black chawJune 13, 20121min66435
(သိကြဘို့က မြန်မာ့ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုကို မနာလိုမရှိစိမ့်နိုင်ကြတဲ့ အိမ်နီးချင်းအချို့ ရှိတာကိုသတိချပ်ကြဘို့လိုပါတယ်။) သူကြီးရဲ့ ပို့စ် Clinton on Violence in Burma’s Rakhine State ပို့စ်မှာ ဆရာမောင်မိုးညိုပေးတဲ့ ကွန်းမန့်ထဲမှာ ပါတဲ့ စကားလုံး တချို့ပါ။ ပညာရှိ တွေးတာ ပြေးကြည့်တာထက်မှန်သတဲ့။ ဆရာမောင်မိုးညို စကားနဲ့ အလားတူတဲ့ စာတချို့ကို ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ထုတ် Favourite Journal ထဲမှာ ဆရာဖိုးသောကြာလည်း ရေးခဲ့ဘူးပါတယ်။ နည်းနည်းလေး ထုတ်နှုတ်ပြပါရစေဦး…။ မြန်မာနိုင်ငံခေါင်းထောင်လာမှာကို “မနာလိုမရှုစိမ့်တဲ့ စိတ်” မျိုးထက် အဆများစွာ ဆိုးရွားယုတ်မာတဲ့ “စိမ့်ဝင်ဖျက်ဆီးနည်းဗျူဟာ” ကို သုံးနေသလားလို့တော့ သံသယဝင်မိတယ်ဗျာ။ “သိတ်မှန်တာပေါ့ဗျာ။ အနောက်ကမ္ဘာဟာချမ်းသာကြွယ်ဝပြီး မြင့်မားတဲ့နည်းပညာကို ပိုင်ဆိုင်တယ်။ နိုင်ငံသားတွေရဲ့ အရည်အသွေး […]


Mr. humanJune 12, 20121min1905
ဧရာဝတီတိုင်း  ပန်းတနော်မြို့နယ်  ကျုံ လမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ပိုင်  ကျီးတပင် အုပ်စု တွင်  စားကျက်မြေများကကျေးရွာ အုပ်ချုပ်ရေးမှူးမှ တစ်ဧက ၃၀၀ဝ နုန်းကောက်ခံကြောင်းနှင့်တစ်ချို့ စားကျက် မြေများ ကို သိမ်းယူရောင်းစားကြောင်း သတင်းရရှိသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍  ကျီးတစ်ပင် အုပ်စု ရှိကျေးရွာ လယ်သမား များထံ ကျေးရွာ အုပ်ချုပ်ရေးမှူးမှ      စားကျက်မြေ တဧကလျှင်၃၀၀ဝပေးရန်ကောက်ခံခဲ့ပါသည်။ လယ်သမားများကလည်း ပေးပါသည်။  ကျေးရွာ အုပ်ချုပ်ရေးမှူးက   ၁၄ဧက ရှိသော လယ်သမား ဦးဝင်းအောင် ထံမှ ၄ဧက သိမ်းယူ ကာ ရောင်းစားကြောင်း လယ်သမား တစ်ချို့ ထံမှ လည်း သိမ်းယူ ရောင်းစားကြောင်းသိရပြီး ၎င်း ဦးဝင်းအောင်မှ  ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် သို့ […]


Wai PhyoeJune 12, 20122min1962
၂၀၀ဝ ပြည့်နှစ်လောက်က ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနတွင် ဌာနတွင်း စာတမ်းဖတ်ပွဲများကို အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပခဲ့ရာ မိမိလည်း ပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းလေးတစ်ခု ဖတ်ဖြစ်ခဲ့သည်။ စာတမ်းတွင် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများနှင့် ၎င်းတို့ဖြစ်ပေါ်ရ ခြင်း၏ အကြောင်းရင်းများ ထိုစဉ်က မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အခြေအနေများကို စု၊တု၊ ပြု၍ အကျဉ်းဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယက ပါမောက္ခဒေါက်တာဦးသိန်း (ငြိမ်း)ပြုစုပြီး အခြေခံပညာဦးစီးဌာန အလယ်တန်း အထွေထွေသိပ္ပံဘာသာရပ်တွင် ပြဋ္ဌာန်းထားသည်။ ”မြေကမ္ဘာ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ခြင်း ”အခန်းတွင် ကမ္ဘာမြေ၏ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု အဓိက ဖြစ်ရပ်များကို အောက်ပါအတိုင်း ဖော်ပြထားပါသည်။ (၁) လေထုညစ်ညမ်းမှုနှင့် ကမ္ဘာကြီးပူနွေးလာမှု (၂) အိုဇုန်းလွှာပျက်စီးမှု (၃) […]


