manawphyulayAugust 10, 20101min1291
ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ […]


mr.dark bloodAugust 9, 20101min1694
နှစ်လူးပြူးမမ မျက်လုံးပြူးသွားခြင်း ကျွန်တော်နေထိုင်ရာ ရပ်ကွက်လေးသည် ဆိတ်ငြိမ်၏ အရိပ်အာဝါသကောင်းသောသစ်ပင်များရှိသဖြင့် အေးချမ်း၏ ထို့ပြင် ရပ်ကွက်တွင်းရှိ လူများသည်လည်း စည်းလုံးကျ၏မည်မျှ စည်းလုံးညီညွှတ်သည်ဆိုသော် နေ့ဘက်ဆို တစ်ယောက်အိမ် တစ်ယောက်တတ်ကာ ချဲအတူ တွက်ကြည်မှအစ ညဘက်အတူ ခေါင်းချင်းဆိုင်ဖဲထိုင်ရိုက်ကြသည်အထိ စည်းလုံးလေသည်။ ပညာရေးအလေးပေးသည့် ရပ်ကွက်ဖြစ်ခြင်းကြောင့်လည်း မိဘများကိုယ်တိုင် 0အပါအဝင် ၁အစ၉အဆုံးဂဏန်းများနှင့် နေ့စဉ်နပမ်းလုံးနေသည်မှာ အစဉ်အလာတစ်ခုလို ဖြစ်နေပေသည်။ယင်းမိဘများထဲနှိုက် အငြိမ်းစားကျောင်းအုပ်ဆရာမ များလည်း ပါသကဲ့သို့ 4တန်းနှင့် ဟင်းချကာ ဟင်းစားအတွက် ရုန်းကန်ခဲ့ရသူများလည်း ရှိပေသည်။မည်သို့ဆိုစေ သူတို့သည်ကား နေ့ရော၊ညရော စည်းလုံးကြပြီး ဂဏန်းများအား အလွန်တန်ဖိုးထားသော သူများလည်း ဖြစ်သည်။ ဒေါ်စန်းမြင့်သည် ရပ်ကွက်ထဲတွင် အတော်အတန်ဩဇာညောင်းသောသူဖြစ်သည်။အသားဖြူဖြူနှင့်ရုပ်ရည်မှာ အရာရှိ ကတော်ရုပ်ပေါက်ရ်  အများ၏ အော်တိုလေးစားမှုကို လက်ပိုက်ခံယူရရှိနေသူလည်း ဖြစ်သည်။ကိုယ်တိုင်ကလည်း မဟုတ်မခံနှင့် ဇာတ်ဇာတ်ကြဲတုံ့ပြန်တက်သူဖြစ်ပေရာ အများက […]


mr.dark bloodAugust 6, 20107min6136
လူတွေ ပြောပြောနေကြတဲ့ ၁၅၀ဝအချစ်၊၅၂၈အချစ်လို့ ပြောပြောနေကြတာ၊ရေးရေးနေကြတာ မြင်နေကြားနေရပါတယ်။တချို့က သိပေမယ့် တချို့ကတော့ မသိကြပါဘူး။ သိတဲ့သူတစ်ချို့ကျတော့လည်း အကျယ်ကို ဖော်ပြခြင်း မရှိကြပါဘူး။ ဒါကြောင့် အကျယ်ကို သိရအောင် ဖော်ပြလိုက်ရပါတယ်။ ၅၂၈အချစ်ဆိုတာ ဘာလဲ အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်၊ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) (၇)ယောက် တို့ကို ပေါင်းတော့ ၁၂ ရတယ်။အဲဒီ့ ၁၂ ကိုမေတ္တာ(၄)ပါးနဲ့ ထပ်မြှောက်တော့ မူရင်းမေတ္တာ ၄၈ပါး ရတယ်။အဲဒါ့ကို အရပ်(၁၀)မျက်နှာနဲ့ထပ်မြှောက်တော့ ၄၈ဝ ရတယ်။အဲဒါ့ကို မူရင်း မေတ္တာ ၄၈ပါးနဲ့ထပ်ပေါင်းတော့ ၅၂၈ မေတ္တာအပေါင်းရတယ်။ဒါကို ၅၂၈ အချစ်လို့ ခေါ်ဆိုနေကြတာဖြစ်တယ်။ အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်ဆိုတာ သဗ္ဗေသတ္တာ(အာရုံငါးပါးကို တပ်မက်တဲ့သတ္တဝါ)၊ သဗ္ဗေပါဏာ(ထွက် သက်ဝင်သက်ရှိတဲ့သတ္တဝါ)၊ သဗ္ဗေဘူတာ(ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တဝါ)၊ သဗ္ဗေပုဂ္ဂလာ(ငရဲနှင့်နိဗ္ဗာန်သို့သွားတတ်သောပုဂ္ဂိုလ်)၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ(ခန္ဓာအတ္တဘောရှိတဲ့သတ္တဝါ)တို့ပဲ ဖြစ်တယ်။ ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) […]


