NovyAugust 30, 20123min29117
နွဲခဲ့မိလို့ လွဲခဲ့ရတယ် လွဲခဲ့တာကတော့ မနေ့က ညပိုင်းကျင်းပတဲ့ ကြောင်ဝတုတ်ရဲ့ မွေးနေ့ပွဲလေးပါပဲ ဖုံးဝင်လာတဲ့ အချိန်မှာ မနိုက ရုံးက အမတစ်ယောက် အလုပ်ထွက်တော့မှာဆိုတော့ သူအတွက်နုှတ်ဆက်ပွဲလေးကျင်းပမဲ့  Wang Fu Seafood Restaurant ကို ရောက်နေပြီ ဘယ်လိုမှ ပြန်ထွက်ဖို့ အစဉ်မပြေတော့ဘူးပေါ့ ဒါပေမဲ့ youtube မှာ မိတိုက်ရဲ့ ကကွက်ဆန်းတွေကြောင့် မသွားလိုက်ရပေမဲ့ ကိုယ့်ဆီကို အပျော်တွေစီးဝင်လာသလိုခံစားလိုက်ရတယ် ဒီတော့ မနိုလဲ နွဲခဲ့တဲ့ ပုံလေးတွေကို တင်ရင် ကျေနပ်လိုက်တော့မယ်   ရေဘဲနဲ့ဝက်နံရိုးစွပ်ပြုတ်   ဂုံယောင်းမ ကြာဇံ   ဆိတ်သားအစပ်ကြော်   နံရိုးကြော်   ပုဇွန်ကြော်   သဲဂဏန်းချက်   ကျောက်ပုဇွန်ခေါင်း ကြော်   ကျောက်ပုဇွန်အစိမ်း […]


may flowersAugust 29, 20121min50224
ဒီနေ့ကင်ချီထမင်းသုတ် လုပ်စားဖြစ်တယ်။ အမှန်တော့ မနေ့ညက ကိုရီးယားကားကြည့်ရင်း ကင်ချီထမင်းသုတ်ကို အားရပါးရ စားပြနေတာတွေ့တော့ ကင်ချီထမင်းလုပ်စားချင်တာကြောင့် တစ်ကြောင်း  ၊ဒီနေ့တော့ အပြောင်းအလည်းလေးအဖြစ်   မြန်မာ ထမင်းဟင်းအစား အခြားစားစရာ တစ်ခုခုလုပ်စားခြင်တာကြောင့်တစ်ကြောင်း၊ ကိုရီးယားထမင်းသုတ်ကို ဝက်သားသုံးထပ် သားနဲ့ သုတ်စားဖြစ်တယ်။ အရမ်းစားကောင်းလို့ ရွာသူ၊ ရွာသားတွေကို လည်းကျွေးချင်လာတာကြောင့်……….   ဒါက ကင်ချီထမင်းသုတ်ဖို့ အသီးအရွက်အစုံ အသင့်ပြင်ထားတာ။       တစ်ယောက်စာ ပြင်ထားတဲ့ ကင်ချီထမင်းသုတ်။     ဒါက မဖြစ်မနေထဲ့ရမဲ့ အဓိက ဇာတ်လိုက်ကိုရီးယား ငရုတ်နှစ်ဘူး။   ဒါက ရွာသားတွေ အကြိုက်တွေ့စေမဲ့ ဝက်နံရိုးနုနု လေးတွေကို ကင်ပြီး ထိုင်းစတိုင် ဆန်လှော်မှုန့်နဲ့ ချဉ်စပ်လေးသုတ်ထားတာ ။   […]


weiweiAugust 27, 20121min80826
အခုတလော မိုးအေးအေးမို့ ဟင်းချိုဟင်းပူပူ ချက်သောက်ဖြစ်လေ့ရှိပါတယ်။ ကိုးရီးယားဇာတ်ကားတွေမှာ ရွှေဖရုံသီးဆန်ပြုတ်လို့ ခေါ်တဲ့ ဟင်းရည်တစ်ခုကို စမ်းသပ်ကြည့်ချင်တာနဲ့ စမ်းချက်ကြည့်ဖြစ်တယ်။ အရသာ အထူးကောင်းမွန်ပြီး အရမ်းသောက်လို့ကောင်းပါတယ်။ တရုတ်လူမျိုးတွေ နှစ်သက်တဲ့ ဟင်းရည်တစ်မျိုးလဲဖြစ်ပါတယ်။ ပါဝင်သောပစ္စည်းများ ရွှေဖရုံသီး အလုံးခပ်သေးသေးတစ်လုံး၏ တစ်ခြမ်းတိတိ အသားပြုတ်ရည် ဝ.၅ လီတာ ကြက်သွန်ဖြူ အမွှာကြီးကြီး ၂ မွှာ ဆား အနည်းငယ် ချက်ပြုတ်ပုံအဆင့်ဆင့် ဖရုံသီးကို အခွံခွာပြီး ဂျစ်တစ်ခုဖြင့် ခြစ်ပစ်လိုက်ပါတယ်။ မုန်လာဥနီသုတ်ရင်ခြစ်တဲ့ဂျစ်ကို အသုံးပြုလိုက်တယ်။ အသားပြုတ်ရည်ထဲကို ကြက်သွန်ဖြူထောင်းထည့်ပြီး ပွက်ပွက်ဆူထဲကို ဖရုံသီးခြစ်ပြီးသားထည့်ပြီး ယောင်းမတစ်ခုဖြင့် စိတ်ရှည်ရှည် ၁ဝ မိနစ်ခန့်မွှေပေးရပါမယ်။ ဆားထည့်ပြီး အရသာမြည်းပြီးလျှင် သောက်လို့ရပါပြီ။ နဂိုအချိုဓါတ်ပါပြီးသားမို့ ဟင်းချိုမှုန့်ထည့်စရာမလိုပါဘူး။ ဖရုံသီးအနံ့ပျောက်သည်အထိ စိတ်ရှည်ဖို့တော့ လိုပါတယ်။


NovyAugust 27, 20122min73529
နိုဗွီလည်း ဒီတစ်ပတ် Sunday ရုံးပိတ်ရက်မှာ ဘာစားချင်လည်းလို့ စဉ်စားလိုက်တော့ မော်တင်စွန်းဘုရားသွားဖူးတုံးက စားခဲ့ရတဲ့ ရခိုင်မလေးတွေရောင်းတဲ့ ကျောက်ပွင့်သုပ်ကို အရမ်းပြန်ပြီးစာချင်နေမိတယ် အိမ်မှာလည်းကျောက်ပွင့်တွေရှိနေတာနဲ့ သုတ်စားဖြစ်သွားတယ် သူနဲ့လိုက်မဲ့ဟင်းကို စဉ်စားလိုက်တော့ ကြက်သားနဲ့ ပဲဟင်းလေးတွဲပြီးစားချင်သွားတယ် ကိုယ်အစားကောင်းစားရရင် ချစ်တဲ့ခင်တဲ့သူတွေကို သတိရကျတယ်တဲ့ နိုဗွီလည်း ရွာသူားတွေကို သတိရသွားလို့ စားကျပါအုံး ကြက်ပဲဟင်း မလောက်မှာစိုးလို့ အိုးလိုက်ချပေးလိုက်မယ် ဒါကတော့ ရေကို 10ခါထက်မနည်းဆေးလိုက်ရတဲ့ကျောက်ပွင့် အာလူး၊ကြက်သွန်နီ၊ သံပုရာ ဆရာကြီးနှစ်ယောက် (ငရုပ်သီး၊ငပိမီးဖုတ်)   အားလုံးရောနယ်လိုက်တော့ကျောက်ပွင့်သုပ်ဖြစ်ရော ့် ဒါကတော့ အစပ်ပြေ ဒူးရင်သီးစေ့ပြုတ်လေစား ဆီဆားလေးလည်းတို့စားအုံး      


