အခုလို ခေတ်ကြီးထဲ လူတစ်ချို့က လူလည် လုပ်စားရတာ ချောင်နေတော့ သူတို့ကိုယ် သူတို့ သိပ်လည်တယ်ထင်ပြီး တွေ့သမျှလူကို လူအထင်နေတော့ပါတယ်။ ပြောတော့ မပြောချင်ဘူး။ မပြောပါဘူး ဆိုပြီး ကြည့်နေတာ။ လူပါးက ဝလွန်းလာလို့ နည်းနည်းတော့ ပြောလိုက်ဦးမယ်။ သတင်းတွေထဲမှာ ဖတ်မိတာပါ။ ခင်ရွှေက ဟိုတယ် ကိစ္စ သတင်းစာ ရှင်းလင်းပွဲလုပ်ရင်း ဝန်ကြီးများ ရုံးကိစ္စ အစာမကြေတော့ ပြည်တွင်းဂျာနယ်တွေကို မာန်မဲသလိုပြောရင်းနဲ့ ဆက်ပြောတာက, “သူ့အနေနဲ့ စင်ကာပူ၊ အမေရိကား စတဲ့ နိုင်ငံများမှာ ငွေကုန်ကြေးကျခံ သွားရောက် သုံးဖြုန်း နိုင်ကြောင်း၊ နိုင်ငံခြားတွင် မီလျံနာဟူသည့် ဂုဏ်ပုဒ်ခံယူပြီး သွားရောက်နေနိုင်သည့် အခြေအနေတွင် ရှိနေသော် လည်း တိုင်းပြည်အတွက် အလုပ်လုပ်နေခြင်း ဖြစ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။ ” […]


အပိုင်း (၆) ဆက်ကပ်ရန်- သဘာပတိ မြို့နယ်သံဃာ့ဝိနိစ္ဆယအဖွဲ့ အမှတ် (၁) စစ်ကိုင်း။ နေ့စွဲ…၁၉၈၁၊ အောက်တိုဘာ(၈)ရက် အကြောင်းအရာ။     ။တပည့်တော်ရှင်ဉာဏနှင့် ရှင်ဂုဏဝန္တတို့အား စတုတ္ထ                         ပါရာဇိက သင့် မသင့် စီစစ်ဆုံးဖြစ်ပေးပါရန် သောဓ                         နာလွှာပါဘုရား။ (၁)။ တပည့်တော်(ရှင်ဉာဏ၊ ရှင်ဂုဏဝန္တ)တို့သည် နိုင်ငံတော်သံဃာက သာသနာ့အရှုပ်အထွေးနှင့် အညစ်အကြေးများ သုတ်သင်မည်ကို ဝိုင်းဝန်းကူ ညီရန် ရဟန်းသံဃာတိုင်း၌ တာဝန်ရှိသည်ဟု သိသဖြင့်၊ တရားမသိသူတို့၏ အန္တရယ်အထပ်ထပ်အကြားမှ တပည့်တော်တို့အသိကို မြှပ်ကွယ်ထားရန် ကာလမဟုတ်တော့သဖြင့် သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ ဟု အမည်တတ်၍ နိုင်ငံတော်သံဃာ့မဟာနာယက ဥက္ကဋ္ဌသို့ တင်ခဲ့ကြသည် မှာ အမှန်ဖြစ်ပါသည်ဘုရား။ (၂)။ ဤလျှောက်ထားတောင်းဆိုလွှာ၌ တပည့်တော်များ လျှောက်ထား တောင်းဆိုသော သာသနာတော်က ဖယ်ရှားရမည့် […]


POLOctober 11, 20111min31712
အကျဉ်းသား ၆၀၀ဝ ကျော် လွှတ်ပေးမယ်လို့ MRTV 4 မှာ ကြေငြာနေတယ်။ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက်ပါသလဲတော့ မသိပါ။


kaiOctober 9, 20111min1808
ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပါတ်သက်ပြီး မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ထုတ်ပြန်ချက်ကိုရလို့ တင်ပေးလိုက်တာပါ..။ အောက်ဆုံးက.. ပီဒီအက်ဖ် ကိုဒေါင်းလုပ်လုပ်ဖတ်ဖို့ပါပဲ..။ အဲဒီအထဲ..အဓိကပြောလိုရင်း၂ချက်တွေ့မိပါတယ်..။ (တကယ်ကတိုက်ရိုက်ကူးတင်ပေးမလို့ဟာ.. စာကဘာဖေါင့်နဲ့ရေးထားမန်းမသိ..ကူး တင်လို့မရတာနဲ့..။) ၁) အဲဒီမြစ်ဆုံဒေသမှာ.. National Park Land လုပ်ဖို့ကိုလွှတ်တော်က ဥပဒေပြုပေးဖို့။ ၂) မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က.. အခုလိုစီမံကိန်းရပ်လိုက်လို့..ဖြစ်လာနိုင်မဲ့နိုင်ငံတကာဥပဒေဆိုင်ရာ ပြသနာတွေကို ကူညီဖြေရှင်းဖို့အသင့်ရှိကြောင်း.. အဲဒါတွေပါ..။ တင်ခိုင်းလို့.. တင်ပေးတာနော… ဒီစာကို.. သမ္မတရုံးအရောက် ပေးချင်တာပါတဲ့..။ သမ္မတကြီးဖတ်မိပါစေသတည်း…။ 😀 2011 Oct 06 Myitsone to be National Park – be ready for International Letigation-(Bur)    


လျှောက်ထားသူ၏ဘဝကို မသိလျှင် လျှောက်ထားလွှာ၏ အတိမ်အ နက်ကို ချိန်စက်ရန်ခက်မည်မှ ဖယ်ရှားနိုင်ရန် တပည့်တော်တို့၏ဘဝ တင်ပြ လျှောက်ထားမည်ကို သာသနာတော်ရေး လျှောက်ထားတောင်းဆိုလွှာ၏ နိဒါန်းအဖြစ် ခွင့်ပြုစေလိုပါသည်ဘုရား။ မြန်မာနိုင်ငံရှိ သံဃာတော်များအားလုံးကို ကိုယ်စားပြုသည်ဖြစ်၍ အလေးအမြတ်ပြုအပ်ပါသော နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့နှင့် သံဃာ့မဟာနာယက ဥက္ကဋ္ဌဆရာတော် အရှင်မြတ်များဘုရား။ တပည့်တော် တို့သည် မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်မြတ်ကြီးတို့ ထုံးကို နှလုံးမူ၍ လျှောက်ထားပါရစေပါ။ မြတ်စွာဘုရားရှင် လက်ထက်တော်အခါက ရဟန်းတော်များသည် တရားကျင့်သုံး၍ ပြီးဆုံးသွား သော ကိလေသာများကို မြတ်စွာဘုရားထံပါး၌ ဝပ်တွားဦးတင်တတ်ကြ ကြောင်း သိရပါသည်။ ယနေ့အချိန်၌ အန္တရ ဓာယန ဖြစ်ခဲ့ပါပြီ။ ထိုသို့ဖြစ် သော်လည်း သံဃာတော်တို့၏ ထိပ်သီး နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့အစည်းကြီးကိုကား တပည့်တော်တို့ သာသနာတော်၌ တည်ဆောက်နိုင် ခဲ့ပါပြီ။ […]


