manawphyulayNovember 25, 20101min1770
Speaker : Daw Khaing Khaing Tin (British Council Teaching Centre) Date : Friday 26 November 2010 Time : 5:00 to 6:00 p.m. Venue : British Council Library Registration : register online or at the library desk သင်နိုင်ငံခြားသို့ပြောင်းရွှေ့ရန်စီစဉ်နေပါသလား။ သင်နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားရန် စီစဉ်နေပါသလား။ တက္ကသိုလ် ကောလိပ်များ ရဲ့ ဝင်ခွင့်လိုအဎ်ချက် နဲ့ ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ချက်တွေ ပြည့်မှီဖို့ IELTS (International English Language Testing System) က […]


asiamastersNovember 21, 20101min2453
Asia Masters ဆိုတဲ့ နေရာမှာ Asia ဆိုတာက အာရှတိုက်ကို ဆိုလိုပါတယ်။ တိုက်ဆိုတာကနိုင်ငံအများပါဝင် ဖွဲ့စည်းထားတဲ့ ကုန်းမြေ ဖြစ် တာနဲ့အညီ အာရှတိုက်ဆိုတာက အနောက်ဖက်ကျဆုံး Turkey မှ သည် အရှေ့ဘက်ဆုံ ဂျပန်အထိ ကျယ်ပြောစွာတည်ရှိပါတယ်။အာရှ တိုက်ဆိုတာက လူသားတွေရဲ့ သမိုင်းမှာအလွန်ထူးခြားတဲ့နေရာတစ်ခုဖြစ်တယ်လို့ ပြောရမှာဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ ကမ္ဘာပေါ်မှာ လူသားတွေအများဆုံးကိုးကွယ်တဲ့ ဘာသာရေးတွေဖြစ်တဲ့ ဟိန္ဒူဘာသာ၊ Buddhism၊ ဂျူးဘာသာ၊ ခရစ်ယာန်ဘာသာ နဲ့မူဆလင် ဘာသာ အားလုံးကိုထူတောင်သူတွေဟာ အာရှတိုက်မှဖြစ်ပါတယ်။ အာရှတိုက်ကလွဲလို့ တခြားတိုက်တွေမှာ ပေါ်တဲ့ကြီးမားတဲ့ ဘာသာရေး ဆိုတာ များစွာမရှိပါဘူး။ ဒါပေမဲ့လည်း နှစ်ပေါင်း (၅၀၀၀) လောက်ကတည်းက အလွန်ကြီးမားခဲ့တဲ့ ယဉ်ကျေးမှုတွေရှင်သန်ခဲ့တဲ့ အာရှတိုက်ကြီးဟာ ၁၉ ရာစုနှစ်မှာ စက်မှုနည်းပညာအလွန်တိုးတက်ဖွဲ့ဖြိုးလာခဲ့တဲ့ ဥရောပနိုင်ငံများရဲ့ ကျွန်ပြုလုယက်၊ […]


nangnyiNovember 20, 20101min2996
မပြောဘူး မပြောဘူးနဲ့ နေနေတာ.. ခုတော့ မနေနိုင်တော့ဘူး ပြောတော့မယ်.. စီးပွားရေးတက္ကသိုလ်က ဖိုင်နယ်လ်ကျောင်းသူ သီရိတို့အကြောင်းပေါ့.. နောက်ဆုံးနှစ်ဆိုတော့ ထုံးစံအတိုင်း စာတမ်းတင်ရတယ်မဟုတ်လား.. စာတမ်းရေးဖို့ကို တစ်ယောက်တစ်ခု မရေးရဘဲနဲ့ ၈ ယောက်တစ်ဖွဲ့စီဖွဲ့ပြီး စာတမ်းတစ်စောင်တင်ရတယ်တဲ့.. စာတမ်းတစ်စောင်အတွက်ဆိုရင် Gurdian ဆရာမ တစ်ယောက်စီရှိတယ်.. အဲ့ ဆရာမလက်အောက်မှာမှ တခြားကြီးကြပ်သူ ဆရာမ ၅ ယောက်လောက် ထပ်ရှိတယ်ပေါ့.. ကျောင်းသူကျောင်းသားတွေက အဲ့ ၅ ယောက်ထဲက ကိုယ်အဆင်ပြေရာဆရာမနဲ့ အဆင်ပြေသလို တိုင်ပင်ဆောင်ရွက်ကြရတယ်.. စာတမ်းကြီး စပြီ ဆိုကတည်းက ဆရာမAက ဆရာမBနဲ့ မတည့်လို့ Aကို စာတမ်းအကြမ်းပြထားဖူးရင် Bက မကြည့်ပေးဘူး ဆိုတာမျိုးတွေ.. စာတမ်းအတွက်အချက်အလက်တွေ လိုက်ယူတဲ့အခါ C နဲ့ ကြုံလို့ မေးမြန်းလုပ်ထားတဲ့ဟာတွေကို D ကသိတော့ […]


KyaemonNovember 13, 201028min2310
THESE REPORTERS TOOK GEAT PAINS AND EFFORTS TO GIVE US THE NEWS. AL JAZEERA YouTube – Myanmar refugees in Thailand see no hope http://www.youtube.com/watch?v=IzWCNB64c1M Millions of people who have fled Myanmar’s military rule are now living just across the border in Thailand. They will not be among those voting in Sunday’s election. They say there […]


အာဂNovember 13, 20101min60818
အဖိုးတန် တံဆိပ်ခေါင်းကို ဘယ်မှာဝှက်ထားသလဲ။ တံဆိပ်ခေါင်းပြခန်းထဲ ပြထားတဲ့ ဒေါ်လာ သန်း ၃ဝ တန် ကမ္ဘာ့ ရှားပါတံဆိပ်ခေါင်းတစ်လုံး အခိုးခံ ရတယ်။ တရားခံဟာတံဆိပ်ခေါင်းကို ခိုးပြီးတာနဲ့ အနီးရှိ တိုက်ကြီးတစ်လုံးထဲက အခန်းတစ်ခန်းထဲ ဝင်ပြေးတယ်။ရဲများကလည်း ချက်ချင်းလိုက်လာတယ်။ “ခိုးလာတဲ့တံဆိပ်ခေါင်း ထုတ်ပေး” ရဲကလက်ထဲကပစ္စတိုကိုယမ်းပြီး အမိန့်ပေးတယ်။ “ဟင်း၊ ခင်ဗျားတို့ရှာချင်သလိုရှာလေ” တရားခံက အရှက်မရှိဖြေတယ်။ ဒါနဲ့ရဲက တရားခံကိုလက်ထိပ်ခတ်လိုက်တယ်။ တရားခံ ကိုယ်ပေါ်ရှာတယ်။ တံဆိပ်ခေါင်း ကိုမတွေ့ဘူး။ အကျင်္ ီတို့၊ခြေအိတ်တို့၊ဖိနပ်တို့ကိုချွတ်ပြီး သေချာရှာတယ်။ ဒါလဲမတွေ့ဘူး။ အဲဒီ့အခန်းထဲမှာက စတီး ရုံးစားပွဲတစ်လုံးနဲ့ မြေစိုက်ပန်ကာတစ်လုံးသာရှိတယ်။ ဒါတွေ မှအပ အိမ်ခန်းအလွတ်အတိုင်းပဲ။ ပန်ကာလည်နေတယ။ရုံးစားပွဲတော့ မပြောနဲကတော့။ ကြမ်း ခင်း၊ မျက်နှာကျက်တွေအားလုံး ကို အသေအချာရှာပြီးပြီ။ ဘာမှမတွေ့ဘူး။ “ဟေ့၊ မင်းဘယ်မှာဝှက်ထားသလဲ” […]


