ကမာ္ဘ့ကုလသမဂ္ဂ အထွေအထွေဆိုင်ရာ အစည်းအဝေးပွဲကြီးတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ကို ကြေညာအသုံးပြုခဲ့ပြီး (၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁ဝရက်နေ့တွင် ပြင်သစ်နိုင်ငံရှိ Palais de Chaillot တွင် အတည်ပြုခဲ့သည်။)။ ကမ္ဘာ့အံ့ဘွယ်အရာများရေးသားသည့် The Guinness Book of Records စာအုပ်တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းသည် ကမ္ဘာတွင် အများဆုံး ဘာသာပြန်ဆိုထားသည့် စာတမ်းတစ်ခုအဖြစ် အသိအမှတ်ပြုခံရသည်။[1] အဆိုပါ ကြေညာစာတမ်းသည် ဒုတိယကမ္ဘာစစ်ပွဲဖြစ်ပြီးနောက် တွေ့ကြုံရသော အခက်အခဲများ နှင့် ကမ္ဘာတဝှမ်းမှ ပထမဦးဆုံး တောင်းဆိုခဲ့ကြသည့် လူသားတိုင်းသည် ညီတူညာတူ အခွင့်အရေးများ ရနိုင်ရန် ရည်ရွယ်၍ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ အပိုဒ်ပေါင်း ၃ဝ ပါရှိသော စာတမ်းတွင် နိုင်ငံတကာနှင့် ဆက်ဆံမှု၊ ပြည်တွင်း […]