KyaemonAugust 25, 20138min61614
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     အားရပါးရ “လွေး” ရအောင်   မြန်မာရှူခင်းတွေကိုပါ ရှာဖွေပြီးတင်ဆက်ထားတာပါ၊      ပုံတွေနဲ့ကဗျာတွေကို ကလစ် တချက်နှစ်ချက်လောက်နှိပ်ရင် ပုံတွေရော စာတွေပါ ကြီးလာပါမယ်၊ —————           ===========================     အမည်မသိတဲ့စာဆိုရဲ့ “ကောက်စိုက်သီချင်း”        


  ယူနီဖောင်းဆင်တူနဲ့ အစောင့်တွေက ကျွန်တော့်ကို တားတယ်။ ဒါပေမဲ့ ကျွန်တော်ပွေ့လာတဲ့ အလောင်းကိုတွေ့တော့ လန့်ဖျတ်ပြီး တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ကြတယ်။ ကျွန်တော်လည်း အိမ်ဝင်း လမ်းအတိုင်း လျှောက်ဝင်လာခဲ့တယ်။ ဈေးကြီးတဲ့ နိုင်ငံခြားဖြစ်ကားတွေ အစီအရီနဲ့ ရပ်ထားတာလည်းတွေ့ မိသဗျ။ နောက်တော့ အလွန်အကျွံ မွမ်းမံထားတဲ့ အိမ်တော်အဝင်ပေါက် ကိုတွေ့တယ်။ ပိတ်တော့မထားဘူး။ ကြိုဆိုပါ၏ လို့တောင်ရေးထားသေးတယ်။ အဲဒါနဲ့ ကျွန်တော် လည်း ဝင်ချသွားတယ်။ မာဘယ်လ် ကျောက်တွေနဲ့ အလှဆင်ထားတဲ့ အဝင်ပေါက်ကို ဖြတ်ပြီး ထမင်းစားခန်းထဲရောက်တော့ ဧည့်သည်တော်များက အချိုပွဲတည်းမလို့ ပြင်နေတဲ့အချိန်။ ကျွန်တော့်ကို မြင်တော့ စကားသံတွေ တိခနဲ ရပ်သွားတယ်။               ကျွန်တော်လည်း ထမင်းစား စားပွဲပေါ်တက်ပြီး ရှန်ကာ့အလောင်းကို သာသာလေးချလိုက် တယ်။ ကိတ်မုန့်တွေ၊ […]


Zaw ThantAugust 23, 20136min115349
Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} … အခုတလော စာအုပ်သိပ်မဖတ်ဖြစ်ပဲ ရုပ်ရှင်သာ တစ်ရက် တစ်ကား၊ နှစ်ရက် တစ်ကားလောက် ကြည့်ဖြစ်နေတယ်.. […]


Ma EiAugust 23, 20131min91333
လှည့်စား…..ညာစား…..ရုပ်ရှင်ကား။ ဒါဘယ်နေရာလဲ ကြည့်ပါဦး..လှလိုက်တဲ့ ကျောက်တောင်ကြီး ဖူးခက်မှာများလားဟင် ၊ ဒီမှာလဲကြည့် အပျော်စီးသင်္ဘောနဲ့ ရိုက်ထားတာရယ်…ကမ်းခြေရှုခင်းတွေနဲ့ မင်းသမီးတွေကလဲ နုနုဖတ်ဖတ် လှလှလေးတွေ၊ ရီစရာကားတဲ့…သွားကြည့်ရအောင်နော်… သတင်းစာတွေထဲက ကြော်ငြာကို ပြရင်း … သွားကြည့်ရအောင်နော် ..နော် …နှစ်ခါနော်လိုက်တော့ အေးပါကွာ၊သွားချင်လဲသွားလေ…ရုပ်ရှင်လဲ မကြည့်တာကြာခဲ့ပြီဘဲ…တဲ့ ဒီနေ့က တနင်္ဂနွေလဲဖြစ် တနေ့ကမှတင်တာဆိုတော့ လူများမယ် အစောပွဲ ဆယ်နာရီခွဲ ကိုဘဲသွားကြမယ်ဆိုပြီး… သမ္မတ ရုပ်ရှင်ရုံကို မိသားစုသုံးဦးသား ချီတက်ခဲ့ကြပါတော့တယ်…   ရုံရောက်တော့ လူရှင်းနေသားနော်…အဲ နိုင်ငံတော်သီချင်းတောင် ဖွင့်နေပြီဘဲကိုး..မြန်မြန်လာပါ.. ကဲကဲ ထောင့်ငါးရာတန်း သုံးခုံ ပေးပါ ဝယ်ပြီးအပေါ်ထပ်တက် ခတ်မှောင်မှောင်ထဲမယ် တာဝန်ကျ ဝန်ထမ်းလေးနေရာပြပေးလို့သာ ဘယ်နေရာ ကိုယ့်ထိုင်ခုံမှန်းသိတော့တာရယ်။ သမီးအလယ်ထားလို့ နေရာယူထိုင်ပြီးမှ ဘေးဘီကြည့်လိုက်တော့ နှစ်ဖက်လုံး အတွဲ၊ ရှေ့နောက်တွေလဲ အတွဲ၊ […]


