အခုတစ်လော အလုပ်ကများနေတာနဲ့ ရွာထဲကိုတောင်မ သေသေချာချာ မဝင်ဖြစ်တာကြာပြီ ဒီကြားထဲ ပြောချင်တဲ့ အကြောင်းအရာကလည်း ရှိဆိုတော့ အလုပ်ကို ဖြောင့်ဖြောင့်မလုပ်နီုင်ဘူး အလုပ်လေး နည်းနည်းအားတာနဲ့ ရွာထဲကို အပြေးအလွှားဝင်ပြီး ပိုစ့်ဖတ်ရတာလည်းအမောပေါ့ ။ ဒါနဲ့ အခုတစ်လော ဖုန်းသခိုးတွေသောင်းကျန်းနေတဲ့ အကြောင်း ရွာသူားတွေကို ပြောပြချင်နေတာ ။ ကိုယ့်တွေ့လေးလဲ ဖြစ်နေတော့ ………………. ဖြစ်ပုံကဒီလို xxxxxxxxxxxxx တန်ဆောင်မုန်းလပြည့်နေ့က အလုပ်ပိတ်ရက်ဆိုတော့ အိမ်မှာ အေးအေးဆေးဆေး အနားယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့ ။လပြည့်နေ့မို့ မနက်စောစော သစ်သီးဆွမ်းကပ်ပြီး အိမ်ရာထဲဝင်ပြန်ကွေးလို့မှ မကြာသေးဘူး အိမ်ရှေ့မှာ အစ်မတော်ရဲ့ ပူညံပူညံအသံကိုကြားရတော့တာပဲ ။ “ဟဲ့ အခုလေးတင် ဒီနားမှာ အားသွင်းထားတာပါ ခုနက ငါဘုရားရှိခိုးနေတုန်းကလည်းရှိသေးတယ် ခဏလေးနောက်ဖေးဝင်ပြီး ပြန်ထွက်လာတော့ မရှိတော့ဘူး ကလေးတွေ ယူဆော့ကြသလား […]


မှတ်မိကြဦးမည်လား ။ မောင်ပေ ၊ ပေါက်ဖော် ၊ ကိုဘီလူး တို ့သုံးယောက် ဦးပိန်တံတား က ရှိုးပွဲ တွင် ဇိမ်ကြနေသည့် အကြောင်း ။ ပေါက်ဖော် က Toilet အသွားဖြင့် ရပ်ထားခဲ့သည်ကို ဆက်ရေးပါမည် ။ အိမ်သာသို ့သွားသော ပေါက်ဖော် တစ်ယောက် ကမန်းကတမ်း ပြန်ပြေးလာသည် ။ “ ဟေ့ရောင်..မောင်ပေ..ဒိန်ညင်းသီး နံ ့မရဘူးလား ” “ ဟုတ်အကို ၊ အကို စားချင်လို ့လား ၊ မှာလိုက်မယ်လေ ” “ ထပ်တေရီး..ဘယ်ကလာ ၊ ငါ့ နှာခေါင်းထဲမှာ ၊ ဒိန်ညင်းသီးစော် နံ လာလို ့ကွ ၊ […]


koyin sithuNovember 13, 20111min67724
ဟိုနေ့က ရွာထဲမှာ ညီငယ်တစ်ယောက် အကြားအမြင်ဆိုတာ ကျင့်ကြံလို့ရသလား၊ မွေးရာပါ အကြားအမြင်ပါလာရင် မပျောက်ပျက်အောင် မည်သို့ ကျင့်ရမည်ကို မေးထားသည်ကိုတွေ့ရပါသည်။ ညီငယ်ရဲ့ အမေးကို အဘ ကျွန်တော်တို့ အားသင်ကြားပေးခဲ့တဲ့ စိတ်ကျင့်စဉ်နည်းထဲမှာ ဖော်ပြပေးလိုက်ပါတယ်။ ညီငယ်ရေ… ကိုရင် လက်တွေ့စမ်းသပ်ပြီးပါပြီ…. အဘပြောတဲ့ နည်းအတိုင်း ကျင့်ယူကြည့်ပါ အိုကေသွားပါလိမ့်မယ်…။ —————————————————– တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏တပည့် ဗေဒင်ဆရာ ဖြိုးဟန်ကျော်ဆိုသူ ရောက်လာ၏။ ၎င်းဖြိုးဟန်ကျော်သည် ရွှေတိဂုံဘုရား မြောက်ဘက်မုဒ်တွင် ဗေဒင်ဟောသူ ဖြစ်၏။ ဥပုဒ်နေ့တိုင်း ဆိုင်ပိတ်၏။ ကျွန်ုပ်သည် ၎င်းကို မြင်လိုက်သည်နှင့် ယနေ့ ဥပုဒ်နေ့ပါလားဟု သတိရ၏။ ဖြိုးဟန်ကျော်သည် ကျွန်ုပ်အတွက် ဒိန်ချဉ်နှစ်ခွက် ဝယ်လာ ၏။ ကျွန်ုပ်သည် ဒိန်ချဉ်ကို လွန်စွာကြိုက်သောကြောင့် ချက်ချင်းပင် သောက်လိုက်လေ၏။ […]


