u myoMay 1, 20121min741
1။ မတ်တူး ရွေငါး ချက်ဆီနံပါတ် gx110-0005007 2001 မော်ဒယ် အင်ဂျင်ပါဝါ 2.0 အဖြူရောင် ခေါ်ဈေး 300 သိန်း 2။ မတ်တူး 99 မော်ဒယ် ချက်ဆီ gx100-6140072 1999မော်ဒယ် အင်ဂျင်ပါဝါ 2.0 အဖြူရောင် ရောင်းဈေး 250 သိန်း 3။ မဟာမင်းဂျစ် 46 ပါဂျရိုးပတ်လည် အခွန်သာဂျစ်ကားပုံစံ ကျန်အစိတ်အပိုင်း 46 ပါဂျရိုး အောက်တန်း ဘတ်တာဖလိုင်း တံခါး 3ပေါက် r5 အင်ဂျင် 80 သိန်း 4။မဟာမင်းဂျစ် 46 ပါဂျရိုးပတ်လည် အခွန်သာဂျစ်ကားပုံစံ ကျန်အစိတ်အပိုင်း 46 ပါဂျရိုး အောက်တန်း ဘတ်တာဖလိုင်း တံခါး 5ပေါက် r5အင်ဂျင် 135 […]


Ko out of...May 1, 20121min1342
လူတွေဟာ… တခြားတခြားသော အကောင်ပလောင်တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် အသိဉာဏ်ပညာ အရာမှာရော၊ တွေးခေါ်မျှော်မြင်တဲ့နေရာမှာရော တခြားအကောင်နဲ့ မတူတာ လူတွေရဲ့ထူး ခြားချက်တခုဘဲ.. ရယ်ခြင်း၊ ငိုခြင်း၊ လွမ်းခြင်း၊ ဆွေးခြင်း၊ သတိရခြင်း၊ တမ်းတခြင်း၊ ချစ်ခြင်း၊ မုန်ခြင်းတွေမှာလည်း တခြားတခြားသော အကောင်ပလောင် တိရိစာ္ဆန်တွေနဲ့ နှိုင်းယှဉ်ရင် ပိုမယ်လို့ထင်ပါတယ်…တချို့တိရိစာ္ဆန်တွေလည်း ရှိကောင်းရှိမှာပါ…ဒါပေမဲ့ လူတွေလို သဲသဲကွဲကွဲ ကြီးမတွေ့ရဘူး… လူတွေဟာ လွမ်းဆွေး လိုက်ရင်ဘဲဖြစ်ဖြစ်၊ ငိုလိုက်ရင်ဘဲဖြစ်ဖြစ်၊ ရယ်လိုက်ရင်ဘဲ ဖြစ်ဖြစ် ထင်ထင်ရှားရှား မြင်သာထင်သာတဲ့ အနေအထားမှာ တွေ့ရတယ်… ဒီနေရာမှာ လွမ်းဆွေးခြင်း၊ ပူဆွေးသောက ရောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ရင်ဆိုင်ရပြီဆိုရင် တခြားသော အကောင်တွေနဲ့ မတူဘဲ သတိရတာထက် လွန်ကဲ လာတော့ လူကိုကျော်ပြီး၊ လွန်ပြီးတော့ စတွေးလာတော့တယ်.. ဒီနေရာမှာ […]


