mgwaloneJuly 16, 20121min2977
ကိုယ်တိုင်လည်း စိတ်ကူးရှိတာရယ်၊ မန ္တလေးအလှပို့စ်မှာ ရန်ကင်းတောင်အလှကို ခံစားလိုပါတယ်ဆိုတဲ့ comment ရယ်ကြောင့် ဒီပို့စ်လေးကို တင်လိုက်ပါတယ်။ အဲ ပုံတွေသေးနေတာကိုလည်း ထပ်ကြိုးစားကြည့်တာလည်း ပါပါတယ်။ အောင်ပင်လယ်ဆိုတာ မန ္တလေးရဲ ့ အရှေ ့ဖက် မှာ ရှိပါတယ် ။ ရန်ကင်းတောင်ကို တော့ အဝေးမြင်ကွင်းတွေပဲ ပါတဲ့အတွက် တောင်းပန်ပါတယ်။ မန ္တလေးရဲ ့ ဖုန်ထူ၊ ကားရှုပ်၊ ဆိုင်ကယ်ရှုပ်နေတာတွေကနေ ဘယလိုမှ မတူတဲ့ ခံစားချက်ကို ပေးနိုင်တဲ့ နေရာပါ။ ရာသီအလိုက် စိမ်းစိုတဲ့ မြင်ကွင်း၊ လှပတဲ့ ကောင်းကင်၊ ပျိုးခင်း၊ စပါးခင်းတွေကို ဖြတ်တိုက်လာတဲ့ လေကို ရှူနိုင်တဲ့ နေရာပါ။ ဒါပေမဲ့ ဘယ်လောက်အထိ ဒီနေရာတွေ ရှိနေဦးမှာလဲ။ ကနောင်မင်းသားကြီးတို့ […]


AKKOJuly 2, 20122min79648
နေ့စဉ်နဲ့ အမျှလမ်းမကြီးတွေပေါ်          ဖြတ်သန်းသွားလာရင်း စဉ်းစားမိလာတာက လမ်းမကြီးတွေခဏခဏ ပျက်ဆီးခြင်း ၊ ပေါက်ပြဲခြင်း အကြောင်းပါပဲ ။ လမ်းမကြီးတွေကိုကြည့်ရင်း ကျွန်တော်တို့ စိတ်ဓါတ်တွေနဲ့ ဥပမာပေး ခိုင်းနှိုင်းကြည့်မိတယ် ။ လောကဓံနဲ့ကြုံလာလျှင် ကျွန်တော်တို့ စိတ်ဓါတ်တွေက ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို၊ မကြံ့ခံနိုင်လို့ အရှုံးပေးခဲ့ရတာတွေလည်း ရှိတယ် ။မကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေကို ကြံ့ခိုင်အောင် ၊ ကြံ့ခိုင်နေတဲ့ စိတ်ဓါတ်တွေကို တည်မြဲအောင် ၊တည်မြဲနေပြီးသား စိတ်ဓါတ်တွေကို မလျော့ပါးအောင် ကြိုးစားရမှာ ကျွန်တော်တို့ လူသားတွေရဲ့ တာဝန်ပါပဲလေ။ ရန်ကုန်မြို့ထဲက လမ်းတွေလည်း ဒီအတိုင်းပါပဲ ရာသီဥတုဒဏ်ခံနိုင် ၊ အကြမ်းခံနိုင်တဲ့ လမ်းတွေရှိသလို ၊ ဒဏ်မခံနိုင်၊ပျက်ဆီးယိုယွင်းလွယ်တဲ့ လမ်းတွေလည်း ဒုနဲ့ဒေးပါပဲ။ မိုးတွင်းရောက်လို ့မိုးလေးရက်ဆက်ရွာလာတော့ လမ်းတွေလည်း ဒဏ်ခံနိုင်တဲ့လမ်းကနည်းနည်း၊ ဒဏ်မခံနိုင်လို့ပေါက်ပြဲကုန်တဲ့လမ်းတွေကတော့ ချိုင့်ခွက်တွေ ဗရပွနဲ့ပေါ့ […]


mgwaloneJune 29, 20121min2375
ကျွန်တော်တို့ နိုင်ငံမှာ ချစ်စရာတွေ အများကြီး ရှိပါတယ်။ နိုင်ငံသားတိုင်းက ချစ်ခင် မြတ်နိုး တန်ဖိုးထားရမယ့် အရာတွေ အများကြီးပါ။ ရှေးနှစ်ပေါင်းများစွာကတည်းက ရှိနေခဲ့တဲ့ သမိုင်းအမွေ အနှစ်တွေ၊ သဘာဝအလှအပတွေနဲ့ သယံဇာတတွေဟာ တန်းဖိုးမဖြတ်နိုင်သလို အင်မတန်လည်း ပေါးများပါတယ်။ ပေါများသလာက်လည်း ကျွန်တော်တို့ နိုင်ငံနဲ့ နိုင်ငံသားတွေကို အများကြီး အကျိုးပြုနေတာ လူတိုင်းအသိပါပဲ။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားတိုင်းက ဒီအဖိုးမဖြတ်နိုင်တဲ့ အမွေအနှစ်တွေကို ချစ်ခင်မြတ်နိုး တန်းဖိုးထားရမယ်၊ ထိမ်းသိမ်းစောင့်ရှောက်ရပါမယ်။ ဒါမှလည်း တကယ် ချစ်ရာ ရောက်ပါမယ်။ ဒါပေမဲ့ မေးစရာရှိနေပါတယ်။ ကျွန်တော်တို့တတွေ တကယ် ချစ်ပါသလား။ မှန်ကန်နဲ့ နည်းလမ်းနဲ့ ချစ်နေတာကော ဟုတ်ပါရဲ ့လား။ လွန်ခဲ့တဲ့ ဇန်နဝါရီလက ဧရာဝတီမြစ်ထဲမှာ ခရီးသွားခဲ့ပါတယ်။ အားလုံး သိတဲ့အတိုင်း […]


we R oneJune 26, 20121min2397
လူငယ်များဖြင့် စုဖွဲ့ထားသည့် Myanmar Youths In Action (MYIA) အဖွဲ့သည် သုဝဏ္ဏဘောလုံးကွင်း အတွင်း အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရန် အတွက် အမှိုက်ပုံးများ ထားရှိခဲ့ကာ ကွင်းအတွင်း သန့်ရှင်းရေး အတွက် ကူညီ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ “ကျွန်မတို့ အဖွဲ့ကို ဘောလုံး ဝါသနာရှင် နှစ်ဦးက အလှူငွေတွေ ပေးအပ်ခဲ့တဲ့ အတွက် အခုလို ဘောလုံး ကွင်းထဲမှာ အမှိုက်ပုံး အတွဲပေါင်း ၁၅တွဲချထား နိုင်ခဲ့ပါတယ်။ အခုပြိုင်ပွဲမှာမှ စတင် ချထားတာ ဖြစ်တဲ့အတွက် အပြည့်အဝ ထိရောက်မယ် လို့တော့ တပ်အပ် မပြောနိုင် သေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေ အနေနဲ့ အမှိုက်ပုံးတွေ ထဲကို စနစ်တကျ အမှိုက်တွေ […]


ငှက်ချီးနဲ့တူတဲ့ ပင့်ကူ တိရစ္ဆာန်တွေထဲမှာတော့ ပုံအပျက်ဆုံး ပင့်ကူလို့ ဆိုနိုင်ပါတယ်။ သူ့တစ်ကိုယ်လုံးကို အရည်စက်တွေ၊ ကြွက်နို့ပုံစံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဒါကြောင့် သူ့ပုံစံဟာ ကြည့်လိုက်ရင် ငှက်ချီးနဲ့ တူနေပါတယ်။ ပင့်ကူတစ်ကောင်လို့ ထင်စရာတောင် မရှိပါဘူး။ ဒီပင့်ကူတွေက တစ်ခါတစ်ရံမှာ အဖြူရောင် ပိုးမျည်တွေကို ထုတ်လုပ်ပြီး အဲ့ဒီ အဖြူရောင် ပိုးမျည်ပေါ်မှာ နေထိုင်လေ့ ရှိပါတယ်။ အဖြူရောင်ပေါ်မှာ မည်းမည်းလေးဆိုတော့ ငှက်တွေ သစ်ရွက်ပေါ်ကို ပါသွားတဲ့ ချီးတုုံးလေးနဲ့ ပိုတူသွားပါတယ်။ ဒီလို ပင့်ကူမျိုးတွေကို အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီရှားကနေ ဂျပန်အထိ တွေ့ရလေ့ရှိတယ်လို့ ဆိုပါတယ်။ တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူ တုတ်ချောင်းနဲ့တူတဲ့ ပင့်ကူဆိုတာက ကျနော် ပေးထားတဲ့ နာမည်ပါ။ ကြည့်ပါလား။ ပင့်ကူက ပင့်ကူလိုမှ မဟုတ်ဘဲနဲ့။ ဒီပင့်ကူတွေကိုတော့ Australia […]


ကို သာJune 25, 20121min25311
  လမ်းညွှန်ဆိုင်းဘုတ်ဆိုတာဘယ်မှာမဆိုရှိပါတယ်။နိုင်ငံတကာမှာရော မြန်မာနိုင်ငံမှာပါ၊ တောရောြမြိိုု.ပါရှိကြပါတယ်။ လမ်းညွှန်တယ်ဆိုကတည်းက လမ်းမှားရောက်မှာစိုးလို.ပါ။ လမ်းညွှန်တာမှားယင်တော.လမ်းမှားရောက်တော.မှာပေါ.။ ဇဝေဇဝါဖြစ်အောင် ညွှန်ယင် သွားရတာဇဝေဇဝါဖြစ်နေမှာပါ။ မြန်မာနိုင်ငံ ရန်ကုန်မြိိုု.ကြီးက ဇဝေဇဝါ လမ်းညွှန်ဆိုင်းဘုတ် အချိုု.ကြောင်. စိတ်မချမ်းမသာဖြစ်မိလို.ပါ။သာမာန်လူတွေရဲ. လမ်းညွှန်ဆိုင်းဘုတ်မဟုတ်ပါ။မြို.တော်စည်ပင်ကလုပ်ထားတဲ. လမ်းညွှန်ဆိုင်းဘုတ် အချိုု.ပါ။   ပုံပါ လမ်းညွှန်ဆိုင်းဘုတ်ကိုကြည်.ပါ။ ဇဝေဇဝါဖြစ်သွားသလား။ ပြည်လမ်းအတိုင်းရန်ကုန်ကိုဝင်လာလို. စော်ဘွားကြီးကုန်းလမ်းဆုံရောက်ပြီးဘယ်ဖက်ကိုသွားယင်ပြည်လမ်း၊ညာဖက်ကိုသွားယင် လမ်းသစ်လမ်းပါ။ ဘယ်ဘက်ကမျှားထိပ်မှာ ပြည်လမ်း၊ ညာဘက်ကမျှားထိပ်မှာ လမ်းသစ်လမ်းဆို ပိုရှင်းမလားလို.။ တပ်ဆင်ပြီးတာနဲ.ပြန်မစစ်မိလို.ထင်ပါရဲ.။ ဒါမျိုး ဆိုင်းဘုတ်တွေ တော်တော်များများရှိပါတယ်။ ပြန်စစ်ကြည်.စေချင်ပါတယ်။ တော်နေကြာ လမ်းမှားရောက်သွားမှဖြင်.။


we R oneJune 23, 20121min3978
လူတွေနေထိုင်တဲ့ ကမာ္ဘကြီးကို လူတွေက ဖျက်ဆီးဖို့ ကြိုးစားနေကြတာလား………..? တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်လို့ တစ်ဖုံ ဒုက္ခမျိုးစုံခဲ့ရပြီ ! ။ လူသားတွေရဲ့ ကိုယ်ကျင့်တရား တဖြည်းဖြည်းနဲ့ တိုက်စား စာရိတ္တတွေပျက်ပြားလို့ ဖြစ်ပွားလာတာစစ်ပွဲတွေ!!……. မရပ်မနားပဲ ခရီးနှင်နေတဲ့ သိပ္ပံပညာတီထွင်မှုတွေ အကောင်းတွေရှိသလို ဆိုးကျိုးတွေလဲ ကြုံနေရပြီ ! ။ “CO2″ တဲ့ ! လူတွေကို ချက်ချင်းမရူးစေနိုင်ပေမဲ့ ကမာ္ဘကြီးပျက်စီးဖို့ တစ်နေရာကသူပါတယ်…………။ မြောက်ဝင်ရိုးစွန်းက ရေခဲတွေအရည်ပျော်တဲ့ အခါ ကျွန်းနိုင်ငံတွေ ဘယ်လိုနေမှာလဲ….? Polar ဝက်ဝံလေးတွေရော ဘယ်သွားကြမှာလဲ……….? လူတိုင်းဟာ တစ်နေ့မှာ သေကြရမှာပေမဲ့ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတာမို့ 1997 ” တိုကျို မှ သည် 2009 ” ကိုဖေဟေဂင် ” အထိ ဘယ်လောက်များ […]


panpanJune 7, 20121min50726
တစ်နေ့ညနေ ကြည့်ပေါက်တို့ အိမ်ရှေ့မှာထိုင်နေတုန်း ရပ်ကွက်ထဲက ဆွမ်းလှူအသင်းအဖွဲ့တွေ လာအလှူခံတယ်။ ခုနောက်ပိုင်း အလှူခံထွက်ရာမှာ ယောက်ျားလေးတွေချည်း ထွက်ကြတာများတယ်။ သီချင်းတွေဖွင့်၊ မိုက်နဲ့အော်တွေ မလုပ်တော့ဘူး။ ငွေလည်းကုန်၊ ကရိကထလည်းများတယ်။ ဆိုတော့ လူငယ်ဆွမ်းလောင်းအသင်းဆိုတဲ့ပုံစံနဲ့ လူငယ်လေးတွေပဲလုပ်လာကြတယ်။ ကောင်းပါတယ်။ “အလှူခံပါတယ်ခင်ဗျာ။ ကျွန်တော်များ —-လူငယ်ဆွမ်းလောင်းအသင်းမှ မြတ်စွာဘုရားအမှူးရှိသော သဗ္ဘုတိသံဃာတော်အသျှင်သူမြတ်များအား အရုဏ်ဆွမ်းလောင်းလှူမည်ဖြစ်ပါသဖြင့် မိမိတို့သဒ္ဓါတရားရှိသရွေ့ နည်းများမဆို ကုသိုလ်ပါဝင်တော်မူကြပါခင်ဗျား။ ဤသို့လောင်းလှူရသောအကျိုးအားကြောင့် သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ ဩတ္တပ အစရှိသော သူတော်ကောင်းတရားရပါးနှင့်ပြည့်စုံကြပြီးလျှင် ရွှေပြည်နိဗ္ဗာန်သို့ တက်လှမ်းတော်မူနိုင်ကြပါစေခင်ဗျား။ အလှူခံပါတယ်ခင်ဗျာ။” ဆိုပြီးသံပြိုင်အော်ကြတယ်။ ဒီလိုအလှူခံရင်း အိမ်တစ်အိမ်ကကောင်မလေးတစ်ယောက်ထွက်လှူတယ်။ ကြည့်ပေါက်လည်း စပ်စပ်စုစုလှမ်းကြည့်လိုက်တယ်။ သူကငွေလှူတာကို လက်ထဲကငွေကို အရင်မလှူသေးဘူး။ ကိုင်ထားတုန်း။ အလှူခံဖလားထဲကြည့်တယ်။ ပြီးတော့ ဇွက်ဆိုဖလားထဲလက်နှိုက်မွှေတယ်။အကြွေရှာတာနေမှာပေ့ါ။ ငွေလှူရင်းအကြွေလဲတာ။ အဲဒီဖလားကိုင်ထားတဲ့ကောင်လေးမှာ […]


KyaemonMay 27, 20125min1690
အိန်ဒိယ ရေကာတာ ဆည်များ အကြောင်းတစေ့တစောင်း လေ့လာရအောင်၊ လွတ်လပ်ရေး ရစဉ်ခါက ၁၉၄ရ ခုနှစ် မှာ ရေကာတာ အရွယ်ကြီး လုံးရေ က ၃၀ဝ သာရှိပြီး၊ ၂၀၀ဝ ခုနှစ်ကြတော့ ၄၀၀ဝ ကျော် ဖြစ် လာတာ၊ ထက်ဝက် ကျော် က ၁၉၇၁ နဲ့ ၁၉၈၉ အကြား ကဆောက်တည်တာ၊ (တနည်းဆိုသော်၊  နှစ် ၂၀ဝ လောက် အုပ်ချုပ်ခဲ့တဲ့  နယ်ချဲ့အင်ဂလိပ် က သိပ်လုပ်မပေး ပါ၊ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတာ၊) ကမ်ဘာ့ရေကာတာ ဦးရေ အများဆုံး ဆောက်လုပ်တဲ့နေရာမှာ ယူအက်စ် နဲ့တရုပ်နိုင်ငံ တို့ပြီး ရင်၊အိန်ဒိယ က တတိယ အဆင့် လိုက် တာ၊ အချို့ရေကာတာ က […]


Green RoseMay 25, 20121min67970
စာရေးမယ်ရေးမယ်နဲ့ အကြောင်းအရာတွေက ခံစားလိုက်ပျောက်သွားလိုက်ဖြစ်နေတာ။ တစ်ခုခုကို တွေ့မြင်လိုက်ရတဲ့ အချိန်မှာ ဖြတ်ကနဲပေါ်လာတဲ့ အတွေးလေး တစ်ခုကို စာအဖြစ်ပြန်ရေးပြဖို့ တော်တော်မလွယ် တာပါ။ တွေးမိတဲ့အချိန်က လမ်းပေါ်မှာ သွားလာနေရင်းမျိုး ဖြစ်ဖြစ်နေတာများတယ်။ နောက် အားသွားတဲ့အချိန် ကျပြန်တော့လည်း ခံစားချက်က ပေါ့သွားသလိုဖြစ်နေတော့ မရေးဖြစ်ပြန်ဘူး။ စာရေးနိုင်တဲ့သူတွေကို တကယ်အားကျတယ်။ အကြောင်းအရာ တော်တော်များများကို ခဏခဏ ပြန်မခံစားမိပေမယ့် အခုရေးမယ့် အကြောင်းအရာ ကတော့ နှစ်ရှည်လများ ရင်ထဲမှာ တစိုက်မတ်မတ် ခံစားလာမိ နေတာလေးတွေ ဖြစ်နေတယ်။ လမ်းပေါ်မှာတွေ့နေရတဲ့ အရွယ်စုံ ပုံစံစုံ တောင်းရမ်းစားသောက်နေသူတွေပါ။ Green Rose က အရင်တုန်းက တောင်းစားတဲ့သူကိုဆိုရင် သနားဖို့ပဲသိတာ။ တခြား ရှည်ရှည်ဝေးဝေး ဘာမှ မတွေးမိခဲ့ပါဘူး ။ ငယ်ငယ်တုန်းက စိတ်ကူးယဉ်မိခဲ့တာလေးက လမ်းဘေးမှာတောင်းစားနေတဲ့သူတွေအကုန်လုံးကို […]


