https://www.facebook.com/tin.nyunt.338?fref=ts နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt) “ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ” ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က “မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်” ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။ ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား.. “မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။ “၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ” ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး “ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။ မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ […]