nigimi77February 23, 20111min1174
အထည်ချုပ်လောက မှာပေါ့ဗျာ။  သိတဲ့ အတိုင်းပဲ နိုင်ငံခြားသား Technician တွေကို ငှားရမ်း ခန် ့ထားကြတာပေါ့။  ကိုရီးယားတွေ ကို ဖယ်ပြီး ကြည့်မယ်ဆိုရင် အင်ဒိုနီးရှားတွေက ထိပ်ဆုံးက လိုက်ပြီး၊ ဒုတိယ တရုပ်၊ တတိယ ဖိလစ်ပင်န်းတွေ ဟာ မြန်မာပြည်မှာ နည်းပညာရှင်အမည်ခံပြီး အလုပ်ဖြစ်နေကြသဗျာ။ သူတို ့ကို ကျုပ်တို ့မြန်မာလူမျိုးတွေက ဆရာ လို ့ခေါ်ရတယ်။ အမျိုးသမီး ဆိုရင် ဆရာမပေါ့။ သူတို ့က မြန်မာပြည်ထက်စာရင် အထည်ချုပ် လုပ်ငန်းတွေကို စောစီးစွာ ထိတွေ ့ခွင့်ရခဲ့ပြီး နည်းပညာ အမွေခံတာကို စောခဲ့တော့ သူတို ့ဆီမှာ ဘယ်လို Skill မျိုးရှိတယ်ဆိုတာ မသိပေမဲ ့ မြန်မာပြည်မှာ တော့ […]


အာဖ်ံ ကြီးFebruary 9, 20111min1322
သမ္မတအုပ်ချုပ်သော ပါလီမန်ခေတ်အချိန်ကဖြစ်၏။ ရန်ကုန်မှထင်ရှားသော နိင်ငံရေးသမားတစ်ယောက်သည်လဲ သမ္မတအဖြစ် အရွေးခံနိင်ရန် မဲဆွယ်စည်းရုံးလျက်ရှိ၏။ ထိုအချိန်က တစ်ပြည်လုံးသည် သံဃာတော်များကို အထူးလေးစားအားထားနေကြချိန်ပင်။ အရာရာနီးပါးကို သူတို. ကိုးကွယ်သည့် ဆရာဘုန်းဘုန်း ပြောသမျှ ဖြစ်၏။ ထိုအချက်ကို ရိပ်စားမိသော လူပါး သမ္မတလောင်း နိင်ငံရေးသမားက အတော်အတန် ဩဇာအာဏာညောင်းသော ဆရာတော်ကြီးတစ်ပါးထံချဉ်းကပ်ပြီး သူသမ္မတဖြစ်လျှင် ဤမြို.နယ်တွင်ရှိသော လမ်းများအားလုံးကို ကတ္တရာခင်းပေးမည်။ အထက်တန်းကျောင်းကြီးများ ဆောက်ပေးမည် စသည်ဖြင့် မစားရ ဝခမန်း ပြောကာ စည်းရုံး၏။ ဆရာတော်ကြီးလဲ ထိုသူ၏စကားကိုယုံပြီး သမ္မတကောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပေလိမ်.မည်ဟု ယူဆကာ သူ.ကိုကိုးကွယ်သော ဒကာ၊ ဒကာမအားလုံးအား မဲပေးရန်တိုက်တွန်းလိုက်၏။ ထို.ကြောင့်ပင် ထိုနိင်ငံရေးသမားမှာ မဲနိင်ကာ သမ္မတကြီးဖြစ်သွားလေသည်။ သမ္မတသက်တမ်းသာ တစ်နှစ်ပြီးတစ်နှစ် ကုန်လာသော်လည်း လူလည် အာဏာရူး […]


