မနက်လင်းလို့ မုန့်စားမဲ့ စားသုံးသူတွေရောက်လာတဲ့အခါကမှာတော့………………….. မနက်မိုးလင်းတော့ မုန့်စားမယ့်ကောင်မလေးနှစ်ယောက် အရင်ဆုံးရောက်လာပြီးမုန့်မှာစားတယ်။ တစ်ယောက် ကသုံးဇွန်းလောက်စားပြီး ဆက်မစားတော့ ဘူး၊ တစ်ယောက်ကတော့ ဟိုကြည့် ဒီကြည့်နဲ့ ဖြစ်ညှစ်စားပါတယ်။ နောက် သားအမိသုံးယောက်ရောက် ရောက်လာပြီး ကောင်မလေးက အသုတ်တစ်ပွဲနဲ့ အမေနဲ့ သားက ညှပ်ခေါက်ဆွဲ မှာစားပါတယ်၊ အမေ ကစားရင်းနဲ့ ဆက်မစားပဲ ဇွန်းနဲ့ ဟိုမွှေ ဒီမွှေလုပ်နေပေမဲ့ အားမနာတတ်တဲ့ သားလေးက လှမ်းပြောပါတယ်။ “အဒေါ်ခေါက်ဆွဲ ကလည်းခါးလိုက်တာ၊ ဘယ်လိုကြီးမှန်းလည်းမသိဘူး” “ဟုတ်လားသား၊ဘာဖြစ်လို့ လဲ အဒေါ်ကိုပြပါအုန်း” ဆိုင်ရှင် က မုန့်ပန်းကန်ကို ယူပြီး မြည်းကြည့်လိုက်တော့ခါးသက်သက်ဖြစ်နေပါတယ်။ “အို အားနာလိုက်တာအမရယ်၊ အသုတ်ကလေးပဲစားလိုက်ပါနော်၊ ကျမပြန်လုပ်ပေးပါ့မယ်။ အဲဒီမုန့်မစားပါနဲ့တော့၊ ဟဲ့ သမီးရေးခဏလာပါအုန်း၊ ဒီကို” သမီးကိုလှမ်းခေါ်ပြီး အသုတ်နှစ်ပန်းကန် သုတ်ပေးရင်း ရောက်လာတဲ့ […]