အာဂMarch 20, 20121min1435
။ ကျုပ်ငယ်ငယ်က အဘိုးအဘွားတွေနဲ့ နေခဲ့ရတယ်။ အဘွားရဲ့အဖေ၊ ဘိုးကြီး အဘိုးရဲ့အမေ ဘွားကြီးတို့နဲ့ တောင်နေခဲ့ဖူးသဗျ။ အဲဒီ အဘိုး- အဘွား ဘိုးကြီး ဘွားကြီးတွေက ရှေးလူကြီးတွေမဟုတ်လား၊ ရှေးရိုးဆန်တာပေါ့ဗျာ။ အဲဒီတော့ သူတို့နားဝင်ဆိုးတဲ့ စကားမျိုး ကြားလိုက်ရရင် သူတို့လက်သုံးစကားနဲ့ပဲ တွင်တွင်ကြီးတုံ့ပြန်တော့တာပေါ့။ သူတို့ လက်သုံးစကားက ´ကြားရ- ကြားရ နားဝမချမ်းသာလိုက်လေကွယ်´တဲ့။ အခု ကျုပ်ကိုယ်တိုင်လည်း ရှစ်ဆယ်ကျော် အဘိုးကြီးဖြစ်လာတော့ နားခါးတဲ့စကားသံတွေ၊ ပြောသံ-ဆိုသံတွေ ကြားလာရရင် အဘိုးကြီးနည်းနဲ့ တုံ့ပြန်မိလာတယ်ဗျာ၊ ကြားရ- ကြားရ နားဝမချမ်းသာလိုက်တာလေသကွယ်။ ကျုပ်နားခါးနေတဲ့ စကားက ကြားဖြတ်ရွေးကောက်ပွဲတွေအကြောင်းဗျ။ ခင်ဗျားတို့ အားလုံးလည်း အဲဒါတွေကြားနေကြရမှာ ပေါ့ ။ကြားတိုင်းလည်း နားခါးနေကြမှာပေါ့ ။ ပြည်သူတွေအားလုံးလည်း နားခါးနေကြမှာပေါ့ ။ ဒီချုပ်အဖွဲ့ဝင်တွေ အားလုံးလည်း နားခါးကြမှာ […]


Vote NLD Campaign အထက်ပါလင့်ခ်မှာ သွားကြည့်ကြပါ… နာမည်ကြီး သရုပ်ဆောင်တွေစုပေါင်းပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးကြဖို့  Vote NLD Campaign ဗွီဒီယို ကိုရိုက်ကူးတင်ဆက်ထားပါတယ်။ လူမင်း ၊ ဝေဠုကျော် ၊ ဝိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ ပါဝင်သရုပ်ဆောင်ထားသည်။ ရဲရဲဝံ့ဝံ့နဲ ့ ဒေါင်းစိတ်၊ ဒေါင်းမာန်၊ ဒေါင်းအလံကို သတ္တိရှိရှိ စိုက်ထူပြလိုက်ကြတဲ့ ………… “ခွပ်ဒေါင်းအနုပညာသည်များ”ကို ဂုဏ်ပြုကြိုလိုက်ပါတယ်! “အမှန်ခြစ်တတ်လျှင် မဲ့ထည့်လို့ရပြီ” သင်နှင့် သင့်ရင်သွေးများ၏ တောက်ပတဲ့အနာဂတ် အလင်းရောင်ကိုပိုင်ဆိုင်ဘို့အတွက် NLD ကို မဲပေးကြပါစို့.. Voting for NLD = Loving Yourself & Your Kids’ […]


