ကိုယ့်နာမည်ကို ခေါ်ရင် ချစ်စရာကောင်းတယ်ဆိုတာလေးကို ပြန်ရှယ်ချင်လို့ပါ။ မွန်လေးဆို အရင်ကဆို..မွန်လေးလို့ ကိုယ့်ကိုယ်ကို နာမ်စားသုံးပြီး ခေါ်တတ်တဲ့အကျင့်မရှိခဲ့ပါဘူး။ မသိတဲ့သူတွေ၊ လူကြီးတွေတွေ့ပြီဆို သမီးကသမီးကနဲ့ ဆိုပြီးခေါ်ရာကနေ အဒေါ်က ကိုယ့်နာမည်ကို ခေါ်ပြီးပြောပါလားတဲ့..ချစ်ဖို့လည်းကောင်းသလို..ယဉ်လည်းယဉ်ကျေးတယ်တဲ့။ သူကပြောပေမဲ့ ကိုယ်မှ အဲလိုပြောပြီးမပြောတတ်တာ မခေါ်ဘူးဆိုပြီး ဒီလိုပဲနေခဲ့ရော။ တစ်ရက်လည်းကျရော မွန်လေးတို့အိမ်ကို အမျိုးအသိကလေးလေးတစ်ယောက်လာလည်ရော။ ပြီးတော့ မွန်လေးတို့အိမ်ရ ဲ့ဧည့်ခန်းမှာ ဆက်တီခုံတွေပြီးရင် ခြေထောက်တင်ဖို့ ခုံအပုလေးတစ်ခုံလေးလည်းထားထားသေးတာဆိုတော့ အဲ့ကလေးလေးက အဲ့ခုံအပုလေးလည်းမြင်ရော သူ့အမေကို မေမေ..ဒါဝိုင်းတို့မူကြိုကခုံလေးလိုပဲတဲ့..လို့ဆိုပြီး သူကယူထိုင်ရော..သူ့ကိုယ်သူ သူက ဝိုင်းတဲ့လေ။ သူ့အမေကို နာမည်ကဝို်င်းတဲ့လားလို့မေးတော့ မဟုတ်ရပါဘူးဟယ်တဲ့.. ဘယ်ကသူ့ကို်ယ်သူ ဝို်င်းလို့ခေါ်လာမှန်းမသိဘူးတဲ့..အဲ့မှာ..အဒေါ်ကဝင်ပြောပါလေရော..တွေ့လားတဲ့ နာမ်စားနာမည်နဲ့ ကို်ယ့်ကို်ယ်ကိုခေါ်တာ ဘယ်လောက်ချစ်ဖို့ကောင်းလဲတဲ့..ဆိုတော့မှ ကိုယ်လည်း သဘောတွေကျသွားပြီး..ကိုယ့်နာမည်တပ်ပြီး ခေါ်မယ်ပေါ့နော်.. နာမည်ရွေးတော့ ရှေ့နာမည်က အေးဆိုတော့ အေးကလေ အေးကလေ လို့လည်းခေါ်ရတာမကြိုက်..အလယ်စလုံးကျတော့ ခေါ်ရတာမကြိုက်ပြန်။ […]