Wai PhyoeJune 12, 20121min2886
လိုအပ်ပါက စာရိုက်ရန်၊ ဖုန်းနံပါတ်နှိပ်ရန်၊ အဝေးထိန်းခလုတ်အဖြစ်သုံးရန် လိုအပ်သလို ခလုတ်များ ဖောင်းကြွထွက်လာနိုင်ပြီး အသုံးမလိုတော့ပါက ပုံမှန်အတိုင်း မျက်နှာပြင် ပြန်ပြားသွားသည့် ဖန်သားပြင်တစ်မျိုးကို စမ်းသပ် ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ အနာဂတ်တွင် ယင်းဖန်သား ပြင်စနစ်ကို စမတ်ဖုန်းနှင့်သင်ပုန်း ကွန်ပျူတာများတွင် အသုံးပြုသွားနိုင်မည်ဖြစ်သလို ဂီတတူရိယာအဖြစ်ပါ သုံးနိုင်မည်ဟု မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်အခြေစိုက် Tactus ကုမ္ပဏီကဖန်တီးသည့် ယင်းဖန်သားပြင်မှာ ပုံမှန်ထိတွေ့ မျက်နှာပြင်များကဲ့သို့ပင် ထုထည်ထူထဲခြင်း မရှိဟုလည်း ဆိုသည်။ ယခုနည်းပညာသည် လက်ရှိသုံးစွဲနေသော ထိတွေ့မှုကို တုန်ခါမှုဖြင့် တုံ့ပြန်သည့် စနစ်ထက် များစွာ အဆင့်မြင့်ပြီး ပိုမိုအဆင်ပြေစေနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။ မျက်နှာပြင်ပေါ်မှ လိုအပ်သလို ဖောင်းကြွထွက်လာမည့် ပကတိ ခလုတ်များနှင့်မခြား ထိတွေ့ ခံစားနိုင်သည့် ခလုတ်များသည် မလိုသည့် အချိန်တွင် ဖန်သားပြင်တွင်းသို့ […]


kaiJune 12, 2012122min4989
********************************************************* BURMA RELATED NEWS – JUNE 09-11, 2012 ********************************************************* AP – State of emergency declared for western Myanmar AP – Police collect bodies in strife-torn Myanmar town Reuters – Myanmar president says unrest threatens move to democracy Reuters – EU welcomes “measured” Myanmar response to rioting Reuters – Myanmar steps up security after Muslim-Buddhist violence AFP – […]


manawphyulayJune 11, 20121min65018
ယနေ့ မနက် ၉ နာရီခန့်က တောင်းအေ့ကားတစ်စီးကားတိုက်မှု ဖြစ်ပွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ တိုက်ခံရသူကတော့ ကျွန်မစီးလာတဲ့ကား အနားရောက်တော့ အဘွားအိုလို ယူဆရပြီး ပွဲချင်းပြီး သေဆုံးနေတာကို မြင်ရပြီး အပေါ်က မလုံ့တလုံ ဖုံးအုပ်ထားပါတယ်။ ကားကတော့ ရွှေဘုံသာ မီးပွိုင့်မရောက်ခင်မှာ ကန့်လန့်ဖြတ်ဖြစ်နေပါတယ်။ ကျွန်မလည်း ဓာတ်ပုံရိုက်မလို့ ပြင်ဆင်နေချိန်မှာ ကားကြောကို အမြန်မောင်းဖို့ ပြောနေတော့ စီးလာတဲ့ကားက တောက်လျှောက် ဆူးလေကို မောင်းတော့ မရိုက်လိုက်ရပါဘူး။ နောက်တစ်ချက် ကျွန်မ မြင်မိပြီးတော့ ရင်ထဲမကောင်းလို့ ဓာတ်ပုံရိုက်မိရင် အမြဲမြင်ပြီး ပိုဆိုးမယ်လို့ ကိုယ့်ဘာသာလည်း စိတ်ထဲမှာဖြစ်မိသွားပါတယ်။ ရဲတွေကော ပုလိပ်တွေကော ရပ်ကြည့်နေတဲ့ လူတွေပါ အများကြီး ဝိုင်းအုံနေပါတယ်။ ကားလမ်းဖြတ်ကူးတဲ့အခါ လူတိုင်း သတိထားကြဖို့ ပြောချင်မိပါတယ်။


koyin sithuJune 10, 20121min76050
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀ အရေးပေါ်အခြေအနေကြေငြာခြင်း ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို […]