အာဂNovember 12, 20101min51312
ကျွန်တော်မောင်အာ ဂတို့ ငယ်စဉ်ကတည်းကနေ ယနေ့အထိ တမ်းတမ်းတတ မှတ်မိနေတဲ့ စာအုပ်စာပေ တွေထဲမှာ စုံထောက်ဝတ္တုတွေကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ဆာအာသာကိုနင်တွိုင်းရဲ့ စုံထောက်ကြီး ရှားလော့ဟုမ်း ၊ ဆရာကြီးရွှေဥဒေါင်းရဲ့ စုံထောက်မောင်စံရှား မင်းသိင်္ခရဲ့ ဆားပု လင်းနှင်းမောင် စတဲ့ စုံထောက် ဇာတ်ကောင်တွေဟာ ငယ်စဉ်က နေအခုထိ စွဲလန်းမိနေ တဲ့ စုံထောက်ဇာတ်ကောင်တွေပါ။ စုံထောက်ဝတ္တုတွေကို တစ်ချို့ အနှစ်သာရမဲ့တယ်လို့ဝေဖန် ကြပါတယ်။ သူတို့ ရဲ့ ဝေဖန်မှုတွေက စုံထောက်ဝတ္တု ဇာတ်လမ်းဖြစ်စဉ်က ၁။ အမှုအခင်းဖြစ်ခြင်း၂။ ထိုအမှုကို ဖြေရှင်းခြင်း။ ၃။ နောက်ဆုံးမှာ အမှုမှန်ပေါ်လာခြင်း စသဖြင့် ဇာတ်လမ်းလမ်း ကြောင်း အရ ရိုးရှင်နေပါသတဲ့ ။ ဒါကြောင့် စုံထောက်ဝတ္တုတွေဟာ ရသဝတ္တု မမြောက်ဘူးလို့ ဆိုသူများကဆိုကြပါတယ်။ ဘယ်လိုပင်ဆိုဆို […]


manawphyulayNovember 12, 20101min1710
ဗြိတိသျှကောင်စီစာကြည့်တိုက်တွင် ယနေ့ Business Professional များရင်ဆိုင်နေရသည့် ပြဿနာမျာအား နားလည်စေရန်နှင့် စီမံခန့်ခွဲမှုပညာအကြောင်းကို သိရှိစေရန် ရည်ရွယ်၍ “Tomorrow’s Manager” ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၉ ရက် သောကြာနေ့ ညနေ ၅ နာရီခွဲ တွင်ကျင်းပပါမည်။ ဟောပြောဆွေးနွေးမည့်သူမှာ Professional Studies (Accredited College of ABE, UK) တွင် Principal နှင့် CEO တာဝန်ယူထားသော ဦးမျိုးမင်းဦး ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများအနေဖြင့် နိုဝင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား၍ online မှတဆင့် စာရင်းပေးနိုင်ပါသည်။ BRITISH COUNCIL


naywoon niNovember 11, 20101min86826
ဒီအချိန်ရောက်လာမှာကိုစိုးကြောက်မိပါသည်။အခုလိုသီတင်းကျွတ်..တန်းဆောင်မုန်းကိုပေါ့ဗျာဘာလို့လဲသိလား? သီတင်းကျွတ်ပြီဆိုတာနဲ့……………. ဝါလသုံးလလုံးအောင့်အီးထားကြတဲ့ဆန္ဒတွေတားမနိုင်ဆီးမရမင်္ဂလာဆောင်ကြတော့မယ်..။အိတ်မပါတဲ့ဖိတ်စာကော။စိတ်မလာတဲ့ဖိတ်စာ ကောအင်နဲ့အားနဲ့လာတော့မယ်လေ..