yukiAugust 3, 20111min76531
ပြီးခဲ့တဲ့လ၂၃ရက်နေ့က တရုတ်နိုင်ငံဝမ်ကျိုးမြို ့ပြင်မှာ မြန်နှုန်းမြင့်ကျည်ဆန်ရထားတိုက်တဲ့သတင်းတော့ သိကြမယ်ထင်ပါတယ်။မိုးကြိုးပြစ်ခံရလို ့ ေ့ရှကသွားတဲ့ရထားက ရပ်နေတဲ့အချိန် နောက်ကရထားကဝင်တိုက်မိတဲ့အတွက် ရထားတွဲ ၂တွဲ တံတားပေါ်က ပြုတ်ကျခဲ့တယ်။ပထမပိုင်းတော့ မိုးကြိုးပြစ်တာကိုပဲ တရားခံလုပ်နေတဲ့ တရုတ်အစိုးရ နောက်ပိုင်းမှာတော့ ေ့ရှရထားရပ်နေတာတောင် မီးအနီမပြပဲ အစိမ်းသာပြနေတဲ့ system ချို့ယွင်းနေတာကို သိခဲ့တယ်။ပြီးတော့ ရထားတတွဲမှာတောင် လူပေါင်း၃၅ယောက်မကတာကို သေဆုံးသူကို ၃၅ယောက်ပဲရှိတယ်လို့ကြေငြာခဲ့တယ်။အဲဒီ၃၅ယောက်ဆိုတဲ့အရေအတွက်ကို တရုတ်အစိုးရက ၁၉၉၃ကနေ အခုထိဖြစ်ခဲ့တဲ့ မတော်မဆမှုတွေမှာသုံးခဲ့တဲ့ လူအရေအတွက်ပါ။ 死者35人ဆိုပြီးရှာရင် အထောက်အထားတွေ့ပါလိမ့်မယ်။အဆိုးရွားဆုံးလုပ်ရပ်ကတော့ တံတားပေါ်က အောက်ပြုတ်ကျတဲ့အတွဲကို အထဲကလူတွေကို ရှာဖွေကယ်ဆယ်တာမလုပ်ဘဲနဲ့ မြေကြီးထဲမြုပ်ပစ်လိုက်တာပါ။တန်းလန်းဖြစ်နေတဲ့အတွဲကိုတော့ ကရိန်းနဲ့ မပြီး ကားပေါ်တင်တာတွေ့လိုက်ရတယ်။တကယ်ဆို မသေဘဲဒဏ်ရာရနေတဲ့လူတွေလဲ ရှိနိုင်တာပဲလေ။တော်တော်လဲ ရက်စက်နိုင်တယ်။သေတဲ့လူတွေလဲ အလောင်းတောင်ပြန်မရဘူး။ဒါပေမယ့် သူတို့ အစိုးရကလဲ ပြည်သူတွေကို ထိန်းတတ်ပါတယ်။ပထမတော့ တရုတ်တွေလဲ ဆန္ဒပြကြတာပေါ့.။အဲဒါတရုတ်ငွေသောင်း၅ဝကို လျော်ကြေးပေးမယ်ကြေငြာတယ်။နောက်ပိုင်းတော့ ၉၆သောင်းပေးမယ်လို့ ပြင်လိုက်တယ်။ပထမပိုင်း […]


    ရွာသားတို. အတွက် အနည်းနဲ.အများတော. ဗဟုသုတ ရမယ်ထင်လို. ကူးယူပြီး တင်ပေးလိုက်တာပါ သိပြီးသား ရွာသားတွေရှိရင်လည်း တောင်းပန်ပါတယ် တစ်ချို.ကျန်သေးတယ် လိုင်းက ပုံတင်လို.မရတော.လို. ရသလောက်ပဲ တင်ပေးလိုက်တာပါ            အားလုံးကို ကျေးဇူးတင်ပါတယ်    I am going  to say about the………. Money          It can buy a house                 But not a home   It can buy a clock              But not time           It can buy you […]


