မောင် ပေAugust 15, 20111min47325
“ ကိုရေ အိမ်ခွဲ နေကြရအောင် နော် …၊ ကို လဲ အားလုံး ကို သိနေတာပဲ ” “ အေးပါကွာ… ကို အခု အရမ်းကြိုးစားနေတာပဲလေ..၊ ခဏတော့ သည်းညည်းခံ လိုက်ပါဦးကွာ…နော် ” ကိုကို နှင့် မမ တို ့သည် ညားခါစ လင်မယား ဖြစ်သည် ။ ပထမ ၊ မင်္ဂလာဆောင်ပြီး ကိုကို ့မိဘများ အိမ်တွင် နေကြသည် ။ သိကြသည့်အတိုင်း ညားခါစ ဆိုတော့ ချစ်မဝ ၊ ပြုံးတစ်ပျော်ပျော် ၊ စစနောက်နောက် ဖြင့်ပေါ့ လူကြီး များ နှင့် ကိုကို ့မောင်နှမ များ ကြားတွင်တော့ မျက်စိနောက်ကုန်ကြသည် […]


weiweiAugust 15, 20111min68125
အိမ်ရှင်မတစ်ယောက် ကြောင်သူခိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်မှာ ယခုဆိုရင် ရ နှစ်တိုင်ခဲ့ပါပြီ။ အစပထမတုန်းက အဝါရောင်သူခိုးတစ်ကောင်နဲ့သာ ရင်ဆိုင်ခဲ့ရာမှ အခုတော့ (အဝါ၊ အဖြူ၊ အနက်၊ အကျား) ရောင်စုံအဖွဲ့တစ်ခုအနေဖြင့် အင်အားအခိုင်အမာဖြင့် ကျူးကြော်ရန်စနေပါတော့တယ်။ ပေ ၄ဝ ၊ ၆ဝ ရှိသော ခြံဝင်းလေးအတွင်းတွင် ပေ ၃ဝ ၊ ၄ဝ ရှိ တစ်ထပ်တိုက်လေးတစ်လုံးကို အနောက်ဘက်ခြံစည်းရိုးကိုကပ်ပြီး ဆောက်ထားပါတယ်။ သစ်ပင်ပန်းပင်များနှင့် လေကောင်းလေသန့်ရရှိသော ရပ်ကွက်တစ်ခုအတွင်းတွင် တည်ရှိသော်လည်း ပြူတင်းပေါက်ဖွင့်ရန် အခက်အခဲများဖြင့် ကြုံတွေ့နေရပါတယ်။ ဖြစ်ပုံက ဒီလို ….. ရပ်ကွက်အတွင်းမှ ဆိုးသွမ်းငတ်ပြတ်နေသော ကြောင်ထီး ၄ ကောင် ခြံဝင်းအတွင်း ဝင်ရောက်နေရာယူပြီး အိမ်ထဲကိုဝင်ရန် အချိန်ပြည့်ချောင်းနေကြပါတယ်။ အိမ်ရှေ့မျက်နှာစာဘက်ကို ထွက်မောင်းလို့ရပေမယ့် နောက်ဘေးဘက်ကို လူဝင်လို့မရတဲ့အတွက် သူတို့အတွက် […]


alinsettAugust 14, 20111min2519
ရောက် ရောက်ချင်း..ဆောက်နဲ ့ထွင်းတယ် ပဲ.. ဆိုချင်ဆို ၊ ဆာလောင်နေတဲ့ ့နှလုံးသား အတွက် သိစိတ်ကို ချောင်ထိုးပြီး…မိုက်မဲမိတယ် ။ ရင်ခွင် တစ်ခုလုံး ဖုန် တထောင်းထောင်း ထ.. ပြီိး မှ အချစ်ရဲ့ ့အရှိန်အဟုန်ကို သိလိုက်ရတာ ဝမ်းနည်းစရာလား…ဝမ်းသာစရာ လား…။ အိပ်မက်တွေ ပြီးသွားပြီ။ ပြီးသွားတာတွေက အိပ်မက် လာဖြစ်ဦးမယ်။ ဘာ ကဏ္ဍမှ မပါဝင်တဲ ့ည၊ ည မွှေးပန်း တစ္ဆေ ၊ စေလိုရာ စေ တတ်တဲ ့ ချစ်သူ.ရဲ ့ ဆံနွယ် တစ်မျှင်..။ မျှင် မျှင် ကလေးပဲ..ရှိတော့တဲ ့ ကုတင်တစ်လုံး… ဘာမှ မသဲသဲကွဲကွဲ မရှိ ၊ မရှိ […]


