ကျနော် ဒီရွာထဲ တိတ်တဆိတ် စာဖတ်နေခဲ ့တာ။ ကို မဟာရာဇာ အံစာတုံးရဲ  ့ ဟိုရောက်တုန်း ဟိုရိုက်၊ဒီရိုက် ပို ့စ်ထဲက ဆီးဖြ ူသီးပုံကိုကြည် ့ပြီး ကျနော်ရိုက်ထား ဆီးဖြ ူသီးပုံ ပြချင်ပါတယ်။ ဆီးဖြ ူသီး ဘယ်နှစ်မျိုးမည်ရှိမှန်းမသိပေမယ် ့ အခုကျနော်တင်ပြမယ် ့ပုံက အသီး သီးပုံက ကိုမဟာရာဇာ အံစာတုံးရဲ  ့ဆီးဖြ ူးသီး သီးပုံနဲ ့မတူ တမျိုးခြားနေတာမို ့ပါ။ မြန်မာပြည်မှာတော ့ ဆီးဖြ ူသီးကိုမြင်ဖူးပေမယ် ့ အသီး သီးပုံကို တစ်ခါမှ မမြင်ဖူးခဲ ့ပါဘူး။ ရိုက်ယူထားတဲ ့နေရာက မလေးရှားနိုင်ငံ အရှေ ့မြောက်ပြည်နယ်က မိုးသစ်တောထဲမှာပါ။ ကို မဟာရာဇာ အံစာတုံးရေ […]


ကျော်ဘသစ်November 5, 20121min70128
မင်္ဂလာပါခင်ဗျာ…. (မြို့ပတ်ရထားပေါ်မှာ  လျှက်ဆားရောင်းတော့မယ့် လေသံမျိုးဖြစ်နေရင် ခွင့်လွှတ်ကြပါ။ ကျွန်တော်က လျှက်စားရောင်းမလို့ မဟုတ်ပါဘူး။ မိတ်ဆက်မလို့ပါ။) ကျွန်တော် မန္တလေးဂေဇက်ရဲ့ ပရိသတ်ဖြစ်နေခဲ့တာ ကြာပါပြီ။ ကိုယ်တိုင် ဝင်မရေးဖြစ်၊ ကွန်မန့်မပေးဖြစ်ပေမယ့် နေ့တိုင်းနီးပါး ထိုင်ဖတ်လာခဲ့တာ တစ်နှစ်ကျော် ရှိပါပြီ။ ဒီအထဲက လူတော်တော်များများရဲ့ စာတွေနဲ့ ရင်းနှီးနေခဲ့၊ သူတို့အမြင်၊ သူတို့အတွေး၊ သူတို့ရပ်တည်ချက်တွေကို တိတ်တိတ်လေး ဝေဖန်ဆန်းစစ်၊ သင်ကြား၊ အတုယူ လုပ်နေခဲ့တာလည်း ကြာခဲ့ပြီ။ အထူးသဖြင့်တော့ ဒီက သူကြီးလို့ အများခေါ်ကြတဲ့ ဦးခိုင်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကိုလည်း စိတ်ထဲက လေးလေးစားစား ဖြစ်နေခဲ့မိတာလည်း ဒီဖိုရမ်ကို ပထမဆုံး လာဖတ်ဖြစ်တည်းက ဆိုပါတော့။ (ဒီဖိုရမ်မလာခင်က မိတ္တဗလဋီကာ စာအုပ်ကို ကြေညက်အောင် ဖတ်လာခဲ့ပါတယ်၊ အီကား စကားချပ်)။ ပြောလိုတာက အခု ဒီဖိုရမ်မှာ […]