may flowersMay 1, 20121min1087
လူတစ်ယောက်ရဲ့အကြောင်းကို ထိုသူမသိပဲနောက်ကွယ်မှာ ပြောတာက  အတင်းလို့ဆိုရင်  ကျွှန်မအခု အတင်းပြောနေပါတယ်။ ကျွှန်မအဘိုး(အဖိုး)ရဲ့အကြောင်းကိုပေါ့… ဘာလို့ကျွှန်မအဖိုးရဲ့အကြောင်းကိုမှ  အတင်းပြောချင်ရတာလဲလို့မေးလာရင် ပြောစရာတွေများ စွာ  အလွဲများစွာဖြစ်တတ်တဲ့ အဖိုးရဲ့ စံချိန်တင်လောက်အောင်မေ့တတ်တဲ့  အကြောင်းလေးတွေ ကြောင့်ပါပဲ။   ခုကျွှန်မပြောနေတဲ့ အဖိုးကတော့ကွယ်လွန်ခဲ့တာ ကျွှန်မမမွေးခင်အချိန်ကတည်းကပါပဲ။ သူကွယ် လွန်သွားခဲ့ပေမဲ့ သူ့ရဲ့စံချိန်တင်လောက်အောင်မေ့တတ်တဲ့ အကြောင်းလေးတွေကတော့ခုချိန်ထိ တိုင်အောင် ပြောနေကြဆဲ သတိရနေကြဆဲပါပဲ။   အလွဲ-၁ ကဲဘယ်လောက်တောင်မေ့တတ်လဲဆိုတာပြောပြမယ်နော်။ အဖိုးနဲ့ အမေကြီးဟာတစ်ရွာတည်းသား ငယ်သူငယ်ချင်းဘဝကနေ ဖူးစာဆုံလို့ အဲဒီရွာမှာပဲအခြေခြနေထိုင်ကြပါတယ်တဲ့။ ရွာလေးဟာ ပဲခူရိုးမရဲ့အနားသတ်မှာ တည်ထားတဲ့ရွာလေးပါ။ ရွာထုံးစံအရ  နွေဆိုရင်လယ်လုပ်ငန်းတွေလည်း   အားနေတာမို့ တစ်နှစ်စာအတွက် ထင်းတွေကို ပဲခူးရိုးမတောတွေထဲ သွားခုတ်ကြရပါတယ်။ ထင်း ခုတ်တယ်ဆိုတာက တစ်နေကုန်အောင်ခုတ်ကြရတာပါ။ မနက်စောစောထမင်းထုပ်ယူ ရေဘူးယူပြီး မိသားစုလိုက် တောထဲကိုလှည်းနဲ့ တက်ကြရပါတယ်။ ပြီးတော့ မိုးတွင်းစာ […]


    ဒီနေ့ကတော့  ပြည်တွင်းကရွာသားတွေ  အလှူသွားကြတဲ့နေ့မို့  အွန်လိုင်းလဲ  လူခပ်ရှင်းရှင်းရှိမယ်ထင်ရဲ့..။ ဝိုင်းဆဲခံရမှာစိုးလို့  မေ့ချင်ယောင်ဆောင်ထားတဲ့  ပေါက်တတ်ကရ  အတွေးစုလေးကို လူရှင်းမယ့်အချိန်ကိုအခွင့်ကောင်းယူပြီး  ချရေးရရင်ဖြင့်  သိပ်မဆိုးလှပေဘူးပေါ့နော…။ ဒီလိုပါ… ကျုပ်က လွန်ခဲ့တဲ့နှစ်နှစ်  အသက်လေးဆယ့်ငါးပြည့်ကတည်းက  ငါတော့ စ အိုပြီ  ဆိုပြီး  လူအိုတွေရဲ့  ဘဝဖြတ်သန်းမှု့ကို  အမှတ်ထင်ထင်သတိထားမိလာတယ်။ အဲဒီထဲကမှ  ဘိုးဘွားရိပ်သာလို့ခေါ်တဲ့  လူအိုရုံ သို့မဟုတ် သက်ကြီးရွယ်အိုတို့ရဲ့ ရိပ်မြုံလေးတွေကိုလဲ ဂရုပြုလေ့လာကြည့်မိတယ်။ အဲဗျာ…. အဲဒီမှာတင်  အိုရမှာ  တော်တော်ကြောက်သွားတော့တာပဲ..။ သာမန်အမြင်အားဖြင့်တော့  သက်ကြီးရွယ်အိုတွေကို  ဘာအလုပ်မှလုပ်စရာမလိုပဲ  ဘာမှ ရှေ့ရေးနောက်ရေးပူပန်စရာမလိုပဲ နေရာထိုင်ခင်းသန့်သန့်ပြန့်ပြန့်ပေးထား  တနေ့ သုံးနပ်ကျွေးပြီး  ကျန်းမာရေးစောင့်ရှောက်ပေးထား ကြတာဆိုတော့ ဘာလိုသေးလဲဖွားဖွားရယ်…… ပေါ့…..။ ဒါပေမယ့်… ဘိုးဘိုးဘွားဘွားတွေက  တနေ့သုံးနပ်စားပြီး  မသေမချင်း  ထိုင်လိုက်  ထလိုက်နဲ့ အကျယ်ချုပ်ကျထားသလို […]


phone_kyawMay 1, 20121min1708
ပြည်သူ ့ဆန္ဒအရ ကျမ နိုင်ငံရေးလုပ်တယ် ပြည်သူ ့ဆန္ဒအရ ပါတီခေါင်းဆောင်လုပ်တယ် ပြည်သူ ့ဆန္ဒအရ ၉ဝ-မှာ ဝင်ရွေးခံဖို ့ကျိူးစားတယ် ပြည်သူ ့ဆန္ဒအရ အမျိူးသားညီလာခံကို သပိတ်မှောက်တယ် ပြည်သူ ့ဆန္ဒအရ ၂ဝ၁ဝ-ကို ဆန် ့ကျင်တယ် ပြည်သူ ့ဆန္ဒအရ ၂ဝဝ၈-ကို လက်မခံခဲ့ဘူး ပြည်သူ ့ဆန္ဒအရ ၂ဝ၁၂-မှာ ရွေးကောက်ပွဲဝင်ခဲ့တယ် ပြည်သူ ့ဆန္ဒအရ ကာကွယ်ဆိုတဲ့စကားလုံးကို ဆန် ့ကျင်တယ် ပြည်သူ ့ဆန္ဒအရ ပါလီမန်ကို သုံးရက် တိတိ သပိတ်မှောက်တယ် ပြည်သူ ့ဆန္ဒအရ မပြောင်းလဲ ကျမ်းကျိန်မယ် ပြည်သူ ့ဆန္ဒအရ လွှတ်တော်တက်ပါတောမယ် ကျမ ဆန္ဒတစ်ခုမှမပါ။


ဖိုးလှကြီးသို့တမ်းချင်း… (မေဒေး.. အလုပ်သမားနေ့အမှတ်တရ) ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..။ ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ.. အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့.. ခင်ဗျားကို…လိုက်ပြချင်ပါတယ်.. စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ.. အဖိချတဲလေးတွေကိုလေ…..။ အိုတီတဲ့ . တအိုတီထဲ တီနေလို့… အိုတီကြေး ၂၅ဝ အတွက်…ခေါင်းအမူးခံကျီးပေါင်းတက်ခံ၊ မျက်လုံးအပျက်ခံအလုပ်လုပ်နေတဲ့ဘဝတွေ…. စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ မနက်အတွက် ဈေးဖိုးတွက်ရင်း… မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘဝတွေ..။ မျက်စိသူငယ် . နားသူငယ်နဲ့ နေပူထဲရပ်ပြီး ၂၅ဝ အတွက် ရက်ဆက်မတ်တတ်ရပ်တဲ့ဘဝတွေ..။ ဆွဲဆောင်မှုမျိုးစုံဖျားယောင်း…ကုမဏီပိုင်ရှင်ရဲ့စပွန်ဆာရန် မတွန်းလှန်နိုင်လို့ အလှအတွက်.. ဓန .. အတွက် ဘဝပျက်သူတွေ..။ လမ်းမအလယ်မှာ …ပေါက်တူးကိုင်လို့ အိမ်အပြန်မျက်နှာပန်းလှအောင် ကျွဲပုခုံးထ နှဖူးကချွေးခြေမကျအောင် ကြိုးစားရင်း.. ရန်သူမျိုးငါးပါးရဲ့ သားကောင်ဖြစ်သွားသူတွေ…။ ဘဝတွေ .. ဘဝတွေ….. စုတ်ပြတ်ဆင်းရဲနေတဲ့ဘဝတွေကို…. ခင်ဗျားကိုပြရင်း……….ခင်ဗျားတို့ခေတ်မှာတင်မဟုတ်ဘူး… လို့ ရေးသားရင်း […]


moethuzarMay 1, 20121min309
ကိုယ့်အပြုအမူ၊ကိုယ့် စိတ်ထားက ကိုယ့်သမိုင်းကိုရေး၊ကိုယ့်လမ်းကိုယ်လျှောက် ခဲ့ကြတာ မဟုတ်လား။သူများကို လက်ညှ ိုးတစ်ချောင်းထိုးရင် ကိုယ့်ဖက် သုံးချောင်းပြန်ထိုးမှာ မေ့နေ တယ် ထင်ပါတယ်။ဝိုင်း ဆဲနေတာ၊ကိုယ့် အပြစ်ကိုယ်မှ မမြင်ကြဘဲလေ။သနားစရာ ထို သတ္တဝါ တွေပါလား။


Patriotic BurmaMay 1, 20121min991
“သူ”   သူ ရောက်လာသည် နတ်မောက်မြေရင်း မောင်ထိန်လင်းတဲ့။   သူ ကြီးမြောက်သည် ထွန်းပေါက်ပညာ သင်ယူကာဖြင့် ကျွန်းသာမြညို တက်ကသိုလ်မယ် မည်ချိုတင့်ဆန်း ကိုအောင်ဆန်းတဲ့။   သူ ဆောင်ရွက်သည် ရဲဖက်လူမော် သုံးကျိပ်ဖော်နှင့် ရည်မျှော်ဆတွေး လွတ်လပ်ရေးတွက် စစ်သွေးကြွရွ ဗိုလ်တေဇတဲ့။   သူ ကြိုးစားသည် သူ့အား သူ့မာန် သူ့နိုင်ငံတွက် ပိုင်ပိုင်ဆွတ်လှမ်း လွတ်လပ်ပန်းကို အောင်ဆန်းဗိုလ်ချုပ် ယူမည်တဲ့။   သူ လက်လှမ်းသည် ဆွတ်ဖမ်းကိုင်ပြီး ရလုနီးမှာ ခရီးမတ်တပ် ဇီဝိန်ပြတ်လည်း ရည်မှတ် မျှော်မှန်း လွတ်လပ်ပန်းကား ပွင့်လန်းဝေဆာ ခဲ့တကား…။   Forgive me is there any wrong spellings. I […]


‘သံဝေဂအလင်္ကာ’ နုနယ်ရုပ်ဆင်း ပျိုမျစ်ခြင်းကား အိုခြင်း နောက်ဆုံး ရှိချေ၏။ ဥစ်စာဆင်မြင်း ပေါများခြင်းကား ယိုယွင်း နောက်ဆုံးရှိချေ၏်။ ဝိညာဉ်ထင်လင်း သက်ရှင်ခြင်းကား သေခြင်း နောက်ဆုံးရှိချေ၏။ ချစ်ခင်ပေါင်းသင်း ဆက်ဆံခြင်းကား ကွေကွင်း နောက်ဆုံးရှိချေ၏။ တက်ကြွားကြွကြွ မြင့်လွန်းကြလည်း လျှောကျ နောက်ဆုံးရှိချေ၏။ ခုံမင်ခယ ချစ်လွန်းကြလည်း သောက နောက်ဆုံးရှိချေ၏။ ပွဲလည်ပြင်ပ ချီးမွမ်းကြလည်း ရှုတ်ချ နောက်ဆုံးရှိချေ၏။ ကြည်သာရွှင်ပျ ချမ်းသာကြလည်း ဒုက်ခ နောက်ဆုံးရှိချေ၏။ I found this in the book named “ကာမတဏှာ” by U Nu. If one of you’ve already read this book, I wish […]


             “နာမယ်တော့မမေးခဲ့ရဘူး………………ဒါပေမယ့်လှတယ် ”   ကျနော်က ရုပ်ကြမ်းကြမ်းစိတ်ကြမ်းကြမ်း။ ဒါပေမယ့်အလှအပတော့နှစ်သက်။. နေတာထိုင်တာဝုန်းဒိုင်းကျဲ။ ပန်းကလေးတွေကိုတော့နှစ်သက်။ ရောက်လေရာမှာ စပ်စုလို့ လက်ဆော့။ ဒါပေမယ့် နုတ်ဆော့ပြီးမေးဘို့တော့ မဝံ့မရဲ။ သူများက မှားပြောလိုက်တဲ့အမှားကြီးကို ပြန်ဖြန့်ဝေမိမှာလဲကြောက်တာပါတယ်။. အလှကြိုက်တဲ့လူနဲ့ လှတဲ့ပန်းတွေ့တော့ ဘာပြောကောင်းမလဲ ဆော်တာနှက်တာပေါ့။ မေးရမှာကြောက်တဲ့သူနဲ့ ဖြေသူမရှိတဲ့နေရာရောက်တော့ ဘာမှမလိုတော့ဘူးပေါ့။ အဲတော့ အသံတိတ်ပြီးလှနေတဲ့ပန်းလေးတွေကို တိတ်တိတ်ကလေးခံစားကြည့်တာပေါ့ဗျာ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့ (24-4-2012)


အန်အယ်လ်ဒီပါတီ လွှတ်တော်တက်တော့မယ်ဆိုပဲ..။ ပြည်သူ့မျက်နှာထောက်လို့ဒဲ့.. လွှတ်တော်တွင်းဂ အတိုက်အခံ အမတ်တချို့ဂလည်း တောင်းပန်တာလည်းပါသဒဲ့..။ ကြံ့ဖွတ်အမတ်တွေဂတော့ သောက်ဂရု စိုက်ပုံတောင် မရဘူး။ လေးဖက်ထောက်ဝင်ဂျပေါ့ကွာ.. ပြီးတော့အရှက်ပြေပြောအုံး.. ငါတို့ဒူးဂေါင်းမာ မမာ စမ်းကြည့်ဒါလို့..။ ကျမ်းကျိန်ဒဲ့အခါလည်း မျက်နှာကို ပြုံးပြုံးလေးထားပြ.. တီဗွီမှာ တဦးချင်းမျက်နှာတွေကို အနီးကပ်ရိုက်ပြမှာ..။ အယင်ဂတော့ စစ်အစိုးရဂို စကားအမျိုးမျိုး ပြောင်းလဲပြောလို့ ဆိတ်လစေ့လို့ခေါ်ဂဲ့ဒါ အခု ဝဋ်ပြန်လည်ပြီထင်၏။ အားလုံးသူ့စိတ်ကြိုက် လုပ်နေပြီပဲဟာ ပါတီအမည်ဂို ဘွားဒေါ်ပါတီလို့သာ ပြောင်းလိုက်ပါတော့။ အန်အယ်လ်ဒီဆိုဒါ သမိုင်းမှာ ကျန်ဂဲ့ဘာပြီ။ တကယ် ရှိယောရှိဂဲ့ယဲ့လားတောင် မသေချာဘူး။ ဒေါ်စုမှာ လူထုထောက်ခံမှု ဆက်ရှိနေမှာဖြစ်လို့ ဘေးလူများ ဝေဖန်ယုံဂလွဲ ဘာမှမတတ်နိုင်ပါ။ ဖြေတွေးရရင်ဒေါ့ အမေရိကန်နဲ့ အီးယူအဖွဲ့ဂနေ ဘာဂတိပြုချက်တွေ ရထားလဲ.. ရှိထားပါဇေလို့ ဆုတောင်းပါဒယ်။ တင်လက်စနဲ့ မထူးဘူး.. […]