True FaithAugust 27, 20101min1729
စစ်အစိုးရ ထိပ်တန်းခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့လည်း လက်ရှိရာထူးမှ နှုတ်ထွက်သွားသည်ဟု ပြည်ပအွန်လိုင်းသတင်းဌာနနှစ်ခုဖြစ်သည့် ဧရာဝတီနှင့် မဇ္ဈိမတို့တွင် ဖော်ပြထာသည်။ ထို့ပြင် စစ်အစိုးရ ထိပ်တန်းခေါင်းဆောင် နံပါတ် ၃ ဖြစ်သည့် ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် နအဖ ကောင်စီ အတွင်းရေးမှူး ၁ ဒု ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့ အပါအဝင် စစ်ဗိုလ်ချုပ် ၁၂ ဦးထက်မနည်း ယနေ့ နှုတ်ထွက်ခဲ့ကြောင်း သိရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကာကွယ်ရေး ဦးစီးချုပ်နေရာတွင် ယခင် စစ်ရေးချုပ်ဖြစ်သည့် ဒု ဗိုလ်ချုုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနေရာတွင် ကစထမှူး ၃ ဖြစ်သည့် ဒု ဗိုလ်ချုပ်ကြီး […]


fattyAugust 26, 20101min844
၁၉၉ဝ လွှတ် တော်အမတ် ( စမ်းချောင်းမြို့နယ် ) ဦးခင်မောင်ဆွေ သည် NLD ရွေး ကောက်ပွဲ သပိတ် မှောက် ရန်ဆုံးဖြတ်စဉ် NLD မှခွဲထွက်ပြီး မိမိဆန္ဒဖြင့် သီးခြား ပါတီထောင်ကာ ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ဆောင် ရွက်ခဲ့သော်လည်း အပြစ်ပေး ခံခဲ့ရသူတဦးဖြစ် ရျ် ရွေးကောက်ပွဲ ဝင်ခွင့် မရှိကြောင်း ၊ ရွေးကောက်ပွဲ ဝင် လိုပါက အသနားခံ စာ တင်ရမည်ဖြစ်ကြောင်း အကြောင်း ကြားလာသဖြင့် စာတင်လိုက်ရပါသည်။ ယင်းသို့အသနားခံ စာ တင်ပြီး တဖန် ၂၀၀၈ ဖွဲ့စီး ပုံအား လိုက်နာပါမည်ဟု ထပ်မံ လက်မှတ် ထိုးခိုင်းပြန် သောကြောင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မှု့ မလုပ်တော့ ဟု […]


fattyAugust 25, 20101min15511
ကျနော်သိချင်တာ လေး တွေကိုမေးခွင့်ပြုပါ ။ …. မကြာမီ ရွေးကောက်ပွဲ ကြီး လုပ်ပါတော့ မယ် …. ကြံ့ ဖွံ့ပါ တီ ရဲ့ နယ်မှာ တောင်သူတွေကို ချေးငွေ ထုပ်ပေးပြီး ချေးငွေလိုချင်ရင် သူတီု့ပါတီထဲဝင်ရမယ် …ဆိုတော့ လောလော ဆယ်စားဝတ်နေရေး စိုက်ရေးပျိုးရေး အခက်အခဲ ရှိနေသူတွေ ကတော့ ရတာအရင်ယူရမဲ့ သဘောဖြစ်နေပါတယ်။ တရားဥပဒေ ကို အားကိုး ရအောင်ကလည်းမှန်မှန် ကန်ကန် ရပ်တည် ပြီး ကိုယ့်အတွက် မှန်ကန်မှုနဲ့ အားကိုးလောက်ရဲ့လား ……. ဝင်ပြိုင်ကြမဲ့ ပါတီ တွေရဲ့ ဥ က္က ဌ ဆိုသူ တွေရဲ့ အတွေ့ အကြုံ တွေဖတ်ကြည့် တော့လည်း ….အမှန်ပြောရရင် အားရစရာ […]