ေမွာ္ဆရာMay 23, 20121min67171
[polldaddy poll=6252839] အင်တာနက်ခေတ်ကြီးထဲမှာ မီဒီယာတွေတွင်ကျယ်လာတာတော့ အားလုံးအသိပါ … ။ ပုံနှိပ်ထုတ်ဝေဖို့ ဖြန်ချီဖို့ မလွယ်ပေမယ့် အင်တာနက်မှာ တက်ရောက်ရေးသား ဖြန်ချီဖို့က လွယ်ကူမြန်ဆန်နေတယ်..။အင်တာနက် သုံးတဲ့သူတွေကို နှစ်မျိုးနှစ်စားခွဲလို့ရပါတယ်..။ ပထမတစ်ခုက ရေးသားသူ ၊ နောက်တစ်ခုက ဖတ်ရှုသူ..(ချက်တင်ကြီးပဲ ထိုင်ချက်နေသူတွေတော့ သီးခြားထားပေါ့နော…)။ ပြေလည်နေရင်တော့ ဘာမှ ကိစ္စမရှိပါဘူး..။ ကျွန်တော်က အင်တာနက်ဆိုင်လေး ဖွင့်ထားတော့ အင်တာနက်သုံးစွဲသူ အများစုနဲ့ ထိတွေ့ဆက်ဆံနေရပါတယ်…။အဲဒီမှာ တစ်ခုတွေ့နေရတာက အင်တာနက်မှာ ရေးထားတယ်ဆိုလို့ရှိရင် မျက်စိမှိတ်ယုံတတ်သူ များပြားနေတယ်ဆိုတဲ့ အချက်ပါပဲ …။အပြင်လောက ထိတွေ့ဆက်ဆံရာမှာတောင် သူတစ်ပါးပြောတာကို ချင့်ချိန်ယုံရပါတယ်…။ဘယ်သူမှန်း ဘယ်ဝါမှန်း မသိတဲ့သူတစ်ယောက် အင်တာနက်ပေါ်မှာ ကိုယ်လိုရာဆွဲပြီးရေးသားထားတဲ့ အပြုအမူမျိုးကိုတော့ ရေးတိုင်းယုံသင့်မယုံသင့် စဉ်းစားစေချင်တယ် …။ ဒီတော့ ဒီဂေဇက်ဝက်ဆိုက်ကြီးကို လွှတ်တော် အစည်းအဝေးခန်းမကြီးလို့ သဘောထားလိုက်ပါ…။ဂေဇက်မန်ဘာများအနေဖြင့်လဲ […]


etoneMay 21, 20121min50525
အလုပ်ကိုင် အခွင့်လမ်းရရှိနိုင်ခြေ နည်းလို့လား ၊ လက်ကြောမတင်းတဲ့ လူတွေများလို့လား ၊ သတ်သတ်မှတ်မှတ် အလုပ်မလုပ်ချင်ပဲ အလုပ်ခုန်ချင်သူတွေ များလို့ပဲလားမသိဘူး … အလုပ်လက်မဲ့တွေ များသည်ထက်များလာတယ် …. ။ အလုပ်လက်မဲ့များလာတာက ပြသနာမဟုတ်ပေမယ့် စားဝတ်နေရေး ၊ ဘဝရပ်တည်ရေးအတွက် ဝင်ငွေရှိမှု မရှိမှုဆိုတာ ပြသနာ တစ်ခုလို ဖြစ်လာတယ် ။ ဒီတော့လည်း…  ပိုက်ဆံရဖို့ အရေး တွေးပူရပြန်ပြီပေါ့ ။ ပိုက်ဆံရဖို့ ဆိုလျှင် တစ်ချို့ကတော့ သမ္မာအာဇီဝပဲ ရှာစားမယ်လို့ ခံယူထားကြပေမယ့် တစ်ချို့ကတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာအရေးက ပိုအရေးကြီးတယ် မသမ္မာတာလည်း … စားသင့်လျှင်စားမှာပဲ ၊ လျှင်သူစားဆိုပြီး ဖျံကျ ရှာစားချင်သူတွေကလည်း ရှိနေပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကျွန်မကတော့ ကိုယ့်ဝမ်းထဲ […]