mr.dark bloodAugust 6, 20101min3319
မာနဋီကာ မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။ မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။ မာနအမျိုးအစား(သုံးမျိုး) မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။သေယျမာန် မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။ ၂။သဒိသမာန် မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။ ၃။ဟိနမာန် မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။ မာနဒီဂရီများ မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။Ordinary Pride ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။ ၂။Super Pride ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။ ၃။Extraordinary ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။ […]


manawphyulayAugust 4, 20101min1432
ဲပဲခူးတိုင်း၊အင်းတကော်မြို့နယ် ၊ အလိုင်နီဆည်ရှိ အောင်သိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မိုးရာသီဖြစ်သည့်အတွက် ကလေးငယ်များ အလွန်အမင်းဖျားပြီး ဆေးဝါးလိုအပ်မှု နှင့်ကလေးတွေအတွက် ကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်သည့်အခြေအနေများဖြစ်ပေါ်နေပါသည်။ ကျောင်းတွင် ကလေး အယောက် ၂၅ဝ ကျော်ရှိတာ အယောက် ၈ဝ ကျော်လောက်မှာ ဖျားနာနေကြသည်။ ထိုကြောင့်လိုအပ်သည့် ဆေးဝါးနှင့် ကျမ်းမာရေးပစ္စည်းများလှူဒါန်းနိုင်ကြပါသည် ကိုထွန်း အမှတ် (၁၅၉)၊ ၄၈လမ်း (အထက်)၊ ဗိုလ်တထောင်၊ ရန်ကုန်မြို့။ Ph: 09-8640206 ပိုစ့်ကိုဖတ်ချင်တော့ http://www.mmdailynews.com/ မှာဖတ်လို ့ရတယ် မနောဖြူလေး (http://manawphyulay.mmsarpay.org)


manawphyulayAugust 2, 20101min2185
စအိုပေါက်မပါသည့်ကလေးတစ်ဦး စေတနာရှင်များ၏အကူအညီကို လိုအပ်နေကြောင်း သိရသည်။ ကလေးမြို့၏မြောက်ဘက် ၁၄မိုင်ခန့်အကွာတွင်တည်ရှိသော လက်ပံချောင်း စံပြကျေးရွာနေ အဖဦးငွန်တောင်းလိန်နှင့် အမိဒေါ်ဆွီးခင်တောင်းတို့မှ ၂၀၀၉ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် သားလေးတစ်ဦးမွေးဖွားခဲ့ပြီး အဆိုပါကလေးသည် စအိုပေါက် မပါသဖြင့် ကလေး ပြည်သူ့ဆေးရုံ၌သွားရောက်ဆေးကုသရာ ဆေးရုံမှဆရာဝန်များက ကလေး၏ဗိုက်ကိုအပေါက်ဖောက်ပြီး အူမကြီးထုတ်ကာ မစင်သွားစေခဲ့သည်။ ၂၀၀၉ခုနှစ် ဩဂုတ် ၅ရက်တွင် မန္တလေးပြည်သူ့ဆေးရုံကြီးမှ ထိုကလေး၏ စအိုပေါက်ကို အောင်မြင်စွာ ခွဲစိတ်အပေါက်ဖောက်ပေးနိုင်ခဲ့သည်။ ယခုအခါ ကလေး ဗိုက်မှဖောက်၍ထုတ်ထားသော အူမကြီးကို ဗိုက်ထဲပြန်ထည့်ပြီး ပုံမှန်အတိုင်းဖောက်ထား သည့် စအိုပေါက်နှင့်ဆက်သွယ်ရန်အတွက် ကလေးအားနည်းနေသေး၍ မဆောင်ရွက် နိုင်သေးဟု ဆိုသည်။ ကလေးအား အာဟာရရှိသောအစားအစာများကျွေးရန် ဆရာဝန်များက ညွှန်ကြားထားသော်လည်း မိဘများမှာ ငွေရေးကြေးရေးတတ်နိုင်မှုမရှိ၍ ရှိသလောက် ဖြင့် ကျွေးမွေးပြုစုထားသည်။ ကလေးဆေးကုသမှုစရိတ်လည်း လိုအပ်နေရာ စေတနာ […]


thihayarzarAugust 1, 20101min65633
ဒီသတင်းကို ရေနံချောင်းကသူငယ်ချင်းတစ်ယောက်ကပြောပြခဲ့တာပါ။ သူပြောတော့ယုံတောင်မယုံဘူး။ အဖြစ်အပျက်ကတော်တော်ဆိုးတယ်။ အစကတော့ ဒီမှာမတင်ဘူးလို့ဆုံးဖြတ်ထားတာ။ အခုမနေနိုင်လို့တင်မိတာပါ။ ဒီမှာတင်ရတဲ့အကြောင်းက ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့၊ လူကြီးများလည်း ကိုယ့်သားသမီး ကိုယ်မောင်နှမ များကို ထိန်းထိန်းသိမ်းသိမ်းနဲ့နေစေချင်လို့ပါ။ ဖြစ်ပုံက (၇)လပိုင်းကဖြစ်ခဲ့တာပါ။ ရေနံချောင်းဒီဂရီကောလိပ်မှာ ကျောင်းတက်ရင်း အဆောင်နေကြတဲ့ သူငယ်ချင်းတွေဖြစ်ပျက်ခဲ့တာပါ။ အဆောင်နာမည်တော့ ထည့်မပြောတော့ဘူး။ ကောင်မလေး (၄) ယောက်က မိန်းကလေးစိတ်နည်းနည်းပေါက်နေတဲ့ ကောင်လေးကို အခန်းထဲမှာစိတ်ကြွဆေးတွေတိုက်ပြီး အတင်းအဓ္ဓမ အလိုမတူပဲ ………… ဆက်ဆံခြင်းဖြစ်ပါတယ်။ အဲဒီကောင်လေးကို နှစ်ရက်လောက်အခန်းထဲမှာထားတယ်။ နောက်တော့ ကောင်လေးကအခြေအနေဆိုးလာတယ်။ သူတို့လည်း မတက်နိုင်တော့ဘူး ကောင်လေးကိုဆေးရုံသို့ပို့လိုက်ကြတယ်။ ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး။ ကောင်လေးကသေဆုံးသွားပါတယ်။ ကောင်လေးသေဆုံးတော့ ကောင်မလေးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ အဲဒီဘက်မှာတော့သတင်းကတော်တော်ပြန့်နှံနေပါတယ်။ အခုကျွန်တော်လည်းအားလုံးသိအောင် မတင်ချင်တင်ချင်နဲ့ပဲတင်မိတာပါ။ ကောင်မလေးတွေရဲ့မိဘတွေများ ဘယ်လောက်ရှက်လိုက်မလဲမသိဘူးနော်။ ဒီသတင်းကိုဖတ်ပြီးတော့အားလုံးလည်း ထိန်းထိန်းသိမ်းသိမ်း နေစေချင်လို့ပါ။ ကောင်မလေးတွင်မဟုတ်ဘဲ […]


etoneJuly 21, 20101min2489
ဆရာသမားတစ်ယောက်ကပြောဖူးတာပေါ့ . .. Ideal Marriage ဆိုတဲ့ စံပြုလောက်တဲ့ အိမ်ထောင်ရေးမျိုးရချင်ရင်တဲ့ . .. . သူပြောတဲ့ စံငါးခုနဲ့ ကိုက်ရွေးတဲ့ သူပြောတာက . .. 1- loving each other 2- mature brain 3- proper income 4- good health and 5- acceptable both sides 1.loving each other ဒါကတော့ရှင်းပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးခြင်း ၊ အပြန်အလှန် လေးစား နားလည်မှုပေးခြင်းတို့ ရှိမှသာ ပျော်ရွင်စရာကောင်းတဲ့ အိမ်ထောင်ရေးမျိုးကို ရမှာပါ။ 2.mature brain ကိုယ်အိမ်ထောင်ဘက်က အတွေးအခေါ် ရင့်ကျက်တဲ့သူမျိုးဖြစ်မှသာ […]


