မာလူမျိူးများ” ကြောက်စရာကောင်း လိုက်တဲ့ အသုံးအနှုန်းတွေ ပါလားဗျာ။ ကျနော်ရေးတဲ့ […]


alinsettApril 13, 20121min641
* ငါ့ရှင်တို ့က ဘာလဲ.. ငါက ဘာလဲ.. နာမည်တွေ မြေကြီးပေါ် ပစ်ချပြီး.. လှလှပပ ပြိုင်ရဲပါတယ် ။ တစ်နေ့တော့..တွေ ့ကြမယ် ။ * နှစ် ဖက် သွား..ဓါးတစ်လက်လို.. ပြိုးပြက် ဝင်းဖိတ်.. သူည ဂူမှာလည်း..ငါ..မှေးအိပ်ခဲ့ပြီးပြီ ။ * အိမ်အပြန်လမ်း.. အမေနဲ ့တွေ ့မှ နမ်းမယ့်.. ငြ်ိမ်းချမ်း နှင်းဆီ.. ငါ့ရင် ဘက်မှာ.. သွေးတစ်စက်လို..နီ နေတယ် ။ * ချစ်သူ ကလေးရေ… မြို ့တံခါးကို ဖွင့်.. မီးအ်မ်တို ့နဲ ့အတူကြိုပါ… လရောင်စက်တဝေဝေနဲ ့.. သင့်ရဲ ့နွေရာသီ မြင်းစီး ခရီးသည်.. ဓူဝံ ထက်မြင့်တဲ ့ကြယ်ကို […]


Kaung Myat HtutApril 12, 20121min16310
ကျွန်မနာမည် ဂွက်ထော်ပါ။ အခုခေတ်မှာ English နာမည်တွေပေးလာတာကြောင့် Jasmine ဂွက်ထော် ဖြစ်ခဲ့ရပါတယ်။ English ပိုပီသသွားအောင်ဆိုပြီး အဖေရဲ့နာမည်ကို Middle name အဖြစ်ယူခဲ့တာကနေ Jasmine Winston ဂွက်ထော် ဖြစ်လာရပါတယ်။ Winston ဆိုလို့ ဟိုဘက်ကမ်းက Eliza Winston တို့နဲ့ ဘာမှမတော်ဘူးနော်။ အဖေ့နာမည်က ဝင်းစိန်။ သူ့သူငယ်ချင်းတွေက ဝင်းစတိန်၊ ဝင်းစတိန် ဆိုပြီး စ ကြတာကနေ Winston ဆိုပြီးဖြစ်လာရတာ။ ဒါပေမယ့်ကျွန်မဒီနာမည်ကို သိပ်မကြိုက်ပါဘူး။ ဒီလိုနဲ့ပဲ ကိုယ့်ကိုယ်ကို နာမည်အသစ်တစ်ခုပေးခဲ့ပါတယ်။ တစ်ချို့တွေများ Snow White တဲ့။ နှင်းဆီတဲ့။ မကြိုက်ပါဘူး။ ရှိပြီးသားနာမည်တွေပါ။ ရှားရှားပါးပါးလည်းဖြစ်ရမည်။ လှလည်းလှရမယ်ဆိုပြီး စဉ်းစားလိုက်တာ “ခင်ပန်းချီစောမို့“တဲ့။ လှတယ်မဟုတ်လား? နာမည်ကြီး model Cindy […]