Zaw WonnaMarch 17, 20121min1364
တွေ့ရပြန်ပြီ။ အခုတလောမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်နေတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ တော်တော်များများ တွေ့လာရပါတယ်။ Facebook ထဲမှာလည်း အတော်များများ တွေ့မိပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံရေးပါတီက၊ ဒါမှမဟုတ် ဘယ်သူ့ လက်ကိုင်တုတ်လဲ ဆိုတာကိုတော့ မသိပါ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကိုတော့ သတိထားမိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လို ဆိုတာကိုလည်း အတိအကျ မသိပေမယ့် ဒီလို ဝေဖန်တိုက်ခိုက်ခြင်းအားဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ ထမြောက်အောင်မြင်မယ်လို့ ထင်ထားပုံ ရပါတယ်။ ဒါပေမယ့် သူတို့ မတွက်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံလူထု လူတန်းစား အသီးသီးက ဘာကြောင့် ထောက်ခံကြတယ် ဆိုတာပါ။ နိုင်ငံခြားမှာနေ၊ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီးမှ မြန်မာ့နိုင်ငံရေးအတွက် ဆောင်ရွက်နေတဲ့ သူ့ကို […]


kaiMarch 16, 20121min1466
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဟောပြောချက် PDF Wednesday, 14 March 2012 23:03 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ပါတီ၏ မူဝါဒ သဘောတရားများကို မတ်လ ၁၄ ရက်နေ့တွင် ရုပ်မြင်သံကြားမှတစ်ဆင့် ဟောပြောမှုများပြုလုပ်ခဲ့သည်။ အဆိုပါ ဟောပြောမှုကို ရုပ်မြင်သံကြားမှတစ်ဆင့် စိတ်ဝင်တစား စောင့်စားကြည့်ရှုခဲ့သူများ ရှိခဲ့ကြောင်းလည်း သိရသည်။ ဟောပြောချက်အပြည့်အစုံမှာ ယခုလို ကျွန်မရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒသဘောတရားတွေကို ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ တင်ပြခြင်းဟာ ပြည်သူတွေရဲ့ အခွင့်အရေးကို အသိအမှတ်ပြုရခြင်း ဖြစ်ပါတယ်။ မဲဆန္ဒရှင်များ သာမက နိုင်ငံသူ နိုင်ငံသားအားလုံးအနေနဲ့ မိမိတို့ကို ကိုယ်စားပြုလိုကြတဲ့ ပါတီ အဖွဲ့အစည်း ပုဂ္ဂိုလ်တွေကို လေ့လာသုံးသပ်ပြီး […]


ကထူးဆန္းMarch 14, 20121min23323
ကြားဖြတ်ရွေးကောက်ပွဲ ဧပြီ တစ်ရက်နေ့ ကျင်းပတော့မှာပါ ။ အကယ်၍ သင့် မြို့နယ်သည်ကြားဖြတ် ရွေးကောက်ပွဲ တွင် ပါဝင်ဆင်နွဲရမည့် မြို့နယ် ဖြစ်ပါက (၁) သင့်မြို့နယ် ရွေးကောက်ပွဲ ပါဝင်ခြင်း ရှိမရှိ သင်သိပါသလား ။မည်ကဲ့သို့ သင်သိပါသလဲ။ (၂) သင်သိပါက ရှိပါက သင်မြို့နယ်မှ မည်သည့် ပါတီတို့ မှ မည်သူတို့ ဝင်ရောက် အရွေးခံ ကြမည်ကိုသင်သိပါသလား ။ (၃) သင့်ထံသို့ မည်သည့် ပါတီ မည်သူ မည်ဝါက ဝင်ရောက် အရွေးခံမည်ကို တစ်နည်းနည်းဖြင့် အသိပေး အကြောင်းကြားမှု့ ရှိပါသလား။ (၄) သင့်ထံသို့ (သို့) သင် နေသော ရပ်ကွက် မြိုနယ် သို့ ကိုယ်စားလှယ်လောင်းများ လာရောက်စည်းရုံးဟောပြောမှု့များရှိပါသလား […]


kaiMarch 8, 20121min1436
သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                    သမ္မတကြီး ဦးသိန်းစိန်ထံသို့                                                   အိတ်ဖွင့်ပေးစာ သမ္မတကြီးခဗျင်္ာ- ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါ သည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။ သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ေြကာင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေအများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို […]


[polldaddy poll=5837369] ဟုတ်ကဲ့ပါ အစက ကျွန်တော့်အနေနဲ့ ဒီကိစ္စကို ပို့စ်တင်ဖို့ စိတ်ကူးမရှိခဲ့ပါဘူး သူကြီးတင်တဲ့ Myanmar Leaked Documents မှာ ဝင်မန့်မလို့ရေးရင်းနဲ့ အတော်ကြီးရှည်လာတာကြောင့် ကိုယ်တိုင်ပို့စ်တင်ဖြစ်သွားတာပါ အဲဒီပို့စ်မှာ ရေးထားပုံအရ ရွာသားတွေအနေနဲ့ ဒီအစိုးရလက်ထက်မှာ ဆန်ရှင်တွေ မရုပ်သိ်မ်းသင့်ဘူးလို့ ဆိုချင်ကြတာလားဗျာ ဪ အခုတောင် ဘွဲ့ရ အလုပ်လက်မဲ့တွေ ဒီလောက်များနေတာ ကျွန်တော့်အနေနဲ့ကတာ့ အမေရိကန်အစိုးရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားတဲ့ ဆန်ရှင်တွေကို ရုပ်သိ်မ်းပေးစေချင်ပြီဗျာ တခြားနိုင်ငံတွနဲ့ယှဉ်ရင် အရာရာမှာ နောက်ကျကျန်ခဲ့ရတဲ့ အဖြစ်တွေကနေ လွတ်မြောက်ချင်ပြီဗျာ အလုပ်အကိုင် အခွင့်အလမ်းတွေ များများပေါ်ပေါက်လာမှ အလုပ်လက်မဲ့ ဦးရေတွေ လျှော့ပါးလာလိမ့်မယ် ဘွဲ့ရ ပညာတတ်တွေ ဘဝအခြေအနေ မြင့်မားလာလိမ့်မယ် အဲဒါမှ မြန်မာပြည်သူတွေအနေနဲ့ ပညာရေးကို ပြန်လည်စိတ်ဝင်စားလာကြလိမ့်မယ် ကျောင်းသားတွေအနေနဲ့လဲ အမှန်တကယ် […]


kaiMarch 7, 20121min32410
ခုတလော မြန်မာအစိုးရဖက်က.. ရုံးတွင်းစာတွေ ပေါက်ထွက်နေတာတွေ့ရပါတယ်..။ အောက်ကစာက တခုပေါ့.. အဲဒီစာတွေကို ဧရာဝတီဘလော့င်္ဂကတွေ့တာပါ။ Swe Swe Kyi/Facebook လို့ရေးထားပေမဲ့ ဖေ့စ်ဘုတ်မှာတော့ ရှာမတွေ့ပါဘူး..။ “အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ” ဆိုတဲ့စာကို ဘယ်သူရေးသလည်းမသိပါဘူး.. Swe Swe Kyi/Facebook လို့ထင်ပါတယ်.. အဲဒီကို ခရက်ဒစ်အပြည့်ပေးပါတယ်နော..။ မှတ်တမ်းကျန်ရစ်အောင် မူရင်းအတိုင်းကူးထားလိုက်တာဖြစ်ပါကြောင်း…။ အမေရိကန်ဆန်ရှင်ရုတ်သိမ်းအောင် သိန်းစိန်အစိုးရ အောက်လမ်းနည်းသုံးပြီ – Swe Swe Kyi/Facebook မြန်မာအပေါ် အမေရိကန် စီးပွားရေးဒဏ်ခတ်မှု (ဆန်ရှင်) ကို ပြန်ရုတ်သိမ်းရေးအတွက် သိန်းစိန်အစိုးရက နည်းမျိုးစုံ ကျင့်သုံးနေတယ်။ ဒေါ်စုနဲ့ သိန်းစိန်အစိုးရ အပေါ်ယံ လောကွတ်ဆက်ဆံရေးကနေ အမေရိကန်ဘက်က ဆန်ရှင်ရုတ်သိမ်းရေး လွယ်လွယ် လုပ်မပေးဘူးဆိုတာ သိန်းစိန်အစိုးရ သိလာတယ်။ ဒီမှာတင်သိန်းစိန်အစိုးရက အောက်လမ်းနည်းတွေသုံးလာတယ်။ […]


kaiMarch 6, 20123min97755
https://myanmargazette.net/105553/ ကိုပေါက်၏ပို့စ်မှ.. ထုတ်နှုတ်ယူလာခြင်းဖြစ်ပါသည်။ ကန်ပိန်းထောက်ပံ့ငွေတွင်ပါဝင်လိုသူများ ဆက်သွယ်ကြ/ရေးကြစေလိုပါကြောင်း… kai says: ဒေါ်စုက.. အခုမှလူထုကြားထဲပြန်ဆင်းရတော့… ဒီလိုဖြစ်နေတယ်ပေါ့..။ ပါတီရံပုံငွေရအောင်.. သူဌေးတွေကို.. ထမင်းတူတူစားဖို့ဖိတ်ပြီး.. တဝိုင်း.. ကျပ်ဘယ်လောက်ဆိုသတ်မှတ်..ခုံရောင်းသင့်တယ်..။ ယူအက်စ်မှာ.. တလောကတင်.. သမ္မတအိုဘားမားတော့.. ဟောလိဝုဒ်လာပြီး အဲလိုလုပ်သွားတာ.. ဒေါ်လာသန်းချီရသွားတယ်..။ မဲဆွယ်တာမှာ.. လူထုအင်အားထက်.. ငွေအင်အားတောင့်အောင်.. လုပ်သင့်တယ်ထင်မိပါတယ်..။ ပါတီအတွက်.. ကန်င်ပိန်းလုပ်နေသူတွေသတိထားမိအောင်ပါ…။ = President Obama Attends Latest Hollywood Fundraisers: George Clooney, Jack Black By NIKKI FINKE | Wednesday February 15, 2012 @ 8:00pm PST Here’s the White House press corp […]


kaiMarch 3, 20121min2018
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မတ်လ ၁ရက်နေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်း အပြည့်အစုံ Friday, 02 March 2012 22:18 လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များခင်ဗျား- ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁ဝ အရ ကျွန်တော့်အနေဖြင့် နိုင်ငံတော်၏မူဝါဒများ၊ တစ်နှစ်တာကာ လအတွင်း မိမိအစိုးရအဖွဲ့၏ဆောင် ရွက်ချက်များနဲ့ ရှေ့တွင်ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များအား လွှတ်တော်မှတဆင့်ပြည်သူများသိ ရှိစေရန်တက်ရောက်ပြောကြားခြင်းဖြစ်ပါတယ်။ ပထမဦးစွာ နိုင်ငံတစ်ဝန်းလုံး မှာရှိတဲ့ မိဘပြည်သူများအားလုံး၊ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျွန် တော်တို့ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ပြည်ထောင်စုလွှတ်တော်နာယကကြီး ပြည်သူ့လွှတ်တော်ဥက္ကဌကြီးနဲ့ ပြည် ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ် ၏ကျန်းမာခြင်းနဲ့ ပြည့်ဝကြပါစေ ကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်တို့အစိုးရ […]


kaiMarch 3, 20121min1054
by Yangon Press International on Thursday, March 1, 2012 at 5:24am · ကျွန်မတို့ ဧပြီလ ၁ ရက်မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ကျွန်မတို့ရဲ့ကိုယ်စားလှယ် အောင်မြင်ဖို့ လာပြီးတော့ မဲဆွယ်တာပါ။ ကျွန်မတို့ကိုယ်စားလှယ်ကို မဲပေးကြပါ။ ကျွန်မတို့ဟာ မဲဘာဖြစ်လို့ ဒီလောက်တောင်လိုချင်လဲဆိုလို့ရှိရင် ကျွန်မတို့ ကိုယ်စားလှယ်များနိုင်သလောက် များများ လွှတ်တော်ထဲကိုဝင်ဖို့ပါ။ လွှတ်တော်ထဲကိုဝင်ပြီး ဘာလုပ်မလဲဆိုလို့ရှိရင် ပြည်သူရဲ့အသံကို ဒီနိုင်ငံတင်မက တစ်ကမ္ဘာလုံးကကြားပြီး တော့ ကျွန်မတို့ရဲ့ပြည်သူလူထုဟာ ဘာတွေလိုချင်လဲ ကျွန်မတို့ပြည်သူလူထုတွေတိုးတက်ရေးအတွက် ဘာတွေလုပ်ဖို့လိုလဲဆိုတာကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ ကျွန်မတို့က ကြိုးစားမှာပါ။ ကျွန်မတို့ ဒီရွေးကောက်ပွဲမှာနိုင်လို့ အစိုးရဖြစ်လာမှာမဟုတ်ဘူး။ အားလုံးဒါကို သဘောပေါက်ပါတယ်နော်။ (ဟေးးးး) * ဒီမိုကရေစီမှာဆိုလို့ရှိရင် အာဏာခွဲဝေရေးဆိုတာရှိတယ်။ အဲဒါဘာလဲဆိုတာ အကြမ်းဖျဉ်းပြောရမယ်ဆိုလို့ရှိရင် […]


လင်းဝေMarch 1, 20121min34737
ဒီနေ့ MRTV-4 ကနေတိုက်ရိုက်လွှင့်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ ပြောကြားသော သမ္မတ မိန့်ခွန်းကို ကြည့်ဖြစ်တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ၊ စီးပွားရေး ၊ ကျန်းမားရေး ၊ ပညာရေး ၊ လူမှုရေး နဲ့ အစိုးရစနစ်စီမံခန့်ခွဲမှုပြင်ဆင်နေပုံ (အဂတိ တိုက်ဖျက်ရေး )၊ ဝန်ထမ်းလစာ (မတိုး)ရေး နဲ့ စတဲ့အပိုင်းတွေ ပြောတာ ကြားမိ မှတ်မိပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အားလုံး ယုံယုံကြည်ကြည်နဲ့ လက်တွဲကြဖို့ ဆိုတဲ့သဘောကိုပြောပါတယ်။ တစ်ချိန်က သေနတ်ကိုင်ခဲ့တဲ့သူတွေ လက်ပ်တော့ ကိုင်ပြီး ထည်ဝါခန့်ငြားစေချင်ပါတယ်တဲ့။ (နောက်ဆိုရင် လက်နက်နဲ့ လက်ပ်တော့ လဲလှယ်ရေး လုပ်ကြတော့မယ်ထင်တယ် ) ခိုင်မာတဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ကြပါစို့တဲ့။ ( DKBA နဲ့တော့ ပြန်ဆော်နေကြပြန်တယ် နော်။ အောက်ခြေမြေပြင်မှာ နှစ်ဖက်စလုံးက […]


timothyNovember 15, 20111min881
ရောင်းရင်းတို့ရေ။ အင်န်အယ်လ်ဒီပါတီကလာမဲ့သောကြာနေ့မှာနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ဘို့မဲခွဲဆုံးဖြတ်မယ်လို့ကြားရတယ်။ စစ်တပ်ရဲ့ထောင်ခြောက်ထဲကျတော့မယ်။ စစ်တပ်ကအေဆီယံဥက္ကဌရာထူးလိုချင်လို့လမ်းဖွင့်ပေးနေတာ။ နောက်တော့အကုန်ပြန်ဖမ်းပြီး၊ စစ်တပ်အာဏာသိမ်းလိုက်မှာဘဲ။ ဘယ်တုံးကမှယုံကြည်လေးစားစရာတကွက်မှမရှိတဲ့စစ်အစိုးရကိုမယုံသင့်ကြဘူးလို့ပြောတဲ့လူတွေလဲရှိတယ်။ ကျွန်တော့အမြင်ကတော့NLD အနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့၊ကာလံဒေသအချိန်အခါနဲ့လဲလိုက်လျောတဲ့မှတ်ပုံတင်ဖို့ဆုံးဖြတ်၊ရွေးကောက်ပွဲဝင်သင့်တယ်။ ဖွဲ့စည်းပုံဥပဒေကိုပြင်ရမယ်။ဖမ်းဆီးခံထားရတဲ့နိုင်ငံရေးသမားများအားလုံးလွတ်မြောကိရေး၊တိုင်းရင်းသားများနဲ့အပြစ်အခါတ်ရပ်စဲရေး၊ အမျိုးသားညီလာခံနဲ့ပြန်လည်သင့်မြတ်ရင်ကြားစေ့ရေး Truth and Reconciliation Conference တွေလုပ်ဘို့ရှိတယ်။ ဒါတွေအားလုံးကိုအခုအချိန်မှာစစ်တပ်ကလိုက်လျှောတုံးအခွင့်ကောင်းယူပြီးအတွင်ကဝင်လုံးရမှာဘု။ ဒီအဆင့်အထိရောက်လာရအောင်ပြည်တွင်းပြည်ပဖိအားအမျိုးမျိူးနဲ့တွန်အားပေးခဲ့ကြလို့ဖြစ်ပျက်အစဉ်ရောက်ခဲ့ကြတာဘဲ။ စစ်တပ်ထဲမှာလဲအမှားကိုမြင်လာတယ်၊ အရှေ့အလယ်ပိုင်းဒေသကအာဏာရှင်များတယောက်ပြီးတယောက်ပြုတ်ကုန်တာတွေကလဲ၊ စစ်အာဏာရှင်များအတွက်ရင်လေးစိုးရိမ်စရာဘဲ။ အားလုံးညီညီညွတ်ညွတ်နဲ့အမေစုရဲ့ခေါင်းဆောင်မှုကိုခံယူပြီးရှေ့ဆက်ရှောက်ဘို့ဘဲရှိတယ်။ လူထုအင်အား၊စည်းလုံးညီညွတ်မှုရဲ့အကျိုးကြောင့်ကျုပ်တို့လိုချင်တဲ့ဒီမိုကရေစီကိုရအောင်ယူကြရမယ်။ရလဲရမှာဘဲ။ တိုက်ပွဲကဆက်တိုက်ကြရဦးမယ်။NLD က ပါလီမံထဲမှာဝင်ပြီးပါလီမံပီပီသသဖြစ်အောင်လုပ်ယူရမယ်။ အတိုက်အင်္ခကအင်အားတောင့်တောင့်လာရင်မတရားတဲ့ဥကဒေတွေကိုပြင်လာနိုင်မယ်။ အမေစုနောက်မှာပြည်သူလူထုကဆက်လက်ပြီးမားမားမတ်မတ်နဲ့ရပ်တည်ပေးနိုင်ရင်၊ အခုလိုအခွင့်အရေးပေးတုံးအတွင်းကဝင်ပြီးတိုက်လိုက်ရင်စစ်အစိုးရကိုအလဲထိုးနိုင်မှာဘဲ။ စစ်အစိုးရကစိတ်ဖေါက်ပြန်ပြီးအာဏာသိမ်းဘို့လုပ်လာရင်လဲအင်အားကြီးတဲ့အတိုက်အခံNLD နဲ့ရင်ဆိုင်ရမယ်။ အတိုက်အခံခေါင်းဆောင်အမေစုကအဲဒီအချိန်ကြရင်တိုင်ပြည်နဲ့စစ်တပ်ကိုအရားဝင်အမိန့်ပေးလာနိုင်မယ်။ အခုအခြေအနေနဲ့ဘာမှမဆိုင်တော့ဘူး။ NLD ရဲ့ဆုံးဖြတ်မှုအတိုင်းတတိူင်းပြည်လုံးစည်းလုံးညီညွတ်စွာနဲ့တိုက်ပွဲဆက်ဝင်ကြပါစို့။ အင်အားကြီးမားတဲ့အတိုက်အခံနိုင်ငံရေးပါတီNLD ကိုထူထောင်ကြပ်စို့။