Mon LayJune 28, 20192min59452
ခန်းမအဆုံးတွင် ကွယ်လွန် သူ မောင်ကျော်ဇင်ဝင်း၏ ရုပ်အ လောင်းထားရှိပြီး ပတ်ချာလည် တွင် အနက်ရောင်အကျႌဝတ်ဆင် ထားသည့် LGBT (လိင်စိတ်ကွဲ ပြားတိမ်းညွတ်သူ)များနှင့် သ တင်းမီဒီယာမှ ဓာတ်ပုံဆရာများ  ဝိုင်းအုံနေသည်။အရပ်အမောင်းအားဖြင့် ခြောက်ပေအထက်ရှိပြီး ကြည့် ကောင်းနေသည့် လူငယ်နှစ်ဦး သည် မောင်ကျော်ဇင်ဝင်း၏ ရုပ် အလောင်းကို လူအများအကြား တိုးဝှေ့ကြည့်ရှုပြီးနောက်  တစ် ယောက်နှင့် တစ်ယောက်ပွေ့ဖက် ကာ အသံတိတ်ငိုကြွေးတော့ သည်။ #credit from 7 days news စိတ်မကောင်းစွာနဲ့ သတင်းတစ်ခုကိုဖတ်လိုက်ရပါတယ်။ ဖတ်တာအားမရသေးလို့ facebook ထဲမှာပါ ဝင်ဖတ်ဖြစ်ခဲ့ပါတယ်။ သူများ LGBT ဖြစ်နေတာကို အတင်းလိုက်မေးတဲ့မိန်းမကိုလည်း human right ဆိုတာဘာလဲလို့သိအောင်စာတွေဖတ်စေချင်တယ်။ ပြီးတော့ ဘဝပေးမကောင်းလို့ ဖြစ်လာတဲ့ သူတွေကို […]


Mon LayJune 26, 20191min19672
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


Mon LayJune 19, 20192min33660
ဟနွိုင်းဆိုတာ ဗီယက်နမ်ရ ဲ့မြို့တော်ပါ။ ဘွန်ချာဆိုတာ ဗီယက်နမ် ရိုးရာ အစားအစာ ပါ။ အဲနေရာကို မွန်လေးတို့ ဟနွိုင်းသွားတုန်းက မသွားမဖြစ်သွားရမယ့် နေရာအဖြစ်အနေနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။ အမှန်က အဲ့စားသောက်ဆိုင်က အရင်ကလမ်းဘေးစားသောက်ဆိုင်သာသာပဲတဲ့။ အမေရိကန်သမ္မတ လာရောက်စားသောက်ပြီးတော့မှ အဲ့ဆိုင်ကအထပ်ပေါင်းများစွာရှိလာ တာတဲ့။ ဒုတိယထပ်မှာတော့ အိုဘားမားစားခဲ့လို့ စားခဲ့တဲ့နေရာ၊ အိုဘားမား ထိုင်ခဲ့တဲ ့ စားပွဲ ထိုင်ခုံ နဲ ့ ပန်းကန် တွေအားလုံး မှန်ဘောင်နဲ့သေသေချာချာ အမှတ်တရထားထားလေရဲ့။ ဓါတ်ပုံကိုလည်း နံရံမှာ ချိတ်ထားသေးတာတွေ့ခဲ့ပါတယ်။ #အိုဘားမားလာစားချိန် ဘာရက်အိုဘားမားအဲ့ဆိုင်မှာ လာစားတုန်းကဆို ဆိုင်ရှင်က သူလာလို့လာ မှန်းတောင် မသိဘူးတဲ့။ အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့ နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်ကျမှ သူ ကြက်သေသေသွားခဲ့ပါတယ်တဲ့။ […]


Mon LayMay 14, 20194min4882
လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပန်းဖြေချင်တဲ့ စိတ်တွေ ကတူချင်မှတူမှာပေါ့နော်။ မွန်လေးကတော့ ရေကူးရတာ ဝါသနာပါတယ်။ ကိုယ့်အားလပ်ရက် ဆို.. ရေသွားကူးဖြစ်တာများတယ်.. ခရီးက နေ ပြန်လာရင် ပင်ပန်းနေတာတွေကိုဖြေ ပျောက်ဖို့ ရေကူးလိုက်တာပဲ. When you are tired, swimming with your heart တဲ့။ အဲ့စာသားက အရမ်းမှန်တယ်။ ခရီးတွေသွားရင်လည်း ရေကူးကန်ပါတဲ့ဟိုတယ်ပဲနောက်ပိုင်းရွေးတည်းဖြစ်တာများတယ်။ အညောင်းအညာပါပြေ စေတယ်လေ။ ရေကူးဝတ်စုံလှလှလေးလည်း ဝတ်ရတေယ်လေ👙🕶 ရေကူးကန်လေးကမိုက်တော့ ပုံအလန်းလေးတွေလဲ ရိုက်လို့ကောင်းမှကောင်း။ ရေကူးပြီးမောမောနဲ့ အအေးသောက်ရတဲ့ဖီလင်ကလည်းမိုက်နေရော။ Pool float လေးနဲ့ဆိုလည်း ပိုလို့တောင်မို်က်သေး။ ရေကူးခြင်းဟာ Live in the moment လက်ရှိကို ပြည့်ပြည့်ဝဝခံစားပြီး အနားယူဖို့ အကောင်းဆုံးလို့ ခံစားရလို့ မွန်လေးကတော့ […]


