အားလုံးပဲ မင်္ဂလာပါရှင်… ကျမရွာထဲကိုတော့ မကြာမကြာရောက်ဖြစ်ပါတယ်။ ကွန်မန့်တော့ သိပ်မရေးဖြစ်သလို အားပေးစကားနဲ့ စာရေးဖို့ တိုက်တွန်းတဲ့သူတွေကို လေးစားသောအားဖြင့် ရေးချင်ပေမယ့် သိပ်မရေးတတ်လို့ မရေးရဲ မရေးဖြစ်ပါဘူး။ ဒီတစ်ခါတော့ စာနာစိတ်က တွန်းပို့နေလို့ ရေးမိလိုက်ခြင်းပါ။ ကျမသိတဲ့ ရေကြောင်း းတက္ကသိုလ်ကျောင်းဆင်း တစ်ချို့ရဲအခြေအနေ ကျမကြားသိနေသလောက်ကို ပြောချင်နေတာ ကြာပါပြီ။ အခုတော့ အလျင်းသင့်လို့ ရေကြောင်းတက္ကသိုလ်တက်ချင်ကြတဲ့ ကျောင်းသားအချို့နဲ့ မိဘများ သိစေချင်တာရယ် ဒါတွေကို သိထားတော့ အချိန်မလွန်ခင် ဘယ်လိုစီစဉ်သင့်သလဲဆိုတာကို စဉ်းစားလို့ ရအောင်ရယ်။ အခြားအခြားသော သက်ဆိုင်သူများ စာနာ နားလည်နိုင်စေရန်လည်း ပါပါတယ်။ အားထားရမယ့် အနာဂတ်မျိုးဆက် ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေအတွက် ၊ နိုင်ငံတော်အနာဂတ်အတွက်၊ ကုမ္ပဏီအတွက် အားလုံးအကျိုးရှိစေဖို့ အစိုးရဌာနဆိုင်ရာအကြီးအကဲများနဲ့ ကုမ္ပဏီတွေအကြား ရေကြောင်းးတက္ကသိုလ်ကျောင်းသားတွေကို မြေတောင်မြှောက်တဲ့အနေနဲ့ sea […]