alinsettApril 21, 20131min28511
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၈) ကြော်ငြာ အဖေက သားကို သိအောင်ပြောပြ၏ “ကြော်ငြာဆိုတာ မိန်းကလေးလှလှလေးတွေက ပစ္စည်းတွေကို ဟို ကိုင်သည်ကိုင်လုပ် ပြတာကို ပြောတာသားရဲ့” သားကလည်း မသိ၍ပြန်မေးသည်။ “ဟင်…ဒါဆိုရင်…မိန်းကလေးတွေ က သူတို ့ကိုယ်ပေါ်အနှ ံ့ မှာ ပစ္စည်း လှလှလေးတွေ လျှောက် တတ်ထားတာကရော” တာရာမင်းဝေ ———————————————– ဒီနေရာမှာ အရင်ဆုံးပြောချင်တာက လျှောက် တပ် ဆင်ထားတာ လို ့ပြောချင်ပုံရပါတယ် ။ စာအုပ်ထဲမှာ က တတ် လို ့သုံးထားပါတယ် ။ သတ်ပုံအမှားလို ့ ( စာစီမှု အမှား ) လို ့ ယူဆလိုက်ပါတယ် ။ ———————————————— ဝတ္ထုတိုလေးက […]


kaiApril 21, 20136min2837
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း- ၂)   (၂) Institutional Approach လူမျိုးစုရေးရာ ပဋိပက္ခဖြစ်နိုင်ချေကို ဆန်းစစ်ရာမှာ အင်စတီကျူးရှင်းတွေရဲ့ အခန်းကဏ္ဍက အလွန်အရေးကြီးပါတယ်။ လူမျိုးစုများအကြား ပူးပေါင်းဆောင်ရွက်ရေးကို အားပေးခြင်း (သို့မဟုတ်) ကန့်သတ်ခြင်းများ ပြုလုပ်ပြီး လူမျိုးစုများအကြား ဆက်နွယ်ပတ်သက်မှုတွေကို ဖော်ကျူးပေးနိုင်တာက အင်စတီကျူးရှင်းများ ဖြစ်ပါတယ်။ နိုင်ငံရေးပညာရှင် Crawford ဆိုသူက အင်စတီကျူးရှင်းများအနေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ စည်းမျဉ်းများ၊ ဓလေ့ထုံးစံများ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ရေး၊ ကိုယ်စားပြုရေး၊ တာဝန်ခံမှုရှိရေး စတာတွေကို အားပေးဖော်ဆောင်လို့ ရကြောင်း အကြံပြုထားခဲ့ပါတယ်။ identity politics မှ ပဋိပက္ခအဖြစ် မပြောင်းလဲ သွားစေရေးအတွက် နိုင်ငံတော် အင်စတီကျူးများပေါ်မှာ မူတည်ကြောင်း သူမက ဆိုထားခဲ့ပါတယ်။ identity politics ရှိနေချိန်မှာ […]


kaiApril 20, 20139min1944
လူမျိုးစုရေးရာ ပဋိပက္ခများ (အပိုင်း-၁) ဒီမိုကရေစီဆိုတာ ပြည်သူလူထုက အုပ်ချုပ်ခြင်း (rule by the people)နဲ့ ပြည်သူလူထုအတွက် အုပ်ချုပ်ခြင်း (rule for the people) ဆိုတဲ့ စည်းမျဉ်းတွေအပေါ်မှာ အခြေခံထားတဲ့ နိုင်ငံရေးစနစ်တခု ဖြစ်ပါတယ်။ ပြည်သူလူထုဆိုတာကတော့ ဟုတ်ပါတယ်။ ဒါပေမယ့် မေးစရာတခုက ရှိလာပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်သူတွေလဲ။ ဒီမေးခွန်းဟာ တိုင်းရင်းသားလူမျိုးစုများ စုပေါင်းနေထိုင်တဲ့ တိုင်းပြည်နိုင်ငံတွေအတွက်ဆိုရင် အလွန်ကို အရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ multi-ethnicity ဆိုတဲ့ အကြောင်းအရာကို ကြိုတင်စဉ်းစားတွေးခေါ်မှု၊ ပြင်ဆင်မှုမရှိရင် ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ နိုင်ငံတနိုင်ငံရဲ့ နိုင်ငံရေးတည်ငြိမ်မှု (political stability) တွေဟာ အခက်အခဲတွေ ဖြစ်လာစေတတ်ပါတယ်။ multi-ethnic context ပေါ်မှာ အခြေခံတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုတရပ် […]

44445.jpeg

alinsettApril 15, 20131min1826
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း (၇) ခြေသံ များ “လူတွေရဲ့ ခြေနင် း မညင်သာမှုကြောင့် ကမာ္ဘ ကြီ းရဲ့ မြေမျက်နှာပြင်ပြောင်းလဲ နေခဲ့ရတယ် တဲ ့” “ဟုတ်လား …ဒါဆို ကမာ္ဘ ကြီ း ဘယ် လို ပြောင်းလဲတယ်ဆို တာ သိနိုင် ဖို ့လူတွေဘယ် လို လမ်းလျှောက်တယ်ဆိုတာ ငါတို့လေ့လာကြရမယ်၊ ဟော….နားထောင်စမ်း …ခြေသံတွေ” တာရာမင်းဝေ $$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$$ @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ ခြေလှမ်းတွေကို စိတ်ဝင်စားခဲ့ပေမယ် ့ ခြေသံတွေကို နားထောင်ကြည့်ဖို့တော့ စိတ်မကူးခဲ့ဖူးပါဘူး ။ အခုတော့…ခြေသံတွေကို နားထောင်ကြည့်ဖို ့..လိုလာပါပြီ ။ ကျွန်တော့် ဘဝထဲကို ဘယ်သူကများ…..ဘယ်တုန်းကများ..ခြေသံပြင်းပြင်းနဲ ့ ဝင်လာဖူးသလဲ….။ ဒါမှမဟုတ်…… ဘယ်သူ […]


                          သင်္ကြန်တော့ ရောက်ပြန်ပြီ… ဆိုတော့ကာ….   ဒီအချိန်မျိုးဆိုမှဖြင့် ကျုပ်လို အဘိုးကြီးများ တယ်…အထီးကျန်သကိုး…….. အိမ်ရှိလူအပေါင်းက  ဆိုင်ရာဆိုင်ရာကိစ္စတွေအသီးသီးနဲ့- သင်္ကြန်တွင်းအတွက် စားရေးသောက်ရေး ပြင်သူကပြင်… အခြောက်အခြမ်း မုန့်ပဲစားဖွယ်  ရှာဝယ်သူကဝယ်…. လည်ဖို့ပတ်ဖို့ ချိန်းကြ… ဆိုကြ… ဝယ်ကြ… ခြမ်းကြ…. အဲဒီအချိန်မျိုးမှာ ရေနွေးတစ်အိုးနဲ့ ချောင်ထိုးခံရတာကတော့ လူကြီးတွေပဲဖြစ်ပါတယ်။ ဒီလူကြီးတွေကလဲ အားကျမခံ ဘုန်းကြီးကျောင်းသွားဖို့ ဥပုသ်စောင့်ဖို့ ရိပ်သာဝင်ဖို့ လှူရေးတန်းရေးလုပ်ဖို့ စသည်…. စသည်….ဖြင့်  ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြရတာပေါ့……။ ခက်တာက ကျုပ်ကလဲ ကြီးမလိမ္မာ ဆိုတော့.. အဲဒါတွေလုပ်ဖို့  ပျင်းတယ်ဗျ… ဒီတော့… ဒီလုပ်လုပ်မယ်ဗျာ….. […]