alinsettAugust 20, 20131min5649
ကျွန်တော်နှင့်ကံကြမ္မာလက်နှက်များ (တာရာမင်းဝေ) “ကံကြမ္မာဆိုတာ ဘာလဲ”ဟု အသေအချာ မသိသေးသော အချိန်ကပင် ကံဆိုးခြင်းတရားကို ကျွန်တော် ခပ်ဖျော့ဖျော့ ခံစားခဲ့ရဖူးလေသည်။ လေးတန်းအရွယ် ကျောင်းမှာ ပျော်ပွဲစားလုပ်ကြစဉ်က ဖြစ်၏။ အခြားကျောင်းသားကျောင်းသူလေးများ အားလုံးမှာ ဆရာမများ ချက်ကျွေးသော ငါးကို ဥကြီးကြီးဖြင့် စားရလေ၏။ တစ်ကျောင်းလုံးမှာ ကျွန်တော်တစ်ယောက်တည်း ဖောက်ပြီး ဥမပါသော ငါးကို စားရလေသည်။ ကျွန်တော်လည်း ကိုယ့်ပန်းကန်ထဲမှ ငါးကို ငုံ့ကြည့်လိုက်၊ သူများပန်းကန်ထဲမှ ငါးကိုကြည့်လိုက်ဖြင့် မကျေမနပ် ဖြစ်နေမိ၏။ သူငယ်ချင်းများက `ကရော်… ကရော်´ဟု ဝိုင်းစကြသောအခါ `ဘာဖြစ်လဲ… ဥမပါတော့ ပိုကောင်းတာပေါ့… ငါ့ ငါးက အပျို…´ ဟု ပြန်ပြောလိုက်၏။ ဆရာမများက ဝါးခနဲ ဝိုင်းရယ်ကြသည်။ ထိုအဖြစ်အပျက်ကလေးသည် သူတစ်ပါးအတွက် ဘာမှမဟုတ်ခဲ့၊ အရေးမပါခဲ့သော်လည်း […]


ဇီဇီAugust 19, 201314min1549120
ကဲကွယ်။ ကဗျာပြခန်းအမှတ် (၇) တော့ စပါပြီ။ လာလာကြည့်ရတာ ပျင်းနေကြပြီလားးးးး မပျင်းကြနဲ့နော်။ အစီအစဉ်လေးတစ်ခုလုပ်ထားတယ်။  😀   ခု ဒီမှာရေးထားတဲ့ ကဗျာရှင်နဲ့ စကားစမြည်လေးတွေ ကို ဖတ်သွားပါ။ ပြီးမှ ပြခန်းကို ဝင်ပါ။ ပြီးရင် ကဗျာရှင် နဲ့ ကဗျာနဲ့ကို တွဲပေးပါ။ (ကဗျာပြခန်း စီစဉ်သူတွေ အပါဘူးနော်။ ဝင်မဖြေရဘူးး။) ၁၅ ပုဒ်လုံး မှန်ရင် ဆုငွေ ၁ သောင်းး (နောက်ပြခန်း ကြေညာရင် ကိုယ့်ကော်မန့်နဲ့ကိုယ် ပြန်တိုက်ကြတာပေါ့နော်) ၁၅ ပုဒ်လုံး မှန်တဲ့သူ မရှိဘူးဆိုရင်တော့ ၁ဝ ပုဒ် အထက် အများဆုံးမှန်တဲ့သူ  ၂ ယောက် ကို ဆုငွေ ၅၀၀ဝ စီ ၁ဝ ပုဒ် […]