nicolus agralNovember 5, 20121min1461
လူကဲခတ်မညံ့တဲ့ မာမီဂျောင်ဟာ လီဆီဘိုးဘိုး ဘာကြိုက်သလဲဆိုတာလည်း ကောင်းကောင်းသိတာပါပဲ။ လောကမှာ အာဏာနဲ့ငွေ မမက်တဲ့လူရယ်လို့ ရှိလို့လား။ ရှိရင်ပြစမ်းပါ။ များလည်းကြည့်ချင်တယ်။ တစ်ခုပဲ။ သူက လောလောဆယ် နန်းတော်ထဲမှာ ရာထူးလည်းအကြီးဆုံး၊ လစာဝင်ငွေလည်း အမြင့်ဆုံး။ သည်လိုလူကို တစ်ချီတည်းနဲ့ ပိုင်အောင် မချုပ်နိုင်ရင် ငုတ်တုတ်မေ့သွားမယ်။ ခေါင်းတောင်ပြုတ်သွားဦးမှာ။ ဒါပေမယ့် မပူပါနဲ့။ မာမီ့တာဝန်ထား။ “ဘိုးဘိုးရေ။ ခေတ်ကာလကြီးကလည်း မရေမရာ ရှိလိုက်ပါဘိသနဲ့။ ဘိုးဘိုးကို ခင်လို့ ပြောရဦးမယ် သိလား။ ဗိုလ်ချုပ်မုန်းရှန်နဲ့ ဖူဆူမင်းသားနဲ့က ပုလဲနာမ သိပ်သင့်ကြတာ။ အခုသူက သားတော်ကြီးဆိုတော့ ထီးနန်းက သေချာသလောက်ပဲ။ နောက်နှစ်နောက်နှစ်များဆိုရင်ဖြင့် တနန်းတော်လုံးမှာ မုန်အိမ်က ဘုန်းတောက်လာရင် များတို့ နေစရာတောင် ရှိမယ်မထင်ဘူး။ စိတ်မဆိုးရင် တစ်ခုလောက်တော့ မေးချင်တယ် ဘိုးဘိုးရယ်။ ဘိုးဘိုးအနေနဲ့ […]


ကထူးဆန္းNovember 4, 20121min39514
အဟ .. ကထူးဆန်းလည်း သူများ ကြော်ငြာတွေ အခမဲ့ ကူကြော်ငြာပေးနေတယ် .. သူကြီး ကောင်းမှုှု့ နဲ့ ပေါ့လေ.. ဒီလို လုပ်ခွင့် ပေးထားလား ဆိုတာ သိချင်သား .. ကံစမ်းမဲ တစ်ဘက်လှည့် နဲ့ ရောင်းတယ်လို့ဘဲ မြင်မိပါတယ် ။ အမည်ခံလိုက်တာ တော့ မေတ္တာ ပေါ့ ။ စေတနာ ပေါ့ ။ တစ်ဦး ၂၅၀ဝ ကျပ် ။ လူ တစ်ရာ ဆိုက ၁၀ဝ ဦး x ၂၅၀ဝ = ၂၅၀၀၀ဝ (နှစ်သိန်းငါးသောင်း ) လူ တစ်ထောင် ဆိုပါက ၁၀၀ဝ ဦး x ၂၅၀ဝ = […]


nicolus agralNovember 3, 20121min1855
ယင်းမာတို့ တရုတ်ပြည်ကို အလည်ပြန်ဖြစ်တော့ ရှန်တုံနယ်က ချူဖူမြို့ကလေးကို ဝင်ဖြစ်ပါတယ်။ ကွန်ဖြူးရှပ်စ်ရဲ့ မွေးဇာတိဖြစ်ပြီး သင်္ချိုင်းဂူလည်းရှိတယ်။ Confucious Temple တဲ့။ အဲဒီထဲမှာ ကွန်ဖြူးရှပ်စ်ကစလို့ သူ့မျိုးရိုးစဉ်ဆက်ကို ဖွားရက် သေရက် အတိအကျနဲ့ မှတ်တမ်းတင်ထားခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ဝ ကျော်ကဆိုတော့ မျိုးဆက်ပေါင်း ၇ရ ဆက်တောင်ရှိသတဲ့။ ၁၉၄ဝ မှာ ဂျပန်တွေ ကျူးကျော်ဝင်ရောက်လာလို့ မျိုးဆက်နောက်ဆုံးယောင်္ကျားလေးက ထိုင်ဝမ်ကို ထွက်ပြေးသွားတော့မှ အစအနပျောက်သွားတော့တယ်။ ဟန်မင်းဆက်လက်ထက်တုန်းက ကျောင်းတော်ကို ပြုပြင်ဖို့ အုတ်နံရံတစ်ခုကို ဖြိုချလိုက်တဲ့အခါ အထဲက စာအုပ်တွေ ထွက်လာလို့ စာအုပ်မီးရှို့သူကြီးလက်ကဝေးအောင် သိုဝှက်သိမ်းဆည်းထားမှန်း အထောက်အထားဖြစ်ခဲ့ပါတယ်။ အဲသည်နောက်ပိုင်း မင်းဆက်များက ကျောင်းတော်ကို အလည်ရောက်တဲ့အခါ အမှတ်တရကျောက်စာတိုင်များ ရေးထိုးသွားလို့ သမိုင်းမှတ်တမ်း ကျန်ရစ်တာပေါ့။ တပ်နီတွေလက်ထက်ရောက်မှပဲ တန်ဖိုးထားရကောင်းမှန်းမသိပဲ […]


ဦးသုNovember 2, 20121min27511
ပွဲဈေး ကြော်တဲ့သူကကြော် ညှော်တဲ့သူကညှော် တိုးတဲ့သူကတိုး ခိုးတဲ့သူကခိုး မြတ်တဲ့သူကပျော် ရှံးတဲ့သူကအော် ရဟတ်ကြီးလဲ လည် အော်သံတွေလဲ ညံ အော်………… နောက်ဆုံးတော့ ပွဲဈေးတန်းကြီးလဲ သိမ်းရော အမှိုက်တွေ အပြည့်နဲ့ လမ်းမကြီးက ရင်တွေကွဲပြီး ကျန်။   ရေကျော် ပွဲဈေး မှ ရလာသော အတွေးအပိုင်းအစများ။


ဦးကောက်November 2, 20121min2005
ခပ်သိမ်းကုန်သော သူတော်ကောင်းအပေါင်းတို့သည် မိမိတို ့၏ စည်းစိမ်ဥစ္စာကိုလည်းကောင်း၊ မိမိတို ့၏ အသွေး၊ အသား၊ ခြေ၊ လက်အင်္ဂါ အသက် အစရှိသည်တို့ကိုလည်းကောင်း လှူဒါန်းကြရာတွင် လက်မရွံ့နောက်မတွန့်ပဲ စွန့်လွှတ်ကြသူချည်းသာဖြစ်သည်။ စွန့်လွှတ်လိုသူတို့အတွက် စွန့်လှူရန် ပစွည်းများ အများအပြားပင်။ စွန့်လွှတ်ရန်အတွက်လည်း အင်မတန်လွယ်ကူကြသူချည်းပင်ဖြစ်သည်။     ထို ့ကြောင့်လည်း နိဗွာန်ဟူသောငြိမ်းအေးရာသည် ထိုသူတို အဖို့လွယ်ကူစွာပင် ရရှိကြစမြဲပင်ဖြစ်ချေသည်။ မစွန့်လွှတ်လိုသူများအဖို့ စွန့်လှူရန် ပစွည်းရှားပါးနေတတ်သည်။       ထို ့အပြင်လိုချင်စရာများ လောကအလယ်များပြားနေပြန်သည်။အလိုလောဘတို ့တနင့်တပိုးဖြစ်နေတတ်ပါသည်။ စွန့်လွှတ်ရန် ခက်ခဲသူတို.အတွက် နိဗွာန်ဟူသော ငြိမ်းအေးရာသည်လည်း ရရှိဖို့ရန် ထိုသူတို.အတွက် ခက်ခဲသောအရာတစ်ခုပင် ဖြစ်ချေတော့သည်။ ယခုအခါတွင် ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ ဦးဆောင်သော မြင့်မြတ်ဖြူစင် သွေးလှူရှင် အသင်းသည် […]