etoneAugust 10, 20111min44822
သက်ရောက်မှု ့တစ်ခုတိုင်းမှာ တုံ့ ပြန်မှု တစ်ခုခု ရှိစမြဲဆိုတာ … လက်ခံနိုင်ကြမယ်ဆို စွာတေး ဇတ်ဇတ်ကျဲ စာရင်းမှာ ကျွန်မပါမှာ မဟုတ်ဘူး ….. ။ တကယ်တမ်းတော့ ကျွန်မရဲ့ ကာရိုက်တာက … စိတ်ဆတ် ၊ ဒေါသထွက်လွယ်ပြီး စွာတဲ့လူမဟုတ်ခဲ့ပေမဲ့ … သက်ရောက်လာတဲ့ ပတ်ဝန်းကျင်အနေထား အပြုမူ အပြောဆိုတွေအောက် ပရုတ်လုံးလို ဖြစ်သွားခံရနိုင်တာမိုက …. မှန်လိုပဲ ကျင့်ဆောင်ဖို့ကြိုးစားရင်း …. ကာရိုက်တာ ပြောင်းလာခဲ့တာပါ … ။ သက်ရောက်မှူ တစ်ခုအတွက် တုံ ့ပြန်မှူ တစ်ခု ပေးတဲ့အခါ တိုင်း ကျွန်မက လူကြမ်းကြီးပဲ ဖြစ်ခဲ့တာပေါ့ … ။ အ ဆိုးမြင်ဝါဒီ လက်ကိုင်ထားပြီး ၊ ရမ်းကား […]


kaiAugust 10, 20111min21612
မှောင်မည်းတိတ်ဆိတ်သော အခန်းကျဉ်းကလေးထဲမှာ အသက်ကို တပင်တပန်း ရှူရှိုက်နေရစဉ် ညတိုင်း ချောက်ချားနေရမြဲဖြစ်သော အသံတို့က တဖျတ်ဖျတ်နှင့် နားထဲသို့ ဆိုးဆိုးရွားရွား ဝင်ရောက်လာသည်။ ဒါ … အဲဒီအသံ။ ဘုရား ဘုရား … လူ့ဘဝမှာ အသက်ရှင်နေထိုင်ရစဉ် ခဏလေးမှာ အဲဒီအသံတွေက ဘာဖြစ်လို့ ညစဉ်လို လိုက်ပြီး နှိပ်စက်နေရတာလဲ။ လူတဦးတယောက် ဒဏ်ရာတွေ ဗရပွနဲ့ ဒယိုင်းဒယိုင် ပြိုလဲနေတဲ့အ ချိန်မှာ အဲဒီသတ္တဝါတွေက ဒီလောက် နားဝင်ဆိုးလှတဲ့ အသံတွေမျိုးစုံ အော်ဟစ်ပြပြီး ပျော်ရွှင်မြူးထူးပြနေဖို့ မကောင်းဘူးဟု ထင်ပါသည်။ သူတို့မှာ ဦးနှောက်လည်းမရှိ၊ နှလုံးသားလည်း မရှိ၊ ဒါကြောင့် ကိုယ်ချင်းစာတ ရားရှိကြောင်းလည်း စိုးစဉ်းမျှ မျှော်လင့်နေစရာမလို။ ထို့အပြင် သူတို့မှာ (သူတို့ကိုလည်း ရန်မပြုပါဘဲနှင့်) လူတွေကို ရောဂါပိုးပေါင်းများစွာ […]


etoneAugust 9, 20111min36517
လူတကိုယ်လုံးမှာ ဗလောင်းဗလဲ အလုပ်နိုင်ဆုံး ကတော့ စိတ်ပါပဲ ။ သွားချင်တာလည်း ဒီစိတ် ၊ စားချင်တာလည်း ဒီစိတ် ၊ လိုချင်တာလည်း ဒီစိတ် ၊မလိုချင်တာလည်း ဒီစိတ် … ပြည့်ဝတာလည်း ဒီစိတ် … ယုတ်မာတာလည်း ဒီစိတ်ပါပဲ …. ။ တနေ့တည်းမှာပဲ စိတ်အမျိုးမျိုးပြောင်းနေကြတာလဲ ကြုံဖူးကြမှာပါ …။ တစ်ခါတစ်လေ စိတ်ရဲ့ လှုပ်ရှားမှူ ဖြစ်စဉ်တွေကို ကိုယ်ခန္ဓာက လိုက်မလုပ်နိုင်တဲ့အခါ …. လူက ဘာမှန်းမသိအောင် ယောင်တောင်တောင် ဖြစ်နေတတ်တာကို စိတ်လေတယ်လို့ ခေါ်မလားပဲ … ။ သင်တို့ရော … တစ်ခါတစ်လေ … ယောင်တောင် ပေါင်တောင်နဲ့ … လေဖူးလား ? ဖြစ်ဖူးကြမှာပါပဲ … ။ […]