” အတာကူးသောလ… ထန်းခူးသောလ… တန်ခူးလရယ်လို့ သတ်မှတ်စမှုပြုကြရတဲ့နွေလမှာ… မဟာသင်္ကြန်ရေသဘင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ …………” အဆိုတော်ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးရုပ်ရှင်အဖွင့်စကားလေးဟာ မြန်မာ့သင်္ကြန်ရောက်တိုင်း နားထဲပြန်ကြားယောင်တတ်တဲ့… စကားလေးပါပဲ….                       ” မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ… ကူးပြောင်းစတန်ခူးနွေမှာ… တစ်ယောက်တစ်လှည့်မို့မလှမ်းသာဖျန်းပက်ကြစဉ်… ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ… ခေါင်းကလေးမော့လို့… ပိတောက်ဖူးလေးတွေ… ပန်ဆင်ထားသူရေ….” သင်္ကြန်မိုးဆိုတဲ့သီချင်းဟာလဲ ၁၉၈ဝပြည့်နှစ်တွေတုန်းက လူငယ်ဖြစ်ခဲ့တဲ့ အဉ္စလီကိုမောင်မောင်တို့ရဲ့လက်ရာသီချင်းဟာ မြန်မာသင်္ကြန်ရဲ့ အထိန်းအမှတ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်… ပြန်စဉ်းစားကြည့်လိုက်တိုင်း ခေတ်အဆက်ဆက်ရဲ့ သင်္ကြန်အပေါ်ခံစားချက်ပြောင်းလဲလာမှုတွေပါ….                   မြန်မာ့တစ်နှစ့်ဟောင်းလို့… မြန်မာ့နှစ်သစ်ကိုပြောင်းတော့မယ့် အခါသမယမှာ… […]


အခု ကျမရေးတဲ့ခေါင်းစဉ်က ပညာရေးဆိုပေမယ့် အင်္ဂလိပ်စာတတ်မြောက်ရေးကို ဇောင်းပေးပြီးရေးထားတာဟာ နောင်အဆင့်မြင့်ပညာရပ်တွေ အကုန်လုံးကို အင်္ဂလိပ်စာကနေ သွားရမှာမို့ သင်ယူခြင်းဘားတန်းကျော်လွန်နိုင်ရေး အတွက် ရည်ရွယ်ပါတယ်။ ဒီခေတ်ကလေးတွေအများစု အင်္ဂလိပ်စာကို ပုံမှန်တတ်ရိုးတတ်စဉ်မတတ်ကြပါဘူး။ ဒါဟာ သင်ယူမှု လွဲမှားခြင်းကြောင့်ပါပဲ။ ပညာရေးအကြောင်း ဖတ်ရတဲ့စာဟူသမျှ ဆရာတွေ နာသုံးနာမရှိကြောင်း၊ ငွေကြေးကိစ္စ၊ ဘဝရဲ့အကြပ်အတည်းတွေ အဲဒါတွေများပါတယ်။ တကယ့်အဓိကအကြောင်းအရာကြီးကို တမင် လွှဲဖယ်ပြီးရေးနေကြသလားတောင် အောက်မေ့ရတယ်။ ——- မြန်မာပြည်မှာမွေးတဲ့ကလေးတစ်ယောက်ကို အဂ်လန်ပို့လိုက်ရင် အဲဒီကလေး လေးငါးနှစ်သားဆိုရင်ပဲ နားရည်ဝပြီး အင်္ဂလိပ်လို ပြောနိုင်ပါပြီ။ ဒီတော့ ဘာသာစကားသင်ယူဖို့ ဉာဏ်ရည်ဉာဏ်သွေး အများကြီး မလိုအပ်တာရှင်းလင်းပါတယ်။ မြန်မာပြည်မှာပဲနေမယ့် ကလေးကိုတော့  အင်္ဂလိပ်စကားပြောပတ်ဝန်းကျင် ဖန်တီးမပေးနိုင်ဘူး။ သာမန် လူတန်းစားတွေ ဘိုကျောင်းထားမပေးနိုင်ဘူး။ ဒီတော့ အပြင်းအထန်သင်ကြားကြရတယ်။ အဲဒီမှာ အစမကောင်းရင် အကုန်ခက်ခဲကုန်ပါတယ်။  letter […]


alinsettApril 9, 20131min2838
ကျွန်တော် ပြန်လည်တူးဖော်ချင်သော မြေစိုင်မြေခဲများအကြောင်း ( ၆ ) မီးးပြတိုက် “သိပ္ပံ သတင်းထဲမှာ ပါတယ်၊ ပင်လယ်တွေမြင့် တက် လာနေပြီ တဲ ့။” “ဘာဖြစ်လဲ ၊ ငါတို ့လည်း မီးပြတိုက်တွေ ကိုမြှင့် တင် လိုက် ကြတာပေါ့” တာရာမင်းဝေ ————————– မီးပြတိုက် ဝတ္ထုတိုလေး ( တကယ့် ဝတ္ထုတိုလေး က..) ဒဿန ဆန်လှပါတယ် ။ သေချာ တွေးလေလေ… ပိုပြီး..သဘောကျလာလေလေ..ဖြစ်ရပါတယ် ။ ကျွန်တော့် အသည်းကို… ကိုင် လှုပ်လိုက်နိုင်တဲ ့အချက်ကတော့….. ကျစ်လစ်တဲ ့စကားလုံးလေးတွေနဲ ့ တိုတို ထိထိမိမိ…. ရေးသားထားခြင်းပါ ။ ———————– ကျွန်တော် စာတွေပေတွေ ရေးချင်လာတဲ […]


