Normal 0 false false false EN-US X-NONE X-NONE မပြောမပြီး မတီးမမြည် ဆိုသလို ရွာထဲမှာ ရေငန်ပိုင် ဩဇီဦးဖောမွှေးတဲ့ ပို့စ်၅၃ ဘာသာရေးမီး လန့်နေခိုက် ကြုံဒိုးလေး ဖျာဝင်ခင်းပါရစေ…။ ကမာရွတ်မီဒီယာမှာ မေလ၂၆ရက်နေ့ကလုပ်တဲ့ အစ္စလာမ်ဘာသာအပေါ် အထင်အမြင် လွဲမှားနေတာတွေကို ဖြေရှင်းဖို့ ကြိုးစားတဲ့ ရှင်းလင်းပွဲလုပ်တာ ယူကြုမှာ ကြည့်ရတယ်။ သာဓု ခေါ်ကြောင်း အရင်ပြောပါရစေ..။ မွတ်ဆလင်ခေါင်းဆောင်တွေက ကျမ်းစာနဲ့ ကျောင်းတော် ခွဲခြားသွားမယ်၊ ဘာသာခြားတွေနဲ့ ပွင့်လင်းရင်းနှီးမှု တိုးမြှင့်မယ်ပြောတယ်။ ပြင်ပလေ့လာလိုသူများအတွက် ဗလီဝတ်ကျောင်း တံခါးတွေ ဖွင့်ပေးထားမယ် စသဖြင့်ပေါ့ဗျာ… ဝမ်းသာစရာ ကောင်းလှတယ်။ တခုထောက်ပြချင်တာ ကုရ်အာန်အသိပညာ ပြန့်ပွားရေးအဖွဲ့ ဥက္ကဌ ဦးစန်းအောင် မြွက်ကြားသွားတဲ့ စကား တခွန်းဖြစ်ပါတယ်.. “အမျိုးသားတယောက်သည် […]