အောက်ပါ အကြောင်းအရာများသည် မြန်မာနိုင်ငံတွင်ဖြစ်ပြီး ၊ တစ်နိုင်ငံလုံးမှ ဆိုင်ကယ်ချစ်သူ ၊ ဆိုင်ကယ်ခရေဇီ ၊ ဆိုင်ကယ်စီးသူများ အတွက် ရည်ရွယ်ပါသည် ။ “ ဆိုင်ကယ်ကလဲဗျာ ၊ တစ်ပျက်ထဲ ပျက်နေတာဘဲ ဦးလေးရေ ” စောစောစီးစီး အိမ်ဘေးနားမှ ညည်းသံကြားရသဖြင့် ထွက်ကြည့်မိတော့ ၊ အိမ်ဘေးမှ ကိုသံချောင်းတို ့တူဝရီး စကားပြောနေသည်ကို တွေ ့လိုက်ရသည် ။ ကိုသံချောင်း တူ မောင်ရေခဲ က သူ ့ဆိုင်ကယ် ခဏခဏ ပျက်သည့်အကြောင်းကို သူ ့ဦးလေး ထံတွင် ရင်လာဖွင့်နေခြင်း ဖြစ်သည် ။ ကျွန်ုပ်လည်း အလုပ်သွားရန် အချိန်မကျသေးသဖြင့် ၊ သူတို ့စကားဝိုင်းထဲ ဝင်လိုက်သည် ။ သူ […]


koyin sithuNovember 12, 20111min53317
တစ်နေ့သောညနေကာလတစ်ခု၌ ကျွန်တော်သည် ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲတွင် အလုပ်လုပ်ကိုင်ရာမှ ဆိပ်ကမ်းသို့ ကုန်တင်ကုန်ချအတွက် ကမ်းကပ်နေသော အချိန်ဖြစ်လေသည်။ ကျွန်တော်သည် သင်္ဘောပေါ်တွင် အများနှင့်မတူ အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်လေသည်။ အခြားတိုင်းတစ်ပါးသားများ လုပ်ကွက်တစ်ကွက်စာ လုပ်လျှင် ကျွန်တော်က လုပ်ကွက်နှစ်ကွက်စာ ကြိုးစားပြီး ပြီးအောင်လုပ်လေသည်။ အခြား သူများ အိပ်ကောင်းနေချိန်တွင်လည်း ကျွန်တော်သည် OT ဆင်း၍ အလုပ်များကို မနားမနေ အဆက်မပြတ်လုပ်ကိုင်နေလေသည်။ ထိုကဲ့သို့နေ့စဉ်နှင့်အမျှ အလုပ်ကို ကြိုးစားလုပ်ကိုင်နေရသော အကြောင်းမှာ ကျွန်တော်တွင် ခိုင်မာစွာရှိလေသည်။ ထိုအကြောင်းအရာတစ်ခုတည်းကြောင်း ကျွန်တော်သည် အလုပ်များကို နေမအား ညမအား ကြိုးစားလုပ်ကိုင်နေမိခြင်းဖြစ်သည်။ အလုပ်ကိုကြိုးစားလုပ်ကိုင်နေသော အကြောင်းမှာ ကျွန်တော်သည် အခြားသော သင်္ဘောသားများထက် လွန်စွာဆင်းရဲသောကြောင့်ပင် ဖြစ်သည်။ အဘဆရာမင်းသိင်္ခ၏ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်။ ချမ်းသာအောင်လုပ်ဟူသော ဆုံးမစကားသည် ကျွန်တော်၏ နှလုံးအိမ်ထဲတွင် […]


alinsettNovember 12, 20111min18513
ကဗျာ မဟုတ်ပါ ။ စာ မဟုတ်ပါ ။ ကြယ်တစ်စင်း မဟုတ် သလို…အလင်းတန်းတစ်ခုလည်း..မဟုတ်ပါ။ ကောင်းကင် မဟုတ်သလို…မြောပြင်လည်း မဟုတ်ပါ ။ ဘာဆို ဘာမျှ မဟုတ်ပါ။ သို ့သော်…အပြာရောင် တိတ်ဆိတ်ခြင်းက ကျွန်တော့်ကို ကြောက်လန် ့စေခဲ့ပြီ။ စိတ်၏ ရူးသွပ်မှုကို နှလုံးသားက အကောင်အထည် ဖော်လိုက်သောအခါ..ကျွန်တော် လှေကါးထစ်များကို ချစ်တတ်လာပါသည်။ လှေကါးများသည် အမြင့်သို ့ တတ်သည် ချည်းပဲ..လား အောက်သို ့ ဆင်းသည် ချည်းပဲလား..။ ဒါမှမဟုတ် တစ်နေရာရာမှ စတင်ပြီး အခြား (မမြင်နိုင်သော ) တစ်နေရာရာမှာ အဆုံးသတ် (ပျောက်ကွယ် )သွားတတ်ပါသလား .။ မရေရာပါ။ မှန်ပါသည် ။ လုံးဝ မရေရာပါ ။ […]


PhyoNovember 11, 20111min67855
“ပထမတော့ ဆရာနဲ့တပည့် ရိုးရိုးခင်မင်ကြ၊ သံယောဇဉ်တွယ်ကြတယ် ထင်မိတာ မြရယ်၊ အရွယ်ချင်းကလည်း သားအဖ အရွယ်လေ၊ ကျွန်မလည်း ဘယ်ထင်မလဲ၊ ကိုကြည်မောင်က ကောင်မလေးကို ခေါ်တော့လည်း သမီးတဲ့၊ အခုလို ဗိုက်ထွက်လာပြီဆိုမှ သူတို့အကြောင်းကို ကျွန်မ သိရတော့တာ၊ ကျွန်မကိုယ်က အ,တာပါလေ” မျက်ရည်စက်လက်နဲ့ ပြောပြနေတဲ့ မခင်ဝေ စကားတွေကို နားထောင်ရင်း မမြသွေး သက်ပြင်းချမိတယ်။ မခင်ဝေ့ယောက်ျား ကိုကြည်မောင့်အသက်က ငါးဆယ်နီးနေပါပြီ။ ကိုကြည်မောင်က ကုမ္ပဏီတစ်ခုက မန်နေဂျာပါ။ ကလျာဆိုတာ ကိုကြည်မောင့်ရဲ့ ပီအေခေါ် စက္ကထရီခါ် အနီးကပ်နေရတဲ့ ကိုယ်ရေးအတွင်းရေးမှူးပေါ့။ ကောင်မလေးက ၂ဝ ကျော်ရုံလေး။ ကိုကြည်မောင်က တစ်သက်လုံး သိက္ခာရှိရှိ နေလာခဲ့ပြီး ဘာမျှ အစွန်းအထင်းမရှိတဲ့လူ။ သားသမီးကလည်း သုံးယောက်။ နှစ်ယောက်က ဘွဲ့ရပြီးပြီ။ တစ်သက်လုံး […]