fattyAugust 13, 20101min1369
မကြာမီ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့် ရရှိတော့မှာဖြစ်ပါတယ်။ မဲဆန္ဒ တပြား ဟာဘယ်လောက် အရေးကြီးတယ် ဆိုတာထက် chatting လောက် ချဲ လောက် ဘောလုံးပွဲလောက် ဘီယာလောက် ဘယ်သူမှစိတ်ဝင်စားတာမတွေ့ ရပါဘူး။ တခုလောက်တော့စဉ်းစားပေးကြပါ။ ………………………………………… မဲပေးရမဲ့အချက်ထဲမှာ ဘယ်အချက်ပါနေလဲဆိုရင် ………………………… အစိုးရ ရယ်လို့ဖြစ်လာရင် …………. အဲဒီအစိုးရက တာဝန်အရ လုပ်သမျှ တွေကို …….. ဘယ်ဥပဒေ နဲ့မှအရေးယူမှုမရှိ စေ ရ  တဲ့။ …………………… ကဲ    ..  ကျောင်းသားရော သံဃာ ရော နားမလည်ဘူး ….. ငြိမ်းချမ်းစွာ တောင်းဆို တာတွေ ဘာတွေ မလိုချင်ဘူး အကုန်ဖမ်း …အကုန်သတ် …. အေးအေးဆေးဆေး ချဲထိုးချင်ထိုး […]


Good IdeaAugust 12, 20101min510
မြန်မာစစ်အစိုးရသည် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲများကျင်းပမည့် နယ်မြေ ၃၃ဝ ၏ အမည်စာရင်းများကို နိုင်ငံပိုင် သတင်းစာမှတဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ ယခု ကြေညာချက်အရ ၂၀၁ဝ ရွေးကောက်ပွဲသည် ၁၉၉ဝ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ဦးဆောင်သည့် နဝတ (ခေါ်) နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲထက် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၂. ၉ဝ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။ ၁၉၉ဝ ရွေးကောက်ပွဲတွင် နဝတ အစိုးရက  ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲမားကို နိုင်ငံတဝှမ်းရှိ နယ်မြေ ၄၉၂ နေရာ ကျင်းပပေးမည်ဟု ကြေညာခဲ့သည်။ သို့သော် ရွေးကောက်ပွဲ ကျင်းပသည့် ၁၉၉ဝ ခုနှစ် မေလ ၂ရ ရက်နေ့တွင်မူ အကြောင်း အမျိုးမျိုးကြောင့် မဲဆန္ဒနယ် […]


maungmoenyoAugust 4, 20101min820