moonpoemAugust 9, 20111min61731
ရန်ကုန်မြို ့တွင် ကန်တော်ကြီးနှင့် အင်းလျားကန်ရှိရာတွင် နှစ်ခုစလုံးသည် စည်ကားလှပါသည်။ ကန်တော်ကြီးကတော့ ကျွန်မအထင်ပြောရမည်ဆိုလျှင် ဝင်ပေါက်များစွာ ရှိသည့်အနက် မျှော်စင်ကျွန်းရှိရာ ဝင်ပေါက်သည် အစည်ကားဆုံးဖြစ်မည် ဟုထင်ပါသည်။ ကျွန်မသည် မကြာခဏဆိုသလို မြို့ထဲမှ အလုပ်သွားရာတွင် ဗဟန်းသုံးလမ်းမှတ်တိုင်ကို ဖြတ်ရခြင်း၊ ရတနာပုံတယ်လီပို့ကို သွားရာတွင် မာလာမှတ်တိုင်ကို ဖြတ်ရခြင်းတို့ကြောင့် ထိုကန်နှစ်ခုလုံးကို ဖြတ်သွားတိုင်း ကြည့်မိပါသည်။ ကြည့်မိတိ်ုင်း မပြောင်းလဲသည့်မြင်ကွင်းကတော့ လက်ချင်းချိ်တ်ပြီး လမ်းလျှောက်နေသောအတွဲများ၊ ထီးဆောင်းပြီးထိုင်နေသော အတွဲများ၊ပုံစံမျိုးစုံ စတိုင်မျိုးစုံသာဖြစ်ပေသည်။ ကန်တော်ကြီးကတော့ မိသားစုတွေ ကလေးတွေရော လာတတ်သည့်နေရာဖြစ်သည့်အတွက် အင်းလျားကန်လောက်တော့ အတွဲတွေက အခြေအနေဆိုးမည်ဟု မထင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်မတို ့အိမ်ကို ဧည့်သည်လာသော အခါ လူကြီးပိုင်းဖြစ်ပါက ရွှေတိဂုံဘုရားကို ပို ့ရသည်မှာ စိတ်ချမ်းသာစရာကောင်းသလောက် လူငယ်နှင့်ကလေးများက သူတို ့ဗွီဒီယိုကားထဲတွင် […]


manawphyulayAugust 8, 20111min29911
စကား၊ စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြ လို့ ကြားဖူးကြမယ် ထင်ပါတယ်။ စကားဆိုတာ စလိုက်ရင် ကားသွားတတ်ပါတယ်။ ဒါကြောင့် လူတွေရဲ့ ပါးစပ်ဖျားမှာ စကားနည်း ရန်စဲဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြတာ ဖြစ်ပါလိမ့်မယ်။ အဲ စကားဆိုတာကလည်း စကားပြောတိုင်း ကောင်းကျိုးနှင့် ဆိုးကျိုးတို့ကို ဆင်ခြင်ကြရပါမယ်။ ဘုရားရှင်သည် စကားခြောက်ခွန်း၊ လူဝယ်ထွန်း၊ လေးခွန်းကိုပယ်၊ နှစ်ခွန်းတယ် လို့ ရှေ့ပညာရှိများရဲ့ လင်္ကာစကားနှင့်အညီ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ၊ သူတစ်ပါး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ၊ အကျိုးမရှိသော စကားမျိုးကို မပြောမဆိုဘဲ မှန်ကန်၍ အကျိုးရှိသော စကားမျိုးသာ ပြောဆိုတော်မူပါလို့ မိန့်တော်မူခဲ့ပါတယ်။ သုဂတ… သု = ကောင်းသော စကားကို၊ ဂတ = ဆိုတော်မူသော မြတ်စွာဘုရား။ […]