မဇ္ဈိမဒေသတွင် ကဿပမြတ်စွာဘုရား၏ သာသနာတော်အတွင်း ကောရပ္ပတိုင်း၌ ကောရပ္ပမင်းအုပ်ချုပ်၏ ၊ ထိုမှ (၁၂) ဆက်မြောက်သော မင်းစောအမည်ရှိ ကောရပ္ပမင်း လက်ထက်တွင် နဂါးညီနောင် ဖျက်ဆီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးခဲ့ရလေသည်။ ထိုမင်းစောသည် ဘီလူးမအား မိဖုရားတင်မြှောက်မိခဲ့သည်ဟု ဆိုပါသည်။ သားတော် (၃)ပါးနှင့်သမီးတော်(၁)ပါးဖွားမြင်ခဲ့ပါ၏။ ထို့နောက်မှ ဘီလူးမမှန်းသိရှိလာ၍ သားတော်ကြီး မှတပါး မိဖုရားကြီးနှင့် ကျန်သားတော်နှစ်ပါးအပါအဝင် သမီးတော်တို့အား နန်းတော်မှ နှင်ထုတ်လေတော့၏။ ထိုမိသားစုလေးဦးတို့သည် ဒါွရာဝတီမြို့၏ အရှေ့ဖက်ကမ်းတွင် တောင်ခြေကို အမှီပြု၍ နေထိုင်ကြလေ၏ ။ ဖခမည်းတော်မင်း နတ်ရွာစံလျှင် သားတော်မင်းစော နန်းတက်၏ ။ သားတော်မင်းစော၌ လူပင်ဖြစ်သော်လည်း အစွယ်ပါသဖြင့် အစွယ်ခေါခေါ မင်းစောဟုတွင်၏ ။ ထိုမင်းလက်ထက် တွင် ညီဖြစ်သူ ဘီလူးနှစ်ယောက်နှင့် နှမဖြစ်သူ ဘီလူးမတို့သည် […]


koyin sithuNovember 8, 20111min35522
ရန်ကုန်တွေ ခေတ္တခြေကုပ်ယူနေသော ကိုရင်တစ်ယောက် မြန်မာပြည်ရဲ့ ဘတ်စ်ကားစာတမ်းပြုစုနေတာ ၃နှစ်ကျော်သွားပါပြီ။  များသောအားဖြင့် ဘတ်စ်ကားသာ အားကိုးနေရသော ကိုရင့်ခမျာ အထူးကားတွေပေါ်လာလိုက်တာ ကိုရင်တို့မှာ ပျော်လိုက်သည့်ဖြစ်ခြင်း၊ တခါတခါ အပျော်လွန်ပြီး ၂၀ဝကျပ်ပေးပြီး ဂိတ်စဂိတ်ဆုံး ပတ်စီးပစ်လိုက်တာ။ ငယ်စဉ်ကတည်းက မြန်မာပြည်မှာ လိုင်းကား သေးသေးကြီးကြီး မှန်သမျှ ကိုရင်လက်ကလွှတ်တယ်မရှိဘူး။ ဘယ်လွှတ်ပါ့မလဲ လိုက်တွယ်စီးနေတာကိုး 😀 ဂျပန်တို့ ကိုရီးယားတို့ဆီက ကားတပတ်ရစ်တွေရောက်လာတုန်းက ထိုင်ခုံတွေက အပြည့် ၄၅ခုံပါပါတယ်။ မတ်တပ်ရပ်မတင်ရဘူးဆိုသော အထူးလိုင်းကားတွေရဲ့ ပေါ်လစီအသစ်ကြောင့် ပါသမျှခုံတွေကို အကုန်ဖြုတ် တွင်ခုံနဲ့ ကားထိုင်ခုံလုပ်တဲ့ အလုပ်ရုံတွေသွား ခုံတွေကို နည်းနည်းပြန်ကျဉ်းတယ်။ ဘယ်ညာနည်းနည်းညှိလိုက်တယ်။ အဲ့ဒီလို မြန်မာနည်းမြန်မာဟန်ဖြင့် တီထွင်လိုက်သောအခါ အော်ရဂျင်နယ် ၄၅ခုံကနေ ၈၅ခုံလောက်အထိ ထိုင်ခုံတွေ များလာပါတယ်။ တို့များနိုင်ငံမှာလဲ လိုင်းကားစီးရင် အရေးပေါ် […]