ဇီဇီMay 10, 20196min28403
မျိုးကြီး သီချင်းခေါင်းစဉ်လေးကို ယူသုံးလိုက်တယ်။ “Minimalism” ဂျပန်မှာ ခေတ်စားနေတာကြာပြီဖြစ်တဲ့ စာလုံးလေး။ ဒီ စကားလုံးလေးကို စတင် ရင်းနှီးတုန်းက Home Decor နဲ့ ပတ်သက်ပြီး Minimalist Living အကြောင်း စဖတ်မိရာက ဆက်တိုက်ဖတ်ရင်းနဲ့ ဗုဒ္ဓ တရားတော်နဲ့ အညီနေနိုင်တဲ့ Lifestyle လေးမို့ လက်ခံမိခဲ့တယ်။ ဘယ်လို ဘာသာပြန်ရမလဲဆိုတော့ ရိုးရှင်းနိုင်သမျှရှင်းလင်းအောင် ဘဝ နေထိုင်မှု လို့ပဲ ပြောရမလားမသိ။ နေထိုင်တဲ့ ဘဝမှာ ကိုယ့် အတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေတဲ့ ကြွေးမြီ ပစ္စည်း လူ အကြောင်းအရာတွေကို လျှော့ချဖြတ်တောက်နေနိုင်တဲ့ ဝါဒီမျိုး လက်ကိုင်ထားတဲ့ ဘဝ နေထိုင်နည်းမျိုးပေါ့။ ငွေကြေးချွေတာ စုဆောင်းမှုနယ်ပယ်မှာလည်း အသုံးပြုလာပြီဖြစ်တဲ့ စကားလုံးလေးပါ။ ကိုယ်တွေ မြန်မာ စကားနဲ့ပြောရင်တော့ လောဘလျှော့/ဖြတ် […]


Mon LayMay 8, 20192min4823
🍶 မနက်အိပ်ယာထတာတဲ့ မျက်နှာမသစ်ခင် ရေတစ်ခွက်သောက်ပါတယ်။ ပြီးတော့ မနက်စာစားပါတယ်..မနက်စာမစားဘဲမနေပါနဲ့။ 🍕🍮🍜 လမ်းများများလျှောက်ပါ။ ခြေလှမ်းပေါင်း တစ်နေ့ကို ၉၀၀ဝ လျှောက်ပါ။ မွန်လေးကတော ့ရုံးဆင်းရင် ရုံးနဲ့အိမ်ကို လမ်းလျှောက်ပြန်ပါတယ် တစ်နေ့(၁၅)မိနစ်ပေ့ါ။ 🚶‍♀️🚶 တရားထိုင်ကြည့်ပါ။ အချိန်ရမယ်ဆို ယောဂ ပါကျင့်ပါ။ မွန်လေးကတော့ အချိန်မရလို့ မုလပ်ဖြစ်ဘူး။ အဲ့အစား ရေကူးဖြစ်တယ်။ ဘုရားရှိခိုးခြင်း တို့ကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။ 🧘🧘‍♂️🏊 ငယ်ငယ်က ကျောင်းမှာ ဆရာတွေသင်ပေးဖူးတဲ့ သွေးပူလေ့ကျင့်ခန်းလည်း လုပ်ဖြစ်တယ်။ ရေချိုးခါနီးတိုင်းပေါ့။ ခါးလှည့်ကွင်းဝယ်ထားပါတယ်။ နေ့တိုင်းနီးပါးလှည့်ဖြစ်တယ်။🤸🤸‍♀️ တစ်ရက်မှာ 7 နာရီလောက်တော့ အနည်းဆုံး အိပ်ပါတယ်။ အဲဒါမှလည်းအိပ်ရေးဝပြီး တစ်နေ့တာအလုပ်ကို လန်းလန်းဆန်းဆန်းလုပ်နိုင်မှာပါ။ 😴🛌 ရပ်ကွက်တို့၊ အဖွဲ့အစည်းတွေမှာ လုပ်အားပေး အနေနဲ့လည်းပါဝင်လုပ်ဆောင်ပါတယ်။ အဲ့ကရတဲ့အကျိုးအမြတ်က ဘာမှမရှိပမေဲ့ ရလာတဲ့ပီတိက […]