အာဖ်ံ ကြီးFebruary 2, 20111min1548
ညနေကျတော့ သူရောက်လာတရ် … – ငါလဲ … စိုးရိမ်တကြီးနဲ. … နင်ဘာတွေလုပ်နေလဲ … ငါ့ကိုပြောပြစမ်းပါဆိုတော့ … မျက်ရည်တွေကျလာတရ် … – သူငယ်ချင်း နင့်ကိုငါပြောပြမရ် … နင်ငါ့ကိုအခုဘာတွေလုပ်နေလဲ မေးတုန်းက ငါဖြေခဲ့တာတွေက အားလုံးအညာတွေချည်းပဲ … တစ်ကယ်တော့ ငါ့ရဲ.အလုပ်က ယောက်ျားတွေနဲ. နေရတဲ့အလုပ်။ – ဘာ … မနက်ကလဲ နင် အဲဒါ ….။ – ဟုတ်တရ် ။ နင့်အမေတွေကလဲ ဘာမှမပြောဘူးလား။ အိမ်ပေါ်မှာ … တောက် … ငါမပြောလိုက်ချင်ဘူး။ – မိသားစုကို ငါရှာကျွေးနေသလိုဖြစ်နေတော့ … ဘယ်သူမှမပြောဘူး။ – ဟဟ … တော်တော်ကောင်းတရ် .. နင့်မိသားစုက။ […]


အာဖ်ံ ကြီးFebruary 2, 20111min700
တစ်နေ. … အာဖျံကွီး မာလာဟင်းချက်စားဖို. ဈေးသွားတော့ … ၁ဝတန်းတုန်းက ပြင်ဦးလွင်မှာ ဘော်ဒါအတူတက်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်နဲ.တွေ.တရ်။ ကွီး။ ဟာ … (..)မလား … ငါ့သူငယ်ချင်း တော်တော်ချောလာပါလားဟ။ (..)။ ဟေး (…) … ဘယ်ကလာ။ နင်လဲအတူတူပါပဲနော် … သူငယ်ချင်းချစ်လေး။ ငါ့တို.တွေ မတွေ.ရတာဘယ်လောက်တောင် ရှိပီလဲနော်။ ကွီး။ အေးဟ … တော်တော်ကြာပီနော်။ ငါ့အိမ်ကဒီနားမှာပဲလေ။ ကျောင်းပိတ်ခါနီး ငါရေးပေးခဲ့တဲ့ အော်တိုစာအုပ်ထဲကအတိုင်းပဲ။ ရန်ကုန်ရောက်နေရဲ.သားနဲ. ငါ့ဆီကိုမလာဘူး … မိန်းမ။ (..)။ နင့်လိပ်စာငါမှတ်မိပါတရ်ဟာ …ဒီကြားထဲအဆက်အသွယ်မရှိတော့ လာရမှာခပ်ကြောင်ကြောင်ဖြစ်နေလို.ပါ။ ငါအခုတောင်ကြီးမှာ မနေတော့ဘူး။ ရန်ကုန်မှာနေတရ်။ ငါ့အိမ်လဲ ဒီနားလေးပဲ။ နင်အခုလိုက်ခဲ့ပါလား။ ကွီး။ တကရ် … ဘယ်လမ်းထဲလဲ […]


အာဖ်ံ ကြီးFebruary 2, 20111min28515
ရွှေဈေး၊ ဒေါ်လာဈေး တွေကို အချိန်တိုအတွင်းမှာ တိတိကျကျ သိလိုသူတွေအတွက် myanmar.exchange.18@gmail.com myanmar.exchange.29@gmail.com စတဲ့ gmail account တို.ကို add ပီး checking လုပ်နိင်ပါတရ်။ ရွှေဈေးသိချင်ရင်တော့ gtalk box မှာ GOLD လို.ရိုက်ပီး enter ခေါက်လိုက်ပါ။ ဒေါ်လာဈေးသိချင်ရင်တော့ gtalk box မှာ USD, FEC, စသဖြင့်ရိုက်ပီး enter ခေါက်လိုက်ပါ။ ခဏလေးအတွင်းမှာ myanmar exchange ကဖေါ်ပြပေးပါလိမ့်မရ်။ မှတ်ချက် ။ ။ ညီမငေးမောမှာစိုးလို.။


ဘဘJanuary 7, 20116min2228
ရာသီ အစော ပိုင်းကာလ က ခြေစွမ်း ပြခဲ့ သလောက် ယခု Premier League ရာသီ အလယ် ပိုင်း ပွဲ ကျပ် ကာလ တွင် ပြိုင်ပွဲ အရပ်ရပ် ၌ ဆိုးဝါး စွာ ခြေစွမ်း ကျဆင်း နေသော Chelsea အသင်း ၏ နည်းပြကြီး အန်ဆယ်လော့တီ (Carlo Ancelotti) ကို အသင်းပိုင်ရှင် အီဗရာမိုဗစ်ချ်(Roman Abramovich) က သူ၏ လုပ်ရိုးလုပ်စဉ် အတိုင်း ရာထူး မှ ထုတ်ပယ် လိုက် မည်ဟု ဘောလုံး ဝါသနာရှင်များ၊ ပုရိတ်သတ်များနှင့်၊ လေ့လာသူများက ထင်ကြေး ပေးခန့်မှန်းခဲ့ သော် လည်း  အန်ဆယ်လော့တီ မှာ […]


ဘဘJanuary 3, 20112min1586
ယခင် Osasuna ၊Extremadura၊ဗလန်ဆီယာ၊ လီပါပူး နှင့် အင်တာမီလန် အသင်း နည်း ပြဟောင်း ရာဖေးဘင်နီတတ်စ် (Rafael Benítez) ၏ လျှို့ ဝှက် ထားသော ဘဝ မှန် မှာ ယခု တလော နာမယ် ကြီး နေသောWikiLeaks ၏ လက်ချက်ဖြင့် ပေါ်ပေါက် လာရ ပြီ ဖြစ်သည်။ ယင်း ကမ႓ာကျော် နည်းပြကြီး မှာ ကမ႓ာ့ အင်အား ကြီး ထိပ်သီးနိုင်ငံ ကြီး တခုမှ ဖွဲ့စည်း ထား သော အဖွဲ့ အစည်းကြီးတစ်ခုမှ သူလျှို တစ်ဦး ဖြစ်နေ ကြောင်း အံ့အား သင့်ဖွယ် သိရှိ လိုက်ရသည်။ အဖြစ် အပျက် […]


erosDecember 30, 20101min1466
မန္တလေးဂေဇတ်ကြီး ယိုယွင်းနေပါသည်။ ပိုစ့်အသစ် တင်၍မရပါ။ ကိုခိုင်၊သူကြီး၊ အယ်ဒီတာများ US New year discount shopping ထွက်နေကြသည်ထင်ပါသည်။ ပြင်ဆင်မှု မလုပ်ပေးသေးပါ။ Eros အနည်းငယ် စိတ်ညစ်နေပါသည်။ ပိုစ့်အသစ်တင်မရ၍ဖြစ်သည်။ တခြားနေရာတွင် ရေးရန်အစီအစဉ်မရှိသေးပါ။ ရေး၍မရလျှင် မရေးတော့ပါ။ အယ်ဒီတာများ မန်းလေးဂေဇတ်ကို အဆုံးသတ်တော့မည်ထင်ပါသည်။ ရန်ကုန်ဆောင်း အေးလာပါသည်။ ကြည့်မြင်တိုင်ညဈေး တွင်ဘေထုပ်များ ရောင်းကောင်းနေသည်တွေ့ခဲ့ရ၏။ စီးပွားတိုးတက်ပါစေ။ မြန်မာများ ပြည်တွင်းတွင် အဆင့်မြင့်ရာထူး၊အလုပ်အကိုင်များတွင် နှစ်ပဲတပြားလစာမဟုတ်ပဲ ထိုက်တန်သော အာဆီယံ၊နိုင်ငံတကာလစာ ရနိုင်ပါစေ။ အလုပ်များလည်းပေါပါစေ။ အထူးကားများ များလာပါသည်။ ၂၀၀၊၃၀ဝ ပေးစီးရသော်လည်း ရိုးရိုးကားနှင့်မထူးပါ။ ကျပ်ညပ်သပ်နေပါသည်။ ထိုင်ခုံများကျပ်လွန်း၍ ထိုင်ရအဆင်မပြေပါ။ လူပိုတင်၍ရဲတားလျှင် ၁၅၀ဝ ပေးလျှင်အဆင်ပြေပါသည်။ စပယ်ယာကိုယ်တိုင်ပြောပါသည်။ ထိထိရောက်ရောက် အရေးယူလို့မရပါ။ အုံနာက လူကြီးများ၊ […]


ၾကယ္ေလးDecember 21, 20101min27414
ဘယ်သူက ဘယ်လိုထုတ်လိုက်တဲ့ ဥပဒေလဲတော့ မသိ။မလေးရှားမှာတော့ တော်တော်အပြောများနေကြတယ်။ ဖုန်းတစ်လုံးဝယ်ပေးရင် မြန်မာမိန်းကလေးတစ်ယောက် ရပြီတဲ့ ကြားနေရတာတော့ ကြာပါပြီ။ဒါပေမဲ့ ကိုယ်တိုင်ကလည်း ဘယ်မှမသွား သေသေချာချာလည်း မမြင်မတွေ့ဘူးတော့ မြန်မာအမျိုးသားတေ ွ (အချို့) ရဲ့  စိတ်ထဲမှာ  တကယ်အဲဒီလိုကြီးထင်နေမှန်း မသိခဲ့ဘူး။ လွန်ခဲ့တဲ့ ရက်ပိုင်းလေးအတွင်းကမှ ……………….. ကျွန်မက စာရေးလေ့ရေးထ မရှိပါဘူး။စာဖတ်နေရရင် ပျော်နေတတ်တဲ့သူပါ။ အခုတော့ တော်တော်ကိုရေးချင်လာလို့ပါ။ လွန်ခဲ့တဲ့ (၆)ရက်လောက်ကပေါ့လေ……………… ကျွန်မဆီကို မြန်မာမိန်းကလေး အသိနှစ်ယောက် ရောက်လာခဲ့ပါတယ်။ တစ်ယောက်က အိမ်ထောင်သည် ကလေးတစ်ယောက်အမေပါ(အသက်ကတော့ ငယ်သေးတယ် ၂၃ နှစ်ကျော်ပေါ့)။နောက်တစ်ယောက်က အပျို (၁၉)နှစ်ကျော်ပဲ ရှိသေးတယ်။နှစ်ယောက်လုံးက ကျွန်မနဲ့ တစ်ရပ်ကွက်ထဲနေကြတာပါ။သိပ်တော့ မရင်းနှီးပါဘူး။သူတို့က ၂၅.၁၀.၂၀၁ဝ ကမှ မလေးကို ရောက်လာတာပါ။သူတို့က ပီနန် စက်ရုံမှာအလုပ်ရပါတယ်။ကျွန်မကလည်း ပီနန်ထဲမှာပါ။ […]


Good IdeaDecember 11, 20101min1073
က…ကလေးငယ် မျက်ရည်လည် ် ခ..ခရောင်းလမ်း သူဖြတ်သန်း ။ ဂ…ဂန်း(Gun)သံ ဆူဆူညံ။ င…ငတိများ အလွန်စော်ကား။ စ…စစ်အာဏာ တကယ်ရှည်ကြာ ဆ…ဆိုးသွမ်း သူတို့ပွဲကြမ်း။ ဇ…ဇာတ်တွေနာ နိုင်ငံဟာ ည…ညှင်းဆဲခြင်း သူတို့သွတ်သွင်း။ တ…တရားဥပဒေ ဘယ်ရောက်နေ ထ…ထမင်းငတ် ရိက္ခာပြတ်။ ဒ…ဒို့အရေး တို့ဟစ်ကြွေး ဓ…ဓနရှင်စနစ် ချေမှုန်းပစ်။ န…နိုင်ငံရယ် ပျောက်ပြီကွယ် ပ…ပညာရေးဘယ်ထွက်ပြေး။ ဖ…ဖာနိုင်ငံဖြစ်ပြီအမှန် ဗ…ဗိုလ်ချူပ်စကား ပြန်လို့ကြား။ ဘ…ဘဝတွေဟာ စုတ်ပြတ်လာ မ…မြောင်းထဲကျ ပြန်ထမရ။ ယ…ယမ်းငွေ့သုံး လူမျိုးပြူန်း ရ…ရှူနေရ လူလုံးမလှ။ လ…လူ့အခွင့်အရေးတွေ ဆုံးရှူံးနေ ပ…ပယ်လို့မရ တိုက်ယူကြ။ သ…သတင်းစာ မဖတ်ခြင်းဟာ ဟ…ဟာသများ ရယ်ဖို့မအား။ အ…အမေ…တို့တိုင်းပြေ…ဘယ်ေ တာ့မှလွတ်လပ်မလေ…??


introDecember 11, 20101min20210
မိဘနဲ့တူသောအစိုးရ အပိုင်း ( ၁ ) ( ရေးသားသူ– မောင်မောင်ဝမ်း) မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ။ ကျနော်တို့ငယ်ငယ်ကသင်ခဲ့ရတဲ့ ဆောင်ပိုဒ်လေးပါ။တော်တော်များများရင်းနှီးနေကြလိမ့်မယ်လို့ထင်ပါတယ်။မိဘတွေက သားသမီးတို့အပေါ်ထားအပ်သော ဝတ္တရားများပေါ့၊ လောကမှာမိဘတော်တော်များများဟာ သားသမီးအပေါ်မှာမေတ္တာကြီးမားတတ်တယ်ဆိုတာ စာဖွဲ့အထူးပြောဘို့လိုမယ်မထင်တော့ပါဘူး၊ ဒါပေမဲ့လည်း တချို့သောချွှင်းချက်များတော့ရှိတာပေါ့လေ၊ ဒါကလည်းဖြစ်တောင့်ဖြစ်ခဲပါ၊ မိဘတွေက သားသမီးကိုသတ်ပစ်တာတို့၊ ပြည့်တံစာလုပ်ငန်းအတွက်ရောင်းချခဲ့တာတို့ ဆိုတာတွေက ကြုံရခဲတဲ့ကိစ္စပါ၊ ကြုံခဲ့ရင်တောင်မှ ရှားပါးတဲ့ဖြစ်ရပ်ဖြစ်ပါလိမ့်မယ်၊ ဒီလိုအဖြစ်မျိုးရှိလာခဲ့ရင်တောင်မှ ဘယ်သူကမှ အားပေးအားမြှောက်နဲ့ ဂုဏ်ယူနေမှာမဟုတ်သလို ဝိုင်းဝန်းပြစ်တင်ရှုတ်ချကြမှာအမှန်ပါပဲ။ လူတိုင်းမှာ ကိုယ့်ကိုမွေးထုတ်ခဲ့သူတွေဟာမိဘတွေဖြစ်သလို ၊ တိုင်းပြည်တပြည်မှာ အစိုးရဆိုတာကလည်း တကယ်တော့မိဘပါ ၊ မိဘအစစ်တွေမဟုတ်သည့်တိုင်အောင် ပြည်သူလူထုတရပ်လုံးရဲ့ မိဘနေရာမှာရှိနေရတဲ့သူတွေလို့ ကျနော်ယုံကြည်ပါတယ်။ သားသမီးများရဲ့ကောင်းမွေ၊ဆိုးမွေများကိုမိဘများကခံကြရသလို သားသမီးများအပေါ်တာဝန်ကျေကြဘို့ကိုလည်း မိဘတိုင်းနီးပါး ကြိုးစားအားထုတ်တတ်ကြပါတယ်။ ထို့နည်းတူစွာ အစိုးရဆိုတာကလည်း ပြည်သူများရဲ့ကောင်းမွေဆိုးမွေများကို […]