manawphyulayJuly 16, 20102min68911
ကျွန်မ ဒီခေါင်းစဉ်လေးကို ဘာလို့ ပေးသလဲဆိုတော့ အဘွားရှိစဉ် ကျွန်မငယ်ငယ်ကလေးကတည်းက ပြောဆိုခဲ့ဖူးတဲ့စကားလေးတစ်ခွန်းလေးကြောင့်ပါပဲ။ သမီး လူရယ်လို ဖြစ်လာရင် နေ့စဉ် ကောင်းမှုတစ်ခုခုကို လုပ်ရမယ်တဲ့။ လူတိုင်း လောဘ မောဟတွေနဲ့ မကင်းရပါဘူး။ ဒါကြောင့် အဘွားက အများကြီး မလုပ်ခိုင်းပဲနဲ့ သေးသေးမွှားမွှားကနေ ကြီးကြီးမားမားထိအောင် နေ့စဉ် ကောင်းမှုတစ်ခုတော့ လုပ်ပါလို့ သွန်သင်ဆုံးမခဲ့ပါတယ်။ အဘွားမရှိတော့တဲ့နောက်ပိုင်းလည်း အဘွားရှိစဉ်ကဲ့သို့ သမီး ကောင်းမှုတွေ ဆက်တိုက်လုပ်ဖြစ်ခဲ့ပါတယ်။ ခုလည်း ဒီကနေ့က တနင်္ဂနွေနေ့ဆိုတော့ အများသူငှာ နားရက်ဆိုလည်း မမှားပါဘူး။ ကျွန်မအတွက်တော့ မွေးဖွားခဲ့ပြီးချိန်ကနေ ဒီကနေ့ထိ နားရက်ဆိုတာ တစ်ခါဖူးမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်မ နေပျော်တယ်။ ဒီနေ့ဆို ပိုပြီး ကြည်နူးဝမ်းသာစိတ်ဖြစ်မိတယ်ဆိုလည်း မမှားပါဘူး။ ကျွန်မရဲ့ ရည်ရွယ်ချက်၊ ဖြည့်ဆည်းချင်တဲ့စိတ် နောက်တစ်ချက်က […]


manawphyulayJuly 16, 20101min1180
Financial stability ဆိုသည်မှာ လောကတွင် မထင်မှတ်သော အခက်အခဲ ပြဿနာများနှင့် ကြုံလျှင် မိမိနှင့် မိမိကို မှီခို အားထားနေရသော သူ အားလုံး အတွက် ငွေရေးကြေးရေးအရ စိတ်ပူစရာ မလိုသော အခြေအနေတွင် ရှိခြင်းကို ဆိုလိုသည်။ ထို အခြေအနေသို့ ရောက်ရန် အတွက် ယခုလက်ရှိ တတ်နိုင်သော အချိန်တွင် ကြိုတင် စဉ်းစား ပြင်ဆင် ထားရန် အထူး အရေးကြီးသည်။ ယခု ဆောင်းပါးတွင်တော့ စင်္ကာပူနိုင်ငံ Credit Bureau Pte Ltd မှ ထုတ်ဝေသော 10 Steps to Financial Stability ဆိုသည့် ဆောင်းပါးကို မှီးငြမ်း ဖော်ပြထားပါသည်။ (၁) Budget plan […]


cobraJuly 8, 20101min1602
ကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘဝတစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။ ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။ ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို […]


cobraJuly 8, 20101min1421
နုံနဲ့သောစိတ် လူတို့၏ ကြီးပွားချမ်းသာရေးနှင့် ပက်သက်၍ အဆွေခင်ပွန်းကောင်းရှိခြင်းသည်လည်း လိုအပ်သောအချက်တစ်ချက်ဖြစ်သည်။ တိရိစာ္ဆန်များသည်ပင်လျှင် အပေါင်းအသင်းအစုဝေးဖြင့်နေတတ်ပေရာ လူတို့တွင်ကား ပြောဖွယ်ရာမရှိပေ။ ထို့ကြောင့်လူအများနှင့် ခင်မင်ရင်းနှီးရန်လိုအပ်လှပေသည်။ အဆွေခင်ပွန်းကောင်းသည် လိုအပ်သောအကူအညီအမျိုးမျိုးကိုပေးနိုင်သည်။ မိတ်ဆွေအများဆုံးရှိသူသည် အအောင်မြင်ဆုံး အထူးချွန်ဆုံး သူတစ်ယောက်ဖြစ်နိုင်ပေသည်။ ကုန်သည်ဖြစ်စေ အစိုးရဝန်ထမ်းဖြစ်စေ ဈေးရောင်းဈေးဝယ်ဖြစ်စေ နိုင်ငံရေးသမားအဖြစ်ဖြင့် မဲရအောင်ဟောပြောရာတွင်ဖြစ်စေ ကျောင်းဆရာအဖြစ်ဖြင့် စာသင်ရာတွင်ဖြစ်စေ မိန်းကလေးတစ်ယောက်ကို ပိုးပန်းရာတွင်ဖြစ်စေ အသင်၏အောင်မြင်မှုသည် အသင်၏မိတ်ဖွဲ့နိုင်သောအရည်အချင်းပေါ်တွင် တည်ရှိလေသည်။ မိတ်ဖွဲ့ရာတွင် ကောင်းစွာအောင်မြင်လိုလျှင် အသင်သည်လူတို့၏ သဘောကိုကောင်းစွာနားလည်ရပေမည်။ ကိုယ့်ကိုယ်ကိုအရင်နားလည်အောင်ကြိုးစားကာ အခြားသူများကိုလည်းနားလည်ထားရပေမည်။ မိတ်ဆွေနည်းပါးခြင်း၏ အရေးကြီးသောအချက်တစ်ချက်မှာ စိတ်ဓာတ်နုံနဲခြင်းပင်ဖြစ်သည်။ အသင်သည် မိတ်ဆွေတစ်ယောက်နှင့်အိမ်တစ်အိမ်သို့အလည်သွားရာ အိမ်ရှင်သည်အသင့်မိတ်ဆွေအား လှပသောလက်ဆောင်ပစ္စည်းတစ်ခုလက်ဆောင်ပေးလိုက်၏။ သင့်ကိုကား ယခင်ကမသိကျွမ်းသဖြင့် မပေးချေ။ ထိုအခါ သင့်စိတ်ထဲတွင်သဘောမကျခြင်း စိတ်ထွက်ယောင်ယောင် စိတ်ပျက်ယောင်ယောင် ဖြစ်လာခဲ့လျှင် အသင့်တွင် နုံနဲသောစိတ် သဘောထားသေးသောစိတ် ညံ့ဖျင်းသောစိတ် […]


ShwemannmayJuly 8, 20102min1993
 ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ထက်ပိုမိုလာ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအချို့ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို အလေးထား ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာနေပြီဖြစ်ပြီး ပြည်ပရောက် မြန်မာလူမျိုး အိမ်ထောင်ရှင်အချို့ မိသားစုအား ပြန်မဆက်သွယ်တော့သည့် ဖြစ်ရပ်များ ယခင်ကထက် ပိုမိုလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံမှ သိရှိရသည်။ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအမျိုးသား၊ အမျိုးသမီးအချို့မှာ မြန်မာ့ဓလေ့၊ ယဉ်ကျေးမှုနှင့် လူမှုရေးအစဉ်အလာကောင်းများကို လျစ်လျူရှုမှုများ ပြုလုပ်လာကြောင်း သိရှိရပါသည်။ “ကျွန်မအမျိုးသားက မလေးရှားမှာသွားပြီး အလုပ်လုပ်နေတာ အခုဆိုရင် လေးနှစ်ကျော်သွားပါပြီ။ ပထမတစ်နှစ်ခွဲအထိတော့ အိမ်ကို ငွေမှန်မှန်ပို့ပေးပြီး အဆက်အသွယ်လည်း လုပ်ပါတယ်။ နောက်ပိုင်းကျ ငွေလည်း မပို့တော့သလို အဆက်အ သွယ်လည်း လုံးဝမရတော့ပါဘူး။ ကျွန်မတို့လည်း […]