။ခပ်ဝေးဝေးမှာသွားမင်္ဂလာဆောင်ရင်တော်ရဲ့အိမ်နားလေးမှာလာဆောင်မှာကိုပိုပြီးမလိုလားပါဘူး..။ ကိုယ်မဆောင်ရလို့မနာလိုဖြစ်တာမဟုတ်ပါဘူး။တစ်သက်လုံးမှတစ်ခါပဲဆာင်တာပါဆိုတဲ့အနေနဲ့တစ်ညလုံးအိပ်မရအောင်ပတ်ဝန်းကျင်ကိုစိတ် အနှောက်အယှက်ပေးတော့မှာမို့ပါ..။အနားမှာသက်ကြီးရွယ်အိုရှိမှန်းမသိ၊သေကောင်ပေါင်းလဲလူမမာရှိမရှီလည်းမကြည့်တော့ဘူး..။ ဖွင့်ပါလိမ့်မယ်အသံကုန်တင်ပြီးတော့..။နယ်မင်္ဂလာဆောင်ဆိုတာမျိုးကအကျင့်ကောင်းတာမဟုတ်ဘူး။တစ်ကယ်ပြောတာ။ရပ်ဝေးကလာတဲ့ ဧည့်သည်ကနှစ်ရက်လောက်ကြိုရောက်နေတာ။ညံကျွတ်နေအောင်ဧည့်ခံတာ။အရက်သောက်တတ်တဲ့သူပါလာရင်ပိုဆိုးရော.. အရက်ဆီကိုစဉ့်အိုးနဲ့စပ်တိုက်နိုင်တဲ့မင်္ဂလာဆောင်မျိုးဆိုရင်ရှောင်ပေရော့ဝေးဝေး.။ ရှိသေးတယ်။မြို့ပေါ်မှာတော့အဲဒိဓလေ့မထွန်းကားလို့..။ ရွာတွေမှာအတော်လေ့တယ်။စည်းတဲ့..။ ဘယ်လိုစည်းလဲဆိုတော့ရွာထဲမှာဘယ်သူမင်္ဂလာဆောင်ဆောင်-2000 .အနဲဆုံးလက်ဖွဲ့ရမယ်ဆိုတဲ့စည်းမျိုးပေါ့..။မိသားတစ်စုလုံးအကျူံးဝင် တာဆိုတော်သေးတယ်။ခုတော့အဲ့ဒိလိုမဟုတ်ပြန်ဘူး..။ကာလသား/သမီး..လူပျို/အပျိုတွေကလည်းသူတို့စည်းနဲ့သူတို့..။ဒါမှသူတို့မင်္ဂလာ ဆောင်ရင်ပြန်လာမှာလေ…..။ဒီလိုရည်ရွယ်ချက်တွေနဲ့လိုက်နေကြတဲ့မင်္ဂလာလက်ဖွဲ့တွေမင်္ဂလာဆောင်တစ်ခုတစ်ခုနဲတဲ့ကုန်ကျစရိတ်လား ရွာဆိုတာကပုံမှန်ဝင်ငွေရှိတာမဟုတ်ဘူး။သီးနှံအဆင်ပြေမှ..။မိုးလေမှန်မှ။ပိုးမွှားကင်းမှ.။ပွဲစားကဈေးကောင်းပေးချိန်ကိုယ့်သီးနှံပေါ်နေမှငွေကြေး အဆင်ပြေတာမျိုး..။အဲဒိလိုအဆင်ပြေတဲ့သူကရှားပါတယ်။မပြေလည်လို့အတိုးကြီးနဲ့ငွေရှာပြီးနိုင်ငံရပ်ရှားထွက်ရသူတွေအများကြီး..။ထွက်တို်င်း ကောအဆင်ပြေပါ့မယ်လို့ဘယ်သူအာမခံနိုင်တာမှတ်လို့..။ထားပါသားသမီးနှစ်ယောက်ပဲရှိဦးလက်ဖွဲ့ကတင်သုံးလေးတောင်..ကိုယ်ဆီမှာအဆင် သင့်မရှိရင်ဘယ်ကရှာမလဲ?ပိုက်ဆံရှာတယ်ဆိုတာကလဲထွက်ကျတဲ့ဟာလိုလမ်းပေါ်ဟိုကြည့်ဒီကြည့်ရှာလို့ရတာမျိုးမဟုတ်တော့ခက်သားလား မပေါ်သေးတဲ့သီးနှံကိုရွာထဲကချစ်တီးဆီရောင်းလိုက်ရတာပေါ့..။သီးနှံပေါ်ချိန်ပေါ်မူတည်ပြီးဈေးကနှိမ်ခံလိုက်ပေါ့..။(သီးနှံပေါ်ချိန်ကနှစ်လလောက် လိုသေးတယ်ဆိုရင်လက်ရှိပေါက်ဈေးရဲ့တစ်ဝက်လောက်ပဲရတယ်..