ဗုဒ္ဓဘာသာဝင်သည် အနည်းဆုံး ကမ္မဿကတာဉာဏ်ဟု ဆိုအပ် သော ကံနှင့် ကံကျိုး ဆက်သွယ်မူ၌ အသိဉာဏ်ရှိရမည့်သူ ဖြစ်ပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှ မရှိသူများ ဖြစ် နေကြပါသည်။ တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်များ ပြောရိုးစကားပင်ရှိပါ သည်။ ကံထမ်းလာသည်ကိုမမြင်ရ၊ လှံထမ်းလာသည်ကိုသာမြင်ရသည်ဟူ၍ ဖြစ်ပါသည်။ ထို့ပြင်လည်း ဗုဒ္ဓဘာသာဝင်များသည် ကမ္မဝိသယော အစိန္တေ ယျောဟုဆိုပြီး ကံအရာမကြံရဟူလည်း ဆုံးမခဲ့ကြသည်။ ကံကို အရိယာများ မှသိနိုင်သည်ဟုလည်း ဆိုခဲ့ကြပါသည်။ ဤသို့ပင် ကံမှ မသိလျှင် ကံနှင့် ကံအကျိုး ဆက်သွယ်မှု၌သာဖြစ်သော ကမ္မဿကတာဉာဏ် ဘယ်သို့မျှ ဖြစ် ရန်အကြောင်း မရှိပါ။ ဗုဒ္ဓဘာသာဝင်လောက၌ ဤအသိဉာဏ်သည် အောက် ထစ်ဆုံးဉာဏ်ဖြစ်ပါသည်။ ဤဉာဏ်မျှမထင်လျှင် ဗုဒ္ဓဘာသာဝင်ဖြစ်ရန်ပင် အားနည်းလှမည်ဖြစ်ပါသည်။ ဤသို့ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင်များသည် ဤအသိဉာဏ်မျှမရှိ […]


Mobile HouseSeptember 15, 20111min22211
မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို )          စာအမှတ် – ဂီတ /စီမံ /(ထွေ ) (၁၂၇၀) နေ့စွဲ – ၂၀၁၁ ခုနှစ် ၊စက်တင်ဘာလ (၇) အကြောင်းအရာ။   ။Telephone Handset များ၊ MP3,MP4 player များနှင့် Digital Gadet      များရောင်းဝယ် ဖြန့်ဖြူး ဝန်ဆောင်မှုပေးနေကြသော လုပ်ငန်းများသို့အသိပေး ခြင်း။ အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)သည် အဖွဲ့ ဝင်အနုပညာရှင်များပိုင်ဆိုင်သော တေးသီချင်းများနှင့် ပတ်သက်ပြီး ရပိုင်ခွင့်များတောင်းခံခြင်း၊ အလွဲအသုံးပြုမှုများကို ကာကွယ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ၂။     ယခုအခါ Telephone Handset များ၊ MP#,MP4 player […]


kaiAugust 18, 20111min60930
ပြည်ပရောက်တော်လှန်ရေးမျိုးဆက်များကဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကို တုန့်ပြန်ချက်   ဦးသိန်းစိန်အစိုးရမှ ပြည်ပသို့ ရောက်ရှိနေခဲ့သော မြန်မာများကို မြန်မာပြည်သို့ပြန် လာရန်လမ်း ဖွင့်ဖိတ်   ခေါ်သည့် သတင်းကို ဩဂုတ်လ(၁၇) ရက်နေ့တွင်နေပြည်တော်မှသတင်း ထွက်ပေါ်လာခဲ့သည်။ထိုသတင်းကို တရားဝင် ကြေညာချက်အဖြစ် ထုတ်ပြန်ပေးရန် လိုအပ်ပေသည်။ ကျွနုပ်တို့ ပြည်ပရောက်နေသော တော်လှန်ရေးမျိုးဆက် အသီးသီးက ထိုထွက်ပေါ်လာသော သတင်းနှင့် ပတ်သက်၍ တဦးချင်း အမြင် သဘောထားများကို ဆွေးနွေးညှိနှိုင်းကြပြီး အောက်ပါ အချက်များကိုသဘောတူ ထုတ်ပြန်လိုက်သည်။ ၁။ ပြည်ပသို့ရောက်နေသူများကို လမ်းဖွင့်ဖိတ်ခေါ်လိုက်ခြင်းသည် အပြုသဘောဆောင်သည့်အတွက်ကြိုဆို သော်လည်း အဆင့်ကျော်နေသည်ဟု မြင်သည်။ပြည်တွင်းရှိ နိုင်ငံရေး အကျဉ်းသားများကို ယခုအချိန်ထိလွွှတ် မပေးပဲထားရှိပြီး ပြည်ပတွင်ရှိသော တော်လှန်ရေးမျိုးဆက်များကိုလက်ကမ်းကြိုဆိုခြင်းသည် ပထမဆုံး လုပ်ရ မည့် အလုပ်မဟုတ်ခြေ ပထမဦးစွာပြုလုပ်ရမည့် လုပ်ငန်းစဉ်သည် ပြည်တွင်းရှိ နိုင်ငံရေး […]