Mon LayApril 2, 20191min3110
ကဲ..သင်္ကြန်ကြီးပြီးသွားပြီဆိုတော့ အပျော်ကလေးတွေရပ်ပြီး အလှူဒါနလေးတွေလုပ်ဖို့ရောက်လာပါပြီနော်။ အရင်ဆုံးနှုတ်ဆက်ချင်တာကတော့ “Happy Myanmar New Year”ပါနော်။ ယနေ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မှစပြီး မိတ်ဆွေများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း အပေါင်းနဲ့ ပြည့်စုံပြီး လိုအင်ဆန္ဒဟူသမျှ ပြည့်စုံကြပါစေလို့ နှုတ်ခွန်း ဆက်သအပ်ပါတယ်….. ဒီတော့ နှစ်ဆန်း (၁)ရက်နေ့ မှာ ဘယ်လိုကောင်းမှုကုသိုလ်လေးတွေ လုပ်ပြီး ပါဝင်ဆင်နွှဲလို့ရလည်း ဖော်ပြပေးမယ်နော် ဘုရားသွားလို့ရပါတယ်….ဘုရားမှာပန်းလှူ၊ ရေသပါ္ပယ်၊ ခိုကလေးတွေအစာကျွေး၊ ငါးလွှတ်၊ တံမြက်စည်းလှဲ စသည်တို့လုပ်ရင်းနဲ့ ကုသိုလ်ယူလို့ရပါတယ်။ အသက်အရွယ်ကြီးတဲ့ လူကြီးသူမဘိုးဘွားတွေကို ကန်တော့ပြီး လက်သည်း၊ခြေသည်းတွေကလှီးဖြတ်ကာ ခေါင်းလျှော်ပေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါတယ်။ ရပ်ကွက်အတွင်းဘုန်းကြီးသံဃာများကိုပင့်ဖိတ်ပြီး တရားနာ၊ပရိတ်ရွတ်ဖတ်ပူဇော်ခြင်းဖြင့်လည်းကုသိုလ်ယူလို့ရပါတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ စတုဒီသာ ကျွေးခြင်းဖြင့်လည်း ကုသိုလ်ယူလို့ရပါသေးတယ်။ နောက်ထပ်ဘာများ ကုသိုလ်ယူလို့ရသေးလည်း မန့်ပေးသွားကြပါဦးနော်……


Mon LayApril 1, 20192min32970
မြန်မာ့နှစ်သစ်ကူးသင်္ကြန်နဲ့ သမိုင်းကြောင်းကို ဒီခေတ်လူငယ်တွေသိစေဖို့ Active Car Rental Service ကနေ ပြောပြပေးချင်ပါတယ်။ သင်္ကြန်သမိုင်း —————— သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒါဟာ ဟိန္ဒူ ဘာသာဝင်တွေရဲ့ ဘာသာရေး ပွဲတော်တစ်ခုပဲ ဖြစ်ပါတယ်။ တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေဝနတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံးခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင် ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓာကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်းမှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်း ခန္ဓာကိုယ် ပေါင်းစပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။ […]


Mon LayMarch 11, 20194min3572
Beauty blogger လုပ်ဖို့ဝါသနာမပါပေမဲ့ အလှအပကိုခုံမင်ပြီး ကောင်းလွန်းလို့ပြန်ရှယ်ပေးချင်ရုံသက်သက်ပါ မွန်လေးကိုမွေးစတုန်းက အသားဖြူဖြူလေးလို့ အမေကပြောပါတယ်။ နောက်ပိုုင်း အရွယ်ရောက်၊ တက္ကသိုလ်တက်တော့ ပုံတွေထဲပြန်ကြည့်တာ အသားကညိုတိုတို၊ မဲတောင်မဲနေသလားလို့ထင်ရပါတယ်။ အဲတုန်းကဆို အလှလည်းမပြင်တတ်။ သနပ်ခါးဘဲကြားနဲ့ သွားတာပဲ။ သူများတွေလှလှလေးတွေပြင်နေလည်း ကိုယ်ကခါးခါးဘဲကြားနဲ့။ အဲလိုဘဲကြားကလေ ဘယ်လောက်ထိလဲဆိုရင် အလုပ်စဝင်လို့ တတိယမြောက်အလုပ်ကိုပြောင်းတဲ့အထိပဲ။ သနပ်ကခါးကအေးလည်းအေးသလို၊ နေပူဓါတ်လည်းကာကွယ်ပေးတယ်လေ။ အဲဒါနဲ့ တစ်နေ့ရုံးကနေ Asia Plaza ကို Hotel Inspection သွားတော့ ဟိုတယ်ကမမတွေများ လှလိုက်တာ ရွှေမှုန်စားထားသလိုပဲ။ အသားအရေကလည်း ဖြူဖွေးပြီး ဘယ်လိုကြည့်ကြည့် လှနေရော။ အားကျသွားပြီး အဲ့ကနေအပြန် နောက်နေ့မှာတော့ မွန်လေးမိတ်ကပ်စသုံးပါပြီ။ မသုံးတတ်သုံးတတ်ပေါ့နော်။ အလှအပစာအုပ်တွေရှာဖတ်တယ်။ အဲ့မှာ တစ်ပတ် တစ်ခါဖြစ်ဖြစ်၊ ၂ရက် ၁ခါဖြစ်ဖြစ် မျက်နှာကို mask နဲ့ပေါင်းတင်ရင် […]


ဇီဇီFebruary 1, 20194min304112
အာမီ ဆိုတဲ့ အသံကြားရင် ကြောက်ဒူးတုန်နေ ရ တဲ့ အခြေအနေတွေ ဖြတ်သန်းခဲ့ပြီး သကာလ ကျော် ချစ်တဲ့ အာမီကို စတင်တွေ့ရှိခဲ့လေပြီ။ (အဟိ) ဒီ တစ်ပတ်တော့ ကိုယ့်ကိုယ်ကို အလိုလိုက်တဲ့ အနေနဲ့ (ဟင်၊ အလိုလိုက်တာ မြန်လိုက်တာ) ကျန်းမာရေးနဲ့ မညီဘူး ပြောပြော၊ အလုပ်ရှုပ်တယ် ပြောပြော၊ လူစုံလေ လူများလေး စားကောင်းလေ၊ ပါဝင်ပစ္စည်းစုံလင်လေ ပိုက်ဆံကုန်လေ (အဲ) အရသာရှိလေ ဖြစ်တဲ့ Army Stew လုပ်စားရအောင်။ တောထဲမှာ ရနိုင်တဲ့ အသားနဲ့ အရွက်မျိုးစုံကို ဟင်းရည်ထဲ အကုန်ပစ်ထည့် ဆယ် စားရတာမျိုးမို့ Army Stew ခေါ်သလားမသိ ရမ်းသမ်းမှန်းဆမိတယ်။ Army Stew ခေတ်စားတာက ကိုရီးယားနဲ့ ယိုးဒယားမှာဖြစ်ပြီး […]

Travelling-is-Learning-600x315.jpg

⏩ ရွှေမြန်မာတို့ ခရီးသွားခြင်း ⏪ 🔹 မြန်မာနိုင်ငံမှာ ခရီးသွားခြင်းအလေ့အထ အတော်လေး ထွန်းကားလာခဲ့ပါပြီ။ ဟိုးအရင်က မိသားစုတွေ၊ အိမ်နီးနားချင်းတွေစုပြီး သွားကြတဲ့ ဘုရားဖူးခရီးကနေ အလည်အပတ်ခရီး၊ အပန်းဖြေခရီး၊ တောင်တက်ခရီး၊ တောတွင်းလမ်းလျှောက်ခရီး၊ အပျော်စီးသင်္ဘောခရီး စသဖြင့် ပြည်တွင်းပြည်ပ ခရီးစဉ်မျိုးစုံကို သီးသန့်၊ အဖွဲ့လိုက် သွားကြတဲ့အထိ ခရီးသွားခြင်းအလေ့အထဟာ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့ပါတယ်။ 🔹 လက်ရှိခေတ်ရေစီးကြောင်းအရ မြန်မာတွေ ဘာလို့ခရီးသွားလဲဆိုရင် ဓာတ်ပုံရိုက်ချင်လို့ လို့ပဲ ဖြေရမယ်ထင်ပါရဲ့။ မြန်မာလူမျိုးတွေအများစုဟာ ငွေကုန်ကြေးကျခံပြီး ခရီးသွားလို့ တစ်နေရာရောက်ပြီဆိုရင် ရှုခင်းလှလှကို နောက်ခံထားပြီး ကိုယ့်ပုံကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ကြမယ်။ ပြီးရင် Social Media တွေမှာ Check-in ဝင်မယ်၊ ဓာတ်ပုံတင်မယ်။ ပြီးရင် နောက်တစ်နေရာကို ဆက်သွားကြမယ်။ ဒါနဲ့ပဲ […]