ရွာသူားအပေါင်းတို့ရေ…… ဒီနေ့မြစ်ကြီးနားမှာပြည်သူလူထုများစုဝေးပြီးအစိုးရစစ်တပ်နဲ့ကေအိုင်အေတို့အကြား အပစ်အခတ်ရပ်စဲရေးအတွက်ဆန္ဒပြမယ်လို့ကြားသိရပါတယ်…..အစိုးရဋ္ဌာနဆိုင်ရာများနဲ့တပ်မတော်မှတပ်မတော်သားများကိုလဲ မြို့တွင်းသို့လှည့်ပတ်ပြီးလည်ခြင်းပတ်ခြင်းများမပြုလုပ်ရန်အမိန့်ပေးထားတယ်လို့ကြားပါတယ်…… သေချာမသေချောသိရအောင်ဆက်စုံစမ်းနေပါတယ်………ရွာထဲမှနီးစပ်သူများကလဲမြစ်ကြီးနားမှအသိမိတ်ဆွေဆွေမျိုးသားခြင်းများ ထံသို့သတင်းလေးမေးမြန်းကြည့်ပေးကြပါ………. ခင်တဲ့…..ရှမ်းပြည်သား(တောင်ပိုင်း)


မောင်းတောသတင်းအမှန်ဖတ်ကြမယ် အနည်းဆုံး ရိုဟင်ဂျာရွာပေါင်း (၃၀)ကျော် မီးရှို့ခံရပြီး ရိုဟင်ဂျာ ဦးရေး ခလေး လူကြီးနည်းဆုံး (၁၀၀)နီးပါး အကြမ်းဖြတ်သတ်ဖြတ်ခံရကြောင်း ထိုသို့ သတ်ဖြတ်ရာတွင် ရခိုင်လူမျိုးအရပ်သားများက သတ်ဖြတ်ခြင်းမဟုတ်ဘဲ စစ်သားနှင့် ရဲတပ်ဖွဲ့တို့က အရပ်သားဟန်ဆောင်၍ အကြမ်းဖက်သတ်ဖြတ်နေကြောင်းသိရသည်။ မိုးဆယ်အုပ်စုက ရိုဟင်ဂျာရွာအားလုံး၊ ၃ မိုင် ၊ ၄မိုင် ရှိရိုဟင်ဂျာရွာများနှင့် မြို ့ဦး ဒူလာဖာရာရှိ ရိုဟင်ဂျာရွာအားလုံးရှိ အိမ်းပေါင်း ထောင်ကျော် မီးရှို့ခံရပြီး အိမ်တွင်းနေ အိမ်သားများ အိမ်ပြင်ထွက်လာပါကအဆင်သင့် စောင့်နေသူ စစ်သား ရဲသားများက သေနတ်ဖြင့် ပစ်ခတ်၍ အကြီးအကျယ်သတ်ဖြတ်နေကြောင်း သိရသည်။ ရိုဟင်ဂျာကို မျိုးပြုတ်သတ်ဖြတ်နေသူများသည် ရခိုင်လူမျိုး ရဲတပ်ဇွဲ့ဝင်များ၊ န.စ.က တပ်ဖွဲ့ဝင်များ နှင့် လုံထိန်းများနှင့် စစ်သားများသာဖြစ်ပြီး အရပ်သား ရခိုင်လူမျိုးအားလုံးကို ဘုန်းကြီးကျောင်းအသီးသီး၌ […]


ရခိုင်အရေးနဲ့ ပတ်သက်ပီး သမဒရုံး အရာရှိတဦးရဲ့ ဖေ့ဘွတ်ပေါ်ဂနေ ပြန်ကြားချက်ကို ဧရာဝတီဘလော့ဂ်မှာ တင်ပေးတာဂို ဂလိုဖတ်ရဒယ်။ “ရိုဟင်ဂျာ အကြမ်းဖက်သမားများ လက်နက်များနဲ့ မြန်မာနိုင်ငံနယ်နမိတ်ထဲ ဝင်ရောက်လာပြီလို့ ဆိုပါတယ်။ …. … .. …….. ဤအတွက်တော့ လူသားချင်း စာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေး တရားတွေ၊ မေတ္တာရှင်ကြီးလိုလိုလာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြ စေလိုပါ။ …. … … (အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေး ပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်း အိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်း ဖြစ်ပါသည်။” […]