manawphyulayAugust 3, 20111min2919
Life is short. ဘဝဟာ တိုတယ်တဲ့။ အသက်ရှည်နေတယ်ဆိုရင် ဘဝဟာ မတိုပါဘူး။ Life is Dream. ဘဝဟာ အိပ်မက်ပဲတဲ့။ အဲဒါလည်း ဖွဲ့နွဲ့ခံစားပြောတာပါ။ ဘဝဟာ အိပ်မက်မဟုတ်ဘူး။ အိပ်မက်က အကောင်အထည်မရှိဘူး။ ဘဝက အကောင်အထည်ရှိတယ်၊ လက်တွေ့ရှိတယ်။ Life is always full of struggle. ဘဝဟာ အစဉ်အမြဲ ရုန်းကန်နေရတယ်တဲ့။ အဲဒါကတော့ အမှန်ဆုံးပါပဲ။ မိခင်ဝမ်းထဲက ထွက်ကတည်းက ဘဝဟာ ရုန်းကန်နေရတာပဲ။ မွေးစကတည်းက ရုန်းကန်ရတာ သေတဲ့အထိဆိုလည်း မမှားပါဘူး။ ဘဝကို လှော်တက်ဆိုတဲ့အရာနဲ့သာ ထိန်းသိမ်းဖို့လိုတာပါ။ ကဲ မိတ်ဆွေကော ဘယ်လို မြင်လဲ….


weiweiJuly 31, 20111min2518
မနေ့က တူတော်မောင်ရဲ့ ၄ နှစ်ပြည့်မွေးနေ့ဆိုတော့ သူတို့အိမ်ကို သွားလည်ပါတယ် … တစ်ခါသွားလည်ရင်တစ်ခါ ပိုပိုဆိုးပြီး စကားပိုများလာတဲ့ သားသားအကြောင်းက ပြောမဆုံးအောင်ပါပဲ … မူကြိုကျောင်းမှာ လူဆိုးလေးလို့တောင် နံမည်ကြီးနေတဲ့သားသားကို အဘိုးအဘွားတွေကတော့ ချစ်မဆုံးဖြစ်နေပေမယ့် အမြဲအတူနေရတဲ့ ကလေးမေမေကတော့ စိတ်ညစ်နေရရှာတာပေါ့ … ဧည့်သည်နဲနဲရှိနေတော့ သားသားက အမျိုးစုံပညာပြနေပါတယ် … နဲနဲလေးမှ အငြိမ်မနေတာ မျက်စိနောက်လွန်းလို့ သူ့အဒေါ်က အခုလိုမိုးရွာနေတဲ့အချိန်မှာ အဲဒီလောက်ဆိုးနေရင် မိုးပေါ်က ဒေဝေါကြီးဆင်းလာပြီး လာဖမ်းလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ကျွန်မတို့ငယ်ငယ်ကဆို ဒေဝေါဆိုရင် ကြောက်တယ်လေ .. မိုးရွာရင် ကြောက်လို့ မေမေ့ဘေးနားမှာ ကပ်နေကြရတာ … ကလေးကို ကြောက်မလားလို့ ပြောကြည့်လိုက်တာ … သားသားက ခဏလေးငြိမ်ပြီး စဉ်းစားလိုက်တယ် … ပြီးတော့ သူပြန်ပြောလိုက်တာက […]


etoneJuly 31, 20111min36114
ရွာသူ၊ရွာသားတို့ရေ…. ဒီတစ်ခါ မ ိသားစု ပြသနာလေး နည်းနည်း ဆွေးနွေးကြရအောင်နော် …. ။ ကိုယ်ပိုင်မိသားစုလေး အကြောင်း ဆွေးနွေးကြမယ်လေ … ။ ကိုယ်ပိုင်မိသားစုဆိုတာ ကတော့ ကိုယ်တိုင် တည်ထောင်ထားတဲ့ .. မိသားစုမျိုးပါ .. မိဘအိမ်မှာနေခဲ့ရတဲ့ မိသားစု ဘဝမျိုးမဟုတ်ပဲ … အိမ်ထောင်ရက်သား ကျတဲ့အခါမှာ ရရှိလာတဲ့ မိသားစုဘဝဇာတ်ကြောင်းပေါ့ ။ တကယ်တမ်း ကိုယ်ပိုင် မိသားစု တစ်ခု ထူထောင်တော့မယ်ဆိုလျှင် တွေးစရာတွေ အများကြီးပါပဲနော် …. ။ အဆင်စုံ အသွေးစုံ လူတွေနဲ့  …. ဆက်စပ်ရမှာမို့ … စိတ်သဘောထား အတော်လေး ပြည့်ဝအောင် ထားတတ်မှ အဆင်ပြေမှာပါ … ။ များသော အားဖြင့် ယောက္ခမနဲ့ […]


etoneJuly 31, 20111min2185
ဒီနေ့ ရုံးမှာ အင်တာနက် ကွိုင်ပတ်နေတာနဲ့ … ဘာမေးလ်မှလည်း မဝင် ၊ ဘယ်သူနဲ့မှလည်း ဆက်သွယ်လို့ မရတာကြောင့် … pending လုပ်ထားတဲ့ အလုပ်လေးတွေ ဟိုလုပ်ဒီလုပ်နဲ့  … အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပေါ့ … ။ ဘရော့ဘမ်း ပြသနာ တက်နေလို့တဲ့လေ … အိပဲ့အိပဲနဲ့တော့ ပြင်ဖို့ ကြိုးစားနေတာပါပဲ … ။ သုံးလို့မရတာ သုံးလေးရက်ရှိပြီ … အစကတော့ ဆာဗာ ဗိုင်းရပ်စ်ကိုက်တယ် ပြောတာပဲ … အခုတော့လည်း မဟုတ်ပြန်ဘူး … ဘရော့ဘမ်းဖြစ်တာတဲ့ … ။ MCWill ထပ်ထည့်မယ်လည်း စဉ်းစားနေတယ်တဲ့ … ဘယ်မှာ ပြသနာရှိရှိ … စိတ်မဝင်စားပါဘူး …. အင်တာနက်ပြန်သုံးရဖို့ပဲ အရေးကြီးတာလေ … […]


tunkhannJuly 31, 20111min1240
ခေတ်မှီဖွံဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့  ဦးတည်နေသောလမ်းကြောင်းကြီးသည် အမှန်တကယ်ပင် တည့်တည့်မတ်မတ် တရိပ်ရိပ်ပြေးလွှားနေခဲ့သည်။အော်မောပေမှာပေါ့ အမောင်ရယ်…။ တစ်ရက်ဝင်ငွေ တစ်ထောင့်ငါးရာလောက်နဲ့ လောကကြီးကိုရင်ဆိုင်နေခဲ့သည်။မမှုပါ မဖြုံပါ အားကိုခဲလို့ ထိုယာဉ်ကြီးနဲ့ တစ်ဖဝါးမခွာ လိုက်လာခဲ့ရတာ ရေးရေးသာ မြင်ရတော့သည်။ထိုယာဉ်ကြီးက ဟိုးအဝေးတစ်နေရာကနေ ကျနော့ကို စောင့်စားနေဟန်တူပါလေ၏။မီးရောင်ထိန်ထိန်လင်းနေတဲ့ ဟိုးအဝေးက ရွှေမြို့တော်ကြီးကို တစ်ခေါက် အဲ နှစ်ခေါက်ရောက်ဖူးပါသည်။တစ်ညအိပ်ခ 65000 လောက်ရှိသော ပမာဏကို ကျနော့မျက်လုံးများ ပြာဝေမူးမိုက်စွာ သုံးညတာ အိပ်စက်ခဲ့ပါသည်။မတူလေမှ မတူနိုင်ပေ။စားစရာကို တစ်နေရာတည်းတွင်ရရှိနိုင်ပါသော်လည်း တာယာပါးအောင်မောင်းခဲ့ရသော ခရီးသည် တစ်ရက်လျှင်150မိုင်နှင့်200 ဝန်းကျင်ခန့်ရှိပေလိမ့်မည်။ကျယ်ဝန်းပါပေသည် စည်ကားပါပေသည် အဆင့်အတန်းဆိုတာကို သိသာစေပါသည်။ခွဲခြားထားသော အနေအထားမဟုတ်သော်လည်း လောကနီယာမအရ ပိုင်းခြားခံနေရသော လူသားတို့သည် များပြားလှပေသည်။အခန်းထဲမှာ ဇိမ်ကျကျ lip top တစ်လုံးနှင့်အလကားရသော အဲဆားဗစ်တစ်ခုဖြစ်သော WiFi ကိုတစ်နေကုန်ထိုင်သုံးရင်း အချိန်လဲဖြုန်းခဲ့ရပါသေးသည်။အမဖြစ်သူ၏စကားများကိုလဲ နေ့တိုင်းကြားယောင်မိပါသည်။ငါဘယ်ကိုသွားသွား […]