etoneAugust 25, 20121min47127
ညီမလေးတစ်ယောက်က ကော်ရည်ခေါက်ဆွဲ စားချင်တယ် ပြောပြောနေပေမယ့် အနီးနားမှာ ကော်ရည်ရောင်းတဲ့ဆိုင်မရှိလို့ ၊ မကျွေးဖြစ်ခဲ့ဘူးလေ ။ အဝေးကြီးလည်း သွားမစားချင်တာနဲ့ ဒီတပတ်တော့ ကိုယ်တိုင်ပဲ ကော်ရည်ခေါက်ဆွဲ လုပ်ကျွေးဖြစ်ခဲ့ပါတယ် ။ ကော်ရည်ခေါက်ဆွဲ နှစ်ယောက်စာ ချက်ရင်း ၊ ရွာသူားတွေကို သတိရမိလို့ ၊ ကော်ရည်ခေါက်ဆွဲ ချက်နည်းလေး ရေးပေးလိုက်ပါတယ်နော် ။ ကော်ရည်ခေါက်ဆွဲ လုပ်တော့မယ်ဆိုလျှင် ဂျုံခေါက်ဆွဲခြောက် ၊ ကြက်သား ၊ မှိုခြောက် ၊ ပန်းခြောက် ၊Sausage(ကြိုက်လို့တမင်ထည့်တာပါ၊ သာမန်အားဖြင့်မထည့်စားတတ်ကြပါဘူး ) ၊ ကော်မှုန့် ၊ ဘဲဥ ၊ ကန်စွန်းရွက် ၊ ပဲငံပြာရည် ၊ ဆား ၊ သကြား နဲ့ ရေတို့ အဓိက လိုအပ်ပါတယ် […]


ခင္ခAugust 23, 20121min49025
ဟင်းတောင်းထဲမှာ ပါလာသမျှ။ နေ့စဉ်စားတဲ့အစားအစာအတွက် ဈေးဝယ်သွားပြီး ပြန်လာတဲ့အခါ ပါလာတဲ့စားသောက်စရာတွေထဲက ကျန်မာရေးအတွက် ဘယ်လိုအစာတွေဟာ ကောင်းသလို ဘယ်လိုအစာတွေကတော့ အကျိုးအပြစ် ဘယ်လိုရှိလဲဆိုတာကို ဖတ်ဖူးတဲ့ထဲက မျှဝေသိစေဖို့ ရေးတတ်တဲ့အကျင့်လေးကပါနေတော့ ခုလည်း ရေးပါရစေအုံးနော်။ နေ့စဉ်စားတဲ့ အစားအစာအဖြစ် ဟင်းတောင်းထဲက တိရိစ္ဆာန်တွေရဲ့ အတွင်းကလီစာမှာ ကိုလက်စထရော အများအပြားပါတတ်ပါတယ်၊ ဥပမာ- သသည်း၊ နှလုံး၊ အူ ၊ အစာအိမ် ၊ ဂဏန်းအဆီ၊ ပုဇွန်းခေါင်းတို့လိုပါ။ အစားအစာကို ဆီရွှဲရွှဲနဲ့ ကြော်လှော်ချက်ပြုပ်ရင် အဆီတွေကို အများကြီးစုပ်ယူထားနိုင်ပါတယ်၊ ဒါကြောင့်  ပေါင်းတဲ့၊ ပြုပ်တဲ့၊ ဆီပြန်ရေပြန်နပ်တဲ့၊ သုတ်တဲ့နည်းဖြင့် စီမံတဲ့ဟင်းတွေနဲ့ ပိုသင့်တော်ပါတယ်၊ ဟင်းချက်ရာ မှာလဲ တိရိစ္ဆာန်ကရတဲ့ ဆီတွေ မသုံးဘဲ မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီ၊ ပြောင်းဆီတွေ […]


Ma EiAugust 21, 20121min41321
ပေါင်မုန့် ပူတင်း လေးပါ…   မိသားစု မနက်စာ အတွက် ပူတင်းချည်းသက်သက် ဆို် အချိုအဆိမ့်တွေများ၊ကြက်ဥ ပေါင်မုန့်ကြော်လည်း ဆီကြော်စာ ဖြစ်နေလို့ ပေါင်မုန့်ကို မကြော်တော့ဘဲ နွားနို့၊ ကြက်ဥတို့နဲ့ ပေါင်မုန့်ပူတင်း လုပ်ဖို့ စီစဉ်လိုက်ပါတော့တယ်… အဟာရလည်းပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…   ပါဝင်ပစ္စည်းတွေမှာ… 1…ပေါင်မုန့်   6 ချပ် 2…နွားနို့      25 ကျပ်သား 3…သကြား   6 ဇွန်း 4…ဂျုံမှုန့်      2 ဇွန်း 5…ကြက်ဥ    3 လုံး 6…ထောပတ်  3 ဇွန်း 7…ဆား၊စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ ဖြစ်ပါတယ်…   ပြုလုပ်နည်းလေး ကလည်းလွယ်ကူပါတယ်… **ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊သကြား ၊ […]