(၁၉၈၈)လူထုအုံကြွမှုမျိုးအနာဂါတ်တွင်ဖြစ်နိုင်ခြေရှိမရှိ ယင်းကဲ့သို့အုံကြွမှုကားမထင်မှတ်သောအခြေအနေအချိန်ခါတွင် ကြိမ်းသေပေါ်ပေါက်ဦးမည်ဆိုသည်ကားအမှန်ပင်။ သို့သော် – (၁) ဗိုလ်နေဝင်းအစိုးရလက်ထက်တွင်အုပ်ချုပ်မှုယန္တရားမှာရန်ကုန်တွင်အခြေစိုက်သည်။ ယခုဗဟိုအစိုးရ ယန္တရားကြီးတခုလုံးမှာစစ်ဗျူဟာအရအသာစီးရသောဒေသဖြစ်သည့် နေပြည်တော်ပျဉ်းမနားတောင်ကြားတွင် အခြေယူထားသည်။ ယင်းဒေသကားပြည်သူ့ရေးရာစီမံခန့်ခွဲရေးအနေနှင့်ကားမည်သည့်နည်းနှင့်မျှမဟာ ဗျူဟာမကျသောဒေသဖြစ်သော်လည်းစစ်ရေးအရခုခံကာကွယ်မှု၊ ဗဟိုအုပ်ချုပ်မှုကောင်းစွာ ဆောင်ရွက်နိုင်သောအချက်အခြာဒေသဖြစ်သည်။ စစ်အစိုးရနှင့်၎င်းတို့အသိုင်းအဝိုင်းကို ကောင်းစွာလုံခြုံမှု ပေးနိုင်သောအရပ်ဒေသဖြစ်သည်။ လက်နက်ကိုင်တပ်များအားလုံးကိုသာမက၊အုပ်ချုပ်ရေးယန္တရားကြီးတခုလုံး ကိုအပေါ်စီးရသောဒေသတခုတည်းအောက်မှာအခြေစိုက်ထားသည်။ (၂) နိုင်ငံစီမံအုပ်ချုပ်မှုသာမက၊စီးပွားရေးအဆောက်အအုံနှင့်လူထုတရပ်လုံး၏နေ့တဓူဝစားဝတ်နေရေး၊ အသက်ရှင်ရပ်တည်ရေးအရပ်ရပ်တို့ကိုအကြွင်းမဲ့ထိမ်းသိမ်းချုပ်ကိုင်ထားသည်။ လူထုကိုအကြောက်တရား ဖြင့်အုပ်ချုပ်ထားသည်။ (၃) သမိုင်းအဆက်ဆက်တိုင်းတွင်အုံကြွမှုတိုင်း၏အရင်းအမြစ်ဖြစ်သောတက္ကသိုလ်နှင့်စာသင်ကျောင်းအား လုံးကိုနိုင်ငံအနှံ့သို့ဖြန့်ကျက်ထားသည့်နည်းဖြင့်ကျောင်းသားစုစည်းမှုကိုအပြတ်ရှင်းလင်းလိုက်သည်။ (၄) မူလကတိုင်း/တပ်မစစ်ဌာနချုပ်များကိုပြည်နယ်တိုင်းအဆင့်တွင်သာထားရှိခဲ့သော်လည်း။ ယခုအခါစစ်တိုင်း မှူးများကိုအာဏာအပြည့်အဝတိုးမြှင့်ပေးလိုက်သည့်အပြင်၊ စစ်တိုင်းငယ်/တပ်မငယ်များဖြစ်သော ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်/စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ်များကိုခရိုင်အဆင့်မြို့ကြီးတိုင်းတွင်အသစ်ဖွင့်လှစ်ခဲ့သည်။ မူလကာကွယ်ရေးဝန်ကြီးဌာန၊စစ်ဦးစီး၊စစ်ရေးစစ်ထောက်ဌာနကြီးများလက်အောက်ခံညွှန်ကြားရေးမှူးအဆင့်ရှိ သောရာထူးများကိုအရာရှိချုပ်အဆင့်မြှင့်၍စစ်ဘက်ဆိုင်ရာလက်နက်၊ အထောက်အပံ့တို့ကိုအကန့်အသတ်မဲ့ချဲ့ထွင်ခဲ့သည်။ ဤနည်းတို့ဖြင့်အုံကြွမှုကိုဖိနှိပ်နို်င်သောမဟာဗျူဟာများချမှတ်အကောင်အထည်ဖေါ်ခဲ့သည်။ (၅) စစ်တပ်အတွင်းအချင်းချင်းအားပြိုင်မှုများရှိနေသော်လည်း၊ တွင်မဟာဗျူဟာ ကျသည့်တူညီသောရည်မှန်းချက်သာရှိသည်။ မိမိတို့၏အာဏာစည်းစိမ်ကိုအချင်းချင်းအားပြိုင်မှုနှင့်လဲလှယ် မည့်အရိပ်အရောင်မရှိပါ။ ပြီးခဲ့သော (၁၉၈၈)အရေးတော်ပုံကား(၁၃၀၀)တောင်သူလယ်သမားရေးတော်ပုံထက်အဆများစွာကြီး သည့်အပြင်လူထုလူတန်းစားအားလုံးပါဝင်သောအုံကြွမှုဖြစ်သည်၊ အလံပြဘုရားလမ်းစစ်ရုံးချုပ်ပတ်လည် တခုလုံးလူထုသန်းနှင့်ချီ၍ဝိုင်းရံခြင်းခံရချိန်တွင်စစ်ဗိုလ်ချုပ်များဖိန့်ဖိန့်တုန်ခဲ့ရသည်မှာအမှန်ပင်။ တနိုင်ငံလုံးအုပ်ချုပ်ရေးအာဏာဆိတ်သူဉ်း သွားသော်လည်း၊ စစ်တပ်အချင်းချင်းကားအဆက်အသွယ်မပြတ်ခဲ့ သည့်အပြင်၊အခြေအနေကိုတပ်များအတွင်း မှမပြတ်လေ့လာဆက်သွယ်ညှိနှိုင်းမှုးများရှိခဲ့သည်ကိုမမေ့သင့်ပါ။ […]


maungmoenyoAugust 1, 20101min851
ပြည်သူလူထု၏ဘဝအခြေနေမှန် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကကြွေးကြော်ခဲ့သော – လွတ်လပ်ရေးသည်ပထမ၊ဒီမိုကရေစီရေးသည် ဒုတိယ၊ ဆိုရှယ်လစ်ရေးသည်တတိယ ဟူသောကြွေးကြော်ချက်များမှသည်၊ လူ့အခွင့်ရေးအခြေခံလိုအပ် ချက်ဖြစ်သော “စားဝတ်နေရေး”လိုအပ်ချက်အဆင့်သို့လျှောကျမှန်းမသိလျှောကျသွားခဲ့သည်မှယခုအထိပင်။ လွတ်လပ်ခါစအရှေ့တောင်အာရှတွင်ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံးဘဝမှသည် (၁၉၈၈)တွင်ကမ္ဘာ့အဆင်းရဲဆုံးအဆင့် သို့ကျသွားအောင်ပြုလုပ်နိုင်စွမ်းပြည့်ဝသောစစ်ဗိုလ်ချုပ်များ၏အစွမ်းသတ္တိကားဩချရလောက်အောင်ပင်မ ဟုတ်ပါလား။ ယခုအခါမှာတော့ တိုးတက်သောအနောက်နိုင်ငံများအကြားတွင်ပင်မဟုတ်၊ အာရှဒေသတွင် ပင်ဆေးဖေါ်ကြောဖက်ပင်အလုပ်မခံရတော့သည်မှာရင်နင့်ဘွယ်ပင်။ “မဆလ”ခေတ်တွင်ပြဌာန်းခဲ့သောအည မညဖြစ်စဉ်(၃)ရပ်တို့တွင်အပါအဝင်ဖြစ်သော “အပေါ်ထပ်ဆောက်အအုံ” နှင့် “စီးပွားရေးအခြေခံ”တို့၏ သဟဇာတမညီမျှမှုကိုနှစ်ရှေကာလကြာ အဆင့်ဆင့်သောပါတီအဖွဲ့အစည်းဆင့်ဆင့်တို့ကဖုံးဖိလိမ်ညာခဲ့ကြသမျှ (၁၉၈၈)တွင်မှပေါက်ကွဲကာလူထုအုံကြွမှုအဖြစ်ပြောင်းလဲသွားခဲ့သည်။ ဆိုခဲ့သော “စား၊ဝတ်၊နေရေး” အခြေခံတို့တွင်။ ဝတ်ရေး၊နေရေးဟူသောအခြေခံကိုပင်ယခုအခါလှည့်မကြည့်နိုင်တော့သည့် ဘဝသို့ရောက်နေပါပြီ။ လာမည့်ရွေးကောက်ပွဲ၏လှည့်ကွက်များကိုလူထုကကောင်စွာသိရှိပြီးဖြစ်သည်မှာယုံးမှားဘွယ်မရှိပါ။ ပြီးခဲ့သော(၂၀၀၈) အခြေခံဥပဒေကိုနိုင်ငံတဝက်နီးပါးမုန်တိုင်းဒဏ်အလူးအလဲခံနေရချိန်တွင်စစ်အစိုးရက ဗြောင်မဲလိမ်၍ရာနှုန်းပြည့်နီးပါးဖြင့်အတင်းအကျပ်အတည်ပြုခဲ့သည်မှာအထင်အရှားပင်။ ပြည်တွင်းရောပြည်ပ ကပါညံနေအောင်ဝိုင်းဝေဖန်ကြသော်လည်းတုပ်တုပ်မျှမလှုပ်ရုံမက၊ လက်လှမ်းမှီရာတို့ကိုပင် တိုး၍ဖိနှိပ် ဒုက္ခပေးခဲ့သည်။ ဒေါ်စုအပါအဝင်ထင်ရှား၍လူထုအုံကြွမှုကိုဖြစ်ပေါ်စေနိုင်မည့်ခေါင်းဆောင် ဟူသမျှကိုလူထု နှင့်အဆက်အသွယ်ဖြတ်လိုက်သည်။ သမိုင်း၏ဖြစ်စဉ်အမှန်များအားလုံးတို့ကိုစစ်အစိုးရက ဖုံးကွယ်ခြင်းဖျောက် ဖျက်ခြင်းစသည်တို့ကိုအရှိန်အဟုန်တိုးဖြှင့်ဆောင်ရွက်နေပါပြီ။ ဥပမာ-အာဇာနည်နေ့ဟူသော အဓိကကျသည့် အထိမ်းအမှတ်နေ့ကို နှစ်စဉ်ပြောက်ကွယ်အောင်လုပ်လာယုံမက၊ ယခင်နိုင်ငံတော်ခေါင်းဆောင်များအဆက် ဆက်ကသွားရောက်အရိုအသေပြုပန်းခွေချရသောအစဉ်အလာမှသည်၊ ယဉ်ကျေးမှုမှုဝန်ကြီးဌာနကကြီးမှူးသော ‘”ပြပွဲ”ယောင်ယောင်အဆင့်သို့လျောကျသွားသည်မှာရင်နင့်ဘွယ်ပင်။ “အာဇာနည်”ဟူသောဝေါဟာရ၏ […]


maungmoenyoAugust 1, 20101min671
ဖွဲံစည်းပုံအခြေခံဥပဒေနှင့်ရွေးကောက်ပွဲ အမှန်တကယ်ပင်လိုအပ်ပါသလား။ ဖွဲ့စည်းပုံအခြေခံဥပဒေသည်နိုင်ငံ၏အသက်သွေးကြောဆိုသည်မှာယုံမှားဘွယ်မရှိပါ။ သို့သော်မြန်မာနိုင်ငံ၏ အဆက်ဆက်သောအခြေခံဥပဒေတို့ကိုလေ့လာကြည့်ပါ၊ ဘယ်တခုမျှသက်ဇို့းမရှည်ခဲ့ပါ။ ဤ (၂၀၀၈)ကော။ ပိုဆိုးပါလိမ့်မည်။ လူကောင်းမဟုတ်သူတွေကရေးဆွဲထားသောဥပဒေဖြစ်သဖြင့်သက်တမ်းပိုတိုဘွယ်ရှိပါသည်။ ၎င်းတို့အာဏာတည်မြဲရေးအတွက်ရေးဆွဲထားသည့်နည်းတူ၊ နောင်တနေ့တွင်၎င်းတို့ကပင်အကြောင်း အမျို့းမျိုးပြကာပြင်ဆင်ခြင်း၊ဖြည့်စွက်ခြင်း၊နှုတ်ပယ်ခြင်းတို့ကို ထင်တိုင်လုပ်ကြမည်မှာဧကန်မုချပင်။ ပြီးခဲ့သောလမ်းစဉ်ပါတီခေတ်အတွင်းက ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်ဥပဒေအားလုံကိုသွားလေသူ ဗိုလ်နေဝင်းနှင့်သူ့အသိုင်းအဝိုင်းက (အများအားဖြင့်ဒေါက်တာမောင်မောင်)နှုတ်တိုက်ပေးပြီး၊ ပါတီဗဟိုကော်မီတွင်အပြန်အလှန်ဆွေးနွေးခြင်းပင်မမြင်ရဘဲနောက်တနေ့လွှတ်တော်တွင်ဥပဒေအတည်ဖြစ် သွားသည်။ (၁၉၄၈) အခြေခံဥပဒေတွင်မည်သို့ပင်အားနဲချက်များရှိသည်ဆိုစေကာမူ၊ ထိူစဉ်ကရှိခဲ့ သောပါလီမန်တွင်းတွင်နေ့မီးညမီးတို့နှင့်အကြေအလည်ဆွေးနွေးပြီးမှဥပဒေဖြစ်ရသည်။ ယင်းအခြေခံဥပဒေကားတခုတည်းသာရှင်ရိုသေလူရိုသေမည်ခဲ့သည်မဟုတ်ပါလား။ သို့ဆိုလျင်ဘာကြောင်ကွှန်တော်တို့အားလုံးအချိန်ကုန်ခံ၊လူပင်ပမ်းခံပြီးအနှစ်သာရမရှိ၊နိုင်ငံတကာနှင့်တတ်သိ ဥပဒေပညာရှင်အသိုင်းအဝိုင်းတွင်စိုးစဉ်းမျှထောက်ခံမှုမရသောဤအခြေခံဥပဒေနောက်သို့လိုက်နေကြသနည်း။ စစ်အစိုးရကားလူထုကိုနားလဲ့၍သူတို့လိုချင်ရာသို့ခေါ်ဆောင်နေသည်ကားထင်ရှားလှပေသည်။ သူတို့အကျိုးအမြတ်တခုတည်းအတွက် သန်း(၆၀) မျှသောလူထုကိုချောက်ထဲသို့ဆွဲခေါ်နေသည်ကိုမြင် အောင်ကြည့်ကြဘို့လိုပါသည်။ (၉၉%)သောပြည်သူလူထုအတွက်သေရေးရှင်ရေးတမျှနေ့စဉ်လိုအပ်နေသောဦးစားပေးအချက်(၃)ချက်ရှိပါ သည်၊ (၁) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး (၂) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး (၃) နေ့စဉ်ထမင်းနပ်မှန်ဗိုက်ဝရေး ပြီးခဲ့သော (၁၉၉၀)ရွေးကောက်ပွဲတွင် NLD မှမဲအပြတ်အသတ်အနိုင်၇ရှိခဲ့သောအခြေအနေကိုအသေ အခြာလေ့လာပါက၊ ယခုလာမည့်ရွေးကောက်ပွဲနှင့်အကွာခြားကြီးကွာသောအချက်များကိုတွေ့ရပါမည်။ (၁) ထိုစဉ်ကလူထုတွင်မိမိဆန္ဒကိုအမှန်တကယ်ထုတ်ဖေါ်ခွင့်ရသော (၁၉၈၈)အရေးအခင်း၏အရှိန် အဝါရှိခဲ့သည်။ ယခုစစ်အစိုးရကပြင်းထန်သောဖိနှိပ်အရေးယူမှုများကလူထုကိုလှုပ်မရအောင် ချုပ်ကိုင်ထားသည်။ (၂) ထိုစဉ်အာဏာရလမ်းစဉ်ပါတီ (နှင့် […]


maungmoenyoJuly 31, 20101min982
ရွေးကောက်ပွဲ (သို့မဟုတ်) အကြွင်းမဲ့အာဏာရှင်စနစ်ဆီသို့ (အပိုင်း ၅) (ယခင်အပိုင်းများကိုသရုပ်ပြဇယားများဖြင့် ဘယ်ဘက် menu ရှိ “2010 Election”  section တွင်သွားရောက်ကြည့်ရှုဝေဖန်နိုင်ပါသည်။) ရွေးကောက်ပွဲဝင်မည့်ပါတီများအနေအထား အဓိကပါတီဖြစ်သည့် NLD ပါတီကရွေးကောက်ပွဲကိုသပိတ်မှောက်ပြီးသည့်နောက်ယနေ့အထိမှတ်ပုံတင်ခွင့်ပြု သောပါတီအရေအတွက် (၄၀)ကျော်ခန်ရှိပါပြီ။ ကြံ့/ဖွံ့ပါတီမှလွဲ၍ကျန်ပါတီများရံပုံငွေ၇ရှိရေး၊ စည်းရုံးရေး၊ အမတ်၇ရှိရေး မှအစများစွာသောအကျပ်အတည်းများနှင့်ရင်ဆိုင်နေရပါသည်။ ကြံ့/ဖွံ့ပါတီကအကန့်အသတ် မရှိခြေလှမ်းသွက်နေသလောက် ကျန်ပါတီများကအချင်းချင်းမူဝါဒပြိုင်ခြင်း၊ အရေးမပါသော သာမာန်ကိစ္စများ နှင့်သာလုံး ပမ်းနေရင်းအချိန်ကုန်နေပါသည်။ ပါတီဦးဆောင်သူများကိုမီဒီယာများကမေးမြန်းသော်လည်းတိတိ ကျကျ လုပ်ငန်းစဉ်မပြနိုင်သေးပါ။ အောင်နိုင်ရေးကားမျှောိလင့်ဘွယ်မရှိ။ NLD ပါတီဝင်များ၏လူထုကြား ဝင်ရောက် စည်းရုံးနိုင်မှုအတိုင်းအတာတခုအထိမြင်ရသော်လည်းအများအားဖြင့်မြင်ရသောလှုပ်ရှား မှုမှာလူမှုရေးလှုပ်ရှားမှုများသာဖြစ်ပါသည်။ ဥပမာ- နာဂစ်မုန်တိုင်းကူညီပေးမှု၊ အဖမ်းဆီးခံမိသားစုများ ထံကူညီထောက်ပံ့မှုနှင့်ဆေးဝါး ကုသရေး၊ ဘာသာရေးကိစ္စများအတွက်စီစဉ်ဆောင်ရွက်မှုများကိုသာ တွေ့နိုင်ပါသည်။ စစ်အစိုးရ ကလည်းလုံးဝလှုပ်ရှား၍မရအောင် ပြင်းပြင်းထန်ထန်နှိပ်ကွပ်ကန်ု့သတ်မှုများ ကိုပြုလုပ်ထားသည်။ နိုင်ရေးအဖွဲ့ အစည်းတရပ်၏လှုပ်ရှားမှုမျိုး မပြုလုပ်နိုင်အောင်ဖိနှိပ်ထားပါသည်။ ဝမ်းနဲဘွယ်ကောင်းသည်မှာခေါင်းဆောင် ပိုင်းတွင်ရှိသောနိုင်ငံရေးပါတီ […]


True FaithJuly 28, 20101min872
ဇူလိုင်လ ၂ဝ ရက်နေ့က မြန်မာပြည်က စာပေကင်ပေတိုင်လို့ နာမည်ပြောင်နဲ့ ထင်ရှားတဲ့ စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက ကြေငြာချက်တစောင် ထွက်ပေါ်လာပါတယ်။ အဲဒီကြေငြာချက်မှာ ဘာတွေပါသလဲဆိုတော့ ”ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နည်းဥပဒေပါ အချက်များ ပြည့်စုံမှန်ကန်စွာ ထည့်သွင်းဖော်ပြရေး” ညွှန်ကြားချက်တွင် မှားယွင်းဖော်ပြပါက ဂျာနယ်ထုတ်ဝေခွင့် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်”လို့ ရေးထားပါတယ်။ နောက်ပြီးတော့ ”ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်များကိုလည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားရှိသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း စာမူဆောင်းပါး၊ သတင်းများ ကောက်နုတ်ဖော်ပြရာတွင် အထူးအလေးထား စိစစ်တည်းဖြတ်ဆောင်ရွက်ရန် သက်ဆိုင်ရာဂျာနယ် ထုတ်ဝေသူ၊ စာတည်းအဖွဲ့များအနေဖြင့် တာဝန်ရှိပါသည်” လို့ ပါရှိပါသေးတယ်။ အဲဒါတော့ သူတို့ပြောမှလားဗျာ။ အယ်ဒီတာဆိုတာ တည်းဖြတ်ဖို့က သူ့အလုပ်ဆိုတာ ကောင်းကောင်း သိတာပေါ့။ ဒီလိုထည့်ရေးတာက […]