thar agNovember 1, 20121min56327
ကင်ဆာ ရောဂါ အတွက် ဒူးရင်းဩဇာ ကျမတို့ ရုံးနှစ်ပတ်လည် အစည်းဝေး အတွက် နိုင်ငံ အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တယောက် ကျမတွေ့တော့ တော်တော် အံ့အား သင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ် တဲ့အခါ ကင်ဆာလို့ အဖြေထွက်ပြီး ကျမတို့ တတွေ စိတ် မကောင်း ဖြစ်နေ ခဲ့တာပါ။ အခု ပြန်တွေ့တော့ လန်းဆန်း ကျန်းမာ တက်ကြွနေတော့ စကား စမြည် ပြောရင်းနဲ့ ဆေးနည်းလေး တစ်ခု ရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာဆိုတာနဲ့ လူတွေက လန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေ စိတ်ပင်ပန်း ကြတာနဲ့ ရုတ်တရက် သေဆုံး သွားတာနဲ့ ဒါကြောင့် ကျမတို့ ရုံးက […]


may maylayNovember 1, 20121min1696
         ခေါင်းဆိုတာ အမြဲငုံနေဖို့မဟုတ်၊ ကြောက်ရွံ့ထိတ်လန့် နေဖို့မဟုတ်၊ ပန်းတိုင်ကို အားမာန်အပြည့်နဲ့ ခေါင်းမော့ဝင့်ကြွားနေဖို့ပဲ။          ဤလောက၌ မည်သည့်အရာမှ ကြောက်စရာမရှိ မိမိမှန်နေဖို့လိုသည်၊ ကြောက်စရာအကောင်းဆုံး ကြောက်စိတ်မှာမိမိစိတ်တွင်း၌   ကြောက်စိတ်ဝင်နေခြင်းက   ကြောက်စရာအကောင်းဆုံးပင် ဖြစ်သည်။       ကျွန်မတို့နိုင်ငံဟာ တိုင်းရင်းသားလူမျိုးစုံ ဖွဲ့ထားတဲ့ နိုင်ငံဖြစ်လို့ တိုင်းရင်းသားအားလုံးတန်းတူညီမျှ        တိုးတက်နိုင်မှ ဒီနိုင်ငံဟာ တကယ့်ကိုသာယာပြီးတော့ အေးမြတဲ့နိုင်ငံ ဖြစ်နိုင်မှာပါ။        ပြည်သူတွေရဲ့ တာဝန်ကို ပင်ပင်ပန်းပန်း မထမ်းဆောင်ဘူးဆိုရင် ဒါဟာဒီမိုကရေစီရရှိခြင်းအပေါ် တာဝန်မကျေဘူးလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။       ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကျွန်မတို့ပြည်သူတွေမူကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့ အစဉ်အလာကို သုံးသပ်တာလည်း ခံရဲတယ်၊ ကျွန်မတို့ရဲ့သမိုင်းကို သုံးသပ်တာလည်းခံရဲတယ်။        ပြည်သူတွေရဲ့ […]


nicolus agralNovember 1, 20121min1492
၁၉၇၉တုန်းက ရှန်ဟိုင်းကို ပြန်ရောက်တဲ့အခါ အနှစ်သုံးဆယ်ကျော် ကွဲနေတဲ့ အန်တီလေး နဲ့ တူဝရီးနှစ်ယောက်သား ပြန်တွေ့ကြပါတယ်။ ပရိဘောဂမရှိ ဘာမရှိနဲ့ သူနေတဲ့ အိမ်ခန်းကျဉ်းကျဉ်းစုတ်စုတ်ကလေးကို မြင်တော့ ရင်ထဲကို ဆို့တက်လာတာပဲ။ သူ့အိမ်က ပြည်သူပိုင် အသိမ်းခံလိုက်ရလို့ ၁၉၆၆ ကတည်းက သူများအိမ်မှာ ကပ်နေရရှာတယ်။ သူ့ခမျာ သနားပါတယ်။ စကားတောင် ကျယ်ကျယ် မပြောရဲဘူး။ ဟိုဟိုသည်သည် ကျီးကန်းတောင်းမှောက်ကြည့်ပြီးမှ လက်ကလေးကာ လေသံကလေးနဲ့ ကပ်ပြောတယ်။ ပြောမှားဆိုမှားရှိလို့ ထောက်လှမ်းရေးတွေက တို့ လိုက်ရင် မလွယ်ဘူးလေ။ “အောင်မယ်လေး။ ငါ့တူမလေးရယ်။ မသေလို့သာ တွေ့ရတော့တယ်။ ဒီ့အရင် သုံးနှစ်လောက်က ပုံမျိုးသာဆိုရင် တို့တွေ စကားတောင် ဟဟပြောရဲမှာ မဟုတ်ဘူး။” တဲ့။ မာကြောင်းသာကြောင်းကနေ ဟိုအကြောင်း သည်အကြောင်းတွေ ရောက်ကုန်တော့ ဥက္ကဋ္ဌကြီးမာရဲ့နော […]


