Zaw Phyo WaiAugust 28, 20121min81
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပေါင်းတည်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မိဘ၊ ဆရာနှင့် ကျောင်းသားများ ဘက်စုံပညာရေးမြင့်မားမှုကို ကြိုးစားနေကြပါသည်။ သို့သော်လည်း ယနေ့မူလတန်းကျောင်းများမှ ပြောင်းရွှေ့ပညာသင်ကြားရသည့် အလယ်တန်းအဆင့် (ပဉ္စမတန်း) နှင့် ပက်သက်၍ မိဘများအနေဖြင့် တင်ပြလိုပါသည်။ ကျွန်တော်တို့သားသမီးများမှာ ကျူရှင်မထားနိုင်ကြပါ။ မိဘကပင်ကြိုးစား၍ သင်ပြပေးပါသည်။ ပေါင်းတည် အ.ထ.က (ပဉ္စမတန်း) မှ အချို့ဆရာမများ ကျူရှင်ပြကြပါသည်။ ငါ့ကျူရှင်သင်မှ ငါ့တပည့်ဟုစိတ်ဓါတ်မျိုးထားနေကြပါသည်။ ပညာရေးမှာ စည်းကမ်းပျက်ရုံမက စိတ်ဓါတ်ပါမကောင်းသော ဆရာမများဖြစ်နေကြောင်းတွေ့နေရပါသည်။ မိမိကျူရှင်မှာနေသည့်ကလေးကို မိမိနှင့်နှစ်ကြိမ်သင်ကြားရခြင်းဖြစ်သဖြင့် ပိုသင်ပေးသလိုဖြစ်ရသည့်အထဲ ကျူရှင်မသင်နိုင်သောကလေးများကို စိတ်ခွန်အားသိမ်ငယ်စေမည့်စကား၊ စိတ်ဓါတ်ကျမည့်စကားများကို အတန်းထဲတွင်သုံးနှုန်းသည့် ဆရာမမျိုးရှိနေပါသည်။ ကျူရှင်မထားနိုင်သောကျောင်းသား၊ ညံ့သောကျောင်းသားအားလုံးကို အနနေ ္တာ အနန ္တ ဂိုဏ်းဝင်ပီပီ ပညာရေးမြင့်မားလာအောင် သင်ပေးစေချင်ပါသည်။ စိတ်ဓါတ်ပုတ်နှင့် ကျူရှင်ပြစားနေသော ဆရာမများကြောင့် […]


lynn lynnAugust 28, 20121min38819
မိုဘိုင်းဖုန်း၏ တည်နေရာအား ရှာဖွေသိရှိနိုင်ခြင်းနှင့် စွယ်စုံသုံးလမ်းညွှန် ပါဝင်သည့် ဆော့ဖ်ဝဲလ်အခမဲ့ဖြန့်ချိ မိုဘိုင်းဖုန်းတစ်လုံး၏ တည်နေရာအား ရှာဖွေသိရှိနိုင်သည့် Phone Finder နှင့် စွယ်စုံသုံးလမ်းညွှန် (Multi-Directories) ပါဝင်သည့် GOthere Myanmar မိုဘိုင်းဖုန်းဆော့ဖ်ဝဲလ်အား Giga Gates Co.,LTD မှ အခမဲ့ ဖြန့်ချိပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ နေ့စဉ်အသုံးဝင်သည့် လမ်းညွှန်များ၊ တည်နေရာ အချက်အလက်များ၊ ဖတ်ရှုသင့်သော သတင်းများနှင့် ဖုန်းတစ်လုံး၏ တည်နေရာကို ရှာဖွေသိရှိနိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်ပြီး Android OS စနစ်သုံး မိုဘိုင်းဖုန်းများတွင် အသုံးပြုနိုင်မည်ဖြစ်သည်။ ” Android OS 2.2 နဲ့အထက်မှာ သုံးလို့ရပါတယ်။ Version အနေနဲ့ Beta 1.0 ပေးထားပါတယ်။ မကြာခင် နီးစပ်ရာ နေရာတိုင်းမှာ အခမဲ့ […]


phone_kyawAugust 28, 20121min47318
နိုင်ငံခြားမှာ အစိုးရစရိတ်နဲ ့ပညာတော်သင်သွားကြတဲ့လူတွေအများအပြားရှိပါတယ်။ တချို  ့သော သူတွေဟာ ကျောင်းပြီးတာနဲ ့မပြန်တော့ပါဘူး။ ဒါကို ခုန်ချတယ်လို ့ခေါ်ပါတယ်။ သူတို ့အနေနဲ ့ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့နိုင်ငံခြားမှာ ပညာသင်ပြီး ကိုယ့်တိုင်းပြည်မှာ အလုပ်ပြန်မလုပ်ပဲ လစာကောင်းတဲ့ နိုင်ငံခြားမှာ ခုန်ချတာဟာ ပြည်သူလူထုကို သစ္စာဖောက်တာပါ။ နားလည်ပေးနိုင်တာတစ်ခုက ကိုယ့်တိုင်းပြည်မှာ အခွင့်အလမ်းကောင်းကောင်းမရှိလို ့ဆိုတဲ့ အချက်ကိုပါ။ ဒါပေမဲ့ ဘယ်လိုမျိုးပဲ ဆင်ခြေပေးပေး ပြည်သူလူထုရဲ  ့ပိုက်ဆံနဲ ့ပညာသင်တဲ့လူတွေ၊ နိုင်ငံခြားက စကောလားရှစ်နဲ ့ပညာသင်ခဲ့တဲ့လူတွေအားလုံးအနေနဲ ့ မြန်မာပြည်ကိုပြန်သွားဖို ့လိုပါတယ်။ ကိုယ့်ပိုက်ဆံနဲ ့ပညာသင်ခဲ့တာမဟုတ်တော့ ခင်ဗျားတို ့မှာ ပိုပြီးတာဝန်ရှိတယ်။ အခုတစ်လော နဲနဲလေးပွင့်လင်းလာတော့ ဒေါက်တာတို ့ဒေါက်တိုတို ့ရတဲ့ ဆရာသမားတွေကို သတိထားမိတယ်။ ပြည်တွင်းကိုပြန်တယ်။ လူရှေ  […]


သုရွင္August 28, 20121min1182
ပေါက်ပန်းမို့တဲ့…………………………………………………ကျွန်တော့်ကို အနံ့မမွှေး အဆင်းမလှ အသုံးမဝင် တဲ့နောက်မှာ ………………………. တစ်ပင်လုံးဝေ..နေအောင်ပွင့်တာတောင်….ဥပေက္ခာပြုရက်ကြတယ်။ ဒါများ နှလုံးသားရှိတဲ့သူတွေဆိုပဲ……………………….ကဗျာတွေထဲမှာ လင်္ကာတွေထဲမှာ….ကျွန်တော့်အကြောင်းဘယ်သူက ကောင်းကြောင်း ပြောလို့လဲ။………………………………………………………………………. ခိုင်းနှိုင်းဥပမာပေးကြရင်တောင် …ကျွန်တော့်လိုကောင်မို့..လူရာမဝင်.. အဆင်းမရှိ အချင်းမရှိ လူ့ပေါက်ပန်းရယ်လို့.တန်ဖိုးနှိမ့်ပြီး ယှဉ်ကြတယ်။ ကျွန်တော်ကိုယ်တိုင်ရွေးချယ်ခွင့် ရခဲ့လို့လား  ဘယ်ပန်းဖြစ်ချင်လှပါတယ် ဆိုပြီးတော့လေ။………………………………………………………………… မပြောပါနဲ့ဗျာ..ခင်ဗျားတို့နှုတ်က  ……………………..တရားမျှတမှုရယ်လို့ အဆင်းရှိမှ အချင်းရှိမှ အသုံးဝင်မှ…ပန်းဘဝ၊လူ့ဘဝ နေရာပေးကြတဲ့သူတွေ။ ဘယ်မှာလဲ…သဘာဝကပေးတဲ့ …အလှတရား….။………………………………. ကျွန်တော့်ကို ပြောနေလိုက်ကြတာများ..ဖြင့်…ပန်းအဖြစ်ရှင်သန်ဖြစ်တည်နေ..တာကိုက အရှက်ရစရာ။…………………………………………………………………………… အဲဒါထက်…ဆိုးတာရှိတယ်။ ပေါက်သား၊ပေါက်ကိုင်း ၊ ပေါက်ဖက်၊ပေါက်ပင်၊ ထင်းအဖြစ်က လွဲရင်…ကျွန်တော့်ကို..တစ်နေရာလောက်ဖြစ်ဖြစ် ……………. နေရာမပေးကြချင်ဘူးလား..ဟင်…………………………………………………….. အခြားတစ်ပင်နဲ့ ယှဉ် စိုက်ထားရင် ရွေးစရာရှိလို့မှ………………………………… ဒီပေါက်ပင်ကိုချန်ထားမယ် ဟိုအပင်ကို ခုတ် ( ချိုင် ) လိုက်လို့..တစ်ခါမှ…….. မကြားခဲ့ဖူးဘူး။………………………………………………………………………….. အဲဒီလောက် မျက်ကွယ်ပြုခံရတဲ့ […]