weiweiAugust 20, 20121min50027
အခုတလော ဈေးထဲမှာ ဂေါ်ရခါးသီးတွေ ပေါများနေပါတယ် … ဈေးသက်သာပြီး လတ်ဆတ်ချိုမြိန်တဲ့ ဂေါ်ရသီးကို ငါးပေါင်းကြော်အကြွပ်ကြော်ပြီး အချဉ်ရည်နဲံ့တို့စားရင် မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ် …. ကျွန်မကတော့ အလွယ်ဆုံးစတိုင်နဲ့ ဂေါ်ရခါးသီးကို အကြွပ်ကြော်စားလေ့ရှိတယ် … လုပ်နည်းကတော့ …. ဂေါ်ရခါးသီး ခပ်ကြီးကြီးတစ်လုံးကို အခွံသင်ပြီးရေစင်အောင်ဆေးပြီးနောက် အချောင်းအရှည်သေးသေးလေးတွေဖြစ်အောင် လှီးပါတယ် … ရွှေလိပ်ပြာ (သို့မဟုတ်) တန်ပူရာမှုန့် တစ်ထုပ်၊ ဆားနဲ့ ရေအနဲငယ်ဖြင့် ရောနယ်လိုက်ပါတယ် … ဆီအိုးထဲမှာ ဆီပူအောင်ထည့်ပြီး (ဆီများလေ ပိုကောင်းလေ)အရောင်လှအောင် ဆနွင်းမှုန့်နဲနဲထည့်ပါတယ်။ အပြားလေးတွေဖြစ်အောင်လုပ်ပြီး ထည့်ကြော်လိုက်ပါတယ် … ပူတုန်းလေးစားရင် ကြွပ်ရွနေပြီး လတ်ဆတ်တဲ့ ဂေါ်ရခါးသီးအရသာကို ခံစားရမှဖြစ်ပါတယ် … အကြော်နဲ့တွဲစားမယ့် အချဉ်ရည်ကိုတော့ လုပ်နည်းပဲ ရေးပေးတော့မယ်နော် … မနေ့က ကန်စွန်းရွက်ချဉ်ရေနဲ့ […]


etoneAugust 20, 20122min59028
              ရုံးပိတ်ရက် ၊ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေဆုံလို့ပဲဖြစ်ဖြစ် ၊ မိသားစုတွေ အပျင်းဖြေပဲဖြစ်ဖြစ် အပျော်တမ်းမုန့်လုပ်စားဖို့ဖက်ထုပ်လုပ်နည်းလေး ရေးပေးပါမယ် ။ ဖက်ထုပ်ကို ပုံစံမျိုးစုံနဲ့ လုပ်စားကြပေမယ့် ၊ ဒီတစ်ခါ ရေးပြမယ့်နည်းလေးကတော့ စားနေကြ ဖက်ထုပ်အရသာတွေနဲ့ မတူပဲ ၊ နည်းနည်းလေး ကွဲထွက်နေတဲ့နည်းလေးပါ ။ ဖက်ထုပ်ထဲမှာ ထည့်မယ့် အစာရဲ့ အရသာလေးက …. ချဉ်ချဉ်စပ်စပ်လေးပေါ့ ……. ။ အထူးသဖြင့် ကိုရီးယားတွေ လုပ်စားတဲ့ ဖက်ထုပ်ပုံစံပါပဲ ။ ပါဝင်တဲ့ ပစ္စည်းတွေကတော ့ ဂျုံ ၊ ကြက်ဥ ၊ ဝက်သား ၊ ဂေါ်ဖီ ၊ ပဲပင်ပေါက် ၊ […]


Ma EiAugust 14, 20122min46831
ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…   ပင်အပ်မှိုလို့ အလွယ်တကူခေါ်လိုက်တဲ့ မှိုကလေးတွေကတော့(  Enoki Mushroom ) ဖြစ်ပါတယ်… ပင်အပ်မှို၏ အစိမ်းအရသာမှာ ချိုအေးမွှေးနေပြီး၊ချက်ပြုတ်ကြော်သုပ် စားပါက နူးညံ့၍ချိုသောအရသာ ရှိပါသည်။ ပင်အပ်မှိုကို နည်းမျိုးစုံ နှင့် စားစရာ အမယ်စုံ အတော်များများ ချက်ပြုတ်ကြော်သုပ် ပြုလုပ် စားသုံးနိုင်ပါတယ်… Enoki Mushroom ပငိအပ်မှိုကလေးများသည် ချစ်စရာကောင်း ၊ စားကောင်းရုံမျှမက ကျန်းမာရေးအရလည်း ကိုယ်ခံစွမ်းအားကို မြှင့်စေ၍ ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်ကြောင်း၊ အသဲနှင့် အစာအိမ်အတွက် ကောင်းမွန်ကြောင်း သိရှိရပါသည်။   ယခု အစီအစဉ်မှာ တင်ပြပေးမှာကတော့ ချစ်စရာ ပင်အပ်မှို၊တို့ဟူးကြော်…ကလေးဖြစ်ပါတယ်… ပါဝင်ပစ္စည်းများမှာ… enoki ပင်အပ်မှို တစ်ထုပ်…အမြီးပိုင်းဖြတ်၊တစ်ဝက်ဖြတ်ပြီး ရေဆေးထားလိုက်ပါတယ်… တို့ဟူး            တစ်ထုပ်…အဝိုင်းလေးများလှီးထားလိုက်ပါတယ်… ဂေါ်ဖီထုပ်၊ပန်းပွင့်၊မုန်လာဥနီ၊ငရုတ်စိမ်း၊ကြက်သွန်ဖြူ အနည်းငယ်စီ […]


the bestAugust 13, 20121min3458
13 Aug 2012   ဒေါက်တာခင်မိုးမိုး  By Good Health အသည်းဆိုတာ လူတိုင်းအတွက် အရေးကြီးတာကြောင့် ဖတ်မိတဲ့သူတွေ အကျိုးရှိမှာမို ့မျှဝေလိုက်ပါတယ်။ ဒေါက်တာခင်မိုးမိုး ရဲ့ စေတနာကြောင့် လူတိုင်းအသည်းကျန်းမာ ကြပါစေ။   သင့်အသည်း ကျန်းမာရေး ကောင်းပြီး စွမ်းအင် အပြည့် အဝ ရရှိစေရန် သင်ရဲ့ခန္ဓာကိုယ်ထဲက ကိုယ်တွင်းအင်္ဂါ တစ်ခု ဖြစ်တဲ့အသည်းဟာ သွေးတွေကို သန့်ရှင်းစင်ကြယ်စေပြီး အဆိပ်တွေကို ဖြိုခွဲနိုင်ကာ သွေးတွင်းသကြားအဆင့်နဲ့ စွမ်းအင်အဆင့်ကို တည်ငြိမ်စေနိုင်ပါတယ်။ အမေရိကန်မှ လေ့လာမှုအရ သူတို့လူမျိုး သုံးယောက်မှာ တစ်ယောက်နှုန်းဟာ အသည်းမှာ အဆီစုနေတာ ဒါမှမဟုတ် အာဟာရ ချို့တဲ့တာကြောင့် အသည်းရဲ့လုပ်ငန်းတွေ ကျဆင်းနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ အသည်း ရဲ့ လုပ်ဆောင်ချက်ကျဆင်းတဲ့ ပထမဆုံး လက္ခဏာဟာ […]