Hard StrikeJuly 29, 20111min37610
၂၈.၇.၂၀၁၁ ရက်နေ  ့  ပြည်မြို  ့သို  ့ အလုပ်ကိစ္စ ဖြင့် ခရီးသွားစဉ် ထူးထူးဆန်းဆန်း မြင်ကွင်းမြင်တွေ  ့ခဲ့ရသဖြင့် စာဖတ်ပရိသတ်ကို တင်ပြလိုက်ပါသည်။ ပဲခူးတိုင်း ၊သဲကုန်း တာဆုံ မော်တော်ပီကယ် ရုံးအနီးတွင်  ကလေး တစ်ယောက် သည် ဝီစီ တစ်လုံး ကို မှုတ်ပြီး လိုင်းကား အငယ်များ နှင့် ထော်လာဂျီ များကို ပိုက်ဆံလမ်းကြေးကောက်ခံနေသည်ကို ထူးထူးဆန်းဆန်းတွေ  ့မြင်ခဲ့ရပါသည်။မော်တော်ပီကယ် ဘောက် အတွင်းတွင် မော်တော်ပီကယ် ဦးထုပ်အဖြူ တစ်လုံးသာ မြင်တွေ  ့ခဲ့ရပြီး လူမရှိပါ။ထို ကြောင့် ကလေးမော်တော်ပီကယ်(ယာဉ်ထိန်း) ရှိပါလားဟု စဉ်းစားရင်းတင်ပြလိုက်ရပါသည်။


ဘာသာတရားကျေးဇူး၊ အမိအဖ များကျေးဇူး၊ သင်ဆရာမြင်ဆရာ၊ကြားဆရာတို ့ကျေးဇူး.၊ လေးစားအတုယူအားကျရပါသောစိတ်ထားရှိသူတို ့ကို လူရယ်လို ့ဖြစ်လာတဲ ့ဘဝမှာ.တခါခွင့်ရယ်ကြုံ ရေဆန်ပြန်စီးခွင်ပြုပါ။ ။ ဆရာ ဖေမြင့် ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် အဖ ဦးအောင်ငြိမ်း၊ အမိ ဒေါ်ခင်သိန်း တို့မှ ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅-ရက်တွင် မွေးဖွားသည်။ သံတွဲမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် (၁) မှ တက္ကသိုလ် ဝင်တန်း အောင်မြင်သည်။ ၁၉၇၅ ခုနှစ်တွင် ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ အမ်ဘီဘီအက်စ်ဘွဲ့ ရသည်။ ဆေးကျောင်းသား ဘဝမှ စတင်၍ စာပေရေးသားခဲ့သည်။ ၁၉၇၇-ခုနှစ်မှ ၁၉၇၈-ခုနှစ်အတွင်း အထွေထွေကု ဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၈၈ ခုနှစ် အထိ ပြင်ပ […]


ဧဒင်ဥယျာဉ် အဟတ်ခံရခြင်း လား မင်္ဂလာပါခင်ဗျာ 25 .7 .2011 ညနေ 4း30 လောက်အချိန်မှစ၍ လူတဦးမှ ပင်မစာမျက်နှာကိုလာရောက်ပြီးစိတ်မချမ်းမြေ့စွာဖြင့် ယှက်ခဲ့ပါသည် ထိုအချိန်တွင် ဥယျဉ်မူးသည် လည်အရေးကြးီအလုပ်နှင့်အစည်းဝေးရှိနေသောကြောင့် မသိရှိလိုက်ပါသဖြင့် ခေတ္တခဏ သာ ပင်မစာမျက်နှာမှ Html ကုတ်များကို ဖျက်ဆီးနေပါတယ် ။ 26 . 7 .2011မနက်တနာရီတွင် ဥယျဉ်မူး မှသိရှိပြီး ပြန်လည် ပြင်ဆင်ပေးခဲ့ပြီး ဧဒင်မောင် နှမများအားလုံးသို ့SMS များ ယခု ့လို ပေးပို ့ခဲ့ပါသည် မင်္ဂလာပါ အဖွဲ့သားများ ဧဒင်ကို ကျွန်တော် ပြန်ပြင်နေပါပြီ စိတ်မပူပါနှင့် မည်သည့် အချက်လက်ကိုမျှ ကျွန်တော်ဖျက်ခွင့်မပြုထားပါ ။ဧဒင်ကို ကိုင်တွယ်သော ဥယျာဉ်မှူး အားလုံး မိမိ အကောင့်များကို […]


