ဒါဇင်ပလပ်စ်အဖွဲ ့ဧ။် (၁၅)ကြိမ်မြောက် အောက်တိုဘာလအလှူအဖြစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ၊ ရန်ကုန်တိုင်း ၊ တောင်ဒဂုံမြိနယ်ရှိ ၊ ဝိဇယဒါယီ သီလရှင်သင် ပညာရေးကျောင်းသို့ စာရေးကိရိယာ ၉၅,၀၀ဝကျပ်ဖိုးနှင့် အလှူငွေ ၁၆၇,၀၀ဝကျပ်သွားရောက် လှူဒါန်းခဲ့ရာ ၊ ကျောင်းတိုင် သီလရှင် ဒေါ်အစ္ဆရိယဉာဏီက လက်ခံခဲ့ပါတယ် ။ ၂၀၀၉ ခုနှစ်တွင် စတည် တည်ထောင်ခဲ့ပြီး အနီးနားရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုဧ။် တွဲဘက်အဖြစ် စတင်ခဲ့ရာမှ ၊ သီလရှင်စာသင်တိုက်အဖြစ် သီးသန့်ခွဲတည်ထောင်ခဲ့ကြောင်းလည်း သိရပါတယ် ။ သူငယ်တန်းမှ အဌမတန်းထိ ပညာသင်ပေးလျှက်ရှိပါတယ် ။ ကျောင်းသား ဦးရေ စုစုပေါင်း ၁၀ဝ ကျော်ခန့် ရှိတယ်လို့လည်း သိခွင့်ရခဲ့ပါတယ် ။ ကျောင်းအိပ်ကျောင်းစား အဖြစ် လူဦးရေ […]