kaiJuly 2, 201114min96830
The Regime’s Cronies List ဇွန်လ ၂ ရက်နေ့က အမေရိကား အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မီတီ၏ ကြားနာမှု အစီအစဉ်တွင် ဝါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ ဦးဆောင်သူ ကိုအောင်ဒင်က ဩစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ငွေကြေးစီးပွားဆိုင်ရာ ပိတ်ဆို့အရေးယူမှုမျိူးကို တိုးချဲ့ပြုလုပ်ရန် အကြံပြု တင်ပြခဲ့သည်။ ဩစတြေးလျက မြန်မာစစ်အာဏာရှင်များ၊ မိသားစုများ၊ စစ်ခေါင်းဆောင်များ၊ အပေါင်းအပါ စီးပွားဖက်များ၊ အကာအကွယ်ပေးသူများ၊ မိသားစုများ၏ စုစုပေါင်း လူဦးရေ ၄၀ဝ ကို စာရင်းပြုစု သတ်မှတ်ပြီး ငွေကြေးစီးပွားပိတ်ဆို့မှု ပြုလုပ်ထားကြောင်း ထောက်ပြသည်။ အမေရိကား၏ ပစ်မှတ်ထားပိတ်ဆို့မှုမှာ ဩစတြေးလျစာရင်းထက်စာလျင် များစွာ လျော့နည်းကြောင်း ထိုနမူနာကို ကြည့်သင့်ကြောင်း တိုက်တွန်းထားသည်။ အောက်တွင် လူစာရင်းကို ဖေါ်ပြထားသည်။ စဉ် လူအမည် စီးပွါးရေးလုပ်ငန်း […]


KyaemonMay 2, 201129min47627
    Osama Bin Laden Is Dead – WSJ.com http://online.wsj.com/article/SB10001424052748704569404576297941397558496.html?mod= WASHINGTON– Al Qaeda leader Osama bin Laden is dead, President Obama said. The U.S. has his body in its possession, U.S. officials said late Sunday.Mr. bin Laden was killed in a joint raid in Pakistan’s northwestern district of Abbottabad, some 40 miles from Islamabad, in […]


kaiMarch 1, 20111min1052
မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ   နိဒါန်း (၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။ လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမဝင် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ […]


Ma MaFebruary 5, 20111min850
ပဲဂိုဒေါင်မှာ စာရင်းကိုင်၊ ဂိုဒေါင်မှုးတာဝန်အတွက် အမျိုးသား ဘွဲ့တစ်ခုရပြီးသား အသက် ၃ဝ ဝန်းကျင် တစ်ဦးနှင့် စာရေးလုပ်ရန် ပညာအရည်အချင်း ၁ဝတန်းရှိသူ ၃ဦး အလိုရှိပါတယ်။ လုပ်သက်ရှိဖို့မလိုပေမယ့် ရိုးသားကြိုးစားဖို့ အရေးကြီးပါတယ်။ နေရေးစားရေး စီစဉ်ပေးမှာမို့ နယ်ကလာသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ဝင်စားသူများ ဖုံး 01-73150516 ကို တနင်္လာမှ စနေ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါတယ်။ MG မှသိရှိလျှောက်ထားကြောင်း ပြောပြဖို့လိုပါတယ်။


timothyFebruary 1, 20111min820
အီဂျစ်မှာအခုဖြစ်ပျက်နေတဲ့လူတသန်းဆန္ဒပြပွဲ၊အီဂျစ်ပြည်ချစ်တပ်မတော်ရဲ့မှန်ကန်သောပြည်သူလူထုကိုဘေးရန်များမှကာကွယ်ရေး၊ အာဏာရှင်မူဘာရက်ကခိုင်းစေတဲ့လက်နက်ဖြင့်လူထုကိုဖြိုခွဲရေးကိုငြင်းပါယ်ခြင်းတို့နဲ့ပါတ်သက်ပြီးဒီမေတ္တာရပ်ခံချက်ကိုထုပ်ပြန်လိုက်ပါတယ်။ အီဂျစ်စစ်တပ်ဟာနောင်လာနောက်သားတွေသမိုင်းမှာမှန်ကန်တဲ့ကောင်းသောတိုင်းပြုပြည်ပြုလုပ်သွားတဲ့သူများအဖြစ်ရာဇဝင်အဆက်ဆက် မှာလူသေသော်လဲရဲဘော်ရဲ့သမိုင်းဘယ်တော့မှမသေလို့ကောင်းကောင်းမော်ကွန်တင်ရစ်ပါတယ်။ တပ်မတော်သားများကောင်းသောမွန်မြတ်သောသမိုင်းအစဉ်အလာထဲမှာဘဲပါချင်တယ်ဆိုတာမိဘပြည်သူများကသိပါတယ်။ ဗိုလ်နေဝင်း၊ဗိုလ်စောမောင်နဲ့အခုဗိုလ်သန်းရွှေတို့ရဲ့တိုင်းပြည်အပေါ်စော်ကားမှုကြောင့်ဗမာတပ်ဟာလူသတ်၊ကျောင်းသားသတ်၊ အလုပ်သမားလယ်သမားသတ်၊ဘုရားသားတော်ဘုန်းကြီးများပါမကျန်တသတ်ထဲသတ်နေတဲ့ သတ်-မ-တော် အဖြစ် သမိုင်းမှာဘယ်လိုမှဖျက်လို့မရတော့တဲ့အမဲစက်ကြီးထင်ခဲ့ပါပြီ။ အမောင်စစ်သည် Military Commanders အားလုံးမှာဒီသမိုင်းအမဲစက်ထဲကရုံးထွက်ပြီးပြည်သူ့ရင်ခွင်ထဲပြန်ဝင်လာဘို့သမိုင်ကြွေးကျန်နေပါတယ်။ အီဂျစ်စစ်ဦးစီးချုပ်ရဲ့ပြည်သူ့ထံထုတ်ပြန်ကြေငြာချက်—— ၁) လူတိုငိးရဲ့လွတ်လပ်စွာပြောဆိုတောင်းဆိုုချက်ကိုစစ်တပ်ကလေးစားစွာဖြင့်အာမခံချက်ပေ်း့ပါတယ်။ ၂)ဆန္ဒပြပြည်သူလူထုကလဲမည်သူမှတိုင်းပြည်ရဲ့လုံခြုံရေး၊အိုးအိမ်၊ပုဂ်ဂလိက၊ပြည်သူပိုင်ပစ္စည်းများကိုဖျက်ဆီးမှုမပြုလုပ်ရ။ ၃)စစ်တပ်သည်ပြည်သူလူထုကိုချိမ်းခြောက်ရန်ပြုနေသောလူဆိုးများရှိရင်မဆိုင်းမတွတာဝန်ယူသုတ်သင်မည်။ ဒါတွေကိုတိုင်းပြည်င်္န့လူမျိုးအပေါ်ကြရောက်သောအန္ဒရာယ်များဖြစ်လို့လက်ပိုက်ကြည့်နေမည်မဟုတ်ပါ။ ၄)စစ်တပ်သည်ပြည်သူလူထုရဲ့တရားဝင်ဆန္ဒပြမှုအာူးလုံးကိုလေးးစားရိုသေပ်တယ်။ ၅)The Armed Forces’ presence on the Egyptian streets is for your own sake, safety and security. Your Armed Forces have not and will not resort to the use of force against this great people. […]