ko KyaingAugust 27, 20121min29213
ပည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ကြောင်းအားအမိန့်အမှတ် ၂၂/၂၀၁၂ ကို ဩဂုတ်လ ၂ရ ရက်နေ့ နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါသည်။ ၁။ ဦးစိုးသိန်း – သမ္မတရုံးဝန်ကြီးဌာန ၂။ ဦးအောင်မင်း – သမ္မတရုံးဝန်ကြီးဌာန ၃။ ဦးလှထွန်း – သမ္မတရုံးဝန်ကြီးဌာန ၄။ ဦးတင်နိုင်သိန်း – သမ္မတရုံးဝန်ကြီးဌာန ၅။ ဦးအောင်ကြည် – ပြန်ကြားရေးဝန်ကြီးဌာန ၆။ ဦးကျော်ဆန်း – သမဝါယမဝန်ကြီးဌာ ၇။ ဦးအုန်းမြင့် – မွေး/ရေ ဝန်ကြီးဌာန ၈။ ဦးအေးမြင့် – စက်မှုဝန်ကြီးဌာန ၉။ ဦးတင့်ဆန်း – အားကစားဝန်ကြီးဌာန ထို့အပြင့် အမိန့်အမှတ် ၂၁/၂၀၁၂ ဖြင့် ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။ […]


spyhacker satanAugust 27, 20121min1471
 ဦးရွှေမန်း အာဏာရူးနေပြီ၊    ရွှေမန်း၏ အသံ၊ ဆန္ဒကို လွှတ်တော်အသံ၊ ဆန္ဒ ပြည်သူ့ အသံ၊ ဆန္ဒ ဖြစ်အောင် အာဏာရူးတို့ တစု ဝိုင်းဝင်း ကြံစည်နေကြပြီ    ပြည်သူမှ ရွေးထားသော လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ဦးရွှေမန်း၏ တိုင်းပြည်ချောက်နှုတ်ခမ်း ရောက်အောင် ဆင်ကြံကြံနေတာကို ရပ်တန်းကရပ်ရန်၊ ပြည်သူတွေ လွှတ်တော်ကို ရွံမုန်းမသွားရန်၊ ကိုယ်စားလှယ်တော်ကြီးများ အမှန်တရားဘက်က ရပ်တည်ပေးရန် လိုအပ်ပါသည်။    အာဏာရူး ဦးရွှေမန်း လွတ်တော်ကို အသုံးချပြီး၊ တရားဥပဒေ အထက်ကနေဖို့ ကြိုးစားနေတာကို ရောရောင်ပြီး မပါဝင်သင့်ကြပါ။   လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ ပြည်သူ့ဘက်မှ၊ အမှန်တရားဘက်မှ ရပ်တည်ပေးဖို့  တို်က်တွန်းအပ်ပါသည်။   “ ပြည်သူ့ အသံ အစစ်အမှန်…………………”


သုရွင္August 27, 20121min33211
သိကြတဲ့အတိုင်း ပို့စ် ခေါင်းစဉ် ဆိုတာ ပို့စ် တစ်ခုရဲ့ အသက် ခင်ဗျ။ ကိုက အောက် က စာသားတွေ ဘယ်လောက်ကောင်းအောင်ရေးထားရေးထား ခေါင်းစဉ်နဲ့ တက်Tag မှာ လူအများကို ဆွဲဆောင်မှု မရှိဘူးဆိုလို့ကတော့ အဲဒီပို့စ်မှာ comment တစ်ခုတောင် လာပေးဖို့မရေရာတော့ပါဘူး။ ဆိုတော့………. ပို့စ်ခေါင်းစဉ် ဟာ တော်တော်အရေးကြီး တာကို တွေ့နိုင်ပါတယ်။ ၁- target ရွေးတတ်ရပါမယ်။ ဆိုလိုတာက ပို့စ် တင်တယ်ဆိုတာ ဈေးကွက်ထဲကို ကိုယ့်ရဲ့ product တစ်ခု ချပြရသလိုပါပဲ။ ကိုယ့်ရဲ့ ပို့စ်က ဘယ်သူတွေကို အဓိက ရည်ရွယ်ပါသလဲ။ ဒါကို တော့ ကိုယ့်ဟာကိုယ် ရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်။ ကိုယ်က ဘယ်လိုလူမျိုးတွေကို ကိုယ့်ပို့စ်ကို ဖတ်စေချင်တာလဲ။ လူငယ်လား၊လူကြီးလား၊ အပေါ့ဖတ်လား၊ […]


မြန်မာပြည်နဲ့အင်တာနက် (၁)ဖူးစာရှင်နတ်မင်းကြီးအင်တာနက် ယနေ့ မြန်မာနိုင်ငံရှိ လူငယ် တော်တော်များများသည် အင်တာနက်ကို အသုံးပြုကြလေ့ရှိပါသည်။သို့သော် သုံးသည့် အရာ များ မှာgtalk,mric,facebookနှင့် vzoဟုခေါ်သောvideo chatting များ ကို သည်းခြေကြိုက် နှစ်ခြိုက်စွာ နေ့စဉ် အသုံးပြုလေ့ရှိကြသည်။အသုံးပြုသူ တော်တော်များများမှာလဲ လူငယ်များသာ ဖြစ်သည်။ထိုလူငယ်များ မှာ ပွင့်ပွင့်လင်းလင်း နှင့် ရဲရဲတင်းတင်း ဆိုရလျှင်မူ ရည်းစား ရှာပုံတော်ဖွင့် ကြသည့် သူချည်း ဖြစ်နေသည်မှာ ကြုံဖူး ကြားဖူး မြင်ဖူး တွေ့ဖူး လိမ့်မည်မှာ မလွဲ ဧကန် ဖြစ်ပါသည်။ဒါကြောင့်မို့ ကျွန်တော်က ဖူးစာရှင်နတ်မင်းကြီး အင်တာနက် ဟု အမည် နာမ ကင်ပွန်းလိုက် ရတော့သည်။ (၂)ဘာသာစကားနှင့်အင်တာနက် ယနေ့ အင်တာနက် သုံးစွဲသော သူများသည် မြန်းဂလိခေါ် […]