ဒွါရာဝတီ၊ မြို့ဋ္ဌာနီကား၊  ဂုဏ်ရည်လျှံပျို့၊ မင်းနေမြို့တည့်၊ သည်မြို့ပင်ရင်း၊  အတိတ်ခင်းက၊ မင်းစောတေဇာ၊ ဘုန်းသမ ္ဘာကြောင့်၊အာကာတိမ်ယံ၊ ကွန့်မြူးစံသည့်၊ မိုးပျံမြို့လှ၊ အံ့ထူးစွရှင့်၊ ဋ္ဌာနတင့်ဆန်း၊ ဤမြေနန်းကို၊ မော်ကွန်းကဗျာ၊ ရေးဖွဲ့ပါအံ့၊ ကမ ္ဘာအစ၊  တည်ဦးကလျှင်၊  စ၍ဆက်လာ၊ မင်းရာဇာကား၊  မဟာသမ္မတ၊  ဘွဲ့မည်ရ၏၊ ကဿပမြတ်စွာ၊ သာသနာသို့၊ ကောင်းစွာသတ်မှတ်၊ ရောက်တုံလတ်က၊ ကောရပ္ပမင်းဆွေ၊ ဆယ့်နှစ်ထွေတို့၊  တည်လေဆောက်ကြ၊  မြို့ဋ္ဌာနကား၊   “မေဃဝတီ”  မင်းနေပြည်တည့်၊ ထိုသည်မင်းစဉ်၊    နောက်ဆုံးဝင်သည့်၊   ဘုရင်မင်းစော၊   စိုးစံသောခါ၊   ဒေါသကြီးမား၊ မာန်ဟုန်ကြွားသည့်၊ နဂါးညီနောင်၊ အမျက်စောင်၍၊ ရန်ထောင်ဖြိုဖျက်၊ ရေလွှမ်းချက်ကြောင့်၊ ဘုန်းဆက်မှန်ရာ၊  စောရာဇာလည်း၊  ဒွါရာဝတီ၊  ဋ္ဌာနေဆီသို့၊  ကြွချီပြီးကာ၊  မြေမှန်ရာ၌၊ “ဒွါရာဝတီ”      မြို့နာမည်ဖြင့်၊  သိင်္ဂ ီကြငှန်း၊  အဆန်းဆန်းဖြင့်၊   ထီးနန်းတည်ဆောက်၊ […]


“အသစ်အသစ်သော…………” တစ်ရက်မှာတော့ ကိုကြီးဆီက ဖုန်းဝင်လာပါတယ်။ မေမေကြီးကို မြို့တော်ဆေးရုံ မှာတင်ထားရတယ်ဆိုတာကိုလှမ်းပြောတာပါ။ ကျမကိုလာပါလို့ ကိုကြီးက မခေါ်ပေမယ့် စကားပြောတဲ့လေသံကိုကြည့်ရတာလာစေချင်သလိုပါဘဲ။ ကိုကြီးနဲ့ပြောနေတုန်း “ကိုကို ပြီးရင်လင်းပြောမယ်နော်”ဆိုတဲ့အသံလေးကြားရတော့ ကျမ ရင်တွေခုန်သွားပါတယ်။ ကိုကြီးကို “အလုပ်တွေဖြတ်ပြီးဆင်းလာခဲ့မယ်”လို့ပြောလိုက်တော့မှ “မေမေကြီးက သမီးငယ်လို့ ပါးစပ်လှုပ်ပြီးနင့်ကိုတနေတာဟ”လို့ကိုကြီးကပြောလိုက်တော့ ရင်ထဲမှာလှိုက်ကနဲဖြစ်သွားပြီး မျက်ရည်တွေတောင်လည်လာပါတယ်။ ခဏနေတော့ “ပိုပို ညည်းနွေးသီးလေးရဲ့အသံနားထောင်လိုက်အုံး”လို့လင်းလင်းပြောတဲ့အသံ အဆုံးမှာ “မေပို မေပို”လို့ခေါ်လိုက်တဲ့ချစ်စရာ့အသံလေးကြားလိုက်ရပါတယ်။ နောက်မှ “လင်းကရော မေမေကြီးကရော ပိုပိုဓါတ်ပုံကိုပြပြီး မေပိုခေါ်ရမယ်လို့သင်ပေးထားတာလေ” လို့ပြောသံလဲကြားရော ကျမရှိုက်ကြီးတငင်ငိုမိပါတယ်။ ဝမ်းလဲသာတယ် ဝမ်းလည်းနည်းတယ်။ “လင်းရေ နက်ဖြန်ဆင်းလာမယ်”လို့ပြောလိုက်တဲ့ကျမရဲ့ငိုသံပါကြီးကို ဟိုဘက်ကနားထောင်ရတဲ့သူ့အဖို့ဘလုံးဗထွေးနဲ့ ုဖြစ်နေမှာအမှန်ပါဘဲ။ ဒါနဲ့ဘဲကျမ မိသားစုနဲ့တိုင်ပင်ရပါတယ်။ တိုင်ပင်တယ်ဆိုတာထက်အသိပေးတယ်ဆိုရင်ပိုမှန်ပါမယ်။ ကျမတာဝန်ယူထားတဲ့အလုပ်တွေကိုလွှဲသင့်တာလွှဲမှာသင့်တာမှာပေါ့။ မေမေကတော့ကျမကို ဟိုမှာသုံးဘို့ပိုက်ဆံလုံလောက်အောင်ယူသွားဘို့မှာပါတယ်။ မေမေက “သမီးမေမေကြီးနေကောင်းရင်တော့ပြန်လာခဲ့နော်”လို့မှာပါတယ်။ “ပြန်လာမှပေါ့ မေမေရယ် ဒီကအိမ်ကမှ ပိုပိုအိမ်အစစ်လေ” ပြန်ဖြေတော့ […]