                  လဂျ်ဝန်တီ အဖမ်းခံရလို့ စိတ်ထဲမှာ ဝမ်းနည်းလို့ မဆုံးသေးဘူး ၊ နောက်ထပ် ကြေကွဲစရာ ကြုံရပြန်တယ်။ ရှန်ကာတစ်ယောက် ချောင်းလေးတဟွတ်ဟွတ် နဲ့ ကျွန်တော့်အခန်းကိုရောက်လာပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်တယ်။ သူ့ကြည့်ရတာတော် အင်အားကုန်ခမ်းနေပုံပဲ။ သူ့ခြေတွေ လက်တွေ နာကျင် ကိုက်ခဲနေတဲ့အကြောင်း ဝူးဝူးဝါးဝါးနဲ့ ရှင်းပြသေးတယ်။ကျွန်တော် သူ့နဖူးစမ်းကြည့်တော့ အဖျားနည်းနည်းရှိ ပုံရတယ်။             “ကဲ..ရှန်ကာရေ..မင်း အအေးမိတယ်နဲ့တူတယ်..သွား..မင်းအခန်းမှာ နားချေဦး..ငါဆေးလေးဘာလေး             ယူလာခဲ့မယ်..” အဲဒါနဲ့ သူလည်း အိပ်ယာပေါ်က ထလို့ သူ့အခန်းကို ခြေဖျားလေးထောက်ပြီး ပြန်သွားတယ်။ ကောင်လေးကြည့် ရတာ ဂဏှာမငြိမ်ဘူး..။ မသက်မသာခံစားနေရသလား မသိဘူး။         […]


black chawAugust 4, 20131min112436
(နိဒါဏ်း) ချက်အောက်ပျက်လုံး တဲ့…။ မိတ်ဆွေတို့လည်း ကြားဖူးကြမှာပေါ့…။ တချို့သောလူရွှင်တော်တွေဟာ ဖိုမ ကိစ္စတွေကို တစ်တစ်ခွခွ အသုံးပြုပြီး လူတွေ ရယ်အောင်လုပ်တတ်ကြပါတယ်…။ ဒီနေ့ခေတ် မြန်မာဗီဒီယိုဇာတ်လမ်းတွေမှာလည်း မင်းသားတွေ မင်းသမီးတွေကတောင် အဲဒီ ဖိုမကိစ္စပျက်လုံးတွေနဲ့ ပရိသတ် လက်ခုတ်သံကို ချူဖို့ ကြိုးစားနေကြတာကို စိတ်ပျက်စရာကောင်းလောက်အောင် မြင်တွေ့နေရပါပြီ…။ အဲဒီလို ဖိုမကိစ္စတွေ အသုံးပြုထားတဲ့ ပျက်လုံးတွေကို ချက်အောက်ပျက်လုံးရယ်လို့ အပျောင်အပျက်ခေါ်တတ်ကြပါတယ်…။ သွားလေသူ ဘီအီးဒီအောင်သိုက် ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ဒီလို ညစ်ညမ်းတဲ့ ပျက်လုံးထုတ်တတ်သူတွေ ရဲ့ ပျက်လုံးတွေကို မရယ်ရတဲ့အပြင်…ရယ်တောင်ရယ်ရသေးတယ် ဆိုပြီး မှတ်ချက်ပြုခဲ့ဘူးပါတယ်…။ ဟေးဟေး…။ ဘီအီးဒီအောင်သိုက်ကြီးပြောခဲ့တဲ့ မရယ်ရတဲ့ အပြင် ရယ်တောင်ရယ်ရသေး ဆိုတဲ့ စကားလေး က ချစ်ဖို့ မကောင်းဘူးလားဗျာ…။ တစ်စိမ့်စိမ့်တွေးပြီး တစ်စိမ့်စိမ့်ပြုံးရလောက်တဲ့ အဖွဲ့အနွဲ့တစ်ခုလို့တောင် […]