၁။ အချစ်ဆိုသော ပန်းချီကားကို ဘယ်လိုအရောင်တွေနဲ့ သူမခြယ်ထားသလဲ ကျွန်တော်မသိခဲ့ပါ။ အခုတော့ဖြင့် မိုးတွေရွာနေပါသည်။ တံစက်မြိတ်အောက်ကို ကျလာသော မိုးရေတွေကိုကြည့်ရင်း သူမကို ကျွန်တော် လွမ်းလိုက်ပါသည်။ လွမ်းလိုက်ရသည် ဆိုသည်က တာဝန်အရ လွမ်းခြင်းမဟုတ်ပါ။ လွမ်းသင့်သည်ထင်၍ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ လွမ်းချင်လို့ လွမ်းလိုက်ခြင်းလည်း မဟုတ်ပါ။ ဘာကြောင့်မှန်းမသိဘဲ လွမ်းလိုက်ခြင်းပင်ဖြစ်သည်။     ၂။   မိုးတိတ်သွားပြီ။ မိုးတိတ်သွားသည့်အခါ နေထွက်လာမည်ဟု အတိအကျပြောလို့ မရသော်လည်း ကျွန်တော် သူမကို ချစ်တယ်လို့ ဖွင့်ပြောခဲ့သည့်နေ့ကစ၍ သူမသည် တိကျစွာ ကျွန်တော့်ကို အဆက်အသွယ်ဖြတ်ပစ်ခဲ့ပါသည်။ ထိုနေ့က ဒိုင်ယာရီရေးနေကျ ကျွန်တော့် ဘောလ်ပင်ကလေး မှင်ကုန်သွားခဲ့ပါသည်။ ထိုနေ့က အလုပ်မပြီးသဖြင့် မန်နေဂျာက ဆူညံဆူညံလုပ်သွားခဲ့ပါသည်။ ထို်နေ့က သူငယ်ချင်းတစ်ယောက်က ကျွန်တော် စာမေးပွဲကျကြောင်း ဖုန်းဆက်ပြောပြခဲ့ပါသည်။ […]


သုရွင္August 27, 20121min2017
ခေါင်းကအောက်က ကိုယ်ခန္ဓာက အပေါ်က လူမျိုးသင်တို့တွေ့ဖူးကြပါသလား။ ဒီမှာပါ။ ဗိုက်ပူနံကား။ ဇာတ်လိုက်ကျော် ကြီး ဗိုက်ပူနံကားက ဘယ်လိုဖြစ်လို့ ခေါင်းက အောက်က ကိုယ်က အပေါ်က ဖြစ်နေရလေသနည်း။ အကြောင်းရှိပါသည်။ သူက သစ်ပင်ပေါ်တတ်ပြီး ခြေနှစ်ခြောင်းကို သစ်ကိုင်းမှာ ချိတ် ပြီး တွဲလန်းကြီး ချထားပါတယ်။ ရွာထွက်က မန်ကျည်းပင် ပေါ်မှာ ပါ။ရုတ်တရပ်ကြည့်ရင် တော့ လင်းဆွဲလိုလို သရဲလိုလို ပေါ့ဗျာ။ ပြောထားခဲ့သည့်အတိုင်း ဗိုက်ပူနံကားတွင် အရှက်တရား ကလည်း အလွန်တကာမှ နည်းလွန်းရကား။ ပုဆိုးကြီးကလည်း ကျွတ်လို့ခင်ဗျ။ လူမမြင်ဝံ့စရာပါ။လက်ထဲမှာလည်း တောက်တဲ့ကြီးနဲ့ခင်ဗျ။ ဟုတ်ပါတယ်။ ဗိုက်ပူနံကား တောက်တဲ့ ဖမ်းနေတာပါ။အခုတလော ရွာထဲမှာ သတင်းတစ်ခု ထွက်နေတယ်။ တောက်တဲ့ တစ်ကောင်( အစိတ်သား ကျော်ပါက ) ၁၀၀၀၀ဝ […]