။တစ်လလောက်ဆိုရင်တော့သုံးချိုးနှစ်ချိုးလောက်ရပါရဲ့)။သားသမီးများများ မွေးထားမိတဲ့အိမ်ဆိုဘယ်နှဲ့လုပ်မလဲ။။မင်္ဂလာဆောင်ဝတ်ဖို့အသစ်လေးဘာလေးကလည်းလူငယ်တွေဆိုတော့ဝတ်ချင်ကြသေးတယ်..။ အဲဒိတော့သူများမင်္ဂလာဆောင်တစ်ဆောင်ဆိုရင်ကြွေးတစ်သောင်းကျော်လောက်တင်…။ရွာထဲမှာမင်္ဂလာဆောင်ဘယ်နှစ်ဆောင်လုပ်မယ်ဆိုတာ ကြားကထဲကဒီနှစ်ကြွေးဘယ်လောက်တင်မယ်ဆိုတာတွက်လို့ရနေပြီ…။ကိုယ့်အလှည့်ကျပြန်ရမှာကဘယ်ဆီနေမှန်မသိဘူးခုတော့သူများလင်ယူ မယားယူတာတစ်ရွာလုံးကမင်္ဂလာဆောင်ပေးနေရသလိုပဲ..။အဲဒါကြောင့်ဒင်းတို့မင်္ဂလာဆောင်မှာအရက်အဝတိုက်နိုင်တာ။မြို့ပေါ်ကအလှပြင်ခေါ် တာ။ဓါတ်ပုံတွေရိုက်ကြ။ခုဆိုဗွီဒီယိုတဲ့..။ဘယ်တုန်းကဘယ်သူကဘယ်လောက်ကုန်တာအဲဒီထက်သာအောင်ဆောင်မယ်ဆိုတာမျိုးတွေချည့်ပဲ….။ ငွေလားပူစရာမလိုပါဘူး..။ရွာကဘယ်နှစ်အိမ်ရှိတာ..။စည်းနဲ့တွက်ရင်ဘယ်လောက်..ဆွေမျိုးတွေကပိုပြီးလက်ဖွဲ့ဦးမှာနဲ့ကာလသားစည်းနဲ့ ဆိုဘယ်လောက်တစ်ခါထဲတွက်ပြီးသား..။မြို့ပေါ်မိတ်နဲ့အခြားရွာတွေကဆွေမျိုးအပေါင်းအသင်းပေါရင်လူတစ်ရာကိုငါးဆယ်ပဲလာတစ်ယောက် ဘယ်လောက်တွက်ပြီးသား..။ဟုတ်တယ်လေ…။ကိုယ့်ပိုက်ဆံနဲ့ကိုယ်မင်္ဂလာဆောင်ကြတာမှမဟုတ်တာ..။မြန်မာလူမျိုးတွေအရှက်မဲ့ပုံများပြော ပါတယ်..။အရင်တုန်းကတော့ဒီလိုမဟုတ်ပါဘူး..။မင်္ဂလာဆောင်တယ်ဆိုတာနှစ်ဘက်မိဘကိုကန်တော့ယုံလောက်နဲ့ပဲပြီးသွားတတ်တာ..။ ဆွေမျိုးအပေါင်းအသင်းတွေကမင်္ဂလာဦးကာလအဆင်ပြေအောင်လိုအပ်တာလေးတွေဖြည့်စည်းပေးပြီးတတ်နိုင်သလောက်စုပြီးလက်ဖွဲ့လိုက်ကြ တာမျိုး..။ချစ်စရာကောင်းတဲ့ဒီဓလေ့ကိုဈေးတွက်တွက်ပြီးဖျက်ဆီးပစ်လိုက်ကြပြီ..။ဒီအချိန်ရောက်လာရင်ဆင်းရဲတဲ့တောင်သူတောင်သားတွေ ရဲ့ညည်းညူသံကြားလာရပြီ..။သူတို့စခဲ့တဲ့လက်ခံခဲ့တဲ့စရိုက်ဆိုးကိုသူတို့မခံစားနိုင်တော့ဘူး။ဘယ်သူကမှပြန်ဖျက်မပစ်နိုင်ကြတော့ဘူး..။ လည်စည်းခံယုံကလွဲပြီး…………….. (အဲဒိလိုစည်းဆိုတာထားတာမင်္ဂလာဆောင်တစ်ခုထဲမှာတင်မဟုတ်တော့ပါဘူး..။အသုဘ၊ရှင်ပြုနားသ၊နဲ့အခြားလူမှုရေးပွဲတွေမှာပါရောက်နေပါပြီ) အဲဒါကြောင့်ဒီအချိန်ရောက်မှာကိုကျွန်တော်ကြောက်နေတာပါ..