ကျွန်တော်တို့နိုင်ငံတော်သစ်တစ်ထောင်နေစဉ်ကာလအတွင်း အချို့သော ဌာနဆိုင်ရာမှ အောက်ခြေဝန်ထမ်းများတို့သည် စကားပြောဆိုယာဉ်ကျေးမှုမရှိခြင်း ယခင်ကကဲ့သို့ပင် လာဒ်ယူမှုများပြုလုပ်နေဆဲပင်ဖြစ်ပါသည်။ အလွယ်ကူဆုံးဖြစ်သည့်ဖုန်းပြောသည့်ကိစ္စများတွင်ပင်ယခင်ကကဲ့သို့မောက်မာစွာပြောဆိုနေသေး ကြောင်းတွေ့ရှိခံစားနေရပါသေးသည်။ ယခုတိုးတက်လာသည့် ခေတ်ကြီး တွင် Fax လက်ခံသည့်ကိစ္စ များတွင်အလွန်ပင်သိသာထင်းရှားပါသည်။ အချို့သောဝန်ထမ်းများလက်ခံလျှင် ဘ(၅) လုံးဖြင့်ယခုတိုင်လက်ခံနေသေးကြောင်း တွေ့ရှိနေရပါသဖြင့် အထက်မှ တာဝန်ရှိသူလူကြီးများအနေဖြင့် သွန်သင်ဆုံးမမှုများပြုလုပ်သင့်ပါကြောင်းအကြံပြုလိုပါသည်။ ထို့ပြင် ၎င်းတို့ကိစöများအားလည်း တရားဝင်တိုင်ကြားလာပါက ထိရောက်စွာအရေး ယူပေးစေလိုကြောင်း အသိပေးအကြံပြုအပ်ပါသည်။