GreeNSheePNovember 4, 20111min2359
ပထမဦးစွာ ရေးလိုသည်မှာ “ ကျွန်တော် ” ဆိုသည့် စကားကို “ကျတိ ” လို ့သုံးမည် ဖြစ်ပါကြောင်း ။ ဂေဇက်ရှိ စာများတွင် ကျနော်/ကျတော် စသည်ဖြင့် မြင်ရပါများပြီး ၊ အကြောင်းရာ ကို လိုက်ကြည့်သောအခါ ၊ “ကျွန်တော်” ဟု သုံးလျှင် ကျွန် ဖြစ်မှာစိုးလို ့မသုံးကြကြောင်း သိရပြီးသကာလ ၊ အများမိုးခါးရေသောက်လျှင် လိုက်သောက်ရမည့် ထုံးကို လည်း မပယ်ဝံ့ချေ ။ သို ့ ဖြင့် ၊ ကိုယ်ရေးတဲ့ စာကျလည်း ကိုယ်က “ကျွန်တော်” ဟု သုံးရဦးမည် ဖြစ်လာချိန် ၊ အများနှင့် ညီအောင် ၊ “ ကျွန်တော် ” […]


thit minNovember 3, 20111min31116
ကြပ်လှသော ဘတ်စကားပေါ်မှအတင်းတိုးဆင်းလိုက်သည်။ ချွေးနံ့များနှင့်လုံးထွေးစွာစီးလာခဲ့ရသော ကားပေါ်အမြန်လွတ်မြောက်ချင်ဇောနှင့် ဇွတ်တိုးဆင်းလိုက်ရ၍အောက်သို့ရောက်သော် စီးလာသော ဖိနပ်ကပြတ်ပြီ။ ကုန်းပြီးစီးလို့ရအောင်အကြံအဖန်လုပ်ရသည်။ ပြုပြင်စီးရအုန်းမည်လောလောဆယ်။ ခက်ပြီ။ ဗိုက်ကလဲဆာပြီ။ အိပ်ထဲတွင်လည်း ဒီညစာ စားဖို့လောက်သာရှိသည်။ စားလိုက်လျှင် မနက် ကို အလုပ်အင်တာဗျူး သွားစရာ ခရီးစရိတ်ကမရှိဖြစ်မည်။ စတိုင်ကျကျ ဝတ်စရာ အင်းကျီလေးတထည်လဲ လိုသေးသည်။ ဘယ်သူ့ကိုမှအကူအညီတောင်းလို့ မရတော့။ အသိတွေကလဲ ဘွဲ့ရအလုပ်လက်မဲ့ သူ့ကို ချေးငှါးတတ်လွန်းလို့တွေ့တာနဲ့ ဝေးဝေးကပြေးသည် မဟုတ်လား။ စဉ်းစားရင်စဉ်းစားသလောက် စိတ်ညစ်စရာတွေ ကတထွေးကြီးပါလား။ မစဉ်းစားတော့ လောလောဆယ်ဗိုက်ဆာတာ စားမှဖြစ်မည်။ လမ်းဘေး ထမင်းကြော်ဆိုင်တဆိုင်သို့ ဝင်လိုက်ပြီး အသက်သာဆုံး ထမင်းကြော်တပွဲမှာလိုက်သည်။ စားသည်။ တနေကုန် ရှောက်၍အလုပ်ရှာခဲ့ရသောကြောင့် ဗိုက်ကတပွဲနဲ့မဝ။ မတတ်နိုင်၊ ပိုက်ဆံကကုန်ပြီ။ ဗိုက်မဝတဝနဲ့ ဆိုင်ကထပြီး အိမ်ကိုလမ်းလျှောက်ပြန်လာသည်။ အိမ်ဆိုလို့ ခုမှစဉ်းစားမိသည်။ အိမ်လခမပေးနိုင်တာ […]