  ရှန်ကာ တစ်ယောက် ကျွန်တော့်အခန်းထဲ ပြေးဝင်လာပြီး ကွိကွိကွကွ နဲ့ လဂျ်ဝန်တီအခန်းဘက် လက်ညှိုးထိုးပြီး ပြောတယ်။             လဂျ်ဝန်တီက သူ့အိပ်ယာပေါ်လှဲပြီး ငိုနေတယ်။ မျက်ရည်စတွေက ပါးပြင်ကတစ်ဆင့် အင်မတန်သန့်ရှင်းဖြူစင်တဲ့ အိပ်ယာခင်းပေါ်ကျတော့ အမဲစက်ကလေးတွေလို ဖြစ်နေတာ။ ဒါလေးတစ်ခုနဲ့တင် အိပ်ယာခင်းက သပ်ရပ်လွန်းတဲ့ သူ့အခန်းနဲ့ လားလားမှ မဆိုင်တော့သလိုပဲ။             “ဘာဖြစ်လို့လဲ အစ်မ လဂျ်ဝန်တီ..ဘာလို့ငိုနေတာလဲ..” “ဘာဖြစ်ရမလဲအေ..ဟို..ခွေးမကြီး ဆွာပနား ဒေဝီပေါ့…ငါလိုတဲ့ ပိုက်ဆံမချေးလိုက်ဘူး.. ခုတော့..ငါ့ညီမလေး..မင်္ဂလာဆောင် ဘယ်လိုလုပ်ရပါ့မတုန်း..အီး…ဟီး..ဟီး..” ပြောပြောငိုငိုပဲ။ ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူး။ ခေါင်းထဲပေါ်တဲ့ အကြံလျှောက်ပေးမိတယ်။             “ဒီလိုလုပ်ပါလား အစ်မ..ဒီမှာ ငှားနေတဲ့လူတွေမှာလည်း အဲဒီလောက်ပိုက်ဆံမရှိဘူး..ဆိုတော့             ဘဏ်ကနေ ချေးလို့မရဘူးလား..ဟင်..”             “ဟေ..အောင်မလေး…ငါ့လို အိမ်ဖော် သူဆင်းရဲမ ကို ဘယ်ဘဏ်က […]


KyaemonJuly 28, 20135min3478
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     မြန်မာရှူခင်းတွေကိုရှာဖွေပြီးတင်ဆက်တာပါ၊ —————      မဲဇာတောင်ခြေ                          မဲဇာတောင်ခြေ   ———-              


KyaemonJuly 28, 201310min3887
  ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ————–   —————————– ဒေါ်မမ ရဲ့မှတ်ချက်အရ စာသားခပ်မှုံမှုံဖြစ်နေလို့ ကဗျာကိုအောက်ပါအတိုင်းပြန်ရိုက်တာပါ၊ —————————–   တောပန်းများ   နီနံ့သာဖြူ အဘော်ဖက်ပါလို့၊ သည်အငူမော်အတက်မှာလှ၊ ကျော်ကရမက်ကယ်က မွှေးလှတယ်၊   ဂိမ်အကူးပေမို့၊ချိန်ဦးဝသန်မှီလို့၊ ဟန်ချီချီ ပျံပုရစ်တွေက၊ ဖူးလှစ်စသွယ်။   ရပ်မြေပြင် သည်အလှဲ့မှာတော့၊ခတ်ရွှေရင် ပလီခဲ့တာမို့၊ သည်နွဲ့နွဲ့ခိုင် စံပယ်ငယ်၊ မြိုင်လယ်မှ ကြိုင်လှောင်း။   ပေါင်းပင်၊ လက်မောင်းလိမ်လည်တင်လို့၊ ကြိမ်နွယ်သွင် တမည်ရှိပေငဲ့၊ လေနှင်ရာ ငွေစင်ဘိသကဲ့သို့၊   နှစ်အခြေ ခေတ်ရေထိ ပြန်တော့၊ ချောင်ငူမှာ တောင်သူတို့ သိရန်ဖို့၊ ဆန်းပွေပိတောင်းတဲ့မှ၊ ပန်းငွေမိကျောင်း။    “ဦးကြော့”   ——–   ဓာတ်ပုံတွေကို […]


ဟီးတိုက်တဲ့ကြီးမိုက်ကို ဆီးမရိုက်ဖို့တော့အရင်တောင်းပန်ထားပါရစေ..  အခုရက်ပိုင်းတက်လာတဲ့တွေ့ဆုံပွဲပို့စ်လေးတွေတွေ့တော့… ကိုယ်တိုင်လည်း တစ်ခုခုပြောချင်လာတယ်ဗျာ… ဒီတစ်ခေါက်တွေ့ဆုံပွဲက တက်ရောက်သူနဲပေမဲ့ စည်းစည်းလုံးလုံးနဲ့ ပျော်စရာကောင်းခဲ့သလိုအစားအသောက်ကလည်း အရင်တစ်ခေါက်ထက်ပိုကောင်း(ပိုက်ပိုက်လဲပိုကုန်)ခဲ့ပါတယ်…မတက်သူတွေသွားရေကျအောင် မိတ်ဆက်လိုက်အုံးမယ်…(အစားသိပ်မမက်တဲ့ ဒေါ်ခိုင်ဇာက ကွန်မန့်တစ်ခုမှာ ဘူဖေးပုံဘယ်သူ့မှရိုက်မလာဘူးလားဆိုလို့ ဒီပို့တင်ဖြစ်သွားပါဂျောင်းးး) ၁။ အသီးအရွက်နဲ့သက်သတ်လွတ်ထမင်းကြော် ၂။ ကြက်ကုန်းဘောင်ကြီးကြော် ၃။ ပုဇွန်ချိုချဉ်ကြော် ၄။ ကျောက်ပွင့်သုတ် ၅။ သီးရွက်စုံအစိမ်းကြော်… ကိုင်း..ရှုကြလော့.. ကဲကဲအစားအသောက်နဲ့အရင်ဖွင့်လိုက်ပါပြီဗျာ… ကျုပ်ကလည်း အဲဒီနေ့က ကိုယ့်ဖာသာဘာတွေလုပ်နေခဲ့မိမှန်းတောင်မသိပါဘူး ကင်မရာပါသွားရက်နဲ့ ဓါတ်ပုံတောင်ထုတ်မရိုက်မိဘူး.. အခုပုံလေးတွေက ဖုန်းကင်မရာနဲ့ရိုက်ထားတဲ့ ပုံအချို့ပါ… ဒါပါပဲဗျာ…စာတော့များများမရေးတော့ပါဘူးလေ..ဓါတ်ပုံလေးတွေကစကားအများကြီးပြောပါလိမ့်မယ်.. တစ်ခုပဲပြောစရာရှိပါတယ်…အဲဒီနေ့ကပေါ့ “ကြီးမိုက်တစ်ယောက် တဟဲဟဲနဲ့ ဟီးတိုက်လွန်းလို့ သွားတောင်အအေးပတ်သွားကြောင်းပါဗျာ” တော်သေဘီ။ ရွာသူားအားလုံးကိုခင်မင်လေးစားလျှက်… လမ်းဆက်လျှောက်နေတဲ့ ကြီးမိုက်။                  


မီးနီလေး တဖျတ်ဖျတ်နဲ့ ရဲတွေပါလာတဲ့ ဂျစ်ကားတစ်စီး ကျွန်တော်တို့ တန်းလျားဆောင်ရှေ့ လာရပ်တယ်။ ရဲအုပ်တစ်ယောက်နဲ့ရဲသားနှစ်ယောက် ခုန်ဆင်းလာတာမြင်တော့ ကျွန်တော်လည်း ရင်တုန်သွားတယ်။ ကြောက်တဲ့စိတ် က ဝမ်းထဲကနေ အေးစက်ပြီး စိမ့်ပျံ့ထွက်လာသလိုပဲ။ ဒီတစ်ချီတော့ သွားပဟ လို့ တွေးမိတယ်။ နောက်ဆုံးတော့ ရာဇဝတ်ဘေး ပြေးမလွတ်ပါလား။ ကျွန်တော့်ဘဝ ဖန်လာပုံက အဲဒီလိုချည်းပဲ။ အဆင်ပြေမယ်ကြံရင် ကံကဆိုးပြီ။ အေးအေးသာသာ ရပ်နေရတဲ့အချိန်လေး ခြေထောက်အောက်က ကောဇောကို ဆောင့်ဆွဲထည့်လိုက်သ လိုမျိုးပေါ့။ ခုလည်း အချစ်စစ်နဲ့ တွေ့ပြီဟဲ့လို့ စိတ်ထဲ တနွေးလှိုက်လှိုက် ဖြစ်ရုံ ရှိသေး ဂျေး အောင်းရမယ့် ကိန်းဆိုက်နေပါပကောလား။ ဧကရာဇ်ကြီး ရှားဂျဟန်လိုပေါ့ ..ချစ်တဲ့ သူနဲ့ ကွေကွင်းရတော့မှာ။ ကျွန်တော့်ရဲ့ မွမ်းတက်ဇ် မဟယ်လေး နီတာနဲ့ အဝေးကြီးဝေး လို့ […]