စဆရ ႀကီးAugust 11, 20122min68821
ယခုအပိုင်း(၄)လဲဖြစ်သလို အကျဉ်းချုံးပြီး ဇွတ်အတင်းဇာတ်သိမ်းမည့်အပိုင်းလဲဖြစ်ပါသည်။ ဘဝသည်ကား ရပ်တန့်မနေပါသောကြောင့် Post တွေမှာလဲ ဆက်ရှိနေပါဦးမည့်အကြောင်း..။ (စာရိုက်သူ) ၁။ ကျွန်တော် အကြော်သမား ရှက်စရာတော့ကောင်းပါသည်၊ ရှက်စရာကောင်းသည်ဟုလည်းမထင်မိပါ။ တစ်ချိန်တစ်ခါဆီက ဆင့်ကာပူရသွားရတော့မည်ဆိုစဉ်က အင်းစိန်ဂုံးတံတားအောက်မှ လေဘေးတန်းသို့သွားပြီး သင့်တော်မည်ထင်သည့် နိုင်ငံခြားဖြစ်အဝတ်များအား သူငယ်ချင်းတစ်ယောက်နှင့် သွားရွေးစဉ်ကဖြစ်သည်။ (ဒီလိုမှ ပိုပြည့်စုံမည်ထင်ပါ၏။) အပြန်တွင် ဗိုက်ဆာဆာနှင့် ထမင်းစားချင်သောကြောင့် အနီးအနားတွင် ဝေ့ဝဲရှာလိုက်သောအခါ တစ်ဖက်ရပ်တဲလေးတွင် ဝါးကြမ်းခင်း၊ ဝါးထိုင်ခုံတန်းလေးများဖြင့် ဒန်အိုးပိန်ချိုင့်ချိုင့်များထဲတွင် ရေပေါ်ဆီများများ၊ ရေများများနှင့် အရောင်တောက်တောက်ဖြင့် ချက်ထားသော ဟင်းများကို ရောင်းနေသော ထမင်းဆိုင်ကိုတွေ့မိသည်။ ထိုဆိုင်တွင်ကား အင်းစိန်ဘူတာရုံတွင် ကုန်တင်ကုန်ချလုပ်နေသော အလုပ်သမားများမှာ တစ်ချို့က ပုဆိုးတစ်ထည်တည်းသာ ဝတ်ထားလျက်၊ တစ်ချို့မှာကား အပြာရောင် ဝန်ထမ်းဝတ်စုံ ညိုညစ်ညစ်များကို ဝတ်ဆင်လျက်သား၊ ခုံပေါ်တွင် ခြေထောက်တင်ထိုင်ပြီး ဆိုင်ရှင်မှချပေးသည့် […]


စဆရ ႀကီးAugust 9, 20121min36814
အပိုင်း(၃)သို့ ရောက်ခဲ့ပြန်ပါပြီ။ ယခုအပိုင်းတွင်မတော့ သူကြီးသိပ်သိချင်နေသော အကြောင်းလေးများကို အလေးပေးပြီးဖော်ပြထားပါကြောင်းနှင့် သိပ်အချိန်မဆွဲတော့ပဲ နောက်တစ်ပိုင်းတွင် မြန်မြန်ဇာတ်သိမ်းတော့မည့်အကြောင်း…။ (စာရိုက်သူ) ၁။ ဘဝသည်ကား အတော်လေးပင် ပျင်းရိငြီးငွေ့စရာ ကောင်းလှပေသည်။ နယ်မြေသစ်၊ အတွေ့အကြုံသစ်များကို လူမျိုးတူ၊ သူငယ်ချင်းများမရှိပဲ တစ်ဦးတည်းဖြတ်သန်းနေရသဖြင့် အတူရောက်ရှိခဲ့သော သူငယ်ချင်းများအား သတိရသဖြင့် ဖုန်းဆက်ခြင်းအမှုကို နေ့တိုင်းပြုခြင်း၊ ပိတ်ရက်တွင် ၎င်းတို့ရှိရာသို့ သွားရောက်လည်ပါတ်ခြင်းများပြုရာ လစာထုတ်သောအခါ တစ်ပြားမှ မကျန်တော့ခြင်းသို့ရောက်လေသည်။ ပြောရမည်ဆိုလျင် ယခုနိုင်ငံသည်ကား ဖုန်းခေါ်ဆိုခ လွန်စွာမှပင် ကုန်ကျလှပေသည်။ ဆက်သွယ်ရေးအနေနှင့် DU နှင့် Etisalat နှစ်ခုတည်းသာရှိသဖြင့် ယှဉ်ပြိုင်ဖက် Company များမရှိခြင်းကြောင့် ၎င်းတို့စိတ်တိုင်းကျ သတ်မှတ်သည့်အတိုင်းသာ ဝယ်ယူသုံးစွဲရခြင်းဖြစ်သည်။ ဒီနေရာတွင် ရွာထဲမှ Marketing အကြောင်းနားလည်သူ ပညာရှင်များမှ ဝင်ရောက်ဆွေးနွေးထောက်ပြကြမည်ထင်ပါသည်။ Etisalat မှာ […]