ETJuly 27, 20111min42615
တစ်နေ့ ကျနေ်ာ ရုံးက ကိစ္စနဲ့ တာမွေအဝိုင်းဘက်ကို ရောက်ပါတယ်……….ရောက်တော့ ခံတွင်းက ချဉ်လာလို့ ဆေးလိပ်သောက်မယ်ဆိုပြီး ဈေးဆိုင်ကိုသွားဝယ်တယ်… ပြီးတော့ ဆေးလိပ်ကို ..မီးညှိ ရှုရှိုက်နေတုန်း… မြင်ကွင်းတစ်ခု ကိုသွားတွေ့တယ်ဗျာ……… ဘေးနားမှာက စာအုပ်စာရွက်အဟောင်းဆိုင်လေးပေါ့…………အဲ့ဒီမှာ CV Formတွေအထပ်လိုက်ကြီးပါတကား။။။။။။။။။ ဘယ်အချိန်ကတည်းက လာရောင်းထားလည်းမသိဘူး………..ကျနော်ကလည်း ကျနော်ပဲလေ အငြိမ်မနေပဲ ပါးစပ် တရမ်းတော့တာပဲ ……..(အဲ…သွားပြီးအင်တာဗျူးလိုက်တာပေါ့) ဦးလေးရေ CV Form တွေကများလှချည်လားး …ဆိုပြီးတော့စကားစရှာလိုက်ရင်းနဲ့အကြောငိးစုံကိုသိလိုက်ရပါတယ်.. မြန်မာပြည်မှာ အလုပ်အကိုင် Agency တွေကတော်တော်များများရှိပါတယ်………. အောင်မြင်တဲ့ Agencyတွေလည်း ဒုနဲ့ဒေးပါပဲ… အဲ့ဒီမှာ အလုပ်သွားလျောက်တဲ့သူတွေကလည်းတစ်နေ့ကို ဒုနဲ့ဒေးပါပဲ… CV Form တစ်စုံဆိုရင် တော်တော်လေးကို ထူမယ်ထင်တယ်နော် ..စဉ်းစားကြည့်ကြပါဦး။။။ အပေါ်ဆုံးမှာ CV က တစ်ရွက် ကျောင်းထောက်ခံချက်၊ ပညာရေးမိတ္တူ.အခြားပညာရေးထောက်ခံချက်တွေ…ရဲစခန်းထောက်ခံချက် အစရှိသဖြင့်ပေါ့လေ. […]


ဒီနေ့ တနင်္လာနေ့မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။ နအဖဘက်က ဘာတွေပြောကြမှာလဲ၊ အရင်လိုပဲ ရူးချင်ယောင်ဆောင် နေအုံးမှာလား။ သေချာတာတခုကတော့ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်ကြည်သည် ဒေါ်စုနဲ့ ဆွေးနွေးဖက်တယောက် မဖြစ်နိုင်ပါဘူး။ ဟိုဖက်ဒီဖက် သတင်းစကားတွေကို သယ်ဆောင်ပေးသူ messenger သာဖြစ်ပါတယ်။ ဒါဆိုရင် ဒေါ်စုနဲ့ ဆွေးနွေးဖက် ဘယ်သူဖြစ်နိုင်မလဲ။ သမတ ဦးသိန်းစိန်လား၊ စစ်ဒုသမတ ဦးအောင်မြင့်ဦးလား၊ လွှတ်တော်ဥက္ကဌ ဦးရွှေမန်းလား၊ ကာချုပ်ဗိုလ်မင်းအောင်လှိုင် ဒါမှမဟုတ် ဗိုလ်ချုပ်မောင်အေးလား။ တယောက်မှာ မဟုတ်ပါဘူး၊ သူတို့အားလုံးသည် လားသာသာအဆင့်ပဲ ရှိတာပါ။ တကယ်တမ်း အဓိပ္ပါယ်ရှိလေးနက်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်နိုင်သူက ချုပ်မှူးကြီး ကလွဲရင် အခြား ဘယ်သူမှ မဖြစ်နိုင်ပါဘူး။ ဒေါ်စုနဲ့ချုပ်မှူးကြီးတို့ အရင်ကလည်း တကြိမ်ထက်မနဲ […]


ဒီအကြောင်းလေးကို ရေးပြီး ရွာထဲ တင်လိုက်အုံးမယ်ဆိုပြီး စိတ်ကူးနေတာတော. ကြာပြီ သိတဲ.အတိုင်း လိုင်းသိပ်မကောင်းတာနဲ. အင်တာနက်ဆိုင်လည်းသိပ်မရောက်ဖြစ်ဘူး ရောက်တော.လည်း သတင်းလေးတွေလောက်ပဲ ကြည်.ပြီးပြန်လာတာကများတယ် အခုတော. မရေးတာကြာနေတဲ.အတွက် လိုင်းနှေးတာတောင် သည်းခံစောင်.ပြီး တင်းပေးလိုက်တာပါ ကျွန်တော် ဆယ်တန်းနှစ်က အဖြစ်အပျက်လေးပါ သိပ်တော.မကြာသေးပါဘူး ကျွန်တော်ဆယ်တန်းကျောင်းသားဘဝ 2007-2008 ကပေါ. ကျွန်တော်နေတာက သုဝဏ္ဏက ပေါ်ဆန်းလမ်းမပေါ်မှာရှိတဲ. မဟာသုဝဏ္ဏကျောင်းတိုက်မှာပါ ကျွန်တော်တို. စာသင်ကျောင်းကိုသွားရင် လမ်းမှာ အမြဲတွေ.နေရတဲ. အမှိုက်ပုံကြီးနားမှာ အမြဲတမ်း သန်.ရှင်းရေး လုပ်နေတဲ. စည်ပင်ဝန်ထမ်းတွေပေါ.ဗျာ သူတို.ထဲမှာ စည်ပင်ဝန်ထမ်းမဟုတ်ဘဲ အမှိုုက်တွေလိုက်ကောက် ပြန်ရောင်းလို.ရတာလေးတွေကို ပြန်ရောင်းပြီး ဝင်ငွေရှာတဲ.သူတွေလည်းပါတယ်ဗျ ဝန်ထမ်းမဟုတ်တဲ.အထဲမှာ 16 နှစ်လောက်ရှိတဲ. ခပ်ချောချောကောင်မလေး တစ်ယောက်လည်းပါတယ် ကျွန်တော်တို.နဲ. အဲဒီတုန်းက အရွယ်တူလောက်ပေါ.ဗျာ ဘဝပေးအခြေအနေ ကြောင်.သာ ကျွန်တော်တို.လို အရွယ်မှာ […]


kokothandarJuly 20, 20111min176
အနေအစားမှန်ခြင်း။ကျန်းမာရေးလိုက်စားခြငိး။ဒေါသမောဟဗျာပါးနည်းခြင်း။တို့နဲ့တင်မပြီးသေးပါဘူး ဘဝတဏှာကိုမလျော့စေဘဲဆန့်ကျင်ဘက်လိင်ရဲ့အလှအပကို (လက်သရမ်းခြငိးပါးစပ်ရမ်းခြင်းမပါ) စိတ်ကြည်နုးစွာခံစားခြင်း။ မိမိကိုယ်တိုင်လည်းသတ်ယပ်စွာနဲ့ပျော်ရွင်အောင် နေတတ်ခြင်းလဲပါပါတယ်….အသက်ကိုပြန်မရေတွက်ပါနဲ့စိတ်တွေလျော့မပြစ်ပါနဲ့ မသေချာတဲ့နောင်ဘဝက်ုလဲကြိုမကြောက်ပါနဲ့  သေခြငိးကိုကြိုမကြောက်ပါနဲ့ သေချာတဲ့ ဒီဘဝမှာတန်အောင်နေပါ……


နတ်ဆိုတာ..။။ ကနားစီးမောင်မောင်သိုက်………. နာမည်ကိုဒဲကြီးပဲ ထည့်လိုက်တယ်ဗျာ  ဒီလူကြီးရှိနေသေးတယ် မသေးသေးဘူးဆိုရင်ခွင့်လွတ်ပါ။ ဒီလူက ကျွန်တော့် အဖေနဲခင်ပါတယ် သူအလုပ်ကနတ်ကတော် အလုပ် အသားညိုညို မျက်နှာသွယ်သွယ် လူပုံချောဗျ  နတ်ကတော်သာပြောတာ အခြောက်မဟုတ်ဘူးနော် သူအောက်မှာ လိုက်ပြီး သူနဲ့အတူ အလုပ်လုပ်နေကြတဲ့သူတွေကသာ အခြောက်တွေ သူမှာဆို ဆွဲကြိုးကြီးက သုံးကျပ်းသားလောက်ကြီးဆွဲလက်စွပ်ကြီးကလည်းပြူးနေတာပဲ ပိုက်ဆံတော့တော်တော်ရှိတယ်ဗျ အဲဒီခေတ်အချိန်ခါတုန်းက ရန်ကုန်မြို့အပါအဝင် နယ်မြို့တွေမှာ နတ်ပွဲ ကနားပွဲ ပေးတာတော်တော်ခေတ်စားတာကလား ကျွန်တော်တို့ဆို နတ်ကနားပွဲတွေ ရပ်ကွက်ထဲ များလွန်းလို့ ဟိုဘက်ပွဲဒီဘက်ပွဲ ကူးချည်သန်းချည် ပြောင်းကြည်ရတယ် ဟိုဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် ကိုကြီးကျော် ဝင်တယ်ဆိုပြီး ခလေးပီပီ ဟိုဘက်ပြေးကြည့် ဒီဘက်က နတ်ဆိုင်းသံ ခပ်ကြမ်းကြမ်းကြားရင် အမေဂျမ်း ဝင်နေတယ်ဆိုပြီး ဒီဘက်ပြန်ပြေးနဲ့ပေါ့ အဲဒီအချိန်တုန်းက နတ်ကိုးကွယ်မှု တော်တော်လေး ခေတ်စားတာလား […]


