ဝတ်ရုံနက်ဝတ်ဆင်ထားရုံနဲ့တော့ မှော်ဆရာမဖြစ်နိုင်ဘူး…။ မှော်ဆရာဖြစ်ရုံနဲ့လဲ ငါ့ကို မညှို့ယူနိုင်သေးဘူး…။ အရိပ်ကိုခိုဝင်ချင်ရင် ကိုယ်တိုင် လှမ်းလျောက်ပြီးဝင်လာမယ်..။ ငါ့ဘာသာရပ်နေတာကိုတော့ လာလွှမ်းမိုးဖို့ အားမထုတ်နဲ့..။ ကဲ…အခုငါက ရိုးပြတ်တောမှာ ပန်းခူးထွက်မယ်..။ မျက်စိမှိတ်ပြီး အိပ်မက်ဟောင်းကို ရှာဖွေမယ်..။ အဲဒီအတွက်.. ဘယ်လို ဂရုဏာတရားမျိုးမှ ကြဲချစရာမလိုအပ်ဘူး..။ ဖြောင့်ဖျနှစ်သိမ့်ဦးမလို့လား ငါက ကမ်းနားကျောက်ဆောင် မဟုတ်ဘူး..။ ထပ် ပြော ဦး မယ် ရေနစ်နေတာက ကယ်တင်ချင်လို့ရမယ်..။ အ ခု ငါ က… ရေ ငုပ် နေ တာ .. . .။ နေခြည်