။ နောက်တစ်ခုရှိသေးတယ်..။ပြောလို့တော့မကောင်းဘူး..။ကိုယ်နဲ့လည်းမဆိုင်ပဲအခမဲ့ငရဲဝင်ယူလိုက်ဦးမယ်..။ ကျွန်တော်တို့မြို့ကတန်ဆောင်တိုင်မှာအပြိုင်အဆိုင်လှူကြတန်းကြ..။ပဒေသပင်တွေသီးကြပေါ့……..။ အဲဒိမှာလည်းသူများတွေနဲ့မတူတဲ့အမြင်ကိုပြောချင်သေးတယ်..။ဘာလဲဆိုတော့အပြိုင်အဆိုင်လှူကြတာကောင်းပါတယ်..။ငွေမတတ်နိုင်တဲ့ သူတွေကပါလိုက်ပြိုင်နေကြတဲ့ကိစ္စပါ..။အဲဒါကိုကျောင်းတွေကနေစပြောရမယ်..။ဒါမှရှင်းသွားမှာ ကျောင်းတွေမှာထုံးစံတစ်ခုရှိပါတယ်..။တစ်ခန်းကိုပဒေသပင်တစ်ခုထွက်ရပါတယ်..။တစ်တန်းကိုမဟုတ်ဘူးနော် တစ်ခန်းကိုပါ..။ဥပမာငါးတန်းကတန်းခွဲခြောက်ခန်းရှိရင်ခြောက်ခုထွက်ရတာပါ..။အဲဒါကိုကျောင်းသားတွေကစုပြီးကိုယ့်ပဒေသပင်ကိုယ်လုပ်ရတာ တတ်နိုင်တဲ့ကျောင်းသားကတော့ကိုယ်တာထည့်ပေါ့..။မတတ်နိုင်တဲ့ကျောင်းသားကဘာလုပ်ရသလဲသိသလား? မြို့ထဲကိုထွက်ပြီးအလှူခံရတာပါ..။သူ့အတန်းအလိုက်သူထွက်ကြတာပါ..။ထိန်းသိမ်းမဲ့သူမပါပါဘူး..။လူကြီးတွေပိုက်ဆံထည့်ချင်အောင်ကလေး တွေခင်မျာဂုံနီအတ်ခွံတွေရှာပြီးအရုပ်ဝတ်စုံချုပ်ဝတ်ပြီးအမျိုးမျိုးသောကနည်းမျိုးစုံနဲ့အလှူခံကြရပါတယ်..။(အဲဒိအထဲမှာခင်ဗျားတို့သားသမီးတွေ ညီ..လေးတွေပါနေရင်ဘယ်လိုခံစားရမလဲ..) နောက်ကလေးတွေကိုတုပြီးရုံးတွေ..လူမှုရေးအဖွဲ့အစည်းတွေကပါသူတို့ရဲ့ကာစတန်မာတွေပေါ်မှာကထိန်ကြေးကောက်ပါတယ်..။ အလှူခံတာမဟုတ်ဘူးနော်..။တစ်ယောက်ကိုဘယ်လောက်ကောက်တာပါ..။ကလေးတွေကိုတော့မပြောတော့ပါဘူး..။သူတို့ကမသိလို့ သိတဲ့သူကမတားလို့….တားချင်တဲ့သူကလည်းတားဆီးနိုင်တဲ့အာဏာမရှိလို့…….ဒီသတောင့်သားတွေကိုတော့ပြောရလိမ့်မယ်..။ ကောက်လို့ရတဲ့ငွေအကုန်ထည့်လှူရဲ့လားလို့…….ပါ နောက်ဆုံးတော့ကျွန်တော်ကသာဒီအချိန်ရောက်မှာကြောက်နေတာပါ..။မင်္ဂလာတွေလည်းဆောင်နေကပါပြီ ကလေးတွေလည်းလမ်းကြိုလမ်းကြားမကျန်ဂုံနီအိတ်ဝတ်စုံနဲ့မမောနိုင်မပမ်းနိုင်ဂျွမ်းတွေထိုးပြီးအလှူခံနေကြပါပြီ ဟိုအကောင်တွေလည်းအလှူခံကောက်ရငွေတွေရေနေကြပါပြီ..။ နောက်နှစ်တွေလည်းဒီလိုပဲရှိဦးမှာပဲ ဒီလိုဓလေ့ဆိုးတွေကိုဘယ်သူမှလာပြီးမဖျက်ဆီကြတော့ဘူးလား? […]


zinmyotunNovember 8, 20101min2050