ကထူးဆန္းOctober 31, 20121min50727
မနေ့ က FM ကနေလည်း ကြားလိုက် ဒီနေ့လည်း fb မှာ တွေ့လို့ ရန်ကုန်သား ရွာသူား တွေ မသိလိုက်မှာ စိုးလို့ ဘာလဲတော့ မသိဘူး ၅၀၀ဝ ဆိုတော့ တန်တာတော့ တန်မယ်ထင်တာဘဲ ။ အရင်က ဘယ်ဈေးရှိလဲ ဆိုတာလဲ မမေးနဲ့။ သိဘူးရယ်။ စုံစမ်းပြီးမှ တင်ဖို့ ကလည်း အချိန်ကျော်သွားမှာ စိုးလို့ တန်တယ် ထင်ရင် .. ပြေးကြစို့ …. သိစေချင်တာဘဲ ရှိ ။ ဘာမှ လည်း မသိတဲ့ တော်တော်ချာတဲ့ စီဂျေ ။ နောက်ဆက်တွဲ ။ ၈:၃ဝ အရောက်လာသူများ အား တိုကင်ပေး ပြီး မဲနိုက်က တစ်ဆိုင် ၁ဝ […]


ရွှေအိမ်စည်October 31, 20121min4194
ကွာလာလမ်ပူရောက် ဗီယက်နမ် မိန်းမခါးပိုက်နှိုက်များ (မလေးရှားသတင်း) by ဧဒင်ဥယျာဉ်(အွန်လိုင်းပေါ်ကအိုအေစစ်) on Wednesday, October 31, 2012 at 11:02am · ကွာလာလမ်ပူမြို့ရဲ့ နောက်ဆုံးပေါ် အနုကြမ်းနည်တစ်ခုအနေနဲ့ မိမိကိုယ်ကိုယ် ရင်ဘတ်ဖော်ပြီး အမျိုးသားများ အား အငိုက်ဖမ်းငွေလုသည့် ဗီယက်နမ်အမျိုးသမီးအဖွဲ့တစ်ဖွဲ့ ကွာလာလမ်ပူ SS2 မှာလှုပ်ရှားနေကြောင်း ယနေ့ မလေးရှားသတင်းဌာနများမှာ ခေါင်းကြီးသတင်းအနေနဲ့ ဖော်ပြသွားခဲ့ပါတယ် ။ ထိုဗီယက်နမ် အမျိုးသမီးများရဲ့ အငိုက်ဖမ်းငွေလုပုံမှာ သူတို့ လုမည့်သူရှေ့တွင် အဖွဲ့ဝင်တစ်ဦးက ဝတ်ဆင်ထားသော အဝတ်အစားနှင့် ဘယာစီယာကို ရုတ်တရက် ချွတ်ပစ်ကာ အမျိုးသားများ ကအံဩနေစဉ်တွင် အငိုက်ဖမ်း၍ အခြားအဖွဲ့ဝင် အမျိုးသမီးများက ပိုက်ဆံအိတ်ဝိုင်းလုသောနည်းဖြစ်ကြောင်း မလေးရှားသတင်းဌာနများက နိုင်ငံသားများသတိထားနိုင်ရန် ယနေ့ အသိပေး ကြော်ငြာသွားခဲ့ပါသည်။   အသက် […]