+++++++++++++++++++++++++++++++++++++++++++++++++ ဟုန်းခနဲ တောက်လောင်ပြီး ဝုန်းခနဲ ငြိမ်းသွားတတ်တဲ့ မီးတစ်စကို …. ဆက်ကာ ဆက်ကာ ရှင်သန် တောက်လောင်စေအောင် လောင်စာတွေ ထည့်ပေးနေကြသလိုပေါ့ ….။ ကျုပ် ကဲ့သို့သော ဒီလို ကောက်ရိုးမီးလို လူစားမျိုးဟာလည်း အထက်ကလို အားပေးတတ်ကြတဲ့ လူအများရှိနေတတ်တဲ့ ဟောဒီ မန်းဂဇက်ဆိုတဲ့ အွန်လိုင်း ရွာကြီးထဲမှာ ကာလအားဖြင့် ကြာရှည်စွာ နေတတ်လာခဲ့တယ် ….။ ဒီအတွက် မန်းဂဇက် ရွာသူား အားလုံးကို ကျေးဇူးအထူး တင်မိပါတယ် ….။ အစ ပထမကတော့ဖြင့် ညီငယ် တစ်ယောက်ရဲ့ အတင်း နားပူနားဆာ လုပ်မှုကြောင့်ပဲ ဟောဒီ နေရာကို ခဏတစ်ဖြုတ်တာ ဝင်ရောက်တတ်ခဲ့ပါရဲ့ ….။ နောက်များအခါ ဘော်ဒါ ပေါက်ဖော်ရဲ့ ဆွဲခေါ်မှုနဲ့ ရွာထဲ အခြေချလာခဲ့ […]


alinsettApril 5, 20132min42931
လွန်ခဲ့သော တပေါင်းလပြည့်နေ ့( 26 .3 .2013 ) နေ ့သည် သာမန် သမားရိုးကျ မဟုတ်သော ခရီးတိုတစ်ခုနှင့်အတူ.. အတိတ်မှာ ကျန်ရစ်ခဲ့ပါသည် ။ ခရီးစဉ်တစ်လျှောက်မှာ..မြင် / တွေ ့ / ခံစားခဲ့ ရသမျှ အတွေးစဉ်တွေကတော့… ကျွန်တော့် အာရုံထဲဝယ်…ယခုအချိန်ထိ… မရပ်မနား…ဆက်သွားနေဆဲ….။ ထိုနေ့က တပေါင်းလပြည့်နေ ့ ပီပီသသ ၊ ခြောက်သွေ ့လျက်….။ သာယာသည် ဟု… ခပ်လွယ်လွယ် ဆိုနိုင်သော နေ့တစ်နေ့ဖြစ်သည် ။ ကျွန်တော့်အတွက်တော့…. ကိုယ်စားတက် ယူပေးရသော… စာပေဆုတစ်ခုကိ်ု ကာယကံရှင် စာရေးဆရာမ ထံ သွားရောက် ပို့ဆောင်ပေးခြင်းသည်…. ပုံမှန် ဖြစ်စဉ်တစ်ခု မဟုတ်ပါ ။ လူရှေ ့သူရှေ […]