ဒီဘလော ့လေးကိုရေးရတဲ ့ ရည်ရွယ်ချက်ကတော ့ ကျွန်တော်လို ့ ခပ်ပိန်းပိန်းကောင်လေးတစ်ယောက်ကောင်တောင် ဒီလောက်တွေးနိုင်ရင် နိုုင်ငံအုပ်ချုပ်မင်းလုပ်နေတဲ ့သူကရော ကိုယ်နေရာတည်မြဲဖို ့အတွက် ဒီလောက်တော ့မပေးဆပ်သင် ့ဘူးလားသူငယ်ချင်းတို ့ရေ ရွေဥ၁လုံး၁လုံးနေတိုင်းရနေတာကို မယူဘဲ ရွေငန်းကြီးဗ်ိုက်ကိုခွဲပြီးအကုန်လိုချင်ရင်တော ့ နောက်ဆုံးရလဒ်ကတော ့ အချည်းနှီးဖြစ်မှာအမှန်အကန်ပါပဲ။ (၁၁)ယခုပြောင်းလဲလိုက်သော အလံကိုပြန်လည်ဖြုတ်ချပြီင်္း အဓိပာယ်ပြည် ့စုံသော ယခင်နိုင်ငံတော်အလံကိုပြန်လည် လွင် ့တင်မည် (၁၂)ပြည်နယ်နင့်တိုင်း အားလုံးတွေတိုင်းတစ်ခုတွင်းကိုယ်စားလှယ်တစ်ဦးထားရှိမည် ထို ့ကိုယ်ားလှယ်များသည် ထို ့တိုင်း(သို ့)ထိုပြည်နယ်လူထုကထောက်ခံအားပေးသော သူများဖြစ်ရမယ် (၁၃)ယနေ ့ကိုယ်စားလှယ်တင်မြောက်ခြင်းခံယူသူသည် မနက်ဖြန်တွင် ပြည်သူလူထုကမလိုလားတော ့ပါက အများနှင် ့တစ်ယောက် မလဲနိုင်ပါ ထို ့ကြောင် ့ ချက်ခြင်းအဆောင်အယောင်အားလုံးရုတ်သိမ်းခြင်းခံရမယ်။ (၁၄)တစ်လတစ်ကြိမ် သမ္မတနှင် ့အတူ ကိုယ်စားလှယ်တော်များအားလုံး […]


zinmyotunNovember 7, 201013min1930
Great analysis and understanding between Asian culture and Western Logic. Key:   Blue –> Westerners Red –> Asians (1) Opinion Westerners: Talk to the point Asians: Talk around the circle, especially if opinions are different (2) Way of Life Westerners: individualism, think of himself or herself. Asians: enjoy gathering with family and friends, solving their […]


zinmyotunNovember 7, 20101min1880
ကျွန်တော်ကတော ့ နိုင်ငံရေးသမားကြီးလဲမဟုတ်ပါဘူး နိုင်ငံရေးအကြောင်းလဲ မလေ ့လာဖူးပါဘူး ဒါပေမယ် ့ကျွန်တော်အမြင်ကျွန် တော်အမြင်ကျွန်တော်တိ်ု ့နိုင်ငံအကြောင်းကိုတော ့ ကျွန်တော်နိုင်ငံသားတစ်ယောက်အနေနဲ ့ပြောခွင် ့ရှိတယ်လိုယူဆပါတယ်။ မိမိနိုင်ငံသားကမှ မိမိနိုင်ငံအကြောင်းစိတ်မဝင်စားရင် ကျွန်တော်တို ့နိုင်ငံကို ဘယ်သူကမှအထင်ကြီးမှာမဟုတ်ပါဘူး။ထို ့ကြောင် ့ နိုင်ငံသားတိုင်း မိမိနိုင်ငံအကြောင်းကို