Good IdeaJuly 18, 20112min33811
ILBC နှင့် အမေ့အိမ် ( မ/ဥက္ကလာ  ) လူကြီးမင်းများ ခင်ဗျား….. သင်တို ့၏ သားသမီးများ ILBC, TOTAL, MIS ကဲ့သို့ Int’l School များတွင် Air con ခန်းများ၌ အေးချမ်းစွာ ပညာ သင်ကြားနေကြသကဲ့သို့ ကျနော်တို့၏ သားသမီးများလည်း အမေ့အိမ်ကဲ့သို့ အခမဲ့ ပညာဒါန ကျောင်းလေးများတွင် အေးချမ်းစွာ ပညာသင်ကြားခွင့်ပြုပါ။ ကျနော်တို့၏ သားသမီးများသည် S’pore, Austria ကဲ့သို့ ပြည်ပနိူင်ငံတွင်လည်းသွားရောက်ပညာ မသင်ကြားနိုင်ပါ။ ILBC, TOTAL, MIS ကဲ့သို့ ပြည်တွင်းရှိ Int’l School များတွင်လည်း တက်ရောက်ပညာမသင်ကြား နိုင်ကြပါ။ နောက်ဆုံး မိမိတို့ မြို့နယ်အတွင်းရှိ နာမည်ကြီး အစိုးရကျောင်းသို့ပင် အပ်နှံရန် […]

Bogyoke_on_horse.jpg

ဇူလိုင်လ (၁၉) ရက်နေ့သည် ကျနော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အမျိုးသား ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ၆၄နှစ်မြောက် နှစ်ပတ်လည် အာဇာနည်နေ့ ဖြစ်ပါတယ်။ သတင်းများအရ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်ပါမယ်။ ဒီသတင်းသာ အတည်ဖြစ်ခဲ့ရင် ၉နှစ် အတွင်း ဒေါ်စုအနေနဲ့ ပထမဆုံး လူကိုယ်တိုင် အာဇာနည်နေ့ အခမ်းအနားကို တက်ရောက်မှာလို့ ဆိုပါတယ်။ ဒေါ်စုအနေနဲ့ စစ်အစိုးရ ကျင်းပတဲ့ အာဇာနည်နေ့အခမ်းအနားကို ဘယ်လိုပုံစံနဲ့ တက်ရောက်သင့်သလဲဆိုတာ အကြံပြုချင်ပါတယ်။ သိကြတဲ့အတိုင်း တိုင်းပြည်အနေအထားသည် လွန်ခဲ့တဲ့ ၉နှစ်ကနဲ့ မတူတော့ပါဘူး။ စစ်အစိုးရက ရွေးဂေါက်ပွဲအတုနဲ့ ဘောင်းဘီချွတ်လိုက်တယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို အသဲအသန် လိုနေတယ်။ အာဆီယံမှာ ဥက္ကဌရာထူးရဖို့ လုံးပန်းနေတာ သိသာတဲ့ […]


etoneJuly 16, 20111min30312
ရုံးပိတ်ရက်က ပျင်းပျင်းနဲ့ …. အိမ်မှာရှိတဲ့ ဂျာနယ်တွေ လှန်လှောရှာတော့ … ဖတ်လိုက်ရတဲ့ သတင်း ခေါင်းစဉ်က စိတ်ဝင်စားမှူကောင်းလှပါတယ် … ။ အိမ်တစ်အိမ်ကို ဖောက်ထွင်းဝင်ရောက် ခိုးယူတာနဲ့ပဲ … ထောင် ဒဏ် ၂၅ နှစ်ကျခံခဲ့ရတယ်ဆိုပါလား … ဒါနဲ့ …သတင်းအပြည့်စုံကို အောက်ကစာမှာ ဆက်ဖတ်တော့ … အောက်မှာ ရေးထားတာ ထောင်ဒဏ် ၂ နှစ်ပါတဲ့ … ။ တကယ်ပဲ ကျခံခဲ့တဲ့ ထောင်ဒဏ် ၂ နှစ်လား ၂၅ နှစ်လား မသိပေမဲ့ …  လူအများကြားထဲ အခကြေးငွေနဲ့ ဖြန့်ချီတဲ့ စာဆောင်မှာ သတင်းအမှန်လေးတော့ဖြစ်သင့်တာပေါ့ ရှင် … ။ တိုက်ပင် အယ်ယာဖြစ်မှန်း သိပေမဲ့ … […]