nyanakyawAugust 27, 20121min1453
ကျမ်းဂန်၌ ပါသော ထိုမထေရ်များ၏ ဘဝအတ္ထုပ္ပတ္တိကို လေ့လာကြည့်သောအခါ အံ့ဩဖွယ် ဆင်တူနေသည်ကို တွေ့ရှိရပေသည်။ သိဂ္ဂဝမထေရ်သည် ဗြာဟ္မဏအိမ်ထောင်စု တစ်ခုတွင် ဆွမ်းလာရပ်သည်မှာ ခုနှစ်နှစ် ခုနှစ်မိုးရှိသွားပြီ။ သို့သော် မထေရ်သည် ဗြာဟ္မဏအိမ်ထောင်စုမှ ဆွမ်းတစ်လုပ်စာ သို့မဟုတ် ယာဂုတစ်ဇွန်း တစ်ယောက်မ စာမျှပင် မရရှိပေ။ တစ်နေ့သောအခါ၌ ထိုဗြာဟ္မဏအိမ်ထောင်စုက အိမ်ရှင် ဗြာဟ္မဏကြီးသည် ကိစ္စတစ်ခုနှင့် အပြင်ထွက်ရာမှ အိမ်အပြန်လမ်းတွင် သိဂ္ဂမထေရ်ကို တွေ့သည်။ ဗြာဟ္မဏကြီးက “အိမ်က ဆွမ်းရခဲ့ရဲ့လား ကိုယ်တော်”ဟု ငေါ့တော့တော့ မေးလိုက်သည်။ မထေရ်က “ရခဲ့ပါတယ်”ဟု ပြန်ဖြေသည်။ ဗြာဟ္မဏကြီးသည် အိမ်ပြန်ရောက်သောအခါ အိမ်က လူများအား “ရဟန်းကို ဘာဖြစ်လို့ ဆွမ်းလောင်း လိုက်ရသလဲ”ဟူ၍ မာန်မဲကြိမ်းမောင်းသည်။ အိမ်ကလူများက “ဆွမ်း တစ်ဇွန်းမျှ မလောင်းပါဘူး။ ခါတိုင်းလိုပါပဲ” […]


phone_kyawAugust 27, 20121min48516
  Australia က မိုင်းလုပ်သားတစ်ယောက်ရဲ  ့ မိသားစု ဘဝ တစ်ခုလို ့သတ်မှတ်ပေးပါ။ ဘယ်လိုနေထိုင်ရလဲဆိုတာကို မသိသေးတဲ့သူတွေ သိအောင်လို ့ဆိုတဲ့ စေတနာနဲ ့ဖြစ်တယ်။ ကြွားတာမဟုတ်ပါဘူး။ ပြည်တွင်းထဲမှာ ရှိတဲ့မိုင်းလုပ်သားတွေနဲ ့ဩစတျေးလျက မိုင်းလုပ်သားတွေရဲ  ့ဘဝဟာ ဘာ့ကြောင့်များအကွာကြီးကွာလဲမသိပါဘူး။ နေဖို ့အိမ်ကို အခမဲ့အလုပ်ကပေးတယ်။ ရေမီးအခမဲ့။ လေးခန်းပါတဲ့အိမ်။ ခလေးတွေအတွက် ကျောင်းစရိတ်လည်း မပေးရပါဘူး။ ကိုယ့်ခြံထဲမှာတော့ စိုက်ခင်းလေးတစ်ခုတော့ ရှိရတယ်။ ကန်ဇွန်းကစလို ့ ငှက်ပျော်ပင်အထိစိုက်ထားရတယ်။ ဝယ်စားလို ့မှ မရတာဆိုတော့ဗျာ။ ဒီနေ ့မနက်ပဲ ပျင်းနေလို ့အပျင်းပြေ ဓာတ်ပုံလေးရိုက်ပြီး ခင်ဗျားတို ့အားလုံးကြည့်ရအောင် တင်ပေးလိုက်တာပါ။ ဘုန်းကျော်( ဩစတျေးလျ )