ပြောဆိုခွင် ့ရှိတယ်လိုထင်ပါတယ်။ကျွန်တော်သမ္မတဖြစ်ခဲ ့ရင် လူတွေတောင်းဆိုတာကိုကျွန် တော်လုပ်ပေးမယ်။ပြီးတော ့ ကျွန်တော်စိတ်ထဲမှာတရားသော ဥပဒေတစ်ခုကို ပြည်လူထုနဲ ့ညှိနှိုင်းပြီး ထုတ်ပြန်မယ် ခုကျွန်တော် ပြောမယ် ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကတော ့ အများသူငါလက်ခံမယ်လိုယူဆပါတယ် (၁)ပြည်သူလူထုစားဝတ်နေရေး ပြေလည်ဖို ့အတွက် ပြည်တွင်းထုတ်ကုန် ဆန်ရေစပါးများအားလုံး မိမိတိုင်းပြည်လူထုစားသောက်ပြီးပိုလျှံမှသားလျှင် ပြည်ပကိုပို ့ခွင် ့ပြုမယ် (၂)နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များအားလုံးကို ဖိတ်ခေါ်ပြီး အကောက်ခွန်ညှိနှိုင်းပြီး ၂ဦးသဘောတူ စာချုပ်ချုပ်ပြီး […]


zinmyotunNovember 6, 20104min2030
ထီပေါက်သမျှ ဒေါ်လာ ၁၁.၂ သန်းအကုန်လှူသည် ့အဘိုးနဲ ့အဘွား.. ငွေဆိုတာ သုံးတတ်ယင်မိတ်ဆွေ၊ မသုံးတတ်ယင်ရန်သူ …. Allen and Violet Large, both in their 70s, said their good fortune earlier this year had been a ‘big headache’ and they had decided against going on a spending spree ဒေါ်လာ ၁၁.၂ သန်း ထီပေါက်ခဲ ့သည် ့ကနေဒါနိုင်ငံသား ဇနီးမောင်နှံ အဘိုး၊အဘွားတို ့နှစ်ဦးဟာ ထိုငွေ များအားလုံး ( နီးပါး ) ကို […]


zinmyotunNovember 5, 20101min2060
အလုပ်အပေါ်မှာ ခံယူချက်က တစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ဘူး။ အချို့တွေကလည်း ဝါသနာပါတာကို လုပ်လို့ ဆိုကြသလို အချို့တွေကလည်း အလုပ်ရနိုင်တာကို လုပ်။ ဝါသနာထက် ရေရည်ရပ်တည်နိုင်ဖို့က အရေးကြီးတယ်လို့ ဆိုကြပြန်တယ်။ တစ်ယောက် နဲ့ တစ်ယောက် ခံယူချက်မတူသလို ကျောင်းပြီးကာစ လူငယ်လေးတွေလည်း ဘာလုပ်ရမှန်းမသိကြတာ အမှန်ပါ။ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောဘူးတယ်။ သားကို အမေတို့က ပညာအမွေပဲ ပေးနိုင်တယ်။ ပညာတတ်အောင် သင်ပေးတဲ့ အထိပဲ အမေတို့ တတ်နိုင်မယ်။ ကိုယ့်ဘဝ ကိုယ်ရပ်တည်ရမှာပဲလို့ ငယ်ငယ်တုန်းက အမေ ခဏခဏ ပြောခဲ့ဘူးတယ်။ ပညာ အမွေ ? အဖေ တို့ အမေ တို့ ပေးနိုင်တာကတော့ ကျောင်းပညာ အမွေပါ။ ကျောင်းပညာ လို့ […]