ပတ်ဝန်းကျင်တစ်ခုလုံးကို မှုန်မှိုင်းနေလောက်အောင် ဖုန်တွေ ထူနေသည်။ လေထုထဲတွင် ဖုန်မှုန်များ ပျံ့လွင့်နေသည်မှာ နီကျင်ကျင် ရောင်ပင် ပေါက်နေတော့သည်။ ကြည့်လေရာရာ ပတ်ဝန်းကျင်တစ်ခုလုံးသည် ခေတ်၏ ပြယုဂ်လေလား။ ကွေ့ကောက်စွာစီးဆင်းနေသော ဥရုချောင်းရေပြင်သည် ဟိုနား ရေကျဲကျဲ သည်နား ရေကျဲကျဲ။ နောက်ကျိနေသော ရေပြင်တွေ အမှိုက်သရိုက်များနှင့် ရောပြွန်းနေသည်။ ဥရုရေသည် သောက်သုံးရန် မသင့်ဟု သိရတော့ ဝမ်းနည်းချင်ချင်။ တစ်ချို့နေရာများတွင် လူအများဖြတ်ကူး၍ရလောက်အောင် ဒူးခေါင်သာသာ သာလျှင် အနက်ရှိသည်။ တစ်ချို့နေရာများတွေတော့ မြေသယ်ယာဉ်ကြီးများ ဥဒဟို ဖြတ်သန်းသွားလာနိုင်နေပြီ။ ဥရုချောင်းတစ်နေရာအား အပေါ်စီးမှကြည့်လျှင် ချောင်းနှင့်ပင်မတူတော့ပဲ မြောင်းတစ်ခုပမာ မြင်နေရသည်။ ဥရုချောင်း ဝဲယာတွင်တော့ ကျောက်စိမ်းထုတ်လုပ်ရေး ကုမ္ပဏီများ၏ မြေသယ်ယာဉ်များက လူးလားခေါက်ပြန် မြေစာသွန်နေကြသည်။ ထို မြေစာသယ်ယာဉ်တန်းကြီးကိုကြည့်ရသည်မှာ ပုရွက်ဆိတ်ကလေးများ စီတန်း သွားလာနေသကဲ့သို့ပင် […]


ကြောင်လတ်March 15, 20121min46418
သမ်မတဂျီး ကယ်ပါ ဝန်ထမ်းလစာတွေ တိုးပေးဖို့ သူရရွှေမန်းကြီးက လွှတ်တော်မှာ တင်တယ်၊ အခြေခံဝန်ထမ်းလစား သုံးသိန်းဖြစ်မယ်လို့  ကောလဟလတွေကြားလိုက်တော့ … ဪ  ငါတော့ ခိုးဖွက် မစားရတော့ဘူး၊ သူများအထင်သေးမခံရတော့ဘူးရယ်လို့ ပျော်လို့မှ မဆုံးသေးခင်  သမ်မတဂျီးက လစာမတိုးနိုင်သေးကြောင်းကြေညာချက်ထုတ်လိုက်တော့ မျှော်လင့်ချက်တွေပျက်၊ ပက်လက်လန်တော့ တာပေါ့။ ဟောမနေ့က ညနေစောင်း ကွန်ပျူတာဖွင့် ဂေဇက်ကိုဝင်လိုက်တော့ NK  ရဲ့လစာတိုးပြီဆိုတာလေးတွေ့လိုက်တော့ ကျန်တာတွေ ဆက်မကြည့် အား၊ အပြင်ကိုထွက်သွားပြီး အပြင်မှာဈေးရောင်းနေတဲ့ မိန်းမကို  “လစာတွေ တိုးပြီတဲ့ဟေ့”  လို့ အားရဝမ်းသာပြောလိုက်တော့ သမီးကြီးက “ဖေကြီးက ခုမှ သိတယ် ၊ ရန်ကုန်က မကြီး သဉ္စာက နေ့ ခင်းကတဲက ဖုန်းဆက်ထားပြီးပြီ” တဲ့။ ဒီစကားက ကျနော်ကို ဘာမှ ဖြစ်မသွားစေပေမဲ့ […]


ကြောင်လတ်March 14, 20121min41313
ဒမဆွေး(ဓါးမဆွေး) တစ်ချောင်းရဲ့ခံစားချက်   ကျနော်က ဒမဆွေးတစ်ချောင်းပါ။ တစ်ချိန်တုန်းကတော့ ကျနော်က နောက်ဖေးမီးဆိုဆောင်ထဲမှာ တာဝန်တွေ အများကြီးကို ထမ်းဆောင်ခဲ့ရတဲ့သူပေါ့။ ဝက်သားတုံးကြီးတွေနဲ့ ဝက်လက်တွေကို ဒိုင်းကနဲ မည်အောင်ပိုင်းခဲ့တာကျနော်ပေါ့။ ကြက်ပေါင်တွေကို ဒုတ်ကနဲ ခုတ်ခဲ့တာလည်းကျနော်ပါ။ ငါးတွေရဲ့ ရင်ကိုခွဲ အသဲကိုထုတ်လို့ အသားကို နုတ်နုတ်စဉ်းပေးရတဲ့ အခါတွေလည်းရှိရဲ့။ ဟင်းသီးဟင်းရွက်တွေကို ရွှပ်ကနဲရွှပ်ကနဲ ဖြတ်ခဲ့ရတာတွေလည်းရှိခဲ့ပါတယ်။ ဗူးသီးခရမ်းသီးတွေကို ဗျန်းကနဲ ထက်ခြမ်းခွဲ ခဲ့တဲ့အလုပ်ဆိုလည်းရှောင်မပြေးခဲ့ပါဘူး။ အာလူး၊ကြက်သွန် အခွံသင်ပေးရမယ်ဆိုလည်းလက်မနှေးခဲ့ပါဘူး။ ဒါတင်ဘယ်ကလိမ့်ဦးမလဲ။ ဖိုထဲ ထည့်လို့မရတဲ့ မီးသွေးခဲ အကြီးတွေကိုလည်း ခွမ်းကနဲ ခွဲပေးရတဲ့ အလုပ်ကိုလည်း ကျနော်ကိုပဲ ခိုင်းတာပဲ။ ဒါတွေကို မငြီးငြူခဲ့ပါဘူး။ ကျနော်ကို ဓါးသွေးဆရာဆီကိုပို့ ပြီးကျနော်အသွားကို ထက်မြစေခဲ့ရင် ကျနော် အတော်ကျေနပ်ခဲ့တာပါ။ နောက်ပိုင်းတော့ ဓါးသွေးဆရာဆီကိုမပို့ တော့ပဲ အိမ်ရှင်မက […]


နာဂစ်အပြီး ပြန်လည်ထူထောင်ရေးလုုပ်နေတဲ့အချိန်… IT Department မရှိတဲ့ အဖွဲ့အစည်းတစ်ခုုက ကျွန်တော့်ကိုု နည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးဖိုု့ သူတိုု့ရုုံးခွဲစိုုက်ရာ လပ္ဗတ္တာမြို့ ကိုု လာခဲ့ဖုို့ဖိတ်ခေါ်ပါတယ်… နဂိုုကမှ ခြေထောက်မှာ ဗွေပါတဲ့လူဆိုုတော့ ခရီးသွားရမယ်ဆိုုရင်…ချက်ချင်းအထုုပ်ဆွဲပြီး သွားချင်တဲ့ကောင်မိုု့…ဖိတ်ခေါ်မှုကိုု လက်ခံပြီး နောက်တစ်နေ့ညနေ ကားနဲ့ လပ္ဗတ္တာမြို့ ကိုု လိုုက်ပါခဲ့ပါတယ်…ကားပေါ်မှာ တစ်ညအိပ်ပြီး မနက်(၆)နာရီခန့်မှာ လပ္ဗတ္တာမြို့ ကိုုရောက်ပြီး… အဖွဲ့အစည်းရဲ့ ယောင်္ကျားလေးအဆောင်မှာ နေရပါတယ်… ရန်ကုုန်ကနေ ကျွန်တော်နဲ့အတူတူ Assistant ကောင်လေးတစ်ယောက်ပါလာတယ်… ကျွန်တော်တိုု့ နေရတဲ့အဆောင်ကနှစ်ထပ်ဆောင်… အပေါ်ထက်မှာ အရာရှိတွေနေကျပြီး…အောက်ထပ်မှာ Field Staff Officer တွေနေကျတယ်… Field Staff Officer တော်တော်များများက ရန်ကုုန်နဲ့ အခြားနယ်က လာတဲ့လူတွေဖြစ်ပြီးတော့ Operation လုုပ်တဲ့ Staff တွေကိုုတော့ နယ်ခံလူတွေခန့်ထားတယ်… အဆောင်အပေါ်ထပ်မှာတော့ ရန်ကုုန်ကနေလာပြီးနေကြတဲ့ Department Head တွေနေကျတာပေါ့… အဆောင်အောက်ထပ်နောက်ဖက်မှာ ထမင်းစားခန်းနဲ့ မီးဖိုုချောင်ရှိသလိုု အိမ်သာတစ်ခန်း၊ ရေချိုးခန်းတစ်ခန်းလဲရှိတယ်… အဆောင်ခြံဝန်းထဲမှာ နောက်ထပ် လေးလုုံးတွဲအိမ်သာကိုုတော့ အဖွဲ့အစည်းက […]


alinsettMarch 13, 20121min2595
အသံတစ်ခု ကျယ်ကျယ်လောင်လောင် ရွေ ့လျားသွားသည် ။ မကြောက်ပါနဲ ့ ။ “” တိတ်ဆိတ်ခြင်းသည်….ဒဏ်ရာ အနာတရ”‘ ဖြစ်စေခဲ့ပြီပဲ…။ အသံသည်….စိတ္တဇ ဆန်သော တေးသွားတစ်ခုထက် ပို၍ နက်ရှိုင်းသည် ။ သို ့သော်……မကြောက်ပါနဲ ့။ “”အသံမဲ ့ခြင်းထက် ဘယ်အရာကမှ ကြောက်စရာ..ပိုမကောင်းခဲ့ပါ ။”” ထို ့ကြောင့်…..မကြောက်ပါနဲ ့ ။ ထပ် ….မှာကြားပါရစေ..။ လုံးဝ မကြောက်ပါနဲ ့ ။ __________________________________ တိမ်တိုက် မည်းညစ်ညစ်များ…..လေထဲတွင် ပျံသန်းနေကြသည် ။ ညနေခင်းသည် တစ်စုံတစ်ရာပေါင်းများ..စွာ….ဖြစ်ပျက်သွားရာ…ညနေခင်းဖြစ်သည် ။ ထို ့ကြောင့်……. အားလုံးလည်း..အံ့ဩနေခဲ့သည် ။ မကြာခင် အလင်းတန်းများ….. ဖြာ..ကျ လာမလား …။ အမှောင်ထုက လွှမ်းအုပ်သွားမလား…… […]


နာဂစ်အလွန်… ပြန်လည်ထူထောင်ရေးလုုပ်ငန်းတွေလုုပ်နေတဲ့အချိန်… ဘုိုကလေးမြို့ကိုု အလုုပ်ကိစ္စနဲ့ ခဏခဏသွားရတယ်…တစ်လကိုု အနည်းဆုုံး တစ်ခေါက်ပေါ့… ဘိုုကလေးမြို့ ရုုံးခွဲမပိတ်မချင်း၊ တစ်နှစ်ခွဲလောက်ပေါ့… မိုုင်(၆၀)လောက်ရှိတဲ့ခရီးကုို မော်တော်ကား (Off Road) နဲ့တောင် ၅နာရီလောက် အချိန်ယူပြီးသွားရလောက်အောင် လမ်းတွေကလဲဆိုုး…မိုုးတွေကလဲရွာ…နေကလဲကြဲကြဲတောက်ပူတဲ့အချိန်တွေမှာလဲ အချိန်အခါမရွေး ကျွန်တော်တိုု့ သွားခဲ့တယ်… ဒီနေရာမှာ ကျွန်တော့်အကျင့်တစ်ခုုပြောပြပါဦးမယ်…အကျင့်ဆိုုးလိုု့တော့ ကျွန်တော်ထင်တာပဲ… ရာသီဥတုုကလဲပူ…အလုုပ်တွေကလဲများတဲ့အချိန်ဆိုုတော့ နေ့ခင်းဘက်မှာ ချွေးတစ်ဒီးဒီးနဲ့ အလုုပ်လုုပ်ရတော့ ညနေရုုံးဆင်းရင် လူကိုုယ်မှာ ချွေးတွေဖုုန်တွေနဲ့ စေးကပ်ကပ်ဖြစ်နေတတ်တယ်… ရေချိုးပြန်တော့လဲ မြစ်ရေမိုု့ ကြည်လင်ကြည်လင်လင်သိပ်မရှိပဲဖြစ်နေတော့ ရေချိုးရတာလဲမဝသလိုုပေါ့… ပတ်ဝန်းကျင်ရာသီဥတုုက ပူတာမိုု့၊ တစ်နေ့လုုံး ပင်ပင်ပန်းပန်းအလုုပ်လုုပ်ရပေမယ့် ကျွန်တော်ညအိပ်ရင်တော့ ကောင်းကောင်းအိပ်ချင်တယ်… အစိုုးရကပေးတဲ့ မီးက ညနေ(၆)နာရီကနေပြီးတော့ ည (၉ )နာရီအထိပဲရတော့ ညပိုုင်းမှာ ကိုုယ်ပိုုင်မီးစက်နဲ့ အဲယားကွန်းလေးဖွင့်ပေးတဲ့ တည်းခိုုခန်းလေးကိုု ရှာပြီး အသဲအသန် Booking လုုပ်ရတာပေါ့… ကျွန်တော့်အကြောင်းသိတဲ့ နယ်ရုုံးက အဖွဲ့တွေကလဲ ကျွန်တော့အတွက် သေချာစီစဉ်ပေးပါတယ်…ကျွန်တော့ကြောင့်သူတိုု့ ကရိကထများခဲ့ပါတယ်… နယ်ရုုံးမှာ အတူတူတာဝန်ထမ်းခဲ့တဲ့အဖွဲ့တွေကိုုလဲ […]


kaiMarch 13, 20121min43811
Philadelphia စမ်းသပ်ချက် (ဘာသာပြန်ဝတ္ထု) (အပိုင်း -၄) တဖြည်းဖြည်းနဲ့ နေမင်းကြီးက ပျောက်ကွယ်သွားပါပြီ။ ဒါပေမယ့် ကောင်းကင်မှာတော့ အလင်းရောင် ဖျော့ဖျော့လေး ရှိနေပါသေးတယ်။ လေပြေလေးကလဲ ညင်ညင်သာသာလေး တိုက်ခတ်နေဆဲပါ။ ကျွန်မတို့ မြေးအဖိုးနှစ်ယောက်ကတော့ စကားကောင်းနေခဲ့ကြပါတယ်။ ” အဲဒီနေ့က နံနက် (၈) နာရီလောက် အချိန်မှာ အဖိုးရဲ့ ရုံးခန်းထဲကနေ တယ်လီဖုန်းနဲ့ ကွန်ပြူတာကို ဆက်သွယ်နေခဲ့တယ်” “ (၁၉၄၃) ခုနှစ်မှာ ကွန်ပြူတာ ရှိနေပြီလား” အဖိုးရဲ့ စကားအဆုံးမှာ ကျွန်မ လှမ်းမေးလိုက်ပါတယ်။ ” ကွန်ပြူတာဆိုတာ ရှုပ်ထွေးနက်နဲတဲ့ သချင်္ာပုစာ္ဆတွေကို လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးဖို့ လေ့ကျင့်သင်ကြားပေးထားတဲ့ လူပုဂ္ဂိုလ်တွေကို ပြောတဲ့ စကားဝှက်ပါ။ မင်းရဲ့ အခန်းထဲမှာ ရှိနေတဲ့ တီဗွီဖန်သားပြင်တပ်ထားတဲ့ ပလပ်စတစ် […]


Yin Nyine NwayMarch 11, 20121min46813
စုန်း ဆိုတာကို လူတိုင်းကြားဖူးကြမှာပါ သူတို့ဘယ်လို ဖြစ်လာသလဲ ဘယ်လိုကနေ ဒီပညာ ရောက်လာသလဲ သိချင်ကြမှာပါ အလုံးစုံတော့ မသိပေမဲ့ ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်ထဲက အကြောင်းရာ တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်…… >>>>>>>>>>>>>>>> ဘုရားရှင် ပရိနိဗ္ဗာန်စံ တဲ့အခါ အမျိုးအစား နှစ်မျိုးနဲ့ ပရိနိဗ္ဗာန်စံပါတယ် ပထမတစ်မျိုးက ခနီ္ဓ ပရိနိဗ္ဗာန် နဲ့ ဒုတိယ တစ်မျိုးက ဓါတုပရိနိဗ္ဗာန် ခနီ္ဓ ပရိနိဗ္ဗာန် ဆိုတာကတော့ ရုပ်နာမ် သေဆုံးခြင်းကိုဆိုလိုပါတယ် ဓါတု ပရိနိဗ္ဗာန်ကတော့ ဟောကြားခဲ့တဲ့ တရားတော်များ ပျောက်ဆုံးခြင်း ယုံကြည်ကိုးကွယ်မှုမရှိတော့ခြင်း ကိုဆိုလိုတာပါ ခနီ္ဓပရိနိဗ္ဗာန် စံပြီးတဲ့ အခါ ထွက်ပေါ်လာတဲ့ ဓါတ်တော်မွေတော်တွေကို ဌာပနာပြုုကိုးကွယ်ကြပါတယ် ဒီလိုနေရာအနံ့ ကိုးကွယ်လာရာကနေ ဓါတ်တော် ရှိတဲ့ ဒေသမှ ဒေသခံ လူများ ယုံကြည်ကိုးကွယ်မှုပြောင်းလဲခဲ့မယ်ဆိုရင်တော့ […]


      ဒီသောကြာတော့ နဲနဲအားသလိုရှိလို့  ခံတွင်းချဉ်လာတာလေးဖြေဖျောက်ဘို့  ဗေဒင်ဆရာကို ဖုန်းနဲ့ အဖေါ်စပ်ပါတယ်။ သူကတော့ အမြဲလိုလိုအားနေတာပဲများလို့ တချက်တောင်မငြင်းပဲ  စာရင်းစစ်ရုံးအလွန်က  လရိပ်မှာတွေ့ဘို့  ပြန်ချိန်းတယ်။ ကျုပ်ရောက်သွားတော့  သူလှမ်းခေါ်ထားတာနဲ့  ဟံသာဝတီပွဲစားတန်းထဲသွားသွားပြီး မစားရအညှော်ခံနေကျ ရဲဘော်ဟောင်းပါ ရောက်နှင့်တာတွေ့ရတယ်။ ဆိုင်ထဲဝင်ပြီးတာနဲ့ တယောက်နဲ့တယောက် ခေါင်းဆတ်လက်ပြ နှုတ်ဆက်ဖြစ်တာကလွဲရင် ဘာစကားမှမဆိုဖြစ်ဘူး။ မှာထားတဲ့ ကျဆိမ့်သုံးခွက်ကို တယောက်စီဆွဲရင်း ဆေးလိပ်မီးညှိပြီး နှုတ်ဆိတ်ထိုင်နေဖြစ်ကြတယ်။ ခဏနေတော့မှ  ရဲဘော်ဟောင်းက  ကျုပ်ဘက်ကိုလှည့်  ကျုပ်မျက်နှာကြီးစေ့စေ့ကြည့်ပြီး  စကားတခွန်းမေးတယ်…. “ ပါလေရာ…  မင်း ငယ်ငယ်တုန်းကလို  ရည်းစားစာရေးတတ်သေးလား ?” အမ်….  ဒီကောင်ဘာဖြစ်သွားပါလိမ့်… ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာတွေးကြည့်ဘူးတဲ့  ကွန်မြူနစ်တွေ သူငယ်ပြန်ရင် ဘယ်လိုနေမှာပါလိမ့်….ဆိုတဲ့  အတွေးလေးကို ပြန်သတိရပြီး  ပြုံးမိတယ်။ တကယ်တော့ ကွန်မြူနစ်သူငယ်ပြန်ရင်လဲ  သူများတွေသူငယ်ပြန်သလို  […]


marblecommetMarch 10, 20121min2233
ရေသောက်မြစ်တစ်ခုလိ်ု ငြိမ်သက်နေသော မင်းအကြောင်းများ၏အတွေးတွင် ငါ အေးခဲ့ရပ်တန့်နေသည်။ အကြောင်းအမျိုုးမျိုးကြောင့်မဟုတ်ဘဲ ရင်ဆိုင်နေရသော ပြသနာအမျိုးမျိုးမှာ ငါ့ရင်ပူသည်။ ထို့ကြောင့်ပိုရု် လက်တံရှည်လာသော အရက်ပုလင်းထဲတွင်  ပျော်ရွှင်ခြင်းများ ဝမ်းနည်းနေပါ၏။ ငါသည် အချစ်အား ဖဲပွတ်သလိုပွတ်၏။ ပြီးသောအခါ အချစ်သည် ရှက်ရွှံ့ဖွယ်သိပြီးသား ဖဲတစ်ချပ်ဖြစ်လို့နေသည်။ အစိမ်းရောင်ဖြင့်လောင်သော အခန်းတစ်ခုတွင် ငါနေသည်။ ထိုအခန်းထဲတွင် အရပ်ပုပြီး မျက်ဝန်းလှသော ကောင်မလေးတစ်ယောက်အား နာမ်လောက တွင်ဖွက်ထား၏။ ရာသီဥတုသာယာသော နေ့တစ်နေ့တွင် သူမအား ခိုးပြီးသွားချောင်းကြည့်ခဲ့သည်။ လသာသော ညတစ်ညတွင်လည်း သူမအား အိပ်မက်ထဲတွင် ဖမ်းချုပ်လိုက်သည်။ ငါသွားလေရာ ခေါ်နေမိသော သူမသည် အလိုအလျှောက် သူမဘာသာဖြူဖြူလွင်လွင်ရယ်နေသည်။ ငါနှင့်မည်သို့မျှမဆိုင်။ ပုတ်သင်ညိုတစ်ကောင်လို ပြောတိုင်းယုံတတ်သော အမှုကိစ္စကို ဆန့်ကျင်ရန်အတွက် အတ္တကို ကိုယ်ရောက်ဖျောက်ထားသော ကဗျာဆရာယောင်ဆောင်ထားသူ တစ်ယောက်နှင့်ဆက်ဆံခြင်းမှ  ရပ်တန့်လိုက်သည်။ အကြောင်းအရာ […]


ကျနော်တို့ ရွာမှာပေါ့ …။ ဦးထွန်းမြင့် ဆိုတဲ့ လူကြီး တစ်ယောက်ရှိတယ်။ ရွာရဲ့ ညနေခင်း အချိန်တိုင်းမှာ ဦးထွန်းမြင့်တို့ အိမ်ကို လာနေကျ လူတစ်ယောက်လည်း ရှိတယ်။ သူက ဦးနီ …။ ညနေဆိုရင် ဦးနီ က ဦးထွန်းမြင့်ရဲ့ အိမ်ကိုလာပြီး ရေနွေးသောက်ရင်း စကား စမြည် ပြောလေ့ ရှိပါတယ်။ ဦးနီ တစ်ယောက် နေထိုင် မကောင်းဖြစ်တဲ့ အချိန်မှာ ဦးထွန်းမြင့် တစ်ယောက်တည်း ဖြစ်နေပါတယ်။ အင်း .. မောင်နီ တစ်ယောက် နေမကောင်းလို့ များလား မသိပါဘူး … ဆိုပြီး ဦးထွန်းမြင့် မျှော်နေမိတာပေါ့။ အဲလို ဦးနီ နေမကောင်း ဖြစ်ပြီး တစ်ပတ် ကျော်ကျော်လောက် အကြာ တစ်ခုသော […]


Khaing KhaingMarch 8, 20121min65827
အခု ပြောမယ့် အိမ်ကြီးကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာ ရှိတယ်ဆိုရင် အံ့ဩစရာတေ့ာဖြစ်မယ်မထင်ပါ… ဒီအိမ်ကြီးအကြောင်းပြောချင်တာကြာပြီ ဒါပေမယ့် အခုတစ်လော ရွာထဲမှာ သရဲအကြောင်းပို့စ်တွေ အတင်များတယ်ပြောမှာစိုးလို့ ခဏလေး စောင့်နေတာပါ…ပြောရမယ်ဆို ဘဘကြီး ဦးမျိုးအောင်ကနေစခဲ့တာပါ…. ဘဘကြီးက နယ်တကာလှည့် တရားဟောတဲ့ ဓမ္မကထိကကြီးပါ တရားဟောရင်းနဲ့ ဘုရားတွေအဆူဆူအလှူခံရရှိခဲ့သလို ငွေသပြာတွေလည်း ရရှိခဲ့ပါတယ်…. ဘဘကြီးရရှိခဲ့တဲ့ ဘုရားတစ်ဆူအကြောင်းပြောပြချင်နေမိတယ်… အဲဘုရားကို ကျွန်မ တို့ကအခုချိန်ထိ ဆေးဘုရားလို့ပဲခေါ်ပါတယ်….ဆေးဘုရားမှာ ဘီလူးရုပ်ထု (4) ရုပ်ရယ် အလယ်မှာ မြတ်စွာဘုရားက ပလ္လင်ထက်မှာ စံပယ်နေပါတယ်….ဘီလူးရုပ်ထု (4) ရုပ်မှ 2ရုပ်က ပင့်ဆောင်လာစဉ်ကတည်းက ဦးခေါင်းတွေမပါလာခဲ့ဘူး….ဆေးဘုရားကို တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်သန်းပင့်ဆောင်လာခဲ့စဉ် တစ်နေ့သောညနေမှာ မိုးချုပ်သွားသည့်အတွက် ရွာတွေမရောက်ခင် တောထဲမှာပဲ စခန်းချတည်းခိုဖြစ်ခဲ့ကြတယ်…. ရှေးခေတ်အခါက အခုခေတ်လို ကားလမ်းတွေမပေါက်ရောက်ဘူးလေ ကုန်းတတန်ရေတတန် […]


မြသဲ ( 17082011 )March 7, 20121min2265
ငရဲသို့လူတယောက်ရောက်လာသည်။ ငရဲမင်းကထိုသူအားပြစ်ဒဏ်မကျခံခင် ရွေးချယ်ခွင့်တခုပေးလေသည်။ ထိုမှာအခြားမဟုတ်။ ငရဲကျခံရန်နိုင်ငံအားရွေးချယ် ခွင့်ပေးခြင်းဖြစ်သည်။ သို့ဖြင့်ငရဲသားတစ်ယောက် ကိုနိုင်ငံအလိုက်ငရဲများနှင့် ထိုငရဲများ၏ပြစ်ဒဏ်စီရင်ပုံများ ကိုလိုက်ပြခိုင်းသည်။ ထိုလူလဲအမေရိကန်၊ ဗြိတိန်၊ ဂျပန်အစ ရှိသောကြမ်းတမ်း၍ဝေဒနာများဖြင့်ပြည့်နှက်နေသောပြစ်ဒဏ်စီရင်ပုံများ ကိုတွေ့ပြီးကြောက်လန့်နေလေသည်။ ထို့နောက်မြန်မာ့ငရဲသို့ရောက် လာလေသည်။ ထိုလူငယ် သည်မြန်မာ့ငရဲခန်းရှေ့တွင် လူအများအပြားတန်းစီ လျက်ပြစ်ဒဏ်ကျခံရန်စောင့်နေသည် ကိုတွေ့ရလေသောအခါ သူ့အားလိုက်ပြသော ငရဲသားအား အဘယ့်ကြောင့်နည်း ဟုမေးလေသည်။ မြန်မာ့ငရဲတွင်တရားစီရင်ပုံ ( ၃ ) မျိုးဖြစ်လေသည်။ ထို ( ၃ ) မျိုးမှာ ၁ ။ လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်ခြင်းကိုခံရခြင်း။ ၂ ။ ကြာပွတ်ဖြင့်ရိုက်နှက်ခြင်းကိုခံရခြင်း။ ၃ ။ သစ်သားပြားပေါ်တွက်သံများစွာကိုရိုက်ထား၍ ပြစ်ဒဏ်ကျခံရသူကို သံချွန်များဖက်တွင်တက်အိပ်ခိုင်းခြင်း တို့ဖြစ်သည်။ ငရဲသားလဲအဆိုပါလူကိုရှင်းပြလေသည်။ ၁ ။ မြန်မာ့ငရဲတွင် လျှပ်စစ်ထိုင်ခုံဖြင့်နှိပ်စက်သော်လည်း အချိန်ပြည့်နီးနီးမီးမလာသောကြောင့်သက်သာခြင်း။ ၂ […]