kaiJuly 16, 20102min800
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်တပြည်အတွက် အသက်တမျှပါပဲ။ အခုတလော ယူအက်စ်လွှတ်တော်တွေ။ မီဒီယာတွေမှာ လူမျိုးရေးခွဲခြားတာတို့။ လူမျိုးကြီးဝါဒတို့။ လူဝင်မှုကြီးကြပ်ရေးတို့နဲ့ အားပြိုင်တာ၊ အစိုးရနဲ့အတိုက်အခံ အပြန်အလှန်ချနေကြတာများပါတယ်။ အားပြိုင်တိုင်း တရားရေးက ဦးတည်ပြောရတာ၊ ကိုင်ထားတာက အခြေခံဥပဒေပါ။ အခုတလောတင် အိုဘားမား ဖယ်ဒရယ်အစိုးရက အာရီဇိုးနားပြည်နယ်ကို တရားစွဲတာကလည်း အခြေခံဥပဒေက အပ်ထားတဲ့ ဘောင်ကိုကျော်လုပ်လို့ဆိုပါတယ်။ ဂေးတွေကိစ္စ၊ အဖြူအမဲလူမျိုးရေးကိစ္စတွေလည်း အခြေခံဥပဒေနဲ့ စကားပြောရတာပါပဲ။ အလွန့်အလွန်ကိုအရေးကြီးတာမို ့မြန်မာပြည်အတွက်လည်း လေ့လာစုံစမ်းမှီငြမ်း၊ သုတေသနလုပ်လိုသူတွေအထောက်အကူရအောင် ရည်ရွယ်တင်ပေးထားလိုက်တာပါ။ မှြီိငမ်းချင်သူတွေ လွယ်အောင်ပေါ့။ ၂၀၀၈ မဟုတ်ပဲ ၁၉၄ရ ဆိုတာ သတိထားကြပါနော..။ အင်္ဂလိပ်ရယ် မြန်မာလိုရယ် ပီဒီအက်ဖ်နဲ့ ဒေါင်းလုပ်ယူနိုင်ပါကြောင်း..။ Burma-Constitution-1947_Bur Burma Constitution-1947_Eng == THE CONSTITUTION OF THE UNION OF […]


True FaithJuly 16, 20101min1549
ကျနော် နှစ်သက်မိတဲ့ ဆောင်းပါးလေး တပုဒ်ပါ။ စာဖတ်သူများ သိသင့်တယ်ထင်လို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ……………………………………………………………………………….. “ပါရာဒိုင်းအသစ် စစ်အာဏာကာကွယ်ရေးလွှတ်တော်နှင့် သတင်းမီဒီယာတာဝန်” ဇင်လင်း / ၁၄ ဇူလိုင် ၂၀၁၀ ယခုတလော ပြည်တွင်းထုတ်ဂျာနယ်တချို့တွင် စစ်တပ်က ကျင်းပမည့် ရွေးကောက်ပွဲအား မစားရ ဝခမန်း အမွှမ်းတင်လာကြသည်ကို တွေ့ရ၏။ စစ်အာဏာပိုင်တို့ လက်သပ်မွေးထားသည့် အခွင့်ထူးရ မီဒီယာများကဆိုလျှင် သခင်အားရ ကျွန်ပါးဝ ပိုလုပ်လာကြသည်။ “ရွေးကောက်ပွဲ သပိတ်မှောက်ရေးသည် အိုင်ဒီယာကောင်းမဟုတ်” ဟူသော ဆောင်းပါးမျိုး၊ “ရွေးကောက်ပွဲ မဝင်ခြင်းကို အဘယ်ကြောင့် လမ်းလွဲဟု ခေါ်နိုင်သနည်း” ဟူသော ဆောင်းပါးမျိုးဖြင့် စစ်အာဏာရှင်တို့ ခင်းကျင်းထားသည့် ကျုံးထဲသို့ ဇွတ်အတင်း မောင်းသွင်းနေသည်။ ထိုထိုသော ဂျာနယ်မျိုးများအနက် The Voice […]