kaiApril 3, 20131min39824
အမျိုး၊ဘာသာ၊သာသနာ မြန်မာနိုင်ငံတွင် လူသန်း ၆ဝရှိသည်ထား ထိုအထဲရှိ ၈၅ရာခိုင်နှုန်းဟုဆိုကြသော ဗုဒ္ဓ ဘာသာဝင်တို့ အထူးစွဲကိုင်ပြောဆိုကြသော ဆောင်ပုဒ်ကြွေးကျော်သံဖြစ်သည်။ “အမျိုး”သည် မြန်မာအမျိုးသားမြန်မာ့ဇာတိနွယ်တို့ကိုရည်ညွှန်း၍ “ဘာသာ”သည် ဗမာ ဘာသာစကားဖြစ်ပါသည်။ “သာသနာ”ဟူသည်ကား မြန်မာအများစု ကိုးကွယ်ရာ ထေရဝါဒဗုဒ္ဓသာသနာဖြစ်၏။ အမျိုး မြန်မာတို့သည် ယခုတည်နေသောမြေဧရိယာ အကျယ် ၂၆၁၂၂ရ စတုရန်းမိုင်တွင် မှီတင်း နေထိုင်ခဲ့သော မူရင်းလူမျိုးမဟုတ်ပါ။ မူရင်းဌာနေသားများ၊ မွန်-ခမာ(မွန်)၊ တိဘက်တို-ဘားမင်း(ပျူ၊ကမ်းယံ၊သက်)၊ တိုင်(ရှမ်း) စသည့်ဇာတိနွယ်ပေါင်းစုံတို့ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းလာကြရင်းသွေးနှောရောယှက် ပေါင်းဆက်သွားသူများသာဖြစ်ပါသည်။ သမိုင်းရှည်၍ ယဉ်ကျေးမှုကြာသော ချိုင်းနားနှင့်အိနိ္ဒယနိုင်ငံကြီး၂ခု၊လူမျိုးကြီး၂နွယ်ကြားရှိမြန်မာသည် သီးသန့်မျိုးနွယ်ဟုဆိုပါလျှင်ယုတ္တိမတန် အခြေခံလော့ဂျစ်တွက်နည်းတို့မှ လွတ်နေသည်သာဖြစ်ရမည်။ သို့ဆိုသော် တရားဝင်ကြေငြာထားသော လူမျိုးစုပေါင်း ၁၃၅ခုနှင့်တကွ ဤမြေ၊ ဤလေ၊ ဤဧရာဝတီတွင် မှီတည်မွေးဖွားကြီးပြင်းလာသူတိုင်း မြန်မာဖြစ်ရ / ဖြစ်သင့်ပါသည်။ အရင်ရောက်နှင့်သူ နောက်လာသူ […]


kaiApril 2, 20133min77244
  ****************************************************** BURMA RELATED NEWS – APRIL 01, 2013 ****************************************************** AP – AP is 1st international news agency to open bureau as Myanmar eases ban AP – Privately owned daily newspapers return to Myanmar, challenging state monopoly AP – Myanmar police say 13 children die in electrical fire at mosque Reuters – Private dailies re-emerge […]


ရာမညMarch 27, 20131min60145
ကျွန်တော် ဒီရွာမှာ ဝါသနာပါတဲ ့မှုခင်းဝတ္တုလေးတွေရေးချင်လို ့ဝင်ခဲ ့တာပါ ။ အရှုပ်အထွေးတွေကိုရှောင်ပါတယ် ။ ကိုယ်က အရှုပ်တွေရေးသူဆိုတော ့ ဝင်မရှုပ်ချင်တာလည်း တစ်ကြောင်း ရင်းနှီးသူနဲပါးတော ့ အထင်မှားမှာလည်း တစ်ကြောင်း စသည်တို ့ပေါ ့ဗျာ ။ အခုတော ့ လမ်းကြောင်းနဲနဲသွေဖယ်ပြီး ကြုံဖူး ကြားဖူးတာလေးတွေ ပြောချင်ပါတယ် နွား နဲ ့ ပါတ်သက် တာလေးများကိုမြင်ဖူး ကြားဖူးသမျှ ပါ ။ ကျွန်တော်တို ့နိုင်ငံမှာ နွားကို ဘက်စုံ သုံးဖြစ် သုံးကြသလိုချစ်လည်း ချစ်ကြတဲ ့သူတွေရှိပါတယ် ။ မချစ်သော်လည်း ထမင်းရှင် ၊ ကျေးဇူးရှင်ဆိုပြီး အမွှန်းတင်သူများလည်းတွေ ့ဖူးပါတယ် ။ သူတို ့နွားကို မခိုင်းဘူးလား […]