◄◄◄ လွင့်မျောနေတဲ ့တိမ် ►►► ~~~~~~~~~~~~~~~~~~~~~~~~~~ ♥ ♥ ♥ အတွေးတွေမှာ နစ်မွန်း စကားသံတွေမှာကျဆုံး စိတ်အခန် ့မသင့်ရင် နှလုံးသားက အတွေးတွေအကုန်လုံး မင်းယူသွားသလို ငါ့ရဲ ့ညတွေကိုပါ မင်းအပိုင်သိမ်းသွားတတ်သေးတယ် ♥ ♥ ♥ ♥ ♥ ♥ တောက်ပနေတဲ ့မင်းရဲ ့ကောင်းကင်မှာ အရောင်မှိန်ကြယ်တစ်လုံးး ငါမဖြစ်ချင်ဘူး မင်းကို သိမ်ငယ်စေမှာစိုးလို ့လေ ♥ ♥ ♥ ♥ ♥ ♥ အနာဂတ် မရေရာတဲ ့ ဘဝမို ့ အားငယ်မိတာလည်းအခါခါပါ မပြည် ့စုံတဲ ့ဘဝမို ့ စိတ်တိုင်းမကျတာလည်းအမြဲပါပဲ ♥ ♥ ♥ ♥ ♥ […]


etoneJuly 4, 20121min96367
        ဖေ့စ်ဘွခ်ပေါ်မှာတွေ့တဲ့ အိန်အိန်းနဲ့ မော်ဒယ်မလေးတွေရဲ့  Sexy ပုံတွေပါ ။ ခေတ်ရေစီးကြောင်း ဘယ်လိုပဲပြောင်းပြောင်းပါ  မောင်နှမ ၊ သားမိ ကြည့်လို့ သင့်တော်တဲ့ ပုံမျိုးတော့ဖြစ်သင့်ပါတယ် ။ အခုတော့ဖြင့် မြင်ကောင်းလား လို့ မေးရတော့မလိုပါပဲ ။ အရင်ကတည်းက အခွေတွေထွက်ခဲ့ဖူးတဲ့ အိန်အိန်းရဲ့ အနုပညာလှုပ်ရှားမှူတွေကို သဘောကျပါတယ် ၊ ခေတ်မှီအကမျိုးစုံလည်း အကလည်းကောင်း ၊ အဆိုလည်းကောင်းပေမယ့် အခုလို ပုံမျိုးထုတ်ပြီး ပရိတ်သတ်ရှေ့ချပြတာတော့ …………. မနှစ်သက်ပါဘူး ။ ဓါတ်ပုံဆရာရဲ့ idea လား ၊ သရုပ်ဆောင်တွေရဲ့ idea လား မဝေခွဲတတ်ပေမယ့် ဒီလိုပုံမျိုးရိုက်ပြခြင်းအားဖြင့် ပရိတ်သတ်ကို အဖော်ချွတ်ကြိုက်တဲ့ လူတွေဆိုတဲ့အမြင်နဲ့ ပါးပါးလေးစော်ကားလိုက်သလိုပါပဲ ။ ဒီလိုပုံမျိုးကို […]


kanjosanJune 29, 20121min83216
သေခါနီး ရောက်နေသည့် သတ္တဝါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကို ဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘဝက အခြေအနေကို ဖြစ်စေ ထင်မြင်စွဲလမ်းလျက် ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါ မျိုးမှာ ပယ်ဖျောက်၍ မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့ မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ဝမ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့ သို့လည်း ကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့ လည်းကောင်း ထူးထူးခြားခြား ဖြစ်နေသည်ကို အနီးအပါးရှိ လူများက အထင်ရှား တွေ့ရလေသည်။ တစ်ချို့မှာ မိန်းမောတွေဝေရာက […]


ကြောင်လေးJune 24, 20121min65222
ဟိုတစ်ခါမပေါ်တဲ့ပုံလေး ပြန်ကြိုးစားတင်လိုက်ပါတယ်။ သဂျီးရေ ဟို ပို့စ် ကိုဖျက်ပလိုက်ပါတော့။ မန့်ထားသူများ ပွိုင့်လျော့လဲ နဲနဲစီပါဒ ဒီတစ်ခါကြောင်များအတွက်သာမဟုတ် ကြိုက်သောသူများကို မျှကြွေးပါမည်။                               အားလုံးကို ခင်မင်လေးစားစွာဖြင့် ကြောင်လေး။


kalinkJune 23, 20121min67818
  မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းများကို ဇွန်လ (၂၉) ရက်နှင့် ဇူလိုင်လ (၃၁) ရက်နေ့များတွင်အရစ်ကျငွေချေစနစ်ဖြင့်ရောင်ချသွားရန်စီစဉ်ထားကြောင်းသိရသည်။ GSM အတွက်တစ်လ လေးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းသွားရမှာဖြစ်ပြီး WCDMA အတွက်တစ်လ ငါးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။ အင်တာနက်အသုံးပြုလိုသူများအတွက်အသုံးပြုလိုသည့်အချိန်မှာ သတ်မှတ်နှုန်းထားဖြင့်သုံးစွဲသွား ရမှာဖြစ်ပါတယ် သတ်မှတ်အရစ်ကျငွေမပေးသွင်းပါက လိုင်းဖြတ်တောက်ထားမှာဖြစ်ပြီး ပေးသွင်းပြီးမှသာလိုင်းပြန် ဖွင့်ပေးမှာဖြစ်ပါတယ် ပထမအရစ်ပေးသွင်းပြီးပါက ကဒ်အားထုပ်ပေးပြီးစတင်သုံးစွဲနိုင်မှာဖြစ်ပါတယ် နောက်ဆုံးအရစ်ပေးသွင်းပြီးချိန်မှာစာရွက်စာရွက်စာတမ်းတွေ လွှဲပေးမှာဖြစ်ပါတယ်….


kalinkJune 22, 20121min61530
                မြန်မာနိုင်ငံသား fb အသုံးပြုသူများသတိပေးကြေငြာချက် မိမိ fb စာမျက်နှာတွင် http://goo.gl/ အစရှိသည့် link ဖြင့်စသည် စာတန်းများကို လုံးဝလုံးဝ မနိုပ်ကြရင်သတိပေးပါရစေ လုံးဝလုံးဝမနိုပ်ပါနဲ ဘင်္ဂလားနဲမြန်မာ Cyber war ဖြစ်နေပါသည် များများ share ကြပါ


နွေဦးJune 18, 20121min89721
သတင်းမီဒီယာ သမားများ ဘယ်နေရာကရပ်တည်မလဲ… ကျူးကျော်ရပ်ကွက် ကို စည်းကမ်းမဲ့လို့ ဖျက်ခိုင်းတာကို အဖျက်ခံရတဲ့ သူတွေ နေစရာမရှိတော့ဘူးဆိုပြီး သူတို့ဘဝ ပျက်ပါပြီဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ မဆလခေတ်ကတည်းက စက်ရုံတွေက အလုပ်မရှိခန့်ထားတဲ့ ပိုလျှံဝန်ထမ်းတွေ ဖြုတ်ပစ်ခံခဲ့ရတဲ့ အတွက် သူတို့တွေ ဒုက္ခရော်နေပါပြီ ဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ လမ်းဘေး ကျူးကျော် ဈေးသည်တွေ ပလက်ဖေါင်း ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းရေးတွေ လုပ်တာကြောင့် လမ်းဘေးဈေးသည်တွေ ဈေးမရောင်းရလို့ စားရမဲ့ သောက်ရမဲ့ ဖြစ်နေပါပြီလို့ ဆိုပြီး နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေကို ဝေဖန် အပြစ်တင်မှာလား…။ စည်းကမ်းမဲ့လို့ စည်းကမ်းမရှိလိုု့ အခြားသူတွေကို ဒုက္ခရောက်စေလို့ ကိုယ့်စီးပွါး တခုထည်းကြည့်ပြီးလုပ်ချင်ရာ လုပ်နေသူတွေကို တရားဥပဒေနဲ့ အညီ […]


ဆောင်းဦးပေါက် နံက်ခင်း၏ အေးမြမြမြောက်ပြန်လေသည် ညင်သာတိုးတိတ်စွာ ညှင်းခတ်လာ၏။ မျက်နှာသစ်ပြီးစ အေးမြမြမျက်နှာသို့ လန်းဆန်းစွာ ဖြတ်သန်းသွားပါသည်။ မျက်နှာသုတ်တံဘက်ကို ပုခုံးပေါ်တင်ထားရင်း ဆောင်းဦးမနက်ခင်းအား ဝရံတာပေါ်၌ ငေးမောနေမိ၏။ မြူလိုလို၊ နှင်းလိုလို ဝေဝါးဝါးအခိုးများက လွင့်မျောနေကြသည်။ အအေးဓာတ်က ထူးထူးကဲကဲ မအေးတတ်သေး၊ မျက်နှာကိုတစ်ချက်မော့လျက် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ အေးမြလတ်ဆတ်သော ရေငွေ့ပါသည့်လေက ရင်အတွင်း စီးဝင်သွား၏။ ကိုယ်အာရုံနှင့်ကိုယ် ပတ်ဝန်းကျင်ကိုပင် သတိမထားမိ။ နောက်ပါးမှ ခြေသံလိုလို ကြားလိုက်ရသည်။ ကျောင်းသွားခါနီးသားငယ် အပေါ်ဝတ်ဂျာကင်ကြောင့် ပုဆိုးအဝတ်ခက်နေသည်ကို မြင်လိုက်ရ၏။ ဟုတ်ပေမည်၊ အလယ်တန်းကျောင်းသားသစ်အဖို့ ပုဆိုးဝတ်နှင့် သိပ်အသားမကျသေး။ သားငယ်၏နောက်နားဆီမှ ပွေ့သိုင်းရင်း ပုဆိုးကိုခိုင်အောင် ဝတ်ပေးလိုက်သည်။ ပွေ့ထားသော သားငယ်ကို မလွှတ်သေးပဲ ခေါင်းပေါ်သို့ ပါးတင်ပြီး ကပ်ထားမိ၏။ သားငယ်ကလည်း အလိုက်သင့် ငြိမ်နေသည်။ […]


introJune 16, 20121min3501
  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဆွေစဉ်မျိုးဆက်ဇယားပါ။ တယောက်က Share လုပ်ပေးတာတွေ့ပေ မယ့် မယူဖြစ်ခဲ့ပဲ။ ဒေါက်တာလွမ်းဆွေဘလော့ဂ်မှာထပ်တွေ့တော့မှ ယူဖြစ်သွားပါတယ်။ @Facebook


we R oneJune 11, 20121min53314
‎ *** သောကတွေနဲ့ လုံးထွေးရင်း သွေးလန့်စရာကောင်းတဲ့ အချိန်နာရီတွေကို သူတို့ ဖြတ်ကျော်နေကြလေရဲ့။ ယုတ်မာ ပက်စက်တဲ့ လူတစုက သူတို့ ရပ်တည်နေကြတဲ့ မြေလွှာပြင်ကို ပြာပုံအဖြစ် ဖန်တီးခဲ့ကြတယ်။ *** အသက်တွေကို ချွေမွတ်ရုံနဲ့ မကျေနပ်သေး တနပ်စာကို မီးရှိုးဖျက်စီးရုံနဲ့ မကျေနပ်သေး အများသောက်သုံး ရေကန်ကိုတောင် အဆိပ်ခပ်လိုက်သေးတယ်။ လူမဆန်မှုက ကန်းကုန်ပါလေရော….။ အဲ့ဒီ အစတေးခံ လူသားတွေအတွက် ဘယ်မလဲ သောက်သုံးရေ ဘယ်မလဲ တနပ်စာ ဘယ်မလဲ ကြောတခင်းစာ ဘယ်မလဲ သောက၏ခုံလုံရ။ *** ဒီမိုကရေစီ တော်လှန်ရေးတလျှောက် ကျနော်တို့ ထောပနာပြုခဲ့တဲ့ ဘီဘီစီ ကျနော်တို့ အားကိုးခဲ့တဲ့ ဘီဘီစီ ခုတော့… ပြည်ပကျူးကျော်သူတွေရဲ့ ဒေါက်တိုင်အဖြစ် အရှက်မရှိ ရပ်တည်နေလေရဲ့…။ အဖြစ်မှန် သတင်းအချက်အလက်တွေကို […]


we R oneJune 11, 20121min56216
ချစ်ခဲ့ပါတယ်အမေရယ် အမေ့ကို မြင်မြင်ချင်း မျက်ရည်လည်းကျခဲ့ဖူးတယ် အမေလက်ဝှေ့ယမ်းပြတဲ့အခါ ” ဟေး ” ခနဲအော်လိုက်တဲ့ လူတွေထဲ သားလည်းပါခဲ့ဖူးတယ် . . . အမေရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ အမေရွေးကောက်ပွဲ မဝင်သည်ဖြစ်စေ အမေဟာ ကျနော်တို့ရဲ့ခေါင်းဆောင် အမေဟာ ကျနော်တို့ရဲ့အမေ တခါမှ မငြိုငြင်ခဲ့ဖူးအမေ . . . အမေဟာ ဗမာတို့ရဲ့အမေမဟုတ် အမေဟာ ကရင်တို့ရဲ့အမေမဟုတ် အမေဟာ ကချင်တို့ရဲ့အမေမဟုတ် အမေဟာ ကျနော်တို့ရခိုင်တွေရဲ့အမေမဟုတ် ပြည်ထောင်စုတစ်ခုလုံးရဲ့အမေလို့ ဟောဒီရင်ထဲမှာ ဆူးစူးသလို မှတ်ယူ နစ်ဝင်နေခဲ့တာပါ အမေ . . . ကျောက်နီမော်က ရခိုင်သူလေးလည်း အမေရဲ့ သမီးပါပဲ အမေ သူဟာ လူမဆန်သူသုံးယောက်ရဲ့ အနိုင်ကျင့်စော်ကားခံရရုံသာမက လည်မျိုနုန ကို ဓါးနဲ့ဟက်တက်လှီး […]


koyin sithuJune 10, 20121min87150
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၊ နိုင်ငံတော် သမ္မတရုံး၊ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် ၁/၂၀၁၂ ၁၃၇၄၊ နယုန်လပြည့်ကျော်၊ ၆ ရက်၊ ၂၀၁၂ ဇွန် ၁၀ အရေးပေါ်အခြေအနေကြေငြာခြင်း ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ပြည်နယ်အေးချမ်းမှုပျက်ပြား သည့်အခြေအနေများ ဖြစ်ပေါ်နေမှုကြောင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ၂၀၁၂ ဇွန်လ ၈ ရက်မှ စတင်၍ ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်၍ထိန်းသိမ်းခဲ့ပါသည်။ သို့သော်လည်း အကြမ်းဖက်မှုများမှာ ပိုမိုများပြားကျယ်ပြန့်လာပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ရုံဖြင့် ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ထိရောက်အောင် ဆောင်ရွက်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရသဖြင့် ပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေနိုင်ရေးကို […]