Phaung PhaungJune 8, 20121min46416
ဒီနေ့မနက် MRTV-4 ကနေ ငွေကျပ်တစ်သောင်းတန် ထွက်မည့်အကြောင်း ကြေငြာသွားပါတယ်။ ရုံးရောက်တော့ မေးလ်ထဲကိုဝင်ထားတဲ့ ဆရာခင်မောင်ညို(ဘောဂဗေဒ)ရဲ့ အမြင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ကျပ်တစ်သောင်းတန်ကို Aကြောင်းပြု၍ ၁။ ငါးထောင်ကျပ်တန် မထွက်မီနှင့် ထွက်ပြီးချိန်ကလည်း ဈေးနှုန်းများ တက်မည်၊ ငွေဖောင်း ပွမှု မြင့်မားမည်ဟု တွက်ဆခဲ့ကြသော်လည်း မဖြစ်ခဲ့ပါ။ ငါးထောင်တန်သည် ပြည်သူလူထု Aထူးသဖြင့် Aခြေခံလူတန်းစားAတွင်းသို့ ပျံ့နှံ့ရောက်ရှိမှု နည်းပါးသဖြင့် Aချိန်Aတန် ကြာသည်Aထိ ငါးထောင်ကျပ်တန်ကို မမြင်ဖူးသူများ ရှိခဲ့သကဲ့သို့ ငါးထောင်တန်ကို မိတ္တူကူးပြီး လိမ်လည်သူများ ရှိခဲ့ပါသည်။ ၂။ တစ်သောင်းကျပ်တန် ထွက်သည်ကို Aကြောင်းပြု၍ Aထွေထွေ ဈေးနှုန်းများ တက်မည်၊ ငွေဖောင်းပွမှု မြင့်မားလာမည်ဟု မျှော်လင့်ကြပါUီးမည်။ ဈေးကစားမှုများလည်း Aတန်Aသင့် ရှိနိုင်ပါသည်။ ၃။ လက်ရှိAခြေAနေတွင် Aထွေထွေကုန်ပစ္စည်းဈေးနှုန်း […]


nigimi77June 7, 20121min67117
ဒီနေ ့ ညနေက  ရခိုင်ပြည်နယ်  ရမ်းဗြဲကျွန်း ကျောက်ဖြူမြို   ့  သံပချောင်း အရပ်မှာ    ရခိုင် အမျိုးသား တစ်ဦးကို    မွတ်ဆလင် ဘာသာဝင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ် ။   အကြောင်းရင်းမှန်ကို သေချာ မသိရပေမဲ့  ယခု  9:20 PM  အချိန်မှာ  ကျောက်ဖြူ သံပချောင်း အရပ် ဒေါ်လာ စားသောက်ဆိုင်   ရှေ  ့  သံပချောင်း ဗလီ အရှေ  ့ နဲ ့  မြို  ့လယ်ခေါင်  နာရီစင် အရှေ  ့မှာ  အတော်များပြားသော  လူအုပ်ကြီး  စုစည်းရောက်ရှိနေပါတယ် ။   ကျောက်ဖြူမြို  ့မှာ  သံပချောင်း […]


ေရႊညာသားJune 6, 20121min51219
မြစ်ဆုံစီမံကိန်းကိုအမြန်ဆုံးပြန်စနိုင်ရန် အစိုးရချင်းညှိနှိုင်းသွားမည်ဟု တရုတ်သံအမတ်ကြီးဆို   ကဲ Mandalay Gazette ဝင်တွေရေ ဒီနေ့ မြန်မာပြည်ထဲမှာ ရခိုင် – မွတ်စလင်အရေး အခင်းတွေဖြစ် တဲ့အချိန်မှာ မြန်မာပြည်ကိုနောက်ပိုးသိပ်မဲ့ စီမံကိန်းကို တရုတ်အစိုးရကနေပြီးတော့မှ ယုတ်ယုတ်မာမာကြံစည်နေပါတယ်။အဲဒါကတော့ မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ပါပဲ။ ဒီနေ့ထုတ် 7 Days News ဂျာနယ်မှာ ပါတဲ့ သတင်းအရ တရုတ်သံအမတ်ကြီးက မြစ်ဆုံစီမံကိန်း ကိုရပ်လိုက်တာ မဟုတ်ပါဘူး။ဆိုင်းငံ့ထားတာပါလို့ တိတိကျကျထပ်ခါတလဲလဲ ပြောနေတဲ့စကားသံပါရှိ ပါတယ်။ 7 Days Journals နဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာသံအမတ်ကြီး မစ္စတာလီဂျန်ဝှာ တို့တွေ့ ဆုံတဲ့အမေးအဖြေမှာတိတိကျကျပြောဆိုသွားတာပါ။ ကျွန်တော်တို့ထင်ထားတာက မြစ်ဆုံစီမံကိန်းကို လုံးဝရပ်ဆိုင်းလိုက်တာလားလို့ထင်ထားပေမဲ့ သက်ဆိုင်ရာ သတင်းအစအနတွေအနေနဲ့ရော ကျန်အစိုးရအသိုင်းအဝိုင်းမှာ ပါ ခေတ္တရပ်ဆိုင်းတယ်ဆိုတဲ့ သတင်းဟာပျံနှံ့နေပါတယ်။ဒီနေ့ 7 Days ဂျာနယ်ကိုဖတ်ကြည့်လိုက်တော့မှပဲ […]