လက်ပံတောင်းတောင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း သစ်ထူးလွင် ဝက်ဘ်ဆိုက်မှ ကူးယူသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် နယ